Channel Myanmar

Sophia Lillis

The Adults (2023) 5.9
The Adults (2023) The Adults (2023)~ Rotten Tomatoes - 71% ~လူကြီးဘ၀ အရွယ်ရောက်တဲ့သူဘ၀ဆိုတာ ဘယ်သူမဆို တစ်နေ့ကြုံတွေ့ရမှာပါ။ ငယ်ဘ၀က အမှတ်တရတွေ ပျော်ရွှင်စရာတွေကိုပါအတူတူ ယူဆောင်လာရင်းနဲ့ လူကြီးဘ၀မှာ လိုက်လျောညီထွေ နေထိုင်ရှင်သန်ရတာက လူတိုင်းအတွက် ဆန်းကြယ်တဲ့အလုပ်မဟုတ်ပါဘူး။ဒီကားမှာတော့ ဝေးကွာသွားတဲ့ အကိုနဲ့ ညီမ ၂ယောက် မွေးရပ်မြေမှာ ပြန်ဆုံတွေ့ကြရင်း ငယ်ဘ၀အမှတ်တရတွေ ပြန်အသက်၀င်လာတာကို တွေ့ရမှာပါ။ အကို အဲရစ်က မွေးရပ်မြေကနေ မိခင်ဆုံးတည်းက ထွက်သွားတာ ၈နှစ်ရှိပါပြီ။ အိမ်ကို ခရီးတို ခဏပြန်လာပြီး ညီမ ရေချယ်၊ မက်ဂီတို့နဲ့ ပြန်ဆုံကြတာပါ။ အဲရစ်က တစ်ချိန်က မြို့မှာ အတော်ဆုံးပိုကာကစားတဲ့သူဖြစ်တဲ့အတွက် သူငယ်ချင်းတွေနဲ့ ညကျ ပိုကာကစားကြပါတယ်။ နိုင်တစ်ခါ ရှုံးတစ်လှည့်ပါပဲ။သူတို့၃ယောက်ရဲ့ ငယ်စဉ်အိပ်မက်က တေးရေးတေးဆိုသူ လုပ်ပြီး ဖျော်ဖြေချင်တာပါ။ အရွယ်ရောက်လာတဲ့အခါမှာတော့ အိပ်မက်အတိုင်းတကယ်ဖြစ်မလာပါဘူး။ ရေချယ်နဲ့အဲရစ်ကလည်း မိသားစုပြသာနာတွေကြောင့် အဆင်မပြေလှပါဘူး။ ...
movie

The Adults (2023)

2023
Asteroid City(2023) 7.0
Asteroid City(2023) Asteroid City(2023)******************* ဒီကားကတော့ တွမ်ဟန့်နဲ့ စကားလက်ဂျိုဟန်ဆန်တို့ ပါဝင်ထားတဲ့ ရုပ်ရှင်ဆရာကြီးဝက်စ်အန်ဒါဆန်ရဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ Wes Anderson ဟာ ရုပ်ရှင်ငါးကားနဲ့တင်အော်စကာ ဆန်ကာတင် ၇ ခု ရခဲ့ဖူးပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့ ထူးခြားတဲ့ အရေးအသားနဲ့ရိုက်ချက်အလှအပတွေကြောင့်ပါ။ Isle of Dogs, The Grand Budapest Hotel, Moonrise Kingdom တို့ကိုတော့အတော်များများသိကြမှာပါ။ ဒီရုပ်ရှင်ကတော့ သူ့ရိုက်သမျှထဲမှာ နာမည်ကျော်သရုပ်ဆောင်အများဆုံးပါပဲ။Jason Schwartzman, Scarlett Johansson, Tom Hanks, Jeffrey Wright,Tilda Swinton, Bryan Cranston, Edward Norton, Adrien Brody,Steve Carell, Hong Chau, Willem Dafoe စတဲ့ ဒိတ်ဒိတ်ကျဲတွေ စုပြီးပါဝင်ထားပါတယ်။စကားလက်အနေနဲ့ အရှေ့ပိုင်းဗလာအခန်းကို ရိုက်ရတာ ပြဿနာမရှိပေမဲ့ ဒါရိုက်တာကြီးကတော့အတော်ရှက်လို့ မျက်နှာပူစရာတွေဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ဒီရုပ်ရှင်မှာ ...
movie

Asteroid City(2023)

Dungeons & Dragons: Honor Among Thieves (2023) 7.5
Dungeons & Dragons: Honor Among Thieves (2023) Dungeons & Dragons: Honor Among Thieves (2023)~ IMDb - 7.5/10, RT - 90%, Meta - 72% ~မြေအောက်ခန်းနဲ့ နဂါးများ D&D ဆိုတာ Table Top ဂိမ်းလောကရဲ့ နာမည်ကြီး Role Play ဂိမ်းတစ်ခုပါပဲ။ ကိုယ်တိုင်ကိုယ်ကျ ဝင်ဆော့ရတဲ့ ဇာတ်လမ်းသွားအရုပ်ဂိမ်းတွေကစလို့ ကွန်ပြူတာ၊ ဖုန်း ပလက်ဖောင်းအစုံမှာ ရှိပြီး လူသန်းပေါင်းများစွာ ဆော့ကစားနေကြပါတယ်။ များပြားလှတဲ့ မျိုးနွယ်စု‌တွေ၊ မှော်သတ္တဝါတွေ၊ လက်နက်တွေ၊ အစွမ်းတွေ အရမ်းကိုစုံတဲ့ဂိမ်းပါပဲ။ ရုပ်ရှင်အနေနဲ့လည်း အရင်က သုံးကားလောက် ထွက်ဖူးပါတယ်။ စာအုပ်တွေလည်းထွက်ထားပါတယ်။ ရုပ်ရှင်ကား‌ဟောင်းသုံးကားကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ဒီတစ်ခေါက်ကတော့ Wonder Woman ထဲက မင်းသား ခရစ္စပိုင်းက ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပြီး ဘက်ဂျက်များများ ဇာတ်လမ်းကောင်းကောင်းနဲ့ ရုံတင်ပြသထားတာပဲဖြစ်ပါတယ်။ ...
movie

Dungeons & Dragons: Honor Among Thieves (2023)

2023
4K HEVC
It Chapter Two (2019) 6.8
It Chapter Two (2019) (Unicode)IT ပထမရုပ်ရှင်မှာ ပန်နီဝိုက်စ် ကို Loser club က အနိုင်ယူခဲ့ပါပြီ။ဒါပေမယ့် အဲဒီအရာက တကယ်သေသွားတာ မဟုတ်ခဲ့ပါဘူး။ဒီလိုသာ မသေခဲ့ရင် ၂၇နှစ်အကြာမှာ ပြန်ပေါ်လာမှာကို တွေးမိတဲ့ဘေလ်တို့အဖွဲ့ဟာ ၂၇ နှစ်ကြာလို့အဲဒါ ပြန်ပေါ်လာရင်ပြန်စုပေါင်းပြီး တိုက်ခိုက်ဖို့ သစ္စာပြုခဲ့ကြပါတယ်။၂၇ နှစ် အကြာကာလရဲ့ ဇာတ်လမ်းဖြစ်တာကြောင့်ဒီဇာတ်ကားရဲ့ ဇာတ်လိုက်တွေကအသက်၃၀ ကျော်လူကြီးတွေ ဖြစ်နေပါလိမ့်မယ်။ဒါပေမယ့် သူတိုကိုယ်စားပြုတဲ့ ကလေးကာရိုက်တာတွေကိုအကောင်းဆုံးပုံဖော်ပြထားတာကြောင်း အရမ်းကိုကြည့်ကောင်းနေပါလိမ့်မယ်။ပန်နီဝိုက်စ်ကလည်း ကလေးတွေကို ခြောက်တုန်းကထက်ပိုကြမ်းလာပါလိမ့်မယ်။ဒီတော့ အားရပါးရကြောက်ဖို့ ဘာသာပြန်ပေးလိုက်ပါတယ်။ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်…. File Size : (2.70 GB),(1.30 GB) And (650 MB) And (4.1GB) Quality : Blu-Ray (1080p 5.1,720p,480p) / 4k BluRay HEVC AAC 5.1CH Running Time : 2hr 49min Format : ...
movie

It Chapter Two (2019)

2019
4K HEVC
IT (2017) 7.8
IT (2017) မိုးတွေတဖွဲဖွဲရွာနေတဲ့မနက်ခင်းတစ်ခုမှာ ၅နှစ်ခန့်အရွယ် ဂျော်ဂျီလေးဟာ သူ့အစ်ကိုမပါဘဲအပြင်သွားရဖို့ဖြစ်လာခဲ့တယ်...သူ့အစ်ကို ဘီလ်ကလည်းချောင်းတွေဆိုးပြီးဖျားနေခဲ့တာကိုး...အစ်ကိုမပါလို့မသွားချင်သွားချင်ဖြစ်နေတဲ့ဂျော်ဂျီလေးကို ဘီလ်က လမ်းမှာဆော့သွားဖို့စက္ကူလှေလေးလုပ်ပေးပြီး နှစ်သိမ့်လိုက်တယ်...ဂျော်ဂျီလေး အိမ်ကထွက်လာပါပြီ...မိုးကာ အင်္ကျီအဝါရောင်လေးနဲ့ပေါ့...ဂျော်ဂျီလေးသာ ပြန်မလာနိုင်တော့မယ်မှန်းကြိုသိခဲ့ရင် ဘီလ့်အနေနဲ့ဘယ်လောက်ဖျားဖျားလိုက်သွားမိမှာပဲ…ဒါပေမယ့် အနာဂတ်ကိုကြိုမသိနိုင်တော့လည်း ဘီလ့်ခမျာ ချောင်းလေးတစ်ဟွတ်ဟွတ်ဆိုးရင်း မိုးရေထဲထွက်ခွာသွားတဲ့ ဂျော်ဂျီလေးကိုလှမ်းမျှော်ကြည့်ရင်းကျန်ခဲ့ပါတယ်…လမ်းတစ်လျှောက် မိုးရေစီးကြောင်းထဲမှာ လှေလေးကို ဆော့ရင်းထွက်သွားတဲ့ဂျော်ဂျီလေးဟာ အဲ့ဒီနေ့ကအိမ် ပြန်မလာခဲ့ပါဘူး…နောက်နေ့တွေလည်း ပြန်မလာခဲ့ဘူးလို့ပြောရင် ပိုမှန်မှာပေါ့…ဘီလ်တစ်ယောက်ဟာ အချိန်တွေကြာလာပေမယ့် ဒီကိစ္စကိုသူ့အပြစ်လို ခံစားပြီး သူ့ညီလေး ပျောက်သွားနိုင်မယ့်နေရာကိုမှန်းဆပြီးမိဘတွေမသိအောင် ကြိတ်ရှာနေခဲ့တယ်…နွေကျောင်းပိတ်ရက် မစတင်ခင်တစ်နေ့မှာတော့ စိုးရိမ်တကြီးမျက်နှာနဲ့ ကြေငြာစာရွက်တွေလိုက်ကပ်နေတဲ့ အန်တီကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်…အလို... အခန်းထဲကကောင်မလေး ပျောက်သွားတယ်ဆိုပါလားနောက်နေ့တွေမှာလည်း လူပျောက်ကြေငြာစာရွက်တွေ တစ်ရွက်ပြီးတစ်ရွက်ပလူပြန်လာပြီ…ဒယ်ရီမြို့လေးမှာ ကလေးပျောက်တာတွေ များလာပါလား…ဘီလ်သံသယဝင်လာပါပြီ…သူ့သူငယ်ချင်းတွေအဖွဲ့(ကျောင်း မှာအမြဲအနိုင်ကျင့်ခံရတဲ့ Loserအဖွဲ့)နဲ့ စုံစမ်းလိုက်တဲ့အခါ ၂၇ နှစ်ကြာတိုင်း တစ်ဖန်ပေါ်လာတတ်တဲ့ကလေးစားလူရွှင်တော် Pennywiseအကြောင်းကို သိလာခဲ့တယ်လွန်ခဲ့တဲ့၂၇နှစ်ကလည်း တစ်မြို့လုံးပြုတ်အောင် စားခဲ့တဲ့သက်သေတွေလည်း တွေ့လာခဲ့တယ်…ဘီလ်နဲ့သူ့သူငယ်ချင်းတွေကိုယ်တိုင်ကလည်း ခြောက်လန့်မှုတွေ အမျိုးမျိုးနဲ့ကြုံလာရတဲ့အခါ…သူတို့ကိုယ်တိုင်အတွက်နဲ့ ကျန်တဲ့ကလေးတွေ အန္တရာယ်ကိုကာကွယ်ဖို့ Pennywiseကြီးရှိရာ…အိမ်ပျက်ကြီးအောက်ခြေက ရေတွင်းပျက်ကြီးဆီချီတက်လာကြတဲ့အခါမှာတော့……''ငါအိမ်ပြန်ရောက်တိုင်း ဂျော်ဂျီရှိမနေဘူး…သူ့ရယ်သံလေးတွေလည်းမကြားရတော့ဘူး…သူကစားနေကျ ပေါကြောင်ကြောင် ဒိုင်နိုဆောကောင်တွေကပဲ ...
movie

IT (2017)

2017
4K HEVC
Uncle Frank(2020) 7.1
Uncle Frank(2020) Uncle Frank(2020)IMDb...7.1,,,,,Rotten...85%ဘက်ဆိုတဲ့ကောင်မလေးမှာ ရည်မွန်လှတဲ့ဖရန့်ဆိုတဲ့ဉီးလေးတစ်ယောက်ရှိတယ်...ပညာထူးချွန်တယ်...စာပေဗဟုသုတပြည့်စုံသလို ကြင်နာသနားတတ်တဲ့ဟန်ကြောင့်ဘက်က သူ့ဉီးလေးကို သဘောလည်းကျသလို အားလည်းအားကျတယ်...ခက်တာက ဒီလိုမျိုးဉီးလေးကို ဘက်ရဲ့အဘိုး (ဖရန့်ရဲ့အဖေ)က ခါးခါးသီးသီးပဲ...မိသားစုထဲမှာ ဖရန့်တစ်ယောက်ကိုပဲ အဘိုးဖြစ်သူက လျှစ်လျူရှုထားတာ...မိသားစုဝင်တော်တော်များများကလည်းအဖေနဲ့သားကြားက ြပဿနာကို အတိတ်နိုင်ဆုံးထိန်းညှိရင်း မသိချင်ယောင်ပဲဆောင်နေကြတယ်....ဒီလိုနဲ့ဖရန့်လည်း တခြားမြို့တစ်မြို့မှာ ပါမောက္ခအဖြစ်နဲ့အသက်မွေးနေလေရဲ့...အဲ့ဒီမြို့မှာပဲ သူ့တူမလေး ဘက်ကကျောင်းတက်နေတယ်...၄နှစ်အကြာမှာတော့ ဖရန့်ရဲ့အဖေဆုံးလို့ ဇာတိမြို့လေးကို ပြန်ဖို့အကြောင်းဖန်လာတယ်..တူဝရီး(၂)ယောက်တူတူပြန်ကြတာပေါ့...အဲ့ဒီနောက်မှာတော့ ဖရန့်ရဲ့ မိသားစုမယ် ဖယ်ကျဉ်ခံထားရတဲ့အကြောင်းတွေကိုတစ်စ တစ်စ သိလာရပါတော့တယ်...ဒီကားက Dramaဖြစ်နေပြီး အညွှန်းအရ အနည်းငယ်ဇာတ်အေးကြီးလို့ထင်ရပေမဲ့ဒီဇာတ်ကားထဲကလို ြဖစ်စဉ်တွေ ကျွန်တော့်တို့ နိုင်ငံမိသားစုဝင်တွေအများကြီးမှာဖြစ်နေရတာပါ..ကျွန်တော်တို့လက်တစ်ကမ်းအကွာမှာပဲ ဒီလိုမျိုးတွေကြုံတွေ့နေရပါတယ်...ခံစားကြည့်ကြပါဉီးဗျို့... File Size :(884MB) and (331MB) Quality : WEB-DL 720p Format…mp4 Duration…01:35:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Khine Khine Wai Encoded by Phyo Pyae
movie

Uncle Frank(2020)

Gretel & Hansel (2020) 5.3
Gretel & Hansel (2020) Gretel & Hansel (2020) IMDb - 5.3/10_____Rotten - 65%  ၂၀၂၀ ခုနစ်ထွက် Fantasy/ Horror ဇာတ်ကားလေးဖြစ်ပါတယ်... ဂရင်းစ်ညီအစ်ကိုတွေရဲ့ ပုံပြင်တွေထဲက တစ်ပုဒ်ဖြစ်တဲ့ တောအုပ်ထဲက လူသားစားတဲ့ စုန်းမကြီးအိမ်ကို ရောက်ရှိသွားတဲ့ ဟန်ဆယ်နဲ့ ဂရက်တယ်တို့မောင်နှမနှစ်ယောက်အကြောင်းကို အားလုံးကြားဖူးကြမယ်ထင်ပါတယ်... ဒီဇာတ်ကားလေးကလည်း အဲဒါကို အခြေတည်ပြီးရိုက်ကူးထားတာပါ... ဟန်ဆယ်နဲ့ ဂရက်တယ်တို့ မောင်နှမနှစ်ယောက်ဟာ မုဆိုးမ အမေနဲ့အတူတူ ဆင်းဆင်းရဲရဲနေထိုင်ကြရပါတယ်... တစ်နေ့မှာတော့ သူတို့အမေက ကိုယ့်ဝမ်းကိုယ့်ကျောင်းဖို့ သူတို့နှစ်ယောက်ကိုနှင်ထုတ်လိုက်ပါတော့တယ်... ဒီလိုနဲ့ စိတ်မနောကောင်းတဲ့ မုဆိုးတစ်ယောက်က တောထိန်းတွေဆီ သွားခိုလှုံဖို့ လမ်းညွှန်လိုက်ပါတယ်... ဒီလိုနဲ့ သွားရင်းနဲ့ တောထဲမှာ စားကောင်းသောက်ဖွယ်တွေနဲ့ပြည့်နှက်နေတဲ့ တဲအိမ်လေးတစ်လုံးကို တွေ့လိုက်ရပါတော့တယ်... အိမ်ပိုင်ရှင်ကတော့ သဘောကောင်းပုံရတဲ့ အဖွားအိုတစ်ယောက်ပဲ... အဲဒီအဖွားအိုဟာ ပုံပြင်ထဲကအတိုင်း စုန်းမကြီးများလား... ဒီဇာတ်ကားမှာ မတူခြားနားတဲ့ မြှုပ်ကွက်တွေပါတာကြောင့် ဘာတွေလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦး... IMDB 5.3/10 ရရှိထားပါတယ်   File Size : ( 817 MB , 240 MB) Quality : WEB-DL 720p Running Time : 1 hr 27 min Format ...
movie

Gretel & Hansel (2020)

2020
Nancy Drew and the Hidden Staircase(2019) 5.7
Nancy Drew and the Hidden Staircase(2019) Nancy Drew and the Hidden Staircase(2019) Nancy Drew လို့ဆိုလိုက်တာနဲ့ သွက်လက်ချက်ချာပြီး သတ္တိရှိတဲ့ ကလေးစုံထောက်မလေးကို ပြေးမြင်မိကြမှာပါ။ သူမအကြောင်းရေးသားထားခဲ့တဲ့ ဝတ္တုတွေဟာလဲ အထူးကျော်ကြားအောင်မြင်ခဲ့သလို ဇာတ်လမ်းပြန်လည်ရိုက်ကူးခဲ့ရာမှာလဲ အောင်မြင်ခဲ့ပြန်ပါတယ်။အခုလဲ အားလုံးရဲ့ အချစ်တော် Nancy Drew ကို ခေတ်အမြင် ခေတ်အသွင်နဲ့ ကြည့်ရှုခံစားနိုင်ဖို့ရာ လောလောလတ်လတ်ထွက်ရှိလာတဲ့ Nancy Drew and The Hidden Staircase (2019)ကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။Imdb Rating 5.8/10 နဲ့ Rotten Tomatoes 70%တော်ရရှိထားတဲ့ ဟောဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းကိုလဲ တင်ပြလိုပါသေးတယ်။ မိခင်ဖြစ်သူကွယ်လွန်သွားတဲ့နောက်မှာ နန်စီဒရူးနဲ့ သူမဖခင်ဖြစ်သူတို့ ရေးဗားဟိုက်စ် ဆိုတဲ့ မြို့လေးကိုရွေ့ပြောင်းလာပါတယ်။ အဲဒီမြို့လေးမှာဖြစ်နေတာကတော့ Twin Elms ဆိုတဲ့အိမ်မှာ သရဲအကြီးအကျယ်ခြောက်တာပါပဲ။ အရာရာမှာစပ်စပ်စုစုနဲ့ ထက်မြက်တဲ့ နန်စီဒရူးအဖို့တော့ ရေငတ်တုန်းရေတွင်းထဲကျသလိုပါပဲ။ အဆိုပါ သရဲခြောက်တဲ့ပြဿနာကို နန်စီဒရူးတစ်ယောက် မနေနိုင်မထိုင်နိုင်ဝင်ပါရင်း ဘာတွေဆက်ဖြစ်မလဲ? သူဘယ်လိုကိုင်တွယ်မလဲဆိုတာတော့ စိတ်ဝင်စားစရာပါ။ပေါ့ပေါ့ပါးပါးစုံထောက်ကားလေးတွေကိုကြည့်ရှုသူတွေအတွက်တော့ အကြိုက်ဖြစ်စေမယ့် Nancy Drew ...
movie


2019