Channel Myanmar

Stan Shaw

A Nashville Legacy(2023) 6.5
A Nashville Legacy(2023) A Nashville Legacy(2023)************************ Rating 88%ရရှိထားပြီး ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဂီတကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။Nashvilleလို့ဆိုလိုက်တာနဲ့ ဂီတသက်ဝင်စည်ကားရာ မြို့တစ်မြို့ဆိုတာ အားလုံးသိကြမှာပါ။ဒီဇာတ်ကားဟာလည်း Nashvilleမြို့ အာဖရိကန်အမေရိကန်ဂီတပြတိုက်မှာ အခြေပြုရိုက်ကူးထားပါတယ်။ဂီတဇာတ်ကားဖြစ်တဲ့အတွက် သီချင်းပေါင်းစုံမြူးမြူးကြွကြွပါဝင်ပါတယ်။ ဇာတ်ကြောင်းအနေနဲ့ကတော့ Naimaဟာ ပါရဂူဘွဲ့ယူဖို့ Nashvilleမြို့ရှိ အာဖရိကန်အမေရိကန်ဂီတပြတိုက်မှာအလုပ်သင်လာဆင်းပါတယ်။ ပြတိုက်မှာစေတနာ့ဝန်ထမ်းလုပ်နေတဲ့ Damianနဲ့တွေ့ပြီးနောက်မှာ ဆုံးပါးသွားတဲ့အဘွားဖြစ်သူရဲ့ လူသိမခံခဲ့တဲ့အတိတ်ကို အစဖော်မိပါတော့တယ်။အဘွားဖြစ်သူပါဝင်ခဲ့တဲ့ မိန်းကလေးဂီတအဖွဲ့အကြောင်းဖော်ထုတ်ပြီး ပါရဂူဘွဲ့စာတမ်းပြုစုဖို့ကြိုးစားရာကနေတစ်နွယ်ငင် တစ်စင်ပါကာ တည်ငြိမ်နေတဲ့ရေပြင်ကို ခဲလုံးလေးနဲ့ပေါက်ရုံမက မုန်တိုင်းပါဝင်မယ့်အဖြစ်တွေရှိနေသောအခါ.....File Size :(1.5GB)& (776MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:42:00 Genre : Drama , Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie

A Nashville Legacy(2023)

The Monster Squad (1987)
The Monster Squad (1987) The Monster Squad ဇာတ်ကားလေးဟာ ဒါရိုက်တာ Fred Dekker ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ သူ့ခေတ်အခါတုန်းကတော့ အတော်အသင့်နာမည်ရခဲ့ပြီးတော့ Box office မှာ ၃.၈ ဘီလီယံ ဒေါ်လာ ရခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ special effects တွေက အရင် ၁၉၈၀ လောက်တုန်းကဆိုတော့ အရမ်းမကောင်းပေမဲ့ ပရိသတ်တွေကို Horror အရသာ အပြည့်ခံစားရစေပါတယ်။ 80s ကားတွေကို ပြန်ပြီး ခံစားကြည့်ချင်တယ်ဆိုရင်တော့ အိမ်မှာ ဇိမ်ခံရင်း ကြည့်လို့ကောင်းတဲ့ ကားတစ်ခုပါပဲ။ လူကြီးသူငယ်မရွေးကြည့်လို့ ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ဒရက်ကူလာလို့ ခေါ်တဲ့ မကောင်းဆိုးဝါးတစ်ကောင်ဟာ ဇာတ်လိုက်ဖြစ်တဲ့ ရှောင် နဲ့ သူငယ်ချင်းတွေရှိတဲ့ မြို့လေးမှာ နိုးထလာပြီးတော့ ပျောက်ဆုံးနေတဲ့ ဗန်ဟဲလ်ဆင်ရဲ့ ဒိုင်ယာရီကို လိုက်ရှာပါတော့တယ်။ ဒိုင်ယာရီဟာ ရှောင်တို့လက်ထဲမှာ ရှိပြီးတော့ အထဲမှာ ဒရက်ကူလာကို ...
movie

The Monster Squad (1987)

Daylight (1996) 5.9
Daylight (1996) Daylight ရုပ်ရှင်ကားကို ၁၉၉၆ခုနှစ်မှာ ပြသခဲ့တာဖြစ်ပြီး ရမ်ဘိုမင်းသားကြီး စတားလုံး ပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကပ်ဘေးရှင်သန်ရေး thriller disaster ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ဒေါ်လာသန်း၈၀ အကုန်ကျခံရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ဟာ သန်း၁၆၀နီးပါး ပြန်လည်ရရှိခဲ့လို့ အောင်မြင်တဲ့ရုပ်ရှင်တစ်ခုလို့ ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဥ်းဟာဆိုရင်ဖြင့် New York မြို့ကနေ တရားမဝင် အဆိပ်သင့်စွန့်ပစ်ပစ္စည်းတွေကို နယူးဂျာဆီပြည်နယ်ကိုခိုးပြီး စွန့်ပစ်ဖို့လုပ်ရာကနေ ဇာတ်လမ်းစပါတယ်။ အဲဒီစွန့်ပစ်ပစ္စည်းတွေကို သယ်ဆောင်လာတဲ့ထရပ်ကားတွေက ဥမင်လှိုဏ်ခေါင်းတစ်ခုကိုအဖြတ်မှာ ယာဥ်ဓားပြတိုက်လာတဲ့ သူခိုးအုပ်စုကားနဲ့ ဝင်တိုက်မိပြီး ပေါက်ကွဲမှူအကြီးစားတွေ​ဖြစ်ကာ လှိုဏ်ခေါင်းကြီးလည်း ပြိုကျသွားပါတော့တယ်။ အဲဒီမှာ ပြိုကျသွားတဲ့လှိုဏ်ခေါင်းထဲကလူတွေ အသက်ရှင်သန်အောင်ဘယ်လိုကြိုးစားကြမလဲ။ အသက်ရှင်လျက်ရော ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစား လိုက်လံကြည့်ရှု စီးမျောလို့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။အသက်ရှင်သန်ရေး ကြိုးပမ်းတဲ့ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူတွေရဲ့အတ္တတွေ မာနတွေ ကြိုးစားမှုတွေ မျှော်လင့်ချက်ကုန်ခမ်းသွားတာတွေ စိတ်ဓာတ်လုံးဝကျသွားတာတွေကိုကြည့်ရင်း ကိုယ်ပါ ရင်ထဲအလုံးကြီး ဆို့ထားသလို အောင့်သက်သက် ခံစားရဦးမှာပါ။ ဒါကြောင့် Survival Thriller ရုပ်ရှင်ကြိုက်နှစ်သက်သူများအတွက် ...
movie

Daylight (1996)

Snake Eyes(1998) 7.0
Snake Eyes(1998) Snake Eyes(1998)*****************အံစာတုံး နှစ်တုံးကစားရတဲ့ဂိမ်းတွေမှာ ဂဏန်းအနည်းဆုံး ဖြစ်တဲ့ တစ် နှစ်ကြိမ်ကျရင်တော့မြွေမျက်လုံးနှစ်လုံးနဲ့ဆုံရသလိုပဲ ကံအဆိုးဆုံးဖြစ်လို့ Snake Eyes ဆိုပြီး တင်စားခေါ်ကြပါသတဲ့။ ဒီဇာတ်ကားမှာ တော့ မင်းသားကြီး Nicolas Cageက အကျင့်ပျက်ချစား၊ငွေညစ်၊ဖောက်ပြန်အကုန်လုပ်တဲ့ ကံဆိုးသူ ရဲသား ရစ်ချက် ဆန်တိုရိုအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဖြစ်စဉ်က ရစ်ဟာသူလုပ်နေကျအတိုင်း လောင်းကစားလုပ်ဖို့၊ ရာထူးတောင်းဖို့သူငယ်ချင်းဖြစ်သူရဲ့အကြီးအကဲဆီမျက်နှာလို မျက်နှာရလုပ်မယ်ဆိုပြီးဟဲဗီးဝိတ်ချန်ပီယံပွဲကို သွားတာက စတာပါပဲ။ ဖြစ်ချင်တော့ သူ လောင်းတဲ့ဘက်ကလည်း အနိုင်သေချာပါရက်နဲ့ ရှုံး၊အပူအကပ်မယ့် အကြီးအကဲကလည်း ပွဲခင်းထဲမှာပဲလုပ်ကြံခံလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့ ...................       File Size : (2.3GB)(838 MB) and (284MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:38:00 Genre : Crime, Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Snake Eyes(1998)

[18+] Body of Evidence (1993) 4.5
[18+] Body of Evidence (1993) မက်ဒေါနားရဲ့ အဖော်အချွတ်တွေကြောင့် ဒီဇာတ်ကားဟာ Best Erotic Thriller ထဲမှာ နာမည်ကြီးပါတယ်...၉၀ ခုနှစ်များဆီက ရှာရွန်စတုန်းရဲ့နာမည်ကျော် Basic Instinct လိုပဲ မက်ဒေါနားကိုလဲ ဒီဇာတ်ကားနဲ့တွဲမြင်ကြပါတယ်...အဖော်အချွတ်သီးသန့်မဟုတ်ဘဲ လူသတ်တဲ့လှည့်ကွက်ဇာတ်အိမ်လေးနဲ့ဆိုတော့ တက်ကြွစွာလိုက်ပါစီးမျောရမယ့်ဇာတ်ကားမျိုးပါ...အဆိုတော်မင်းသမီး Madonna နဲ့အတူ မင်းသားကြီး Willem Dafoe နဲ့ မင်းသမီးကြီး Julianne Moore တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့.... ရှေ့နေကြီး ဖရန့်ဒူလေးနီ (Willem) ဟာ အင်မတန်တော်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ ဖရန့်ဆီကို အမှုတစ်မှုရောက်လာပါတယ်။ အမှုကတော့ ချမ်းသာကြွယ်ဝတဲ့ အသက်ကြီးကြီးဘိုးတော်တစ်ယောက်ဟာ အိပ်ယာပေါ်မှာ သေဆုံးနေတဲ့အမှုပါ။ ဆေးစစ်ချက်များအရ နှလုံးဖောက်သေဆုံးတာဖြစ်ပေမဲ့ ကိုကိန်းသုံးစွဲထားတဲ့လက္ခဏာလည်းတွေ့ရတဲ့အပြင် လက်ကောက်ဝတ်မှာလည်း လက်ထိပ်ရာများတွေ့ရတာဖြစ်လို့ လူသတ်မှုလို့ ထင်စရာရှိတဲ့အနေအထားဖြစ်နေပါတယ်။ ဘိုးတော်ရဲ့အိမ်ထဲမှာ BDSM လုပ်တဲ့နေရာမှာသုံးတဲ့ ပစ္စည်းကိရိယာတွေလည်းတွေ့ထားတဲ့အပြင် ဗွီဒီယိုစက်မှာလည်း ဟုမ်းမိတ်ဗွီဒီယိုတစ်ခုက ပွင့်လျက်အနေအထားနဲ့ ရှိနေပါတယ်။ အဓိကသံသယအဝင်ခံရသူကတော့ ထိုဘိုးတော်နဲ့ တွဲနေတဲ့ ငယ်ရွယ်တဲ့အမျိုးသမီးလေး ရေဘတ်ကာကာလ်ဆင်(Madonna)ပဲဖြစ်ပါတယ်။ သံသယပိုအဝင်ခံစရာကောင်းတာက ဘိုးတော်ရဲ့သေတမ်းစာထဲမှာ ရေဘတ်ကာရဲ့နာမည်နဲ့ ဒေါ်လာ ၈ သန်းအမွေထားခဲ့ပေးတဲ့ကိစ္စပါပဲ။ ရှေ့နေကြီးဖရန့်ဟာ ဒီအမှုကို ရေဘတ်ကာဘက်ကနေ ...
movie

[18+] Body of Evidence (1993)

The Pale Door (2020) 7.3
The Pale Door (2020) ဒယ်တန် ဂိုဏ်သားတွေက ရထားတစ်စီးကို ဓားပြဝင်တိုက်ရင်းနဲ့ သူတို့ခေါင်းဆောင်က သေနတ်မှန်သွားပါတယ် သေနတ်ဒဏ်ရာရနေတဲ့ ခေါင်းဆောင်ကို ကယ်ဖို့ကြိုးစားရင်း တောထဲမှာ ပြည့်တန်ဆာအိမ်တစ်ခုကို တွေ့လိုက်ရပါတယ် ဒါပေမယ့် သူတို့ကို ကြိုဆိုနေတဲ့ မိန်းမချောလေးတွေက တစ်ခုခု မူမမှန်ဘူး ဖြစ်နေတာကို အားလုံးက သတိမထားမိကြပါဘူး ဒဏ်ရာရနေတဲ့ ခေါင်းဆောင်နဲ့ အဖွဲ့သားတွေ အသက်ရှင်ရက် ပြန်လာနိုင်မလား? တောနက်ထဲက ပြည့်တန်ဆာအိမ်က မိန်းမချောလေးတွေက ဘယ်သူတွေလဲ? ကောင်းဘွိုင်ခေတ်ကို အခြေခံထားတဲ့ ထိတ်လန့်သည်းဖို့ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ The Pale Door ဟာ Horror ဖန်တွေ သဘောကျနိုင်တဲ့ ဇာတ်ကားတစ်ကားပါ   File Size - 1 gb Quality - web-dl 1080p Subtitle -  burmese Translator - Htet Wai Lwin Encoder - Thit San Khant
movie

The Pale Door (2020)

2020
Rocky(1976) 8.1
Rocky(1976) Rocky(1976)Rocky ဆိုတာ တော်တော်များများ ကြည့်ဖူးကြမယ်ထင်ပါရဲ့....တစ်ချို့တွေလည်း ကြားဖူးနားဝသာရှိကြတာ အကုန်ခံစားကြည့်ဖို့ အခွင့်မရှိခဲ့တာလည်းရှိပါလိမ့်မယ်... ခေတ်အဆက်ဆက် အကောင်းဆုံး Sport ကားအဖြစ်မှတ်တမ်းတင်ခံရသလို အထူးစိတ်ခွန်အားဖြစ်စေတဲ့ ဇာတ်ကားလို့လည်း ချီးကျူးခံရတယ်... Rockyဟာ လက်ဝှေ့ဝါသနာအိုး ဖြစ်ပေမယ့် အောင်မြင်မှုလည်း မရှိလို့ စားဝတ်နေရေးအတွက် အကြွေးတောင်းတဲ့အလုပ်လည်း လုပ်နေရတယ်... သူဇွဲတော့မလျော့ဘူး....တစ်နေ့တော့အောင်မြင်နိုင်တဲ့လို့ မဝံမရဲ မျှော်လင့်နေတယ်... သို့ပေမယ့်လည်း သူ့အတွက် အခွင့်အရေးက ဘယ်နေမှန်းမသိ... တစ်နေ့တာ စားဝတ်နေရေးအတွက် မှတ်ပုံတင်ထားတဲ့ လက်ဝှေ့ ဝါသနာအလုပ်ကို မထင်မရှားကြားပွဲတွေနဲ့ပဲ အချိန်ကုန်နေရတယ်.... တစ်နေ့တော့ သူ့အတွက် အခွင့်ကောင်းတစ်ခုရောက်လာတယ်... ကမ္ဘာ့ချန်ပီယံ အပိုလို ခရိဒ်က ရော့ကီနဲ့ ထိုးချင်တယ်လို့ဆိုတယ်...ကမ္ဘာ့ချန်ပီယံဟာ ရော့ကီနဲ့ ဘာလို့ထိုးချင်တာလဲဆိုတော့ ရော့ကီရဲ့ လက်ဝှေ့မှတ်ပုံတင် Italian Stallion နာမည်နဲ့ နာမည်ဆက်ကြီးချင်လို့ပဲ.... အဲ့ဒီမှာ Rocky အတွက် အခွင့်အလမ်းကြီးပေါ်လာတော့တာပဲ.... Rocky ဟာ ၄ ကား ထွက်ရှိပါတယ်... မင်းသားကြီး Sylvester Stallone ဟာ Rocky အဖြစ် သရုပ်ဆောင်ထားပြီး သရုပ်ပါတဲ့ ထိုးကွက်တွေဖြစ်ဖို့ လေ့ကျင့်ခဲ့ရသလို ရိုက်ကွင်းတွေမှာ တကယ်ထိုးသတ်ခဲ့တယ်လို့ဆိုပါတယ်...အဲ့ဒီခေတ်အခါက ဒီဘက်ခေတ်များလို့ Effect ...
movie

Rocky(1976)

Jeepers Creepers III (2017) 4.2
Jeepers Creepers III (2017) Jeepers Creepers III ဟာဆိုရင်တော့ ယခင် Jeepers Creepers I နှင့် Jeepers Ceeper II တို့ရဲ့အဆက် ယခုနှစ်၂၀၁၇ကမှထွက်ထားတဲ့ Horror ဇာတ်ကားကောင်းလေးပါ။ရှေ့နှစ်ကားမှာအောင်မြင်မှုတွေရခဲ့ပြီး ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့တဲ့ Jeeper ကြီးကို နောက်ထပ် ၂၃နှစ်ပြည့်လို့ ပြန်လည်ရောက်ရှိလာတာကို တွေ့ရမှာပါ။သူ့ရဲ့ဖြစ်စဉ်အတိုင်းပဲ ပြန်ရောက်လာတဲ့အချိန်ကစပြီး ၂၃ရက်တိုင်တိုင်သတ်ဖြတ် စားသောက် ပါတော့တယ်။လူသားတွေရဲ့ကြောက်စိတ်ကိုအနံ့ခံပြီး လိုက်လံသတ်ဖြတ်နေတဲ့သူ့ကို ယခုအခါမှာတော့ ပြန်လည်တိုက်ခိုက်မည့် လူ့အဖွဲ့အစည်းတွေပေါ်လာပါတယ်။ဒီအပိုင်းမှာတော့ ရှေ့နှစ်တွေမှာသူသောင်းကျန်းခဲ့တာတွေကို ပြန်လည် တန်ပြန်တိုက်ခိုက်ဖို့စီစဉ်ရင်း Jeeper ဆိုတဲ့အဲဒီသတ္တ၀ါကြီးရဲ့ လျို့ဝှက်ချက်တွေကိုသိလာပါတော့တယ်။တကယ်ကိုထိတ်လန့်စရာကောင်းပြီး ရင်တထိတ်ထိတ်နဲ့ကြည့်ရမည့်ကားပါပဲ။ယခုအပိုင်းမှာရက်စက်မှုအပေါင်းသရဖူဆောင်းခဲ့တဲ့ Jeeper ကြီးရဲ့လျို့ဝှက်ချက်ကိုပါ သိသွားတဲ့သူတွေရှိလာပြီဆိုတော့ ဇာတ်ရှိန်တက်လာပြီပဲဖြစ်ပါတယ်။ဒီတော့ အဲဒီလျို့ဝှက်ချက်ဟာဘာလဲ၊အဲဒီသတ္တ၀ါကြီးကိုရော အဆုံးသတ်နိုင်ပါ့မလား၊လူသားတွေအနေနဲ့ တွန်းလှန်နိုင်ပါ့မလား။ဒါမှမဟုတ် ထင်သလောက်မလွယ်ကူဘဲ နောက်ထပ်၂၃နှစ်စောင့်လိုက်ရဦးမလား။ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာတော့ စိတ်ဝင်စားမှုအပြည့်နဲ့ ရင်တထိတ်ထိတ်ဆက်ကြည့်လိုက်ကြပါဦး…။ File ...
movie


2017