Channel Myanmar

Stefania Sandrelli

The Hottest Summer(2023) 6.5
The Hottest Summer(2023) The Hottest Summer(2023)************************* ဇာတ်လမ်းကိုတော့ အီတလီနိုင်ငံ ဆစ္စလီမြို့ရဲ့ အပူဆုံးနွေရာသီတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်...။ အဲ့ဒီမှာဆိုရင် နွေရာသီကာလ ကျောင်းတွေပိတ်တော့ ဘုရားကျောင်းတွေမှာ ကလေးတွေအတွက် နွေရာသီကျောင်းလေးတွေဖွင့်လေ့ရှိပါတယ်..။ ကလေးတွေကို ထိန်းကူဖို့ လူငယ်လူရွယ်လေးတွေကလည်း volunteerလာလုပ်ပေးကြတာ‌ပေါ့...။ လူစီယာဟာလည်း အဲ့လိုvolunteerတစ်ယောက်ဖြစ်ပြီး နွေရာသီကျောင်းကိစ္စဆိုရင် တက်တက်ကြွကြွပါဝင်လေ့ရှိသူပါ...။ ဒီလိုနဲ့ အပူဆုံးနွေရာသီတစ်ခုမှာ သူတို့ရဲ့ဘုရားကျောင်းကို ဘုန်းတော်ကြီးအသစ်ရောက်လာပါတယ်...။ ရောက်လာတဲ့ဘုန်းတော်ကြီးက ငယ်ငယ်ရွယ်ရွယ် ခန့်ခန့်ချောချောဆိုတော့လူစီယာတို့လို မိန်းမငယ်လေးတွေအတွက်တော့ သဘောကျချင်စရာပါ...။ ဘုန်းတော်ကြီးတွေက အိမ်ထောင်သားမွေးအမှုကိုပြုလို့မရဘူးဆိုတဲ့ ဝိနည်းပညတ်တွေရှိပါတယ်...။ သို့ပေမယ့် အချစ်ဇာတ်လမ်းတစ်ပုဒ်က ဒီလိုစလာပြီဆိုတော့လည်း စည်းမျဥ်းတွေကို မြင်နိုင်တော့မယ် မထင်ပါဘူး...။ အတားအဆီး ပညတ်ချက်တွေအကြား အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဘယ်လိုပေါက်ဖွားလာမလဲ၊ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ...။File Size : (1.6GB) and (771MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:36:00 Genre : Romance, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae  
movie

The Hottest Summer(2023)

(21+) The Key(1983) 5.4
(21+) The Key(1983) လူတွေက အသက်အရွယ်လေး ရလာကြရင် အချစ်ကို ပုံစံပြောင်းပြီးခံစားချင်လာကြတယ် အိမ်ထောင်သည်တွေလည်း အိမ်ထောင်သက်တမ်းကြာလာတဲ့အခါ အချစ်ကို ပုံစံပြောင်းပြီး ခံစားချင်လာကြတယ် ဒါပေမဲ့ အိမ်ထောင်ရေးမှာတော့ စဉ်းမျည်းတွေ ထိန်းချုပ်တာ များတယ်လေ ဖွင့်ချချင်ပေမဲ့လည်း အိမ်ထောင်သည်ဆိုတဲ့ ဘောင်အတွင်းက ဘယ်လိုမှမလွတ်နိုင်ဘူးလေပရော်ဖက်ဆာ နီနို တစ်ယောက် ငယ်ရွယ်ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းမချောလေး ထရေဆာ နဲ့ အိမ်ထောင်ကျပြီး သမီးလေး လီဆာ ရှိပါတယ် သူတို့က အထက်တန်းလွှာ မိသားစုတစ်ခုဖြစ်ပါတယ် ပရော်ဖက်ဆာမှာ သူများနဲ့မတူတဲ့ လိင်ပျော်ပါးလိုစိတ် အတွေးရှိနေပါတယ် အဲဒါကတော့ သမရိုးကျ ဘောင်အပြင်ဖက်ထွက်ဖို့ပါပဲ ဟုတ်ပါတယ် သူက သူ့အမျိုးသမီး ချောချောလေး တစ်ခြားကောင်လေးနဲ့ အိပ်တာကို မနာလိုစိတ်နဲ့ အရသာခံ ကြည့်ချင် တွေးချင်နေတဲ့ သူပါပဲ ထရေဆာမှာ သူ့သမီးလီဆာနဲ့ သဘောတူတဲ့ကောင်လေး တစ်ယောက်ရှိပါတယ် လာဆလို ပါပဲပရော်ဖက်ဆာ နီနိုက သူ့အကြံကိုအကောင်ထည်ဖေါ်ဖို့ ဇာတ်လမ်းဆင်ရပါတော့တယ် ဒါပေမဲ့ သူ့မှာကန့်သတ်ချက်တွေရှိတယ်လေ တိုက်ရိုက်ဖွင့်ဟဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ သူတို့ ဇနီးမောင်နှံသာ သိနိုင်တဲ့ ဆက်သွယ်နည်းနဲ့ ကြိုးစားပါတော့တယ် တစ်ကယ်တော့ မီးကို ကစားနေသလိုပါပဲ ကိလေသာဆိုတာ အပူတွေလေ မီးလို့ပဲ တင်စားလိုက်ပါတယ် ဇာတ်လမ်းလေးက ဝထ္တုလေး တစ်ပုဒ်ဖတ်နေရလို ...
movie

(21+) The Key(1983)

1983
[+18]Jamon Jamon(1992)
[+18]Jamon Jamon(1992) [+18]Jamon Jamon(1992) အညွှန်း*****************************Penélope Cruz  နဲ့ Javier Bardem တို့လို့ နာမည်ကျော်တွေပါပြီးအတော်ကြမ်းတဲ့ (၁၈+ )ခန်းတွေပါတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..ဇာတ်လမ်းလေးကတော့ အမျိုးသားအောက်ခံဘောင်းဘီထုတ်လုပ်တဲ့စက်ရုံပိုင်ရှင်ရဲ့သား ဂျိုးလူးဝစ်ဟာသူတို့စက်ရုံက အလုပ်သမားလေးဆေဗီယာဆိုတဲ့ကောင်မလေးနဲ့ ချစ်ကြိုက်မိသွားကြတယ်။ဆေဗီယာတို့မိသားစုပြေလည်ကြတဲ့သူတွေမဟုတ်ကြပါဘူး၊ဖခင်ကစွန့်ပစ်သွားတဲ့အတွက် ဆေဗီယာရဲ့မိခင်ဟာသူတို့ညီအစ်မသုံးယောက်ကိုငယ်စဉ်ကတည်းကရှာကျွေးရတယ်။စီးပွားရေးအခြေအနေအရ ဘားလေးတစ်ခုဖွင့်ထားတယ်၊ပတ်ဝန်းကျင်ကသူ့အမေကိုအပျက်မလို့သမုတ်ကြတယ်၊ဒီလိုနဲ့ဆေဗီယာဟာလူးဝစ်နဲ့ကိုယ်ဝန်ရှိသွားတယ်၊လူးဝစ်ရဲ့အမေဟာ ဆေဗီယာနဲ့သဘောမတူပါဘူး၊စက်ရုံမှာကြော်ငြာလာရိုက်တဲ့ ရာဟူးလ်ဆိုတဲ့တစ်ယောက်ကိုပိုက်ဆံပေးပြီးသူတို့နှစ်ယောက်ကိုပြတ်ခိုင်းအောင်ကြံစည်ခိုင်းတဲ့အခါမှတော့..... File Size :(1.9GB)(0.9GB) and (311MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:35:00 Genre : Comedy , Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

[+18]Jamon Jamon(1992)

Of Love and Shadows (1994) 5.1
Of Love and Shadows (1994) [18+] Of Love and Shadows (1992)ဒီဇင်ဘာလ ၁၂ ရက်နေ့မှာမွေးနေ့ရက်မြတ်မင်္ဂလာကျရောက်သွားခဲ့တဲ့ တစ်ခေတ်တစ်ခါက ကျွန်တော်တို့ရဲ့အလှနတ်ဘုရားမ၊ ပုရိသတွေရဲ့နှလုံးသားကို ရုပ်ရှင်လောကထဲစဝင်လာတည်းက သိမ်းကြုံးယူပစ်ခဲ့တဲ့မတ်မတ် ဂျနီဖာကော်နယ်လီရဲ့ ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးက တစ်ခြားအချိန်မှာကြည့်မယ်ဆို ရိုးရိုးတမ်းတမ်းပဲ မတ်မတ်ရဲ့အလှအပကိုပဲ သီးသန့်ခံစား၊ ဒါပေမဲ့ ဇာတ်ကွက်ကိုသိပ်ခံစားလို့မရမယ့်ကားမျိုး‌ပါ။ အဲလိုပေမဲ့ အခုတော့ ကျွန်တော်တို့ ဒီအခြေအနေကြီးနဲ့ဆိုတော့ တော်တော်ကြည့်ရကိုက်တဲ့ကားဖြစ်သွားပြီမို့လို့ပါ။ဇာတ်လမ်းအကျဉ်းကတော့ ချီလီနိုင်ငံလေးကို လောဘဇောတက်နေတဲ့ အာဏာရူးဗိုလ်ချုပ်ကြီးက အာဏာကောက်သိမ်းတဲ့အကြောင်းနဲ့စတယ်ပေါ့ဗျာ။ အဲလိုအာဏာသိမ်းတဲ့အချိန်မှာ ‌အီရင်းနဲဆိုတဲ့သတင်းထောက်မလေးကျွန်တော်တို့မတ်မတ်ရဲ့‌အမေက ဘောမကြီးလုံးလုံးပဲဆိုပါတော့ဗျာ။အဲဒီတော့ အဲလိုအခြေအနေမျိုးမှာ သတင်းထောက်မလေး အီရင်းနဲကို လီရယ်ဆိုတဲ့ ဓာတ်ပုံဆရာတစ်ဖြစ်လဲ စိတ်ပညာရှင်ဒေါက်တာလေးက အာဏာရှင်ရဲ့မကောင်းကွက်တွေကို အတူထုတ်ဖော်ဖို့ကြိုးစားကြတာကို ဒေါသအလိပ်လိပ်ထွက်လိုက်၊ မတ်မတ်ကို မြင်ပြီးစိတ်ပြန်ငြိမ်လိုက်နဲ့ကြည့်ရမယ့်ကားမျိုးပါ။ ဒီကားက သူ့အဖော်အချွတ်အလှအပခန်းတွေလည်းများလို့ မိသားစုနဲ့မကြည့်သင့်တဲ့ကားလေးပါ။ ဒါကြောင့် 1994 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Of Love and Shadows လေးကို ဒေါသထွက်ရရင်း စိတ်လည်းပြန်လျှော့ရရင်း ခံစားကြည့်ရှုပေးလှည့်ပါဦးခင်ဗျာ။Size - 1.6GB, ...
movie

Of Love and Shadows (1994)

1994
There Is No Place Like Home(2018) 6.1
There Is No Place Like Home(2018) There Is No Place Like Home(2019)There is no place like home (2018) ဆိုတဲ့ အီတလီ Romance, Drama ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးက မိသားစုပြန်လည်တွေ့ဆုံကြတဲ့ ပီယက်ထရိုနဲ့ အယ်လ်ဘာတို့ရဲ့ ရွှေရတု မင်္ဂလာပွဲအကြောင်းကို ရိုက်ကူးထားတာပါ။ သူတို့နေတဲ့ ကျွန်းလေးပေါ်မှာ မင်္ဂလာပွဲကို ကျင်းပခဲ့ပြီး မိသားစုစုံစုံညီညီ ပျော်ပျော်ပါးပါး အောင်အောင်မြင်မြင်ပြီးဆုံးသွားပါတယ်။ဒါပေမဲ့ ဧည့်သည်မိသားစုတွေ ပြန်ချိန်ရောက်တဲ့အခါမှာ ပင်လယ်မှာ လေထန်နေလို့ မပြန်နိုင်ဖြစ်ပြီး နောက်တစ်ရက်ထပ်နေရပါတယ်။အဲဒီအချိန်မှာ မိသားစုတစ်ခုချင်းစီက အချစ်ကိုလိုသူတွေ၊ အချစ်ပိုနေသူတွေ၊ အချစ်သစ်ရှာတွေသူတွေ၊အချစ်ကို တစ်ဖန် ဖန်တီးသူတွေ၊ အချစ်အကြောင်းကိုနားလည်သွားသူတွေရဲ့ အကြောင်းကို ပြပေးထားတာပါ။ဘဝထဲကအချစ်တွေအကြောင်း ဖြစ်ပြီး စိတ်ကူးယဉ်ဆန်စရာ ကောင်းတဲ့အချစ်အကြောင်းမဟုတ်လို့ သဘာဝကျကျအချစ်ဇာတ်ကားလေးတစ်ကားလို့ ပြောလို့ရပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်...File Size : (850 MB) and ...
movie


2018