Channel Myanmar

Sten Karpov

Burial (2022) 4.9
Burial (2022) Burial 2022ဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးတိုက်ပွဲဖြစ်တဲ့ ဘာလင်တိုက်ပွဲပြီးလုပြီးခင်မှာ ဘာလင်မြို့ကရုရှားထောက်လှမ်းရေးဖြစ်တဲ့ ဘရာနာ နဲ့ တပ်သားတစ်ချို့ကအထူးလျှို့ဝှက်တာဝန်ပေးခံရပါတယ်။ရှည်မျောမျောသေတ္တာကြီးတစ်လုံးကို သူတို့ရုရှားခေါင်းဆောင်စတာလင်ဆီသယ်သွားပေးဖို့ပါ။ ဒါကလျှို့ဝှက်မစ်ရှင်ဖြစ်တာကြောင့် လေယာဥ်မသုံးရသလို ဘာလင်ကသူတို့ရဲဘော်ရဲဘက်တွေနဲ့လဲအဆက်အသွယ်မလုပ်ရပါဘူး။ သေတ္တာထဲမှာဘာပါတယ်ဆိုတာလဲ ဘရာနာရယ် နောက်ခေါင်းဆောင်နှစ်ယောက်ရယ်သာသိပြီး တပ်သားတွေကမသိကြပါဘူး။ သူတို့ကဒီသေတ္တာကြီးကို ညမှာသူတို့ကိုလာသတ်ပြီးယူသွားမှာဆိုးလို့ ညဆို ဒီသေတ္တာကြီးကိုမြေကျွင်းတူးပြီးမြှပ် မနက်ကျမှပြန်တူးပြီးခရီးဆက်ပါတယ်။ တပ်သားတွေကလဲဒီသေတ္တာထဲမှာဘာပါမှန်းတာမသိတာ အမိန့်အရဒါကြီးကိုသူတို့အသက်နဲ့ရင်းပြီးကာကွယ်ဖို့အသင့်ဖြစ်နေတာပါပဲ။ အဲလိုသစ္စာရှိတပ်သားတစ်စုရယ် သေတ္တာကြီးတစ်လုံးရယ် အဲဒီသေတ္တာကြီးကို လိုချင်နေတဲ့ တခြားအဖွဲ့ရယ် စစ်ဘေးဒဏ်ကြောင့်စစ်သားတွေအပြင် လူမြင်မြင်သမျှကြောက်နေရတဲ့ ပြည်သူပြည်သားတွေရယ်ကြားမှာဘာတွေဆက်ဖြစ်မလဲ ဘရာနာတို့ရဲ့အထူးလျှို့ဝှက်တာဝန်ရောအောင်မြင်သွားမလားဆိုတာကြည့်ရှုလိုက်ပါဦးအညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida နဲ့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Thriller, War Quality…. 4k HEVC |1080p | 720p | 480p File size… 1.75GB | 1.509GB | 590MB | 343MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida and Moh Moh Encoder ..... August
movie

Burial (2022)

2022
4K HEVC
Firebird (2021) 7.7
Firebird (2021) Firebird (2021)IMDb 7.7/10 5 Wins and 1 Nominationဒီရုပ်ရှင်ကတော့ ဆုပေါင်း ၅ ဆု၊ တစ်ကြိုစာရင်း တစ်ကြိမ် ဝင်ထားတဲ့ ရုရှားစစ်နောက်ခံ ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။"Call me by your name" လို vibe မျိုးရသွားစေမယ့် လိင်တူချစ်သူ ရုပ်ရှင်မျိုးပါ။ရုရှားနိုင်ငံဟာ ဟိုမိုဖိုးဘစ် (လိင်တူမုန်းတီးစိတ်) အများဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တာမို့ ဒီရုပ်ရှင်က စိန်ခေါ်မှုတစ်ရပ်လိုပါပဲ။ဒီဇာတ်ကားကို ကြည့်ဖို့ လိင်တူချစ်တတ်သူ ဖြစ်ဖို့မလိုပါဘူး။ မေတ္တာတရားကို ခံစားတတ်ဖို့ပဲလိုပါတယ်။လေတပ်စစ်စခန်းတစ်ခုမှာ ဆီဂဲရ်ဆိုတဲ့ ရဲဘော်လေးနဲ့ မက်ဗဲရက်ဆိုတဲ့ တိုက်လေယာဉ်မှူးတစ်ယောက် ချစ်ခင်မိခဲ့ကြတယ်။ ဒါပေမဲ့ စစ်ဥပဒေအရ ယောကျာ်းချင်း ချစ်ကြိုက်ရင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်လောက်အထိ ကျနိုင်တာမို့ လူမသိသူမသိ သိုသိပ်ပြီး ချစ်ကြရင်းနဲ့ အခြေအနေတွေကြောင့် ကွဲကွာသွားလိုက် ပြန်ဆုံလိုက် ပျော်လိုက်၊ ဝမ်းနည်းလိုက် အခက်အခဲတွေကြုံလိုက်နဲ့ အနိမ့်အမြင့်အစုံ ...
movie

Firebird (2021)

2021