Channel Myanmar
Stephen Dillane
The Greatest Game Ever Played (2005) 7.4
The Greatest Game Ever Played (2005) ဖရန့်ဆစ် အူမန့်ဟာ ဂေါ့ဖ်ရိုက်တာကို ဝါသနာပါတဲ့ လူငယ်လေးတစ်ယောက်ပါ. သူဟာ ဝါသနာကြီးလွန်းလို့ ငယ်ငယ်ကတည်းက ဂေါက်ကွင်းမှာ အိတ်သယ်အဖြစ် လုပ်ရင်း ဂေါ့ဖ်ရိုက်တဲ့ပညာကို လေ့လာခဲ့ပါတယ်.တစ်နေ့တော့ သူအရမ်းလေးစားအားကျရတဲ့ ဂေါ့ဖ်သမား ဖြစ်တဲ့ ဟယ်ရီ ဗာဒန်ဆိုတဲ့ ပုဂ္ဂိုလ်ကို အပြင်မှာတွေ့ဖို့ ဖြစ်လာပါတယ်. ဟယ်ရီဟာ လက်ရှိမှာ အအောင်မြင်ဆုံး ဂေါ့ဖ်ကစားသမားဖြစ်နေပေမယ့် သူငယ်ငယ်တုန်းကလဲ ဖရန့်ဆစ်လိုမျိုးပဲ ဘဝက ခက်ခဲကြမ်းတမ်းခဲ့တာပါ.အဲဒီ့နောက်တော့ ဖရန့်ဆစ်တို့ ဂေါက်ကွင်းမှာ US Open ပြိုင်ပွဲကြီးလာကျင်းပတဲ့အချိန်မှာ ဖရန့်ဆစ်တစ်ယောက် ပြိုင်ပွဲဝင်ရဖို့ ဘယ်လိုမျိုးတွေ ရင်ဆိုင်ရမယ်. ဒါ့အပြင် ဂေါ့ဖ်ရိုက်တယ်ဆိုတာ အားကစားတစ်ခုထက်ပိုတဲ့ ပြိုင်ပွဲနောက်ကွယ်က နိုင်ငံရေးလှည့်ကွက်တွေလည်းပါတဲ့ ကစားနည်းတစ်ခုလည်း ဖြစ်နေပြန်ပါသေးတယ်.  ဆိုတော့ ဖရန့်ဆစ်တစ်ယောက် ဘယ်လိုပြိုင်ပွဲဝင်တွေနဲ့ ရင်ဆိုင်ပြီး အောင်မြင်မှုကို ရယူသွားနိုင်မလား ဒါမှမဟုတ် လမ်းတစ်ဝက်မှာတင် ကျရှုံးသွားနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.ဒါ့အပြင် ၂၀၀၆ ခုနှစ်အတွက်လည်း Best ...
movie
The Greatest Game Ever Played (2005)
The Hours (2002)
The Hours (2002)   2002 ခုနှစ်ကထွက်ရှိခဲ့တဲ့ The hours ဆိုတဲ့ psychological drama အမျိုးအစားဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ တခေတ်တခါကနာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ Meryl Steep , Julianne Moore နဲ့ Nicole Kidman တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ သုံးရောက်စလုံးက Oscar ဆုရရှိထားသူတွေပါ။ဒီရုပ်ရှင်ဇာတ်ကားဟာလည်း IMDb rating 7.5 အထိရရှိထားတဲ့အပြင် Oscar ဆုတစ်ခုနဲ့အခြားဆုပေါင်းများစွာရရှိခဲ့ပါတယ်။ Oscar ဆုကတော့ Nicole Kidman က best actress ဆုကိုရရှိခဲ့တာပါ။ ဒီလောက်ဆုတွေလည်းရထားတယ်၊ rating တွေလည်းကောင်းတယ်ဆိုတော့ တကယ်ကောင်းတဲ့ကားဆိုတာငြင်းလို့မရပါဘူး။ဒီဇာတ်လမ်းဟာ အင်္ဂလိပ်စာရေးဆရာမ Adeline Virginia Wolf ရေးခဲ့တဲ့ Mrs.Dalloway ဆိုတဲ့စာအုပ်နဲ့ ဆက်စပ်ပြီး စိတ်ကျဝေဒနာကိုခံစားနေကျရတဲ့အမျိုးသမီးသုံးယောက်ရဲ့ဘဝအကြောင်းကိုရိုက်ပြထားတာပါ။ပထမဇာတ်ဆောင်ဖြစ်တဲ့ Virginia Wolf အနေနဲ့ Nicole Kidman ကသရုပ်ဆောင်ထားပြီး ၁၉၂၃ ခုနှစ် မှာ Mrs.Dalloway စာအုပ်ကိုစရေးနေစဉ်သူမရဲ့စိတ်ခံစားမှုအကြောင်းကိုရိုက်ပြထားပါတယ်။ Virginia ...
movie
The Hours (2002)
Fugitive Pieces (2007) 6.9
Fugitive Pieces (2007)  ဒီဇာတ်ကားလေးကတော့ ကမ္ဘာစစ်အတွင်းမှာ နာဇီတွေကြောင့်ဂျူးလူမျိုးတွေ ခံစားခဲ့ရတဲ့အကျိုးဆက်ကိုရိုက်ကူးထားတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။ ပိုလန်နိုင်ငံက တောအုပ်လေးထဲမှာ ဂျူးမိသားစုလေးယောက် အေးအေးချမ်းချမ်းနေနေပေမဲ့ နာဇီစစ်သားအချို့ဝင်လာပြီး အဖေ၊ အမေနဲ့ အစ်မဖြစ်သူတို့ကိုဆွဲခေါ်သွားပါတယ်။ ဂျက်ကော့ကိုယ်တိုင်တောင် စားပွဲအောက်မှာပုန်းနေလို့အသက်ဘေးလွတ်ခဲ့ရတာပါ။ အမေတို့ကတော့ စောင့်နေဖို့မှာခဲ့ပေမဲ့ ကလေးဆိုတော့ကြောက်ကြောက်လန့်လန့်နဲ့ တောအုပ်ထဲပြေးမိပြေးရာပြေးရင်း တိမ်ကောသွားတဲ့မြစ်ကိုသုတေသနလာလုပ်တဲ့ ဂရိနိုင်ငံသား ရှေးဟောင်းသုတေသနပညာရှင်နဲ့တွေ့ပြီးမွေးစားခံလိုက်ရပါတယ်။ သူတို့နှစ်ယောက်ဟာ ပိုလန်ကနေ ဂရိကို ခိုးကြောင်ခိုးဝှက်ပြန်လာခဲ့ပါတယ်။ နုနယ်သေးတဲ့ကလေးအရွယ်မှာ မျက်စိရှေ့တင် အဖေအသတ်ခံရအစ်မနဲ့ အမေတို့ကို ဆွဲခေါ်သွားတာတွေ တွေ့လိုက်ရတဲ့အတွက် ဒီကလေးရင်မှာစိတ်ဒဏ်ရာတွေ ဘယ်လောက်တောင်များ ရှိနေလိုက်မလဲ။ ဒီကလေးဟာကောင်းကောင်းမွန်မွန်ရော ကြီးပြင်းသွားပါ့မလား။ အချစ်ဆိုတဲ့အရာကိုရောသူခံစားနိုင်ပါဦးမလား။ စောင့်နေလို့မှာခဲ့တာကို မစောင့်ခဲ့မိတဲ့သူ့ကိုယ်သူရောအပြစ်တင်နေဦးမလား စတဲ့မေးခွန်းပေါင်းများစွာနဲ့ ဒီဇာတ်ကားကို ဆက်လက်‌ကြည့်ရှုပေးပါဦးခင်ဗျာ။ File size…2.87GB / 941MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie
Fugitive Pieces (2007)
Perfect Sense (2011) 7.0
Perfect Sense (2011) Perfect sense review ပါရှင့်။ ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ 2011တုန်းက ထွက်ရှိခဲ့တဲ့ Perfect sense ဆိုတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါ‌တယ်။ ဒီကားလေးက ကမ္ဘာတဝှမ်း ဗိုင်းရပ်စ်ပျံ့နှံတဲ့အကြောင်းကို အခြေခံပြီး ရိုက်ထားပေမယ့်လို့ တခြားဗိုင်းရပ်စ်ကားတွေလို ထိတ်လန့်စရာမကောင်းဘဲ ဒီလိုဒုက္ခဆိုက်ရောက်နေတဲ့အချိန်မှာတောင် လူတွေရဲ့ ကြားမှာရှိတတ်တဲ့ ချစ်ခြင်းမေတ္တာတွေ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီမှုတွေနဲ့ ထက်သန်တဲ့ စိတ်ဓာတ်ခွန်အား‌တွေကို ပေါ်လွင်အောင် သဘာဝကျကျဖန်တီးပုံဖော်ထားတဲ့ ကားလေးဖြစ်လို့ ကြည့်ရတာ လုံးဝနောင်တမရမှာသေချာပါတယ်။အဓိကဇာတ်ဆောင်အနေနဲ့ကတော့ မင်းသမီး Eva Greenက ကူးစက်ရောဂါပိုး‌‌တွေ‌ လေ့လာတဲ့ သိပ္ပံပညာရှင် ဆူဆန်‌ဆိုတဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Ewan McGregor က စားသောက်ဆိုင်တစ်ခုရဲ့ ခေါင်းဆောင်စားဖိုမှူးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားရာကနေမှ ချစ်မိသွားကြတယ်၊ ဒါပေမယ့် အဲ့အချိန်မှာ ကူးစက်ရောဂါကလည်း တဖြည်းဖြည်း ပိုပိုဆိုးလာတဲ့အခါ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ‌‌တွေကရော တည်တံ့နိုင်ပါ့တော့မလား... သူတို့ဘယ်လိုအခက်အခဲတွေ ...
movie
Perfect Sense (2011)
The Truth About Charlie (2002)
The Truth About Charlie (2002)   Angella ဆိုတဲ့အမျိုးသမီးငယ်တစ်ဦးဟာ အပျော်ခရီးထွက်နေရင်း သူ့ယောက်ျားနဲ့ကွာရှင်းဖို့စိတ်ကူးနေပါတယ်။ ခရီးက‌နေအိမ်ရှိရာ ပဲရစ်မြို့ကိုပြန်လာချိန်မှာတော့ သူ့ယောက်ျားဖြစ်သူ အသတ်ခံလိုက်ရတာကို သိလိုက်ပြီး သူ့တိုက်ခန်းကလည်း ဟောင်းလောင်းဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ ပြင်သစ်ရဲတွေရော တခြားသူစိမ်းတွေကပါ သူ့ကိုလိုက်လံစုံစမ်းမေးခွန်းထုတ်ရာကနေ Angella လည်းခင်ပွန်းဖြစ်သူ Charles ရဲ့သရုပ်မှန်ကိုတဖြည်းဖြည်းပုံဖော်လာပါတော့တယ်။ 1963 က Cary Grant နဲ့ Audrey Hepburn တို့ရဲ့နာမည်ကျော်ဇာတ်ကားကြီး Charade ကိုပြန်ရိုက်ထားတာဖြစ်ပြီး နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Mark Wahlberg, Thandiwe Newton နဲ့ Tim Robbin တို့ပါ၀င်ထားတဲ့ Mystery ကားလေးပါ။File size…(1.91GB)  / (924.47MB) /594.95MBMB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre...  Mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
The Truth About Charlie (2002)
The Professor and the Madman (2019) 7.3
The Professor and the Madman (2019) The Professor and the Madman (2019)============================IMDb Rating - 7.3/10တစ်ခေတ်တစ်ခါက A+စတားတွေဖြစ်ခဲ့တဲ့ ခုထိလည်း နာမည်မကျသေးတဲ့ ရှောင်ပန်းန်နဲ့ မယ်ဂစ်ဆွန်တို့ အဓိကသရုပ်ဆောင်ထားတဲ့ကားပါ။ဇာတ်အိမ်ကတော့ 19ရာစုအလယ်မှာ ပထမဆုံး အောက်စ်ဖို့ဒ်အဘိဓာန်ကို ရေးသားတည်းဖြတ်ခဲ့တဲ့ အကြောင်း ကြုံခဲ့ရတဲ့ အခက်အခဲတွေအကြောင်းပါပဲ။ အဘိဓာန်တစ်အုပ်ရဖို့ ဘယ်လိုဘယ်ပုံ ခက်ခဲတယ်ဆိုတာကို ကောင်းကောင်းကြီး ပြထားတယ်။နာမည်နဲ့အတော်လိုက်ပါတယ်။ ကိန်းကြီးခန်းကြီးစကားလုံးတွေ အရူးစကား‌တွေ အပြည့်နဲ့ပါပဲ။ သမိုင်းဒရာမာပေမဲ့ တင်ပြပုံ အရမ်းရှင်းမနေပါဘူး။သမိုင်းတွေ ဒိုကူတွေ စိတ်၀င်စားတဲ့လူတွေ ကြိုက်မယ့် ရုပ်ရှင်ပါပဲ။ မင်းသားကြီး ၂ယောက်ရဲ့ သရုပ်ဆောင်ကွက်တွေကို မြင်ရတာနဲ့တန်တယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။File Size - (2.2 GB)/(1.17 GB)/(700 MB) Quality – BluRay- (1080p) / (720p) / (480p) Duration - 2hrs 4min Subtitle – Myanmar Hardsub Format – MP4 Genre : Biography, Drama Translator – WiRa Aung Encoder ...
movie
The Professor and the Madman (2019)
2019
Spy Game (2001) 7.1
Spy Game (2001) Spy Game(2002) =========== IMDb - 7.1Spy Gameဟာ စပိုင်ရုပ်ရှင်ပေမဲ့ မြင်နေကျ စပိုင်ကားတွေလို စပိုင်က ကြမ်းထော် ဂေါ်ထွက်နေတဲ့စပိုင်တွေအကြောင်း မဟုတ်ဘူး။လက်တွေ့ကျကျ စပိုင်လောကကို ချည်းကပ်ပြသွားတဲ့ ကားပါပဲ။ စပိုင်လောကကို ရှင်းပြ SPYဖြစ်အောင်ဘာတွေလုပ်ရလဲရောပြသွားပြီး ဝါရင့်စပိုင်ကြီးရဒ်ဖို့က စပိုင်ပေါက်စ ဘရက်ပစ်ကို စပိုင်ပညာတွေသင်ပေးတာကို သေချာနီးပါး ပြသွားတယ်။ရဒ်ဖို့ရဲ့ကာရိုက်တာနဲ့ စီအိုင်အေဌာနချုပ်ကြားညဏ်ကစားတွေအခန်းတွေဆို တော်တော်လေး သဘောကျစရာပါပဲ။ ဒါရိုက်တာတိုနီစကော့ ကလည်း စပိုင်ကားတွေချည်းရိုက်ခဲ့တဲ့ ဒါရိုက်တာပါပဲ။ အရှေ့အလယ်ပိုင်း ပြဿနာတွေရော၊ တရုတ်ပြဿနာတွေရော စုံနေအောင်ကိုသုံးပြီး ရှေ့ဆက်ဘာဖြစ်မလဲ ရင်ဖိုစရာကောင်းအောင် ဒါရိုက်တာက ခပ်အေးအေးနဲ့ တဖြည်းဖြည်းချင်း ချပြသွားတယ်။ Actionခန်းနည်းပေမဲ့ တော်တော်ကောင်းတဲ့ စပိုင်ကားလို့ဆိုရပါလိမ့်မယ်။ အထနှေးပေမဲ့ ဆုံးအောင်ကြည့်ပြီးတဲ့အခါ ပရိတ်သတ်ရင်ထဲကျန်နေခဲ့မယ့် ကားကောင်းလို့ ကျွန်တော်တော့ ထင်တယ်။( အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )Browse this websiteFile Size__2.2 GB , 1.1 GB Quality__1080p, 720p IMDb Rating__7.1/10 Format__mp4 Duration__02:06:00 Type__Action , ...
movie
Spy Game (2001)
King Arthur (2004) 6.3
King Arthur (2004) [Unicode]IMDb Rating - 6.3/10ဗြိတိန်ပြည်ရဲ့နန်းတည်ဘုရင် အာသာ.. စားပွဲဝိုင်းက သူရဲကောင်းများ.. သူတို့အကြောင်းကို ကျွန်တော်တို့ ကလေးဘဝကတည်းက ဇာတ်လမ်းအမျိုးမျိုးမှာ ပုံစံအမျိူးမျိုးနဲ့ မြင်ခဲ့သိခဲ့ ရပြီးပါပြီ။ သမိုင်းသုတေသီတွေက ၁၅ရာစုက ဘုရင်အာသာနဲ့ သူ့ရဲ့ သူရဲကောင်းတွေအကြောင်း ဂန္တဝင်ဇာတ်လမ်းဟာ အမှောင်ခေတ်လို့ခေါ်ကြတဲ့ ၅ရာစုဝန်းကျင်ကာလမှာ တကယ်ရှိခဲ့တဲ့ သူရဲကောင်းတစ်ယောက်ကနေ ပေါ်ပေါက်လာတယ်လို့ လက်ခံထားကြပါတယ်။ အထောက်အထားတစ်ချိူ့လည်းတွေ့ထားတယ် ဆိုပါတယ်။ တကယ့်အာသာဟာ ဒဏ္ဍာရီထဲက အာသာထက် ဆယ်ရာစုစောပေါ်ခဲ့တာပါတဲ့။ ဒီတစ်ခါဇာတ်လမ်းကတော့ ရှေးဟောင်းသုတေသနနဲ့ သမိုင်းတွေ့ရှိချက်တွေအရ အာသာရဲ့ ဖြစ်ရပ်မှန်နဲ့ အနီးစပ်ဆုံးလို့ဆိုရပါမယ်။အာသာကို လွတ်လပ်မှုနဲ့ သာတူညီမျှ ဝါဒကိုလက်ကိုင်ထားတဲ့ ရောမသူရဲကောင်းအနေနဲ့ ပုံဖော်ထားပါတယ်။ သူရဲ့သူရဲကောင်းတွေကိုတော့ ရောမကို ကျေးဇူးကြွေးဆပ်နေရတဲ့ ဆာမားတီးယန်း မြင်းသည်တော်တွေအနေနဲ့ပုံဖော်ထားပါတယ်။ သူရဲကောင်းတွေကို တာဝန်မှကင်းလွတ်ခွင့်ပေးရမဲ့ အချိန်မှာ ရောမပြည်က နောက်ဆုံးတာဝန်တစ်ခု ပေးအပ်ခဲ့ပါတယ်....။ လွတ်လပ်မှုကိုရဖို့ နောက်ဆုံးတာဝန်ကို ထမ်းဆောင်ရတဲ့ အာသာနဲ့ သူရဲကောင်းတွေရဲ့ ခရီးနဲ့ တိုက်ပွဲကို ဇာတ်အိမ်တည်ထားပါတယ်။Clive Owen, Keira Knightley Mads Mikkelsen,Ioan Gruffudd လို နာမည်ကျော်သရုပ်ဆောင်တွေပါပါတယ်။ ရိုက်ချက်တွေ Battle Sceneတွေလှပါတယ်။ Rating ...
movie
King Arthur (2004)
2004
HEVC 1080p 5.1
Outlaw King (2018) 7.2
Outlaw King (2018) Outlaw/King "အင်္ဂလိပ်တွေအတွက်တော့ သူပုန်။ စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။" ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက် နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။ အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။ ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက် အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။ ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။ ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။ ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ King Davidလို့ဆိုကြသလို စစ်သူရဲကောင်း Black Douglasလို့လည်း ဆိုကြတယ်။ ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့ ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။ စစ်ပညာရှင်တွေကတော့ Robert the Bruceကို ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့ ဖြစ်ပါတယ်။ ၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင် Alexander ...
movie
Outlaw King (2018)
2018
Mary Shelley (2017) 6.3
Mary Shelley (2017) CM ပရိတ်သတ်တွေအတွက် မင်းသမီးချောလေး Elle Fanning အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ "Mary Shelly" ဆိုတဲ့ ဇာတ်လမ်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်...Elle Fanning ကတော့ "Maleficent" ဇာတ်လမ်းမှာ Angelina Jolie နဲ့အတူ Aurora မင်းသမီးလေးနေရာက သရုပ်ဆောင်ခဲ့သူပါ...အညွှန်းလေးကို ဖတ်ကြည့်ပါဦး...အညွှန်း- Mary Shelly ဆိုတဲ့ နာမည်ကိုတော့ ရင်းနှီးတဲ့လူတွေ နည်းကြမှာပါ...ဒါပေမဲ့ Frankenstein ဆိုရင်တော့ သည်းထိတ်ရင်ဖို ဇာတ်လမ်းကြိုက်သူတိုင်း ရင်းနှီးကြမှာပါ...Frankenstein ဆိုတာကတော့ လူကောင်ကြီးကြီး ချုပ်ရိုးတွေနဲ့ရုပ်ဆိုးဆိုး သတ္တဝါကြီးဖြစ်ပါတယ်...Victor Frankenstein ဆိုတဲ့ သိပ္ပံပညာရှင် တီထွင်ခဲ့တဲ့ သတ္တဝါကြီးပါ...ဒီ Frankenstein ဝတ္တုကို Mary Shelly ဆိုတဲ့ စာရေးဆရာမ ရေးသားခဲ့တာဖြစ်ပါတယ်...ဒီဇာတ်လမ်းဖြစ်လာပုံကလဲ Mary ရဲ့ ကိုယ်တွေ့ဘဝကို အခြေခံထားတာပါ...Victor Frankenstein တီထွင်ခဲ့တဲ့ သတ္တဝါကြီးက လူတွေရဲ့ အပယ်ခံ အစွန့်ပစ်ခံ ...
movie
Mary Shelley (2017)
2017
Zero Dark Thirty (2012) 7.4
movie
Zero Dark Thirty (2012)
2012
Darkest Hour (2017) 7.4
Darkest Hour (2017) Darkest Hour (2017) IMDb - 7.4/10_____Rotten - 84% Won 2 Oscars. Another 51 wins & 77 nominations.  Gary Oldman တစ်ယောက် Darkest Hour ရုပ်ရှင်နဲ့ Golden Globe Best Actor Award ရသွားပြီ၊ Academy Awards မှာလဲ Best Picture နဲ့ Best Actor Nomination ဝင်ထားပြန်ပြီ။လူတိုင်းသိတဲ့ ဝင်စတန်ချာချီအကြောင်း ရိုက်ထားတဲ့ရုပ်ရှင်က ဘာလို့များ ဒီလောက်နာမည်ကြီးနေရတာလဲ?Darkest Hour ဟာ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပေမယ့် ဝင်စတန်ချာချီရဲ့ ဘဝတစ်ခုလုံးကိုပြတာလဲမဟုတ်သလို ဒီကားထဲမှာ စစ်တိုက်တာတွေလဲ မပါပြန်ပါဘူး။ဒီရုပ်ရှင်မှာ အဓိကပြသွားတာကတော့ ချာချီ ဝန်ကြီးချုပ်ဘယ်လိုဖြစ်လာတယ်၊ ဂျာမနီရဲ့ကျူးကျော်စစ်ကြီးကို ပြန်အံတုနိုင်ဖို့ သူ့ရဲ့ပါတီ၊ လွှတ်တော်ထဲမှာတင် ဘယ်လောက်တောင် လုံးလည်ချာလည်လိုက်ခဲ့ရလဲဆိုတာတွေပါ။ဒီလောက်ရိုးရှင်းတဲ့ရုပ်ရှင်က ဘာလို့များ ဒီလိုဆုတွေအတွက် လျာထားခံရသလဲ?အဖြေကရှင်းပါတယ်။ ...
movie
Darkest Hour (2017)
2017
Goal! The Dream Begins (2005) 6.7
Goal! The Dream Begins (2005) Goal! The Dream Begins (2005)_____IMDb - 6.7/10Director: Danny Cannon ရိုက်ကူးတင်ဆက်ထားပြီး May 12, 2006 (USA) မှာ ရုံတင်ပြသခဲ့တဲ့ အားကစားစိတ်ဓါတ်ကိုအတည်ပြု အဓိက ရိုက်ကူးထားတဲ့ ဘောလုံးရုပ်ရှင် Goal! (1) ဖြစ်ပါတယ်...နယ်စပ်ကနေ ခိုးဝင်လာပြီး တရားမဝင် နေထိုင်နေတဲ့ ဆန်တီရာဂို မူနက် တို့ မိသားစုဟာအဖေ ဖြစ်သူရဲ့ ခြံရှင်း သန့်ရှင်းရေး ဝန်ဆောင်မှု မှာ ဝိုင်းကူလုပ်ပေးနေရင်းမူနက် ဟာ သူဝါသနာပါတဲ့ ဘောလုံး ကစားချင်းကိုလဲ ကစားနေပါတယ်သူတို့ လူငယ်အသင်းမှာ မူနက် က ဦးဆောင်ကစားရပါတယ်သူပါတဲ့ ပွဲတိုင်းလဲ နိုင်ပါတယ် အတော်ဆုံးလူငယ်စာရင်းထဲ အပါဝင်ပေါ့...ဒါပေမယ့် မူနက် ရဲ့ အဖေဟာ သူ့သား ဘောလုံးကစားတာကို ကြည့်မရပါဘူးအမျိုးမျိုးပိတ်ပင်တားဆီးရင်းနဲ့ သူ့ခြံရှင်းလုပ်ငန်းအတွက် ကားဝယ်ဖို့ကိုလဲမူနက် ခြေစမ်းဖို့ သွားမယ့် ခရီးစရိတ်ထဲက မသိအောင် ...
movie
Goal! The Dream Begins (2005)
2005
Goal! II: Living the Dream (2007) 5.9
Goal! II: Living the Dream (2007) Goal! II: Living the Dream (2007)________IMDb - 5.9/10Goal I ရဲ့ အဆက်ဖြစ်တဲ့ Goal II မှာဆိုရင်တော့ ဆန်တီရာဂို မူနစ် ဟာ နယူးကာဆယ်အသင်းမှာ ခြေစွမ်းပြနေမှုများကြောင့်..ဥရောပ အသင်းကြီးတစ်သင်းဖြစ်တဲ့ ရီးရဲမက်ထရစ်က ဝယ်ယူခဲ့ပါတယ်..စပိန်မြေမှာသွားရောက်အခြေချကစားရမယ့်မူနစ်တစ်ယောက်ကိုချစ်သူက ကြည်ဖြူခြင်းမရှိခဲ့ပေမယ့် နောက်ဆုံးမှာချစ်သူနဲ့အတူလိုက်ခဲ့ရတယ်.. ဒီထက်ပိုပြီးပြောလိုက်ရင်အရသာမရှိတော့မှာဆိုးလို့မပြောတော့ပါဘူး :) ပတ်ဝန်းကျင်အသစ်..အခြေအနေအသစ်တွေ..လူမျိုးစုံတွေကြားမှာ မူနစ်တစ်ယောက် ဘယ်လိုရုန်းကန်ရမလဲ..ရီးရဲမက်ထရစ်လို ဥရောပအသင်းကြီးမှာရော..မူနစ်နေရာရအောင် ဘယ်လိုကြိုးစားပြီးအခက်အခဲတွေများစွာကြားထဲမှာ ရုန်းထွက်မလဲဆိုတာကိုဆက်လက်ရှုစားကြပါ Goal I ကိုကြည့်ချင်ရင်တော့ အောက်ကလင့်မှာပေးထားပါတယ်..Goal! The Dream BeginsGoal I ရဲ့ အဆက်ဖြစ်တဲ့ Goal II မှာဆိုရင်တော့ ဆန်တီရာဂို မူနစ် ဟာ နယူးကာဆယ်အသင်းမှာ ခြေစွမ်းပြနေမှုများကြောင့်..ဥရောပ အသင်းကြီးတစ်သင်းဖြစ်တဲ့ ရီးရဲမက်ထရစ်က ၀ယ်ယူခဲ့ပါတယ်..စပိန်မြေမှာသွားရောက်အခြေချကစားရမယ့်မူနစ်တစ်ယောက်ကိုချစ်သူက ကြည်ဖြူခြင်းမရှိခဲ့ပေမယ့် နောက်ဆုံးမှာချစ်သူနဲ့အတူလိုက်ခဲ့ရတယ်.. ဒီထက်ပိုပြီးပြောလိုက်ရင်အရသာမရှိတော့မှာဆိုးလို့မပြောတော့ပါဘူး :) ပတ်ဝန်းကျင်အသစ်..အခြေအနေအသစ်တွေ..လူမျိုးစုံတွေကြားမှာ မူနစ်တစ်ယောက် ဘယ်လိုရုန်းကန်ရမလဲ..ရီးရဲမက်ထရစ်လို ဥရောပအသင်းကြီးမှာရော..မူနစ်နေရာရအောင် ဘယ်လိုကြိုးစားပြီးအခက်အခဲတွေများစွာကြားထဲမှာ ရုန်းထွက်မလဲဆိုတာကိုဆက်လက်ရှုစားကြပါ Goal I ကိုကြည့်ချင်ရင်တော့ အောက်ကလင့်မှာပေးထားပါတယ်..Goal! The Dream Begins Filesize: 778MB Quality : Blu-ray720 Format : mp4 During : ...
movie