Channel Myanmar

Stephen Dunham

Paranormal Activity 4 (2012)
Paranormal Activity 4 (2012)  Fangoria Chainsaw Awards နဲ့ Young Artist Awards ရရှိထားတဲ့ ခြောက်ခြားဖွယ်ကောင်းတဲ့ သဘာဝလွန်ဖြစ်ရပ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ အရှေ့က ၃ကား ကြည့်ပြီးသား လူဆိုရင်တော့ ဒီရုပ်ရှင်အမျိုးစားက ဘယ်လောက်တောင် ကောင်းလဲဆိုတာကို အထူးတလည် ညွှန်းနေစရာ လိုမယ် မထင်ပါဘူး။ Supernatural, Detective Pikachu, The society, The map of tiny perfect things, Ant man 1,2,3 အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာထဲက ကျွန်တော်တို့ရဲ့ အချစ်တော် ကောင်မလေး Kathryn Newtonနဲ့အတူ Paranormal Activity ရုပ်ရှင်တွဲရဲ့ မပါမဖြစ် Katie Featherstonနဲ့အတူ နောက်ထပ် သရုပ်ဆောင်ပေါင်းများစွာကို ဒီကားထဲမှာ ခြောက်ခြားဖွယ်မြင်တွေ့ရမှာပါ။အေးချမ်းလှတဲ့ ရပ်ကွက်ထဲမှာ နေထိုင်ကြတဲ့ အဲလက်စ်နဲ့ ဝိုင်းရက်တို့မိသားစုရဲ့ မျက်နှာချင်းဆိုင်အိမ်ကို မိသားစု တစ်စုပြောင်းလာကြပါတယ်။ ...
movie

Paranormal Activity 4 (2012)

The Mummy (1999) 7.0
The Mummy (1999) IMDb (7/10)....Rotten Tomatoes(56%)ဒီရုပ်ရှင်ဇာတ်ကားဟာ 1932 ခုနှစ်ကထွက်ခဲ့တဲ့ The Mummy ဇာတ်ကားကို Remark ပြန်လုပ်ထားတာဖြစ်ပြီး ခေတ်သစ် Mummy ဇာတ်ကားတွေ နှိုးထလာစေဖို့ အစပျိုးခဲ့တဲ့ ကနဦးဇာတ်ကားလဲဖြစ်ခဲ့ပါတယ်။မင်းသား Brendan Fraser နဲ့ မင်းသမီးချောလေး Rachel Weisz တို့ကို Mummy ဇာတ်ကားတွေနဲ့ တွဲဖက်မှတ်မိစေတဲ့အထိ သူတို့နှစ်ယောက်အတွဲက လိုက်ဖက်လွန်းခဲ့ပါတယ်။လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်က ချစ်လျှက်နဲ့ မပေါင်းခဲ့ကြရတဲ့ချစ်သူနှစ်ဦး... အီဂျစ်ဘုရင်တို့ရဲ့ ရှေးဟောင်းကျိန်စာများကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ ချစ်သူ နှစ်ဦးအကြောင်းကိုအစပြုလို့..... ဒီဖက်ခေတ် စာကြည့်တိုက်မှူးမိန်းကလေးတစ်ယောက်နဲ့ ကြေးစားစစ်သားကြီး အိုကော်နယ်တို့ရဲ့ စိတ်ဝင်စားဖွယ်ရာစွန့်စားခန်းများအကြောင်းနဲ့ ရှေးဟောင်းကျိန်စာများနိုးထလာတဲ့အခါ ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးများနောက်ဆက်တွဲပါလာပုံတို့ကို စိတ်ဝင်စားဖွယ်တင်ဆက်ထားတာပါ။ File size…(4.3 GB) /(1.2 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….02:04:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie

The Mummy (1999)

1999
Catch Me If You Can (2002) 8.1
Catch Me If You Can (2002) IMDb Rating (8.1) / Rotten Tomatoes (96%)ဒါရိုက်တာက နာမည်ကြီး Steven Spielberg ဖြစ်ပြီး မင်းသားတွေကတော့မင်းသားကြီး Tom Hanks ရယ်…မင်းသားချော Leonardo တို့ရယ် ဖြစ်ပါတယ်…။ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သလို အော်စကာဆုတွေလဲရရှိထားတဲ့ဇာတ်ကားပါ။မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလိုသူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ်ထားပုံကလည်းဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေပါတယ်။ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက် အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။ဉာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ်လေးကို တာဝန်အရဖမ်းတာတင်မဟုတ်ပဲလမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးချနိုင်ခဲ့တဲ့Carl Hanratty အဖြစ် Tom Hanks က ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့ မရမက ပြန်ခေါ်ထုတ်ပြီးအမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေက လူလူချင်းတန်ဖိုးထားတတ်တဲ့ အလေ့အထတွေကိုခံစားမိစေပါတယ်။ကြည့်မိသူတိုင်းကြိုက်ကြတာမို့ လက်လွတ်မခံစေချင်ပါဘူး။ File size… ...
movie

Catch Me If You Can (2002)

2002
Get Smart(2008) 6.5
Get Smart(2008) Get Smart(2008) IMDb.......6.5 ဒီကားကိုမကြည့်ခင် ခင်ဗျားတို့ သတိလေးပေးချင်တယ်... ဥပမာ အိမ်မှာ မိသားစုဝင် ၅ယောက်လုံးရှိတယ်ထား..ခင်ဗျားက ဒီကားကိုကြည့်ဖို့ပြင်ဆင်ပြီဆိုရင် ကျန်တဲ့ ၄ယောက်ပါ TVရှေ့ကိုခေါ်ကြည့်သင့်တယ်....လင်မယား ၂ ယောက်ထဲဆိုလည်း ၂ယောက်လုံးကြည့်ဖြစ် အောင်ကြည့် တစ်ယောက်ထဲကြည့်မိရင် အံကြိတ်ပြီး တခိခိရယ်တဲ့ကိုယ့်ကို ကျန်တဲ့သူတွေက ရူးများသွားတာလား ခေါင်းချောင်သွားတာလားဆိုတဲ့အတွေးနဲ့ကြည့်တာခံရလိမ့်မယ် ကျွန်တော့ချစ်သူလေးကတော့ "ကို"တော့ရူးသွားပြီ တံတားလေးပို့ရတော့မယ်လို့ပြောသွားတယ်...... ဒီကားရဲ့မင်းသား Steve Carell ကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ...မင်းသမီးချောလေး Hathaway ရယ် Dwayne Jonson(The rock)ရယ်ပါဝင်ထားလေတယ်...မျက်နှာတွေပြူးပြဲပြ ရွံ့စရာအကွက်တွေနဲ့ပြ အိုဗာတင်းဟာသကွက်တွေ လို့မထင်လိုက်နဲ့ ... Steve carell က အထူးအေးဂျင့်တွေအတွက်သတင်းစုဆောင်းတဲ့သူတစ်ယောက် ပြောရရင် ရုံးစာရေးဆိုပါတော့ ဒါပေမဲ့ သူ့ရဲ့ အိပ်မက်က အေးဂျင့်ဖြစ်ချင်တာပဲ....တစ်နေ့တော့ နျူကလီးယားလက်နက်အတွက် အရေးကြီးယူရေနီယမ်တွေအခိုးခံရတော့ အကြမ်းဖက်အဖွဲ့တွေမရိပ်မိအောင် တစ်ခါမှ လူဆိုးတွေနဲ့မဆက်ဆံဖူးတဲ့Steve Carell နဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့ မင်းသမီးချော Hathaway ရယ်ကိုလွှတ်လိုက်တယ်..... ခင်ဗျားတို့ကတော့ ထင်လိမ့်မယ် ရုံးစာရေးကိုလွှတ်တယ်ဆိုတော့ ဘာစကေးမှမရှိဘူး အလွဲတွေနဲ့ကြည့်ရဆိုးမယ်လို့ပေါ့ အာ့ဆိုလုံးဝလွဲသွားလိမ့်မယ် သူက အေးဂျင့်ဖြစ်ချင်တာဆိုတော့ အကုန်လေ့ကျင့်ထားတယ် တိုက်ရည်ခိုက်ရည်တွေနဲ့ အားလုံးကို မှတ်မိတတ်တဲ့ သူ့ဦးနှောက်ကို ပေါင်းစပ်လိုက်တော့ အတော်လေးအလုပ်ဖြစ်တယ်.... ရယ်စရာတွေကလည်း ...
movie

Get Smart(2008)

2008