Channel Myanmar

Stephen McMillan

The Lesson (2023)
The Lesson (2023)  ဒီတစ်ခေါက်မှတော့ IMDB 6.5/10, Rt 76% ရရှိထားတဲ့ အသစ်ထွက် Thriller ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား Daryl McCormack (Good Luck to You, Leo Grande), မင်းသမီးကြီး Julie Delpy (Before Midnight) နဲ့ မင်းသားကြီး Richard E. Grant (Jack and Sarah) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒါရိုက်တာကလည်း Merlin, Doctor Who တို့ကို ရိုက်ကူးခဲ့သူ Alice Troughton ဖြစ်တာမို့ ဝေဖန်သူတွေဆီကလည်း ကောင်းမွန်တဲ့မှတ်ချက်တွေရရှိထားတဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။လီယမ်က တက်သစ်စစာရေးဆရာလေးဖြစ်ပြီး သူ့မှာ စာသားတွေကို တစ်ခါမြင်ရုံနဲ့ အလွတ်မှတ်မိနိုင်တဲ့ စွမ်းရည်တစ်ခုပိုင်ဆိုင်ထားပါတယ်။ သူက ကျူတာလုပ်ရင်း ဘဝကိုတိုးတက်ဖို့ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပြီး တစ်နေ့မှာတော့ သူရဲ့စံပြပုဂ္ဂိုလ်ဖြစ်တဲ့ အားလုံးကလေးစားရသူ နာမည်ကြီးစာရေးဆရာကြီး ...
movie

The Lesson (2023)

Dead Shot (2023) 5.5
Dead Shot (2023) Dead Shot (2023)Imdb - 5.5 Rotten tomatoes - 78%Action, Mystery ကိုမှ သဘောကျပါတယ်ဆိုတဲ့ သူတွေအတွက် အသစ်သစ်စက်စက် ထွက်ရှိထားတဲ့ ၁၉၇၀ ခုနှစ်နောက်ခံ Dark thriller ဇာတ်ကား‌ကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။အိုင်းရစ်ရှ်လူမျိုး ရာဇဝတ်ပြေး တစ်ယောက်ဖြစ်တဲ့ မိုက်ကယ် အိုဟာရာ၊ Irish Republican Army ကို စိတ်ကုန်ငြီးငွေ့လာလို့ နေ့စေ့လစေ့ ကိုယ်ဝန်သည် ဇနီးဖြစ်သူနဲ့ ထွက်ပြေးမယ်အလုပ် အိုင်ယာလန် နယ်စပ်တစ်နေရာမှာပဲ SAS အဖွဲ့ရဲ့ အငိုက်ဝင်ဖမ်းခြင်းကို ခံရပါတယ်။ အကင်းပါးတဲ့ မိုက်ကယ်တစ်ယောက် လက်မတင်လေး လွတ်မြောက်သွားပေမဲ့လည်း ဇနီးဖြစ်သူကတော့ တင်းမာနေတဲ့အခြေအနေတွေကြား မတော်တဆ ကျည်သင့်သေဆုံးသွားခဲ့ရပါတယ်။အဆိုပါ စစ်ရာဇဝတ်မှုအတွက် ကံထူးရှင် လက်ဖြောင့်တပ်သားကတော့ SAS အရာရှိ ဟင်နရီပါတဲ့။ ဥပဒေဘောင်ထဲကဖြစ်နေတော့ အထက်အရာရှိတွေကိုလည်း အားကိုးမရဘဲ မရှူနိုင်မကယ်နိုင် ဖြစ်နေခိုက် ဘယ်ကမှန်းမသိတဲ့ ကယ်တင်ရှင်ကြီးတစ်ဦး ရောက်ချလာပါတယ်။ ထောင်ဒဏ်ကလွတ်မဲ့အပြင် စစ်မှုဆက်ထမ်းခွင့်လည်း ရဦးမယ်ဆိုပြီး ကမ်းလှမ်းလာတော့ ဟင်နရီခမျာ ဘာမှန်းမသိတဲ့အလုပ်တစ်ခုအတွက် မျက်စိစုံမှိတ်ပြီး တာဝန်ကျရာ လန်ဒန်မြို့ဆီ ...
movie

Dead Shot (2023)

2023
Boiling Point (2021) 7.6
Boiling Point (2021) စားသောက်ဆိုင်တစ်ဆိုင်ကို စီမံရတဲ့စားဖိုမှူးခေါင်းဆောင်တစ်ယောက်လုပ်ရတာက တစ်ကယ်ပဲလွယ်ကူမှုရှိရဲ့လားစားသောက်ဆိုင်တစ်ဆိုင်လည်ပတ်ရတာကရော ရိုးရှင်းရဲ့လားစားဖိုမှူးတစ်ယောက်က အစားအသောက်လေးကိုချက်ပြုတ်ရုံလေးပဲလို့ထင်မိလားဒီလိုထင်မိရင်တော့ ဒီကားလေးကိုကြည့်လိုက်ပါ။အန်ဒီဆိုတဲ့ စားဖိုမှူးခေါင်းဆောင်နဲ့အတူ စားသောက်ဆိုင်ရဲ့လည်ပတ်ပုံတွေကို ကိုယ်တိုင်လိုက်ပါကြည့်ရှုလိုက်ပါ။မိသားစုပြဿနာတွေကြားဗျာများနေရပေမယ့်အန်ဒီတစ်ယောက် ခရစ်စမတ်အကြိုသောကြာနေ့ညအတွက် စားဖိုဆောင်မှာအကောင်းဆုံးတာဝန်ထမ်းဆောင်နေပုံတွေစားသောက်ဆိုင်အလုပ်ရဲ့ ဖိအားတွေပြဿနာတွေကို ကိုယ်တိုင်စားသောက်ဆိုင်ထဲမှာရောက်နေသယောင်ဖြစ်အောင် Single Shot နဲ့ပဲရိုက်ကူးထားပြီး ဆုလေးဆုရကာ ဆု(၁၄)ဆုမှာဇကာတင်စာရင်းဝင်ထားတဲ့ဇာတ်ကားဆိုတော့ ကြည့်လိုက်မိလို့နောင်တရစရာမရှိမှာတော့သေချာပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__(1.66GB) / (850MB) Quality__1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__01:36:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt
movie

Boiling Point (2021)

Outlaw King (2018) 7.2
Outlaw King (2018) Outlaw/King "အင်္ဂလိပ်တွေအတွက်တော့ သူပုန်။ စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။" ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက် နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။ အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။ ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက် အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။ ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။ ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။ ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ King Davidလို့ဆိုကြသလို စစ်သူရဲကောင်း Black Douglasလို့လည်း ဆိုကြတယ်။ ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့ ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။ စစ်ပညာရှင်တွေကတော့ Robert the Bruceကို ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့ ဖြစ်ပါတယ်။ ၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင် Alexander ...
movie

Outlaw King (2018)

2018