Channel Myanmar

Stephen Spinella

Rubber (2010) 5.7
Rubber (2010)  ၂၀၁၀ ကထွက်ရှိထားတဲ့ Rubber ဟာ ရုပ်ရှင်ဆုငါးဆုဆွတ်ခူးထားပြီးဆန်ခါတင်သုံးဆုစာရင်းဝင်ထားပါတယ်။ Comedy, Fantasy, Horrorအမျိုးအစားဖြစ်ပြီး ပုံမှန်ကြည့်နေကျဇာတ်ကားများထက်တမူထူးခြားပါတယ်။ဇာတ်လမ်းအကျဉ်းက ကန္တာရမြို့လေးတစ်မြို့က စွန့်ပစ်ထားတဲ့ကားတာယာအဟောင်းတစ်ကွင်းဟာ အသက်ဝင်လှုပ်ရှားလာပါတယ်။ရွေ့လျားနိုင်ရုံသာမက စိတ်စွမ်းအင်နဲ့ သတ္တဝါငယ်လေးတွေကိုအသေသတ်နိုင်မှန်း သူ့ဘာသာသူသိလာပါတယ်။ ကားတာယာဟာလမ်းသွားလမ်းလာမိန်းကလေးတစ်ယောက်ကို စွဲလမ်းမိပြီး သူမတည်းခိုရာမိုတယ်မှာလိုက်နေပါတော့တယ်။ စိတ်စွမ်းအင်နဲ့ အဖျက်လုပ်ငန်းလုပ်နိုင်တဲ့ကားတာယာဟာ စိတ်မထင်ရင်မထင်သလို လူပါသတ်နိုင်လာပြီးကန္တာရမြို့ငယ်လေးအတွင်း သောင်းကျန်းပါတော့တယ်။ ရဲတပ်ဖွဲ့ဟာလူသတ်ကားတာယာကိုဖမ်းဆီးနိုင်ဖို့ ခရီးသွားမိန်းကလေးရဲ့အကူအညီနဲ့ကြိုးစားပြီး ထောင်ချောက်ဆင်ပါတော့တယ်။ကားတာယာဟာဘယ်လိုလုပ်အသက်ဝင်လာတာလဲ...စိတ်စွမ်းအင်နဲ့လူသတ်တယ်ဆိုတာဘယ်လိုမျိုးလဲ...ကားတာယာဆိုပြီးတော့ မိန်းကလေးတွေကို ဘာလို့သဘောကျတာလဲကားတာယာကအစစ်လား...သောင်းကျန်းနေတဲ့ကားတာယာကို ဘယ်ပုံဘယ်နည်းနှိမ်းနင်းနိုင်မလဲဆိုတာRubber ဇာတ်ကားမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်... File size…1.50 GB / 751 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 22m Genre ….. Comedy , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto
movie

Rubber (2010)

Milk (2008) 7.5
Milk (2008)  ဒီဇာတ်ကားလေးကတော့ လိင်တူနှစ်သက်သူအခွင့်အရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေးပညာရှင် ဟာဗီမစ်ရဲ့ဘဝအကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ Biographical Film လေး ဖြစ်ပါတယ်။ IMDb Rating 7.5/10 နှင့် Rotten Tomatoes မှာ Audience Rating 93 % ရရှိထားတဲ့ လုံးဝလက်မလွှတ်သင့်ဘဲ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဟာဗီမစ်ဆိုတဲ့လိင်တူချစ်သူနှင့် သူ့ကောင်လေး စကော့စမစ်တို့ဟာ နယူးရော့ခ်ကနေ ဆန်ဖရန်စစ္စကိုကို ရေကြည်မြက်နုရာ တူနှစ်ကိုယ် ပြောင်းရွေ့လာရင်း ကက်စထရိုမြို့မှာပဲ ကင်မရာဆိုင်လေးဖွင့်ရာကနေ လိင်တူနှစ်သက်သူ ဂေးတွေဟာ အိမ်ရာ အလုပ်အကိုင် ပညာရေး လူမှုပတ်ဝန်းကျင် အဘက်ဘက်မှာ ခွဲခြားဆက်ဆံတာတွေ အလုပ်ဖြုတ်ပစ်တာတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘကနှင်ချတာတွေ အနိုင်ကျင့်တာတွေ အစရှိတဲ့မတရားမှုတွေကို သူမျက်စိရှေ့မှာ မြင်တွေ့ကြုံတွေ့လာရတဲ့အခါ လိင်တူချစ်သူဂေးတွေ လက်စဘီယန်တွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် တက်ကြွလှုပ်ရှားရာကနေ နိုင်ငံရေးဘက်ကို ကူးပြောင်းလာပြီး လိင်တူနှစ်သက်သူတွေအတွက်တင်မကဘဲ အသားအရောင်မတူညီမှု သက်ကြီးရွယ်အို မသန်စွမ်းတွေ အစရှိတဲ့ ...
movie

Milk (2008)

Great Expectations (1998) 6.8
Great Expectations (1998) ဒီဇာတ်ကားကပေးတဲ့သင်ခန်းစာကတော့ ဘဝမှာ မမျှော်လင့်သင့်တဲ့သူကိုမျှော်လင့်မိရင်၊ အချိန်တန်ဖြတ်သင့်တဲ့ကြိုးကိုမဖြတ်ပဲနေရင် ကိုယ့်ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေဆုံးရှုံးရနိုင်တယ်ဆိုတာပါပဲ။ လူတိုင်းက ကိုယ့်လိုမဟုတ်ပါဘူး။ တချို့အရာတွေကို ကိုယ့်ဘက်ကသာ လေးလေးနက်နက်သဘောထားပေမဲ့ တဖက်လူအတွက်ဆိုရင် ကိုယ်ကအသုံးချခံတစ်ယောက်လည်းဖြစ်နေနိုင်ပါတယ်။ လူတွေက အချင်းချင်း false hopeတွေပေးတတ်ကြတယ်။ အဲဒါကြောင့် အကောင်းဆုံးက ငါးစာပဲမြင်ပြီးငါးမျှားချိတ်ကိုမမေ့တတ်ဖို့ပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်နားနီးမြို့လေးမှာနေတဲ့ ဖင်းဆိုတဲ့ကောင်လေးက မြို့မှာအချမ်းသာဆုံးဖြစ်တဲ့နိုရာဒရစ်ဂါဒင်စမောတို့အိမ်မှာ အလုပ်လုပ်ရဖို့ဖြစ်လာတယ်။ ဒင်စမောဆိုတဲ့အဖွားကြီးက အသဲကွဲပြီးယောကျ်ားတွေကိုမုန်းတီးနေသူပါ။ ဖင်းရဲ့အလုပ်က ထွေထွေထူးထူးမဟုတ်ပဲ ဒင်စမောရဲ့အိမ်က ကလေးမလေးအက်စတယ်လာကိုအဖော်ပြုပေးဖို့ပါပဲ။ အက်စတယ်လာကိုစတွေ့တွေ့ချင်း ချစ်မိခဲ့တဲ့ဖင်းကအပတ်တိုင်း ထိုအိမ်ကိုသွားပြီး ပုံဆွဲ၊ အတူကပေးရင်းအဖော်ပြုပေးခဲ့တယ်။ ငယ်စဥ်ကလေးဘဝကတည်းက ချစ်ခဲ့တဲ့အက်စတယ်လာကို လူပျိုပေါက်အရွယ်ရောက်သည့်တိုင်အောင် ဖင်းရဲ့ခံစားချက်တွေက မပြောင်းလဲခဲ့ပါဘူး။ အက်စတယ်လာ့အတွက်တော့ ဖင်းက အိမ်ကိုလာနေကျအလုပ်သမားတစ်ဦးဆိုတာထက်မပိုခဲ့ဘူး။ ဒါတွေကို ဖင်းဘက်က သိချင်မှသိခဲ့မှာပါ။ အချစ်ဦးအက်စတယ်လာကလည်း သူ့အပေါ်မှာခံစားချက်တွေရှိနေတယ်လို့ ဖင်းက တဖက်သတ်ယုံကြည်နေခဲ့တယ်။ နောက်ပိုင်းမှာ ဖင်းတစ်ယောက်ဘာတွေဆက်ဖြစ်မယ်၊ ဖင်းရဲ့ဘဝဘယ်လိုတွေပြောင်းလဲလာမယ်၊ ဖင်းနဲ့အက်စတယ်လာတို့ရဲ့ကံကြမ္မာကဘယ်လိုပြောင်းလဲလာမယ်ဆိုတာ...။ File size…(2.3 GB)/(1.2 GB)/(620 Mb) Quality….Webrip 1080p / ...
movie

Great Expectations (1998)

Ravenous (1999) 6.9
Ravenous (1999) ဗိုလ်ကြီး ဂျွန်ဘွိုက်က အမေရိကန်မက္ကဆီကန် စစ်ပွဲမှာ တစ်ကိုယ်တည်းရန်သူရဲ့စခန်းကို သိမ်းနိုင်ခဲ့တယ်။ အထက်အရာရှိများက အဖြစ်မှန်ကိုသိရှိသွားသောအခါ ဗိုလ်ကြီးဘွိုက်ကို ရာထူးအတိုးပြပြီးဖောဒ့်စပန်ဆာကို အပြစ်ဒဏ်အနေနဲ့လွှတ်လိုက်ပါတယ်။ ဖောဒ့်စပန်ဆာမှာ တာဝန်ထမ်းဆောင်နေစဉ် ငတ်ပြတ်ပြီးရောက်လာသော ကိုလ်ဟွန်းဟုခေါ်သည့်လူစိမ်းတစ်ယောက်က ဖြစ်ကြောင်းကုန်စဉ်ကိုရှင်းပြသောအခါ ဂူထဲမှာငတ်ပြတ်ကြသဖြင့် လူသားစားကြသည့်အကြောင်းကို သိခဲ့ရသည်။ အဖွဲ့သားအချင်းချင်းသတ်ဖြတ်ရာမှ နောက်ဆုံးသုံးယောက်ကျန်ခဲ့သည့်အချိန်တွင် အသတ်ခံရမှာကြောက်သဖြင့်ကိုလ်ဟွန်းက ထွက်ပြေးလာခဲ့ကြောင်း ဂူထဲမှာကျန်ရစ်ခဲ့သူရှိကြောင်းပြောသဖြင့် ဗိုလ်ကြီးဘွိုက်တို့အဖွဲ့က ကယ်ဆယ်ရန်သွားကြလေသည်။ကယ်ဆယ်ရန်သွားရင်းမှ အဖြစ်မှန်ကိုသိရှိတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲ။ လူသားစားသုံးတဲ့သူတွေမှာ ဘယ်လိုမျိုးတွေဖြစ်လာကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Horror, Western, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice 
movie

Ravenous (1999)

The Jackal(1996) 7.0
The Jackal(1996) The Jackal(1996) အညွှန်း********************* Bruce Willis  နဲ့ Richard Gere  တို့အပြိုင်ကျဲထားပါတယ်.. အမေရိကန် FBI အဖွဲ့ဟာ ရရှားဗိုလ်ကြီးခိုစလိုဗာနဲ့အတူ ရရှားမူးယစ်ရာဇာဂိုဏ်းတစ်ခုကိုဝင်စီးရင်း ထိတ်ထိတ်ကြဲ မာဖီးယားခေါင်းဆောင် တဲရက်ရဲ့ ညီကို မတော်တဆ ပစ်သတ်ခဲ့မိပါတယ်။အဲဒီမှာ ဒေါသထွက်သွားတဲ့ တဲရက်ဟာ အမေရိကန်တွေကို ကလဲ့စားပြန်ချေဖို့ FBI အဖွဲ့ဒါရိုက်တာဘရောင်းကိုလုပ်ကြံမယ်ဆိုပြီး လုပ်ကြံသတ်ဖြတ်ရာမှာ တဖက်ကမ်းခတ်နေတဲ့ဝံပုလွေငယ်ဆိုတဲ့ကြေးစားကို ငှါးရမ်းခဲ့ပါတော့တယ်။အဲဒီဝံပုလွေငယ်ဆိုသူဟာ လုပ်ကြံသတ်ဖြတ်မှုပေါင်း မနည်းမနောလုပ်ခဲ့ဖူးတဲ့လူဖြစ်ပေမယ့် ဖမ်းမိဖို့ဝေးစွ သူ့ပုံပန်းသဏ္ဍာန်ကို မြင်ဖူးတဲ့သူတောင် လက်ချိုးရေလို့ရပါသတဲ့။ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့.....  File Size :(2.1GB)(878 MB) and (224 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…02:04:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

The Jackal(1996)

Lincoln (2012) 7.3
Lincoln (2012) Lincoln (2012) ============ IMDb Rating = 7.3/10 Directed By Steven Spielbergအေဘရာဟမ်လင်ကွန်းဆိုတဲ့ နာမည်ကြားရင် ၁၆ဆက်မြောက် အမေရိကန်သမ္မတဆိုတဲ့ဂုဏ်ပုဒ်ထက် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုသိကြတယ်။ ဂျော့ဝါရှင်တန် သောမတ်ဂျက်ဖာဆန်၊ အေဘရာဟမ်လင်ကွန်း၊ သီအိုဒိုးရုစဘဲ့စတဲ့ Mount Rushmoreမှာ ထွင်းထုထားတဲ့ အကြီးကျယ်ဆုံးအမေရိကန်သမ္မတ လေးယောက်ထဲကတစ်ယောက်။ သူကသစ်လုံးအိမ်ကလေးကနေ သမ္မတဖြစ်လာသူ၊ အသွားအပြန်ရထားပေါ်စာဖတ်ရင်းလေ့လာခဲ့တဲ့သူ စသဖြင့် အချက်တွေနဲ့လည်း နာမည်ကျော်တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမိုင်းရဲ့ လုပ်ကြံသတ်ဖြတ် ခံရတဲ့လေးဦးတည်းသော သမ္မတတွေထဲက တစ်ယောက်ဖြစ်တယ်။ ဒီရုပ်ရှင်ဟာ သူ့နာမည်ကြီးတပ်ထားပေမဲ့ သူ့အတ္ထုပ္ပတ္တိကို ရိုက်ပြထားတာတော့ မဟုတ်ဘူး။ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဘယ်လိုဘယ်ပုံ အားလုံးကြိုးပမ်းခဲ့ရလဲဆိုတဲ့ အကြောင်းအရာဘက် ပိုသွားတယ်။ အဲ့ဒီကာလအကြောင်းသိထားမှပဲ ဒီရုပ်ရှင်ကြည့်ရတာ ပိုအဆင်ပြေ‌လောက်မယ်။ လုပ်ကြံမခံရခင်အထိ ၁၈၆၁- ၁၈၆၅ လင်ကွန်းရဲ့ သမ္မသက်တမ်းတစ်လျှောက်ဟာ ပြည်တွင်းစစ် ဖြစ်ရာကာလနဲ့ အတူတူပဲ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်းပြည်နယ် ၁၁ခုက ခွဲထွက်ဖို့ကြိုးစားရာက စခဲ့တယ်။ အဲ့ဒီတောင်ပိုင်းပြည်နယ်တွေကို ကွန်ဖက်ဒရိတ်စီလို့ ခေါ်ပြီး ...
movie

Lincoln (2012)

2012
Bad Education (2019) 7.2
Bad Education (2019) ဒီရုပ်ရှင်က ၂၀၁၉ ခုနစ်ထွက် Biography/ Crime ဇာတ်ကားဖြစ်တယ်ပြောရရင်တော့ ဖြစ်ရပ်မှန်ပေါ့ဗျာ...ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းက...ဖရန့်ဆိုတဲ့ လူတစ်ယောက်ရှိတယ် သူက ကျောင်းဆရာဟောင်း..အခုတော့ ရိုဆလင်းပြည်နယ်က အစိုးရကျောင်းမှာကျောင်းအကျိုးတော်ဆောင်ကောင်းတစ်ယောက်ဖြစ်နေပြီ..သူက သိပ်ကိုတော်တဲ့လူတစ်ယောက်...သိပ်ဦးနှောက်ကောင်းတယ်...ဒီကျောင်းကြီးကို သုညအဆင့်ကနေထိတ်ထိတ်ကြဲကျောင်းကောင်းစာရင်းဝင်လာအောင် သူပဲလုပ်ပေးခဲ့တာ...ကလေးမိဘတွေကို သိမ်းသွင်းတတ်သလို လုပ်ဖော်ကိုင်ဘက်တွေကလည်းသိပ်လေးစားချစ်ခင်ကြတာပေါ့....ဒီလောက်ထိပြီးပြည့်စုံနေတဲ့သူတစ်ယောက်ဆိုတာ ရှိပါ့မလား...ဒီကားကို ဘာလို့ကြည့်သင့်လဲဆိုတော့ နံပါတ်တစ်ကHuge Jackman က ဖရန့်နေရာမှာ အပိုအလိုမရှိ ကွက်တိ...နံပါတ်နှစ် IMDB 7.2/10 ရထားတယ် နံပါတ်သုံး ကောင်းကိုကောင်းလို့ဗျာ File Size : ( 1 GB , 370 MB) Quality : WEBRip 720p Running Time : 1 ...
movie

Bad Education (2019)

Can You Ever Forgive Me (2018) 7.3
Can You Ever Forgive Me (2018) Rating 7.2 ရရှိထားတဲ့ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်...လူဆိုတာတစ်နေ့ကျရင် အသက်ကြီး အိုမင်းရမှာပါပဲအသက်ကြီးလာတဲ့အခါ စုထား ဆောင်းတာတွေမရှိရင်စားဝတ်နေရေး အတော်ခက်ခဲရနိုင်ပါတယ်အဲဒီလိုဖြစ်တတ်တဲ့အခြေအနေတွေ အကြောင်းကိုရိုက်ကူးတင်ဆင်ထားတဲ့ ကားလေးပဲဖြစ်ပါတယ်လီအစ္စရယ်ဟာ အရောင်းရဆုံးစာရင်းဝင်ဖူးတဲ့ဖန်နီဘရိုက်အတ္ထုပတ္ထိကို ရေးခဲ့တဲ့ စာရေးဆရာမပဲ ဖြစ်ပါတယ်။သူ့စာအုပ်တွေဟာ တချိန်တုန်းက လူကြိုက်များခဲ့ပေမယ့်နောက်ပိုင်း စိတ်မ၀င်စားကြတော့တဲ့အခါ ထုတ်လုပ်သူကလည်း မထုတ်ပေးတော့ပါဘူး။စားဝတ်နေရေး ကြပ်တည်းလာလို့ ရရာအလုပ်ဝင်လုပ်ပေမယ့်လည်းသူ့အပြုအမူတွေကြောင့် ဘယ်အလုပ်မှ တာရှည်မခံခဲ့ပါဘူးနောက်ဆုံးကြံရာမရဖြစ်လာတဲ့အခါမှာ တခြားနာမည်ကြီး စာရေးဆရာတစ်ယောက်သူ့ကိုပေးဖူးတဲ့ လက်ရေးမူကို ရောင်းချခဲ့ပါတယ်..မထင်မှတ်ပဲ ငွေအများကြီးရလိုက်တဲ့အခါမှာ သူက ငွေကိုယစ်မူးပြီးတော့စာရွက်တွေအတုလုပ် ရောင်းချတဲ့အထိ ဖြစ်လာပါတော့တယ်။သူကိုယ်တိုင်မသိလိုက်ပဲနဲ့ ရာဇ၀တ်မှုတွေကျူးလွန်နေမိနေလျက်သား ဖြစ်နေပါတော့တယ်…နောက်ဆုံးလူတွေသိသွားတဲ့အခါ ရဲတွေသိသွားတဲ့အခါမှာသူ့အနေနဲ့ရှေ့ဆက်တိုးစရာလမ်းလည်း မရှိတော့ပါဘူးအမြဲသူ့ဘေးမှာနေခဲ့တဲ့သူငယ်ချင်းကလည်းသူ့ရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် သူ့ကိုစွန့်ခွာသွားခဲ့ပါသေးတယ်..ဒီလိုအကျပ်အတည်းတွေကို သူဘယ်လိုရင်ဆိုင်မလဲ..ပျက်စီးသွားတဲ့ယုံကြည်မှုတွေ ပြိုကွဲသွားတဲ့ ...
movie


2018