Channel Myanmar
Sterling Holloway
Once Upon a Studio (2023)
Once Upon a Studio (2023)  ကျွန်တော်တို့ရဲ့ ငယ်ဘဝကို တစ်ဖက်တစ်လှမ်းကနေ ပြည့်စုံအောင် ဖန်တီးပေးခဲ့တဲ့ Disney Studioက နှစ် ၁၀၀ ပြည့်မြောက်ခဲ့ပါပြီ။ Disneyက သူတို့ရဲ့ နှစ်၁၀၀ပြည့် အထိမ်းမှတ်အတွက် အောက်တိုဘာ ၁၆ရက်နေ့က Disney+ နဲ့ Hulu မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုအတိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ ဗီဒီယိုမှာ Disney ရဲ့ Charactersတွေ အကုန်လုံးကို တစ်စုတစ်စည်းတည်း မြင်တွေ့ရမှာပါ။ Disney ကို ကြည့်ဖူးတဲ့လူတိုင်းအတွက် ယခုဗီဒီယိုအတိုလေးက သင့်ရဲ့ တစ်နေ့တာကို ပြည့်စုံစေမှာပါ။အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(159 MB)/(89 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:09:00 Genre...Family, Animation, Fantasy, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi ...
movie
Once Upon a Studio (2023)
The AristoCats (1970) 7.1
The AristoCats (1970) The AristoCats (1970)~ IMDb - 7.1/10, Rotten Tomatoes - 63% ~Disney ရဲ့ တွဲဖက်တည်ထောင်သူ Roy O. Disney မသေဆုံးခင် နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ Animated Movie လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Disney ရဲ့ ကား 20 မြောက်ပေါ့။ကာတွန်းကားတစ်ခုကို ပေးတဲ့ Rating ကတော့ ဒီဇာတ်ကားမှာ တအံ့တဩဖြစ်ရတယ်ဗျို့။ ဇာတ်လမ်းသွားကတော့ အဟုတ်ကြီး မဖြစ်လှပေမဲ့ Animation လက်ရာကတော့ တော်တော်လက်ရာမြောက်တယ်ဗျ။ဇာတ်ကားနာမည်လိုပဲ ဇာတ်ကောင်ကြောင်လေးတွေရဲ့ အမူအရာဟာ သိပ်အထက်တန်းဆန်တာပဲ။ သိမ်မွေ့လှသလို မာန်ကြီးတဲ့၊ အတင်းလုပ်ယူထားရတဲ့ ယဉ်ကျေးတဲ့ဟန်အမူအရာ စကားလုံး၊ အထက်တန်းစားဖြစ်ဖို့ အထက်တန်းလွှာဟန်တွေနဲ့ အထက်တန်းစကားလုံးတွေနဲ့ အထက်တန်းစားကြောင်တွေပေါ့ဗျာ။လမ်းဘေးကြောင်ကြီးကိုလည်း တိတိပပ ဖန်တီးထားပြန်ရောဗျို့။ ဒီဘက်ခေတ် Animated Movie တွေလို အရောင်စိုစို ပန်းချီလှလှတွေနဲ့ အဓိကဖမ်းစားတာမျိုးမဟုတ်ဘူး။ သပ်ရပ် ...
movie
The AristoCats (1970)
1970
Dumbo (1941) 7.3
Dumbo (1941)   Dumbo (1941) ==========1921မှာ ထုတ်ခဲ့တဲ့ Mickey Mouse ကာတွန်း ကနေစပြီး ဒီနေ့ထိထက်တိုင် တစ်ရှိန်ထိုးအောင်မြင်ခဲ့တဲ့ Walt Disneyကုမ္ပဏီရဲ့ လေးကားမြောက်ကာတွန်းရု့ပ်ရှင ဖြစ်ပါပြီး Disneyရယ်လို့ ဖြစ်လာစေခဲ့တဲ့ ရုပ်ရှင်တွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအကျဉ်းကတော့..... ကလေးလိုချင်တဲ့ ဆင်မကြီး ဂျမ်ဘိုဟာ ဂျမ်ဘိုဂျူနီယာဆိုတဲ့ သားကလေးတစ်ကောင်ရခဲ့ပါတယ်။ ကံမကောင်း အကြောင်းမလှလေသလားတော့မသိ..ဂျမ်ဘိုကလေးမှာ အဆမတန်ကြီးမားတဲ့ နားရွက်တွေ ရှိနေခဲ့လို့ သူ့မျိုးနွယ် ဆင်တွေကတောင် သူ့ကို ဆင်လို့မသတ်မှတ်ချင်ကြပါဘူး။ နားရွက်ကြီးလွန်းပါတဲ့ ဂျမ်ဘိုကလေးကို ဘယ်သူမှ မနှစ်မြို့ကြလို့ ဒမ်ဘိုလို့ပြောင်းခေါ်ကြတဲ့အပြင် သူ့ကို အနိုင်ကျင့်ကြလို့ ကာကွယ်ပေးတဲ့ သူ့မိခင်ကိုပါ ဆင်ရူးလို့ သတ်မှတ်ခံခဲ့ရပြီး အချုပ်ခံခဲ့ရပါတယ်။ ထုံးစံအတိုင်း Disneyကာတွန်းရဲ့ ဝသီအတိုင်း အထူးဆန်းဆုံး အရာတွေဖြစ်တတ်ပါသတဲ့လေ။ လူရဲ့ တစ်ယောက်တည်းသော မိတ်ဆွေကတော့ ဆင်တွေ သေမတတ်ကြောက်ရပါတဲ့ ကြွက်မျိုးနွယ်ထဲက တင်မိုးသီလို့ ခေါ်တဲ့ကြွက်တစ်ကောင်ပါ။ လူအသိအမှတ်ပြုခံချင်ပါတဲ့ ဒမ်ဘိုကလေးကို လူအသိအမှတ်ပြုလာအောင် တင်မိုးသီဟာ ကူညီပေးခဲ့ပါတယ်။ တင်မိုးသီဟာ အကောင်အသေးဆုံးပေမဲ့ နှလုံးသားအကြီးဆုံး ကြွက်တစ်ကောင်ပါပဲ အားလုံးပစ်ပယ်ထားပါတဲ့ မိဘမဲ့ဆင်ကလေးကို စာနာပေးနိုင်တဲ့သူကလည်း ဒီပုံပြင်မှာ သူပဲရှိခဲ့ပါတယ်။ IMDB Rating...7.3ရထားပြီး 90Borns တွေရဲ့ Childhood Nostalgia Animation ရုပ်ရှင်တစ်ခုဆိုလည်း မမှားပါဘူး 2019 မတ်လ မှာတော့ တင်ပြဟန် တစ်မျိုးဆန်းတတ်တဲ့ ဒါရိုက်တာ Tim Burtonက Live ...
movie
Dumbo (1941)
1941
Dumbo (1941) 7.3
Dumbo (1941) Oscarတစ်ဆုရရှိခဲ့ပြီး ဂျွန်လက်စ်တာ(John Lesseter)နဲ့ လီယိုနက်မယ်လ်တင်(Leonard Maltin)တို့ရဲ့ အကြိုက်ဆုံးရုပ်ရှင်တစ်ခုနဲ့မိတ်ဆက်ပေးပါရစေ Walt Disneyရဲ့Pinocchioနဲ့Fantasiaရဲ့ငွေကြေးအရှုံးပေါ်မှုကိုဖြေရှင်းပေးခဲ့တဲ့ ရုပ်ရှင်လို့ပြောရင်လည်းမမှားပါဘူး ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုမတိုင်ခင်လအနည်းငယ်အလိုက ထုတ်လွှင့်ခဲ့တာဖြစ်လို့သူ့ခေတ်သူ့အခါကထင်သလောက်အောင်မြင်မှုမရခဲ့ပေမယ့် ယနေ့ကျွန်တော်တို့အားလုံးအတွက်တော့ဂန္တ၀င်ရုပ်ရှင်ကားတစ်ခုဆိုတာတော့ ငြင်းလို့ရမယ်မထင်ပါဘူးဗျာ (mini spoiler alert) 1941ခုနှစ်ရဲ့တစ်ခုသောမနက်ခင်းမှာ ဖလော်ရီဒါမှာရှိတဲ့ဆပ်ကပ်ထဲကတိရစ္ဆာန်အကောင်လေးတွေဆီကို မျိုးတူအကောင်ပေါက်လေးတွေပါဆယ်ရောက်လာပါတယ် ဆပ်ကပ်ထဲကဆင်မလေးဂျမ်ဘိုအတွက် သူ့သားဖြစ်လာမယ့်နားရွက်ကားကားနဲ့ဆင်လေးဂျမ်ဘိုဟာ အကြောင်းတချို့ကြောင့်နောက်ကျမှရောက်လာခဲ့ပြီး အရွယ်နဲ့မမျှကြီးမားလွန်းတဲ့ဧရာမနားရွက်တွေကြောင့်အခြားဆင်တွေရဲ့ စနောက်မှုကိုခံခဲ့ရကာ ဆပ်ကပ်မှာနေရာမပေးခံခဲ့ရပါဘူး သူငယ်ချင်းရယ်လို့ခေါ်စရာသူ့အမေနဲ့ကြွက်ကလေးTimothyသာရှိခဲ့ပါတယ် သူရဲ့ကြီးမားတဲ့နားရွက်တွေကြောင့်ဆပ်ကပ်ရဲ့စတန့်အကွက်တွေမှာ တလွဲတွေဖြစ်ခဲ့မှုလူတကာ၊တိရစ္ဆာန်တကာရဲ့အမြင်မကြည်တာကိုခံရပါတော့တယ် သူရဲ့သူငယ်ချင်းTimothyရဲ့အကူအညီနဲ့အတူဒမ်ဘိုကို အားလုံးရဲ့အမြင်မကြည်တာကနေပြန်အဖက်ဆယ်ပြီး   ဆပ်ကပ်ရဲ့စတားဖြစ်လာအောင် ဘယ်လိုကြိုးစလဲဆိုတာတော့အခုပဲကြည့်ရှု့နိုင်ပါပြီ   ဘာသာပြန်ပေးထားတာတော့ Htet Htet Myint ဖြစ်ပြီး   အညွှန်းနဲရေးပေးတာတော့Sithuပဲဖြစ်ပါတယ်
movie
Dumbo (1941)
1941
Bambi (1942) 7.3
Bambi (1942) Bambi (1942)IMDb - 7.3/10_____Rotten - 90%    Rating 7.3 ရရှိထားတဲ့ 1942 ခုနှစ်ကထွက်ရှိထားတဲ့ Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့် သစ်တောကိုစောင့်ရှောက်ပေးမယ်ဆိုတဲ့ နိမိတ်နဲ့ နောက်ထပ်သမင်လေးတစ်ကောင်မွေးဖွားလာပြီဆိုပြီး ဘမ်ဘီဆိုတဲ့ သမင်လေးတစ်ကောင်မွေးဖွားလာခဲ့ပါတယ်... သူ့အတွက်သူငယ်ချင်းအသစ်တွေလည်းရလာခဲ့ပါတယ်... တစ်နေ့မှာ ဘမ်ဘီရဲ့ အမေသမင်မကြီးဟာ လူမုဆိုးတွေရဲ့လက်ချက်နဲ့ သေဆုံးသွားခဲ့ပါတယ်... ဒါကြောင့် လူသားမျိုးနွယ်တွေရဲ့ ဖျက်ဆီးနေတဲ့ ဒီတောကြီးကို ဘမ်ဘီလေးအရွယ်ရောက်လာတဲ့အချိန်မှာ ကာကွယ်ပေးနိုင်မလား.... အဲ့ဒီမုဆိုးတွေကကောတောထဲကို ပြန်ပြီးလာဦးမလားဆိုတာ စိတ်ဝင်စားဖွယ်ရာကြည့်ရမှာပဲဖြစ်ပါတယ်... Animation အပိုင်းမှာကျော်ကြားလှတဲ့ Disney ဟာ ဒီ Animation ကားလေးထဲမှာလည်း ချစ်စရာကောင်းလှတဲ့ အကောင်လေးတွေနဲ့ လှပတဲ့ရှု့ခင်းများကိုလည်း ထပ်ပြီးအားဖြည့်ထားခဲ့ပါတယ်... ကျွန်တော်တို့ ကလေးဘဝတုန်းက အင်္ဂလိပ်စာတန်းထိုးနဲ့ ကြည့်ခဲ့ရပေမယ့် အခုခေတ် သားသားမီးမီးများ မြန်မာစာတန်းထိုးနဲ့ကြည့်ရှု့ခွင့်ရအောင် တင်ဆက်ပေးလိုက်ပါတယ်....  Duration…..01:10:00 Format…Mp4 File Size…(500 MB) Encoder…..Moe Myint Lwin Translator…..Myat Ko Ko (Jack Li) 
movie
Bambi (1942)
1942
The Jungle Book (1967) 7.6
movie
The Jungle Book (1967)