Channel Myanmar

Steve Railsback

The Hitcher II: I’ve Been Waiting (2003) 4.3
The Hitcher II: I’ve Been Waiting (2003) The Hitcher II: I've Been Waiting (2003) ============================နာမည်ကျော် ၁၉၈၆ The Hitcher ရဲ့ direct-sequel ဖြစ်ပါတယ်။ The Hitcher ရဲ့အဖြစ်အပျက်တွေအပြီး ဆယ့်ငါးနှစ်အကြာမှာ Jim Halsey ဟာ ရဲအရာရှိတစ်ယောက်ဖြစ်နေပါပြီ။ ဒါပေမယ့်လည်းအမှု တစ်ခုမှာမလိုအပ်ပဲအင်အားသုံးခဲ့တဲ့အတွက် အလုပ်ကဆိုင်းငံ့ခံလိုက် ရပါတယ်။ အဲ့ဒါနဲ့ကပ္ပတိန်အက်စ်ထရစ်ချ်ဆီကိုဆက်သွယ်ပြီး ချစ်သူ ကောင်မလေးဖြစ်တဲ့ မက်ဂီနဲ့အတူ တက္ကဆက်ကိုစိတ်ပြေလက်ပျောက် ခရီးထွက်လာခဲ့ပါတယ်။တက္ကဆက်အဝေးပြေးလမ်းပေါ်မှာ ဂျင်မ်ရဲ့အတိတ်စိတ်ဒဏ်ရာတွေ ပြန်ပေါ်လာခဲ့ပြီး ကားကြုံလိုက်သူတစ်ယောက်နဲ့အတူ လွန်ခဲ့တဲ့ ၁၅ နှစ်ကအဖြစ်အပျက်တွေတကျော့ပြန်ကြုံရချိန်မှာတော့..။ The Hitcher (1986) ထဲမှာ Jim Halsey အဖြစ်သရုပ်ဆောင်ခဲ့တဲ့ C. Thomas Howell ကပဲပြန်ပြီးပါဝင်ထားပါတယ်။ မူရင်းကားကိုမမီပေမယ့်လည်း ကြည့်ကောင်းတဲ့ Road Thriller ကားကောင်းတစ်ကားပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2 GB) / (927 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Alias Encoder..........SWM
movie

The Hitcher II: I’ve Been Waiting (2003)

Rest Stop: Don’t Look Back (2008) 4.6
Rest Stop: Don’t Look Back (2008) Rest Stop: Don't Look Back (2008) ==========================Rest stop ပထမကားအဖြစ်အပျက်တွေအပြီးတစ်နှစ်အကြာကို အခြေခံထားပါတယ်။ စစ်ပြန်တစ်ဦးဖြစ်တဲ့ဂျက်ဆီရဲ့အစ်ကိုတွမ်ဟာ အားလပ်ရက်ရချိန်မှာ သူ့ညီပျောက်ဆုံးမှုကိုစုံစမ်းဖို့ သူ့ညီနဲ့ နစ်ကိုးလ် တို့သွားရာလမ်းအတိုင်း နောက်ကလိုက်ခဲ့ပါတယ်။သူနဲ့အတူ ချစ်သူ မိန်းကလေး မာရီလင်နဲ့ နစ်ကိုးလ်သူငယ်ချင်းလည်းဖြစ် ကြိတ်ကြိုက် နေတဲ့ငနဲလည်းဖြစ်တဲ့ ဂျဲရ်တို့ပါဝင်ပါတယ်။သူတို့သွားမယ့် အဝေးပြေးလမ်းဟောင်းဆိုတာ မြေပုံပေါ်မှာမရှိတဲ့ အတွက် လမ်းဘေးဆီဆိုင်လေးတစ်ခုမှာ ဆီထည့်ရင်း ဝင်စုံစမ်းကြ ရာကနေ နစ်ကိုးလ်နဲ့ပတ်သက်တဲ့သဲလွန်စတွေနဲ့အတူ အဝေးပြေး လမ်းဟောင်းကိုပါ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားကြရင်း နစ် ကိုးလ်နဲ့ ဂျက်စ်တို့ကို ကိုယ်စီပြန်တွေ့ခဲ့ကြရသလို သူတို့ကိုနှိပ်စက် သတ်ဖြတ်ခဲ့သူတွေနဲ့ပါရင်ဆိုင်တိုးမိခဲ့ချိန်မှာတော့..။ပထမကားမှာ မရှင်းခဲ့တဲ့ပဟေဠိတွေကိုပါ ဒီထဲမှာထည့်ရှင်းသွားတာ ကိုတွေ့ရပါလိမ့်မယ်။ RV ပေါ်ကခြောက်ခြားစရာ တရားဟောဆရာ မိသားစု၊ ထရပ်ကားမောင်းသမား သူတို့ကြားက ဆက်နွယ်ပတ်သက် မှုတွေ၊ သူတို့ဘာကြောင့်ဘယ်လို ဒီဘဝကိုရောက်ခဲ့ကြသလဲဆိုတာ တွေကိုပါ တွေ့ရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.86 GB) / (735 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 29Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Alias Encoder..........SWM
movie

Rest Stop: Don’t Look Back (2008)

2008
Lifeforce (1985) 6.1
Lifeforce (1985) Lifeforce (1985) Genre – Action, Horror, Mystery IMDB – 6.1/10 ကျွန်တော်တောင် မမွေးသေးတဲ့ ၈၀ ခုနှစ်ကာလတွေရဲ့လျှို့ဝှက်ဆန်းကြယ်လည်းဖြစ်ပြီး ခြောက်ခြားထိတ်လန့်ဖွယ်ရာရုပ်ရှင်ကားလေး တစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကတော့ အရင်တုန်းက နာမည်ကျော် Texas Chainsaw Massacre တို့Poltergeist တို့လို ခြောက်ခြားဖွယ်ရာကားများကို ရိုက်ကူးခဲ့တဲ့ Tobe Hooper ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အမေရိကန်-ဗြိတိသျှ ပူးပေါင်းပြီး ၇၆ နှစ်တစ်ကြိမ်မှာ ပေါ်ပေါက်မယ့်ဟယ်လီကြယ်တံခွန်ကို အာကာသထဲမှာ လေ့လာရေး ခရီးထွက်ခဲ့ပါတယ်။ဒါပေမဲ့ ကြယ်တံခွန်နားကို ရောက်လာချိန်မှာ ထိပ်ဖျားမှာအမည်မဖော်နိုင်တဲ့ အရာဝတ္ထုကို တွေ့လို့ ဦးစီးအရာရှိကာနယ်ကာဆန်တစ်ယောက် အဖွဲ့သားတွေ ခေါ်သွားပြီးသွားရောက်လေ့လာတဲ့အခါမှာတော့ လင်းနို့သဏ္ဍာန်ရှိတခြားသက်ရှိအသေတွေကို တွေ့ပြီး လူသားပုံစံခန္ဓာကိုယ် ၃ ခုကိုလည်း တွေ့ရှိလို့ အံ့သြနေပြီး သူတို့ယာဉ်ပျံပေါ် ပြန်တင်ပြီးထွက်ခွာခဲ့ရာ မြေပြင်စခန်းနဲ့ ပြတ်တောက်သွားခဲ့ပါတယ်။ဒါကြောင့် မြေပြင်စခန်းက သွားရောက်ကယ်ဆယ်တဲ့အခါတခြားအဖွဲ့သားအားလုံး သေဆုံးနေပြီး လူပုံစံ ခန္ဓာကိုယ် ၃ ခုရယ်ကာနယ်ကာဆန်တစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ပါတယ်။ဒီလိုနဲ့ ...
movie

Lifeforce (1985)

1985
The Devil’s Rejects (2005) 6.7
The Devil’s Rejects (2005)  Horror ဇာတ်ကားအဟောင်းလေးတွေထဲက ကောင်းတာလေးတွေကိုပြန်ကြည့်ချင်တဲ့လူတွေအတွက် The Devils Rejects လို့ခေါ်တဲ့ ၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့နာမည်အတိုင်းပဲ နတ်ဆိုးကတောင်ငြင်းပယ်ရတဲ့အပယ်ခံတွေလို့တင်စားခံထားရလောက်တဲ့အထိ ဆိုးသွမ်းတဲ့ရာဇဝတ်သားတွေအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ရဲမှူးဝိုင်ဒဲလ်က အိမ်တစ်အိမ်ကရာဇဝတ်သားတွေကို လာရောက်ဖမ်းဆီးတဲ့မြင်ကွင်းကိုတွေ့ရမှာပါ။ဒါပေမယ့်အဲ့ဒီရာဇဝတ်သားတွေက ရိုးရိုးတန်းတန်းရာဇဝတ်သားတွေမဟုတ်ဘဲ အရမ်းကိုရက်စက်ယုတ်မာရိုင်းစိုင်းပြီး လူမဆန်တဲ့ရာဇဝတ်သားတွေဖြစ်ပါတယ်။ဒီလိုနဲ့ရဲတွေနဲ့လူဆိုးတွေကြား အပြန်အလှန်ပစ်ခတ်ကြရင်းနဲ့ တော်တော်များများကိုဖမ်းမိပြီး နှစ်ယောက်တော့ လွတ်သွားပါတော့တယ်။ရဲမှူးဝိုင်ဒဲလ်လဲ သူတို့နောက်ကိုလိုက်ဖမ်းရင်းနဲ့ သူ့အစ်ကိုသေရတာ သူတို့ကြောင့်ဆိုတာကိုသိလာခဲ့ပြီးအလုပ်ကိစ္စဆိုတာထက် ကိုယ်ရေးကိုယ်တာတွေပါပါလာတဲ့အခါ ရဲတစ်ယောက်လည်းနတ်ဆိုးထက်ပိုကြမ်းလာနိုင်တယ်ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ File size…2.42GB / 1.24GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 47m Genre ….. Horror , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Devil’s Rejects (2005)

[18+] Save Me (1994)
[18+] Save Me (1994)  ထူးဆန်းပြီး လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတဲ့ မိန်းမလှလေးတစ်ယောက်နဲ့မိန်းမနဲ့ အဆင်မပြေလို့ ကွဲရတော့မှာမို့လို့ စိတ်ညစ်နေတဲ့ ရုံးကဝန်ထမ်းတစ်ယောက် တွေ့ကြတဲ့အခါ..မိန်းမလှလေးရဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး ဒုက္ခရောက်နေတဲ့ဘဝကို ဘယ်လို ကယ်တင်ကြမလဲ...ဇာတ်ရှုပ်ကို ဘယ်လိုရှင်းကြမလဲ..မိန်းမလှလေးကရော ဘာလို့ ဒုက္ခရောက်နေတာလဲ ..မင်းသားနဲ့ မင်းသမီးဘယ်လိုငြိကြမလဲ...ဆိုတဲ့မေးခွန်းတွေကို အဖြေရှာကြည့်ကြရမယ့် ဇာတ်ကားပါ။ဇာတ်လမ်းကို ပီပြင်စေဖို့ အဖော်အချွတ်တွေကို ကွက်ကွက်ကွင်းကွင်းတင်ဆက်ထားတာကြောင့်မိသားစုနဲ့အတူကြည့်လို့မရပါဘူး...ကလေးသူငယ်တွေမကြည့်ပါနဲ့...၁၈ နှစ်ပြည့်မှ ကြည့်ကြပါ။  File size…(1.7 GB) and (1 GB) Quality…WEB-DL 1080p & 720p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Moe Htet  
movie

[18+] Save Me (1994)