Channel Myanmar

Steve Speirs

Star Wars: Episode I – The Phantom Menace (1999) 6.5
Star Wars: Episode I – The Phantom Menace (1999) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Star Wars: Episode I – The Phantom Menace (1999)

4K HEVC
Pirates of the Caribbean: Dead Man’s Chest(2006) 7.3
Pirates of the Caribbean: Dead Man’s Chest(2006) Pirates of the Caribbean: Dead Man's Chest(2006)အညွှန်း ************************************************** IMDb....7.3 ဒီတစ်ခါတော့ ကပ္ပတိန်ဂျက်စပဲရိုးတစ်ယောက် အကြွေးဆပ်ဖို့ အချိန်ကျပြီလို့ အသိပေးခံထားရပါပြီ.. ဘယ်သူ့ကို အကြွေးတင်နေတာလဲဆိုတော့ ငရဲက သင်္ဘောသားတွေနဲ့အတူ တစ္ဆေသင်္ဘောကို ရွက်လွှင့်နေတဲ့ ပင်လယ်သရဲကြီး ဒေဗီဂျုန်းဆီမှာပါ ဖျက်ထိုးဉာဏ်ကောင်းတဲ့ဂျက်တစ်ယောက် ပြေးလို့ မလွတ်တဲ့ အနေအထားရောက်နေတာပါ ဒီတော့ သူ့ကိုယ်သူ ကယ်တင်ဖို့ ဂျက်ကြံရဖန်ရပြန်ပါတယ်.. ဝေလ်တန်နာနဲ့ အဲလစ်ဇဘတ်သ်ဆွမ်းဆီကနေ မဖြစ်မနေအကူအညီ ယူမှရမှာပါ သူတို့ကရော ကြည်ကြည်ဖြူဖြူ ကူညီပါ့မလား ... ဒီကြားထဲ ဘယ်လိုအခက်အခဲတွေ ကြုံရလဲ ဂျက်ဘယ်လိုတွေ မဲဆွယ်လိုက်လဲဆိုတာတွေကတော့ ထုံးစံအတိုင်း ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် ဟာသကွက်လေးတွေ တိုက်ခန်းခိုက်ခန်းလေးတွေ ဝေဝေဆာဆာနဲ့ ကြည့်ရမှာပါ ... ဂျက်ရဲ့ အဓိက မစ်ရှင်ကတော့ ဒေဗီဂျုန်းရဲ့ ဖွက်ထားတဲ့ နှလုံးသားကို ရှာဖွေဖို့ပါ ဒေဗီဂျုန်းမှာလည်း နှလုံးသားရေးရာ လျှို့ဝှက်ချက်လေးတွေက ရှိနေပါသေးတယ်... ဒါ့အပြင် ဝေလ်တန်နာတစ်ယောက် ဂျက်နဲ့အတူ ထူးဆန်းပြီး ကြောက်စရာစွန့်စားခန်းကို လိုက်ပေးလိုက်ရတာကိုလည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ကြည့်ရှုရမှာပါ ဒေဗီဂျုန်းရဲ့ တစ္ဆေသင်္ဘောကြီးပေါ်မှာ ဘာတွေ ရှိနေတာလဲဆိုတာလည်း စိတ်ဝင်စားစရာမို့ ဇာတ်လမ်းလေးထဲမှာသာ ကြည့်လိုက်ပါတော့... ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် May Tharaphi ...
movie

Pirates of the Caribbean: Dead Man’s Chest(2006)

2006
4K HEVC
Inkheart (2008) 6.1
Inkheart (2008) Inkheart (2008)တချို့ပုံပြင်တွေဟာ ဖတ်ရုံပဲဆိုပေမယ့် တချို့ပုံပြင်တွေဟာ အသက်ဝင်လာနိုင်ပါတယ်.... အဲ့လို အသက်ဝင်အောင် လုပ်နိုင်စွမ်းရှိတဲ့ ပုံပြောဆရာတွေလည်း ရှိခဲ့တယ်... အသံထွက်ဖတ်ပြီး ဇာတ်ကောင်တွေ၊ အဖြစ်အပျက်တွေကို ဆင့်ခေါ်နိုင်တဲ့သူတွေပေါ့။မော်တီမာလည်း အဲဒီအစွမ်းကို မွေးရာပါ လက်ဆောင်အနေနဲ့ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူက အဲဒီအစွမ်းကိုမသိပဲ အသံထွက်ဖတ်ပြီး ပုံပြင်ထဲက လူဆိုးတွေကို ဆင့်ခေါ်မိတဲ့အခါမှာ လူဆိုးတွေရဲ့တိုက်ခိုက်တာလည်းခံရ၊ သူ့ဇနီးလည်း ပုံပြင်စာအုပ်ထဲကိုရောက်ရှိသွားပြီး မော်တီမာ တစ်ယောက်ဒုက္ခရောက်သွားတယ်။သူ့ဇနီးရောက်သွားတဲ့ပုံပြင်စာအုပ်ကို နှစ်နဲ့ချီ လိုက်ရှာနေရင်း တစ်နေ့မှာတော့ အတိတ်ရဲ့ တစ္ဆေတွေဟာ သူ့အိမ်တံခါးကို လာခေါက်ပါတော့တယ်။သူ့ရဲ့ဇနီးကို စာအုပ်ထဲကနေ ပြန်ခေါ်နိုင်မလား၊ စာအုပ်ထဲက လူဆိုးတွေကပဲ တကယ့်လောကကြီးမှာ ကြီးစိုးသွားမလား ဆိုတာတော့ Mummy ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Brendan Fraser ဦးဆောင်ပါဝင်ထားတဲ့ ဒီ Old but Gold ဇာတ်ကားကောင်းလေးကိုကြည့်ရင်း အဖြေထုတ်ကြတာပေါ့ဗျာ......(ဇာတ်ကားနဲ့အညွှန်းကို Sai Thurein Lynn မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.6GB, ...
movie

Inkheart (2008)

2008