Channel Myanmar

Steve Wall

Dune: Part Two (2024) 8.8
Dune: Part Two (2024)  Dune: Part Two (2024) ထွက်ရှိလာပါပြီ...အညွှန်းကိုတော့ part 1က ဟာကိုပဲစပွိုင်လာရှောင်တဲ့အနေနဲ့ထည့်ပေးထားပါတယ်... သာမန် Sci- fic​တွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့Duneစာအုပ်​တွဲ​တွေကို မှီငြမ်းရိုက်ကူးထားတဲ့ဇာတ်လမ်း၊ ​Timotheé Chalamet, Zendaya, Oscar Issac,တို့အပါအဝင် ကောင်း​ပေ့ဆိုတဲ့ Cast​တွေ၊ Legendarysoundtrack ​တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ​ပြောင်​မြောက်လွန်းတဲ့ VFXနဲ့ CGI​တွေရဲ့ ​​ပေါင်းစပ်မှုအပြီးမှာDUNE 2021ဇာတ်ကားဟာ ပရိတ်သတ်​တွေ အ​​မျှော်လင့်ဆုံးဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။အနာဂတ်နှစ်​ပေါင်း၂၀၀၀၀​ကျော်မှာ အ​ခြေပြုထားတဲ့ ​ခေတ်လွန် Dune Universeထဲမှာ Known Universeကိုအုပ်ချုပ်​နေတဲ့ Emperorဆိုတာရှိပြီး သူတို့ရဲ့လက်​အောက်မှာ​တော့ Houses​တွေက နယ်​မြေအသီးသီးကို အုပ်ချုပ်ပါတယ်။ဒီဇာတ်လမ်းရဲ့ အဓီကအ​ကြောင်းရင်းက​တော့ House​Harkonnen​တွေ နှစ်​ပေါင်း၈၀ကြာ​​​အောင် အုပ်ချုပ်လာတဲ့Planet Dune တဖြစ်လဲ Planet Arrakisကို Emperorရဲ့အထက်အမိန့်အရ House Atreides​တွေကို ​ပြောင်းလဲအုပ်ချုပ်​စေခြင်းကစပါတယ်။ဒါ​ပေမဲ့ Harkonnen​တွေဟာ Arrakis ဂြိုလ်​​ပေါ်ကရတဲ့Spiceဆိုတဲ့အရာ​ကြောင့် ...
movie

Dune: Part Two (2024)

4K HEVC
Barber (2023) 5
Barber (2023) Barber (2023)~ IMDb - 5/10, Rotten Tomatoes - 75% ~ဒီကားလေးကတော့ လတ်တလောမှ ပူပူနွေးနွေးထွက်ရှိလာတဲ့ Crime, Drama, Mystery ကားလေးပါ။ Game of Thrones မှာ ပရိသတ်တွေရဲ့အချစ်များစွာကို ပိုင်ဆိုင်သွားခဲ့တဲ့ "Little Finger" သရုပ်ဆောင်မင်းသား Aidan Gillen က အဓိကဇာတ်‌ကောင် အလွတ်စုံထောက်ဗယ်လ်ဘာဘာ အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ဇာတ်အိမ်ကိုတော့ အိုင်ယာလန်နိုင်ငံ ကိုဗစ်လော့ဒေါင်းအချိန်ကာလအတွင်းကို တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဗယ်လ်ဆီကို မုဆိုးမအဖွားကြီးတစ်ယောက်က ဆာရာဆိုတဲ့ မြေးမလေးပျောက်ဆုံးမှုအတွက် အမှုလိုက်ပေးဖို့ လာငှားရမ်းရာကနေ စတင်ပါတယ်။ ဗယ်လ်တစ်ယောက် အမှုလိုက်ရင်း ရဲတပ်ဖွဲ့အင်စပက်တာနဲ့ ကျောင်းတော်ဟောင်းက ရန်စတွေအပြင် ဗယ်လ်ရဲ့သပွတ်အူလိုဘ၀ကိုပါ စိတ်၀င်တစားကြည့်ရှုရမှာပါ။ သာမန်လူပျောက်မှုလေးတင်မဟုတ်ဘဲ နောက်ကွယ်မှာ Plot Twist လေးတွေပါ ရှိနေတာမို့ အားလုံးပဲ ဗယ်လ်နဲ့အတူ ဆာရာကိုလိုက်ရှာကြည့်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe ...
movie

Barber (2023)

2023
Dead Shot (2023) 5.5
Dead Shot (2023) Dead Shot (2023)Imdb - 5.5 Rotten tomatoes - 78%Action, Mystery ကိုမှ သဘောကျပါတယ်ဆိုတဲ့ သူတွေအတွက် အသစ်သစ်စက်စက် ထွက်ရှိထားတဲ့ ၁၉၇၀ ခုနှစ်နောက်ခံ Dark thriller ဇာတ်ကား‌ကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။အိုင်းရစ်ရှ်လူမျိုး ရာဇဝတ်ပြေး တစ်ယောက်ဖြစ်တဲ့ မိုက်ကယ် အိုဟာရာ၊ Irish Republican Army ကို စိတ်ကုန်ငြီးငွေ့လာလို့ နေ့စေ့လစေ့ ကိုယ်ဝန်သည် ဇနီးဖြစ်သူနဲ့ ထွက်ပြေးမယ်အလုပ် အိုင်ယာလန် နယ်စပ်တစ်နေရာမှာပဲ SAS အဖွဲ့ရဲ့ အငိုက်ဝင်ဖမ်းခြင်းကို ခံရပါတယ်။ အကင်းပါးတဲ့ မိုက်ကယ်တစ်ယောက် လက်မတင်လေး လွတ်မြောက်သွားပေမဲ့လည်း ဇနီးဖြစ်သူကတော့ တင်းမာနေတဲ့အခြေအနေတွေကြား မတော်တဆ ကျည်သင့်သေဆုံးသွားခဲ့ရပါတယ်။အဆိုပါ စစ်ရာဇဝတ်မှုအတွက် ကံထူးရှင် လက်ဖြောင့်တပ်သားကတော့ SAS အရာရှိ ဟင်နရီပါတဲ့။ ဥပဒေဘောင်ထဲကဖြစ်နေတော့ အထက်အရာရှိတွေကိုလည်း အားကိုးမရဘဲ မရှူနိုင်မကယ်နိုင် ဖြစ်နေခိုက် ဘယ်ကမှန်းမသိတဲ့ ကယ်တင်ရှင်ကြီးတစ်ဦး ရောက်ချလာပါတယ်။ ထောင်ဒဏ်ကလွတ်မဲ့အပြင် စစ်မှုဆက်ထမ်းခွင့်လည်း ရဦးမယ်ဆိုပြီး ကမ်းလှမ်းလာတော့ ဟင်နရီခမျာ ဘာမှန်းမသိတဲ့အလုပ်တစ်ခုအတွက် မျက်စိစုံမှိတ်ပြီး တာဝန်ကျရာ လန်ဒန်မြို့ဆီ ...
movie

Dead Shot (2023)

2023
Fried Barry (2020) 5.6
Fried Barry (2020) Fried Barry (2020)===============ဂြိုလ်သားတွေက သင်တို့ရဲ့အနီးပတ်ဝန်းကျင်မှာ လျှောက်သွားနေတယ်လို့တွေးဖူးကြရဲ့လား။တွေးဖူးကြမယ်ဆိုရင်တော့ဒီဇာတ်ကားလေးကသင်တို့ကိုအကြိုက်တွေ့စေမှာပါ။ဘယ်ရီဟာခပ်ဆိုးဆိုးလူတစ်ယောက် . မကောင်းတာမှန်သမျှအကုန်လုပ်ပြီးမူးယစ်ဆေးလည်းစွဲနေခဲ့ပါတယ်။ တစ်နေ့မှာတော့ဘယ်ရီတစ်ယောက်မူးယစ်ဆေးသုံးနေရင်းစိတ်လွင့်သွားပြီး ဂြိုလ်သားတွေဆီရောက်သွားခဲ့ပါတယ်။ ဂြိုလ်သားတွေဟာသူတို့ရဲ့နည်းပညာတွေကိုသုံးပြီး ဘယ်ရီရဲ့ကိုယ်ထဲကိုဂြိုလ်သားတစ်ယောက်ကိုဝင်စေပြီးအစားထိုးခဲ့ပါတယ်။ အဲဒီနောက်မှာ ဘယ်ရီကိုယ်ထဲကို ဝင်နေတဲ့ဂြိုလ်သားက ကမ္ဘာမြေပေါ်မှာလျှောက်သွားရာမှာဘာတွေဆက်ဖြစ်မလဲ။ လူသားတွေနဲ့အံဝင်ဂွင်ကျဖြစ်ပါ့မလားဆိုတာကြည့်ရှုရမှာပါ(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ REX ပဲ ဖြစ်ပါတယ်။) File Size -  (970MB)/(540 MB) Quality – WEBRIP 720p/480p Duration - 1hrs 39min Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Horror, Sci-Fi Translator – REX Encoder – SWM
movie

Fried Barry (2020)

2020
The Hole in the Ground(2019) 6.0
The Hole in the Ground(2019) T he Hole in the Ground(2019)IMDb...6.0ဒီတစ်ခါတော့ horror ကားတွေသဘောကျတဲ့ ပရိတ်သတ်တွေ အတွက် 2019 ထွက် ကားသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်..ဆရာဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းသည်ရဲ့နှိပ်စက်မှုကြောင့် လူမမယ်သားငယ်ခရစ်ကို လက်ဆွဲပြီး တစ်နယ်တစ်ကျေးကိုထွက်ပြေးလာခဲ့တဲ့တယ်...ပြောင်းလာပြီးသိပ်မကြာခင်မှာပဲ သူမအတွက် အရမ်းထိတ်လန့်စရာ တစ်ခုထပ်ကြုံရပြန်တယ်...အဲ့ဒါကတော့  အိမ်နီးချင်း စိတ်မနှံ့သူအဖွားကြီးရဲ့ ကြောက်ရွံဖွယ်နောက်ခံဇတ်လမ်းတစ်ပုဒ်ကို သူမသိလိုက်ရတယ်...သူမ အဲ့ဒီအဖွားကြီးနဲ့ ထိတ်တိုက်မတွေ့ချင်ပေမယ့်လည်း တွေ့ခဲ့ရသလို သားငယ်ကလည်း တနေ့တစ်ခြားအမူအကျင့်တွေထူးခြားလာတယ်.... ..အဖွားကြီးက ဘာကြောင့် အရမ်းကြောက်စရာကောင်းတာလဲ....သူ့သားလေးကလည်း ဘယ်လိုတွေပြောင်းလဲလာတာလဲ....horror ကားကြိုက်သူတွေ ခံစားကြည့်လိုက်ပါဦးဗျို့File Size : (852MB) Quality : WEB-DL 720p, Format…mp4 Duration…01:30:00 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

The Hole in the Ground(2019)

2019