Channel Myanmar

Stewart Wright

A Good Year (2006) 7.0
A Good Year (2006) A Good Year (2006)IMDb Rating (6.9)ဒါရိုက်တာကြီး Ridley Scott ရဲ့  ထူးထူးဆန်းဆန်း Comedy,Romance,Drama ရုပ်ရှင်ဇာတ်ကားလေးပါ။မင်းသားကြီး Russell Crowe နဲ့ Taxi မင်းသမီးအဖြစ်မှတ်မှတ်ထင်ထင်ရှိရတဲ့ ပြင်သစ်မင်းသမီးချော Marion Cotillard တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့....ကလေးဘဝကတည်းက မိဘတွေ ဆုံးပါးသွားပြီး၊ ဦးလေးဟင်နရီရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရတဲ့မက်စ်စကင်နာ။ အရွယ်ရောက်တော့ လန်ဒန်မှာ အခြေချပြီး ဦးလေးဖြစ်သူနဲ့ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်တဲ့အထိအလုပ်အရမ်းလုပ်ရင်း ငွေနောက်အရမ်းလိုက်ရင်း တစ်ကိုယ်ကောင်းဆန်သူကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့သူတစ်ယောက် ဖြစ်မှန်းမသိဖြစ်ခဲ့ပါတော့တယ်။ဒါပေမဲ့ တနေ့ ဦးလေးဖြစ်သူ ဆုံးပါးသွားတဲ့အချိန်မှာတော့ ဦးလေးဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းရယူဖို့ ဖြစ်လာပါတော့တယ်။အဲဒီအတွက် နှစ်ပေါင်းများစွာ မရောက်ဖြစ်တဲ့ ငယ်ဘဝကြင်လည်ရာ‌ပြင်သစ်တောင်ပိုင်းက မြို့ငယ်က‌လေးကို သွားရောက်ရင်းငွေပုံကြားထဲမှာနေ့စဉ် ဘဝကိုဖြတ်သန်းနေရတဲ့ အသည်းမာသူ မက်စကင်နာရဲ့ဘဝအချိုးအကွေ့တွေက ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့.....။အေးအေးလေးနဲ့ချစ်စရာကောင်းတဲ့ရုပ်ရှင်ကားလေးမလို့ ကြည့်ရှုခံစားပေးပါဦး။ File size…(2.3 GB) / (1.1 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:57:31 Subtitle….Myanmar Subtitle ...
movie

A Good Year (2006)

Jungle Cry (2022) 8.1
Jungle Cry (2022) ဒီတစ်ခေါက်မှာတော့ Super 30 တို့လိုပုံစံ Hindi ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDB မှာ 8.1 ထိရရှိထားပြီး NDTV မှာလဲ 4.6/5 ထိရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း ============ကလေးတွေကို စာနဲ့ အားကစားသင်ပေးတဲ့ အင်စတီကျုတစ်ခုမှာ ရုဒရာဟာ အားကစားဆရာတစ်ယောက်ပါ။ ခရစ်ကတ်သည်သာ နိုင်ငံရဲ့အလေးအထားဆုံးဖြစ်နေတဲ့ အိန္ဒိယမှာ ဘောလုံးအားကစားတိုးတက်ဖို့ အသင်းထောင်ဖို့ ရွာတွေအထိ မိုင်ပေါင်းများစွာ သွားပြီးရွက်ပုံးသီးကစားသမားလေးတွေကိုရှာဖွေခဲ့သူပါ။ ဒါပေမယ့်တစ်နေ့မှာတော့ ပေါလ် ဆိုတဲ့သူရောက်လာပြီး လေးလ အတွင်း လန်ဒန်မှာကျင်းပမယ့် အမေရိကန်ဘောလုံး ရတ်ဘီပြိုင်ပွဲအတွက် သူရှာထားတဲ့အသင်းကို လုသွားတဲ့အခါမှာ ရတ်ဘီအားကစားကိုမကြားဘူးတဲ့ကလေးတွေ လန်ဒန်မှာ ဘယ်လိုပြိုင်ကြမလဲ။ ခရီးဝေးတောင်မသွားဘူးတဲ့ရွာကကလေးတွေလန်ဒန်မှာ ဘယ်လိုကြုံကြမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ လိုက်ပါစီးမျော ခံစားလိုက်ကြပါဦး  File size…2.08GB / 1.03GB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by ThuRa & Allena & OeliuJ & Lwin Htoo
movie

Jungle Cry (2022)

2022