Channel Myanmar

Stuart Wolfenden

In the Name of the Father (1993) 8.1
In the Name of the Father (1993)   ဒီရုပ်ရှင်ဟာ ၁၉၇၄ ခုနှစ်က အင်္ဂလန်နိုင်ငံ ဂေလ်ဖို့ဒ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ သားကောင်တွေဖြစ်တဲ့ ကွန်လန်မိသားစုအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။အချိန်ကာလအားဖြင့် ၁၉၇၄ ခုနှစ်ဖြစ်ပြီး ဗြိတိသျှအင်ပါယာ‌လက်အောက် ကျရောက်နေတဲ့ အိုင်ယာလန်နိုင်ငံကနေ ပေါက်ဖွားလာခဲ့တဲ့ အိုင်ယာလန် ရီပဗ္ဗလစ်ကန်အာမီ (Provisional IRA)ဟာ အင်္ဂလန်နိုင်ငံတဝှမ်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ဂေလ်ဖို့ဒ်ဗုံးခွဲမှုကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ ဗြိတိသျှစစ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ ထိုဗုံးခွဲတိုက်ခိုက်မှုမှာ ဗြိတိသျှစစ်သား ၄ ယောက် ပြည်သူ ၁ ယောက် သေဆုံးပြီး ၆၅ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဘဲလ်ဖက်စ်မြို့မှာနေထိုင်တဲ့ အလုပ်လက်မဲ့ လူငယ်တဦးဖြစ်တဲ့ ဂျယ်ရီကွန်လန်ဟာ နေအိမ်တစ်လုံးရဲ့ အိမ်ခေါင်မိုးပေါ်က သံတိုသံစကိုခိုးယူနေရင်းကနေ ဗြိတိသျှစစ်သားတွေက IRA စနိုက်ပါသမားအဖြစ် အထင်မှားပြီး ပစ်ခတ်ဖမ်းဆီးဖို့လုပ်ပါတယ်။ ဗြိတိသျှနဲ့ IRA အကြား မီးမွှေးခဲ့တဲ့ ဂျယ်ရီကို အဖေဖြစ်သူ ဂျစ်ဆပ်ပီကွန်လန်က ဂေလ်ဖို့ဒ်မြို့မှာ ...
movie

In the Name of the Father (1993)

Dead Man’s Shoes (2004) 7.6
Dead Man’s Shoes (2004) Dead Man's Shoes (2004) ================== Crime / Drama/ ThrillerOld but Gold ဖြစ်တဲ့ British ကားကောင်းလေးတွေကို ရှာဖွေ ကြည့်ရှုတတ်သူတွေအတွက် အလွန်သင့်တော်တဲ့ ရုပ်ရှင်ကားလေး တစ်ကားကို ညွှန်းပေးရမယ်ဆိုရင် ဒီရုပ်ရှင်ကားလေးဟာ ရှေ့ဆုံးကနေ နေရာယူထားလောက်မှာလည်းဖြစ်ပါတယ်။ဟိုးအရင်ကကားတွေကို အမူပိုတယ်လို့ ထင်တတ်တဲ့သူတွေတောင် ကြည့်ရအဆင်ပြေမယ့်ကားလေးတစ်ကားလည်းဖြစ်တဲ့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားလေးဟာ Drama/ Thriller အမျိုးအစားဖြစ်ပြီး Google Users ပေါင်း ၉၁% လောက် ကြိုက်နှစ်သက်ထားတဲ့ ကားကောင်း လေးပဲဖြစ်ပါတယ်။နာမည်ကျော်ကြားပြီး ကောင်းမွန်လှတဲ့အင်္ဂလန်စီးရီးတွေဖြစ်တဲ့ This is England(2010/2011/2015), The Virtues နဲ့ A Room For Romeo Brass(1999) တို့ကို ရိုက်ကူးခဲ့တဲ့ အင်္ဂလန်ဒါရိုက်တာ Shane Meadows ရဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် ကြည့်ရှုသင့်တဲ့ အင်္ဂလန်ကား ကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။ရုပ်ရှင်ကားဟာ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တာနဲ့အညီ ၉၀ ခုနှစ်အငွေ့အသက်တွေ ရနေမှာ အန်တိုနီနဲ့ ရစ်ချက်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ဇာတ်အိမ်ကောင်းကောင်းနဲ့ တည်ထားတဲ့ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် မလွတ်တမ်းအားပေးကြည့်ရှုပေးလှည့်ပါဦးခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ ...
movie

Dead Man’s Shoes (2004)

2004