Channel Myanmar

Subodh Bhave

Sajini Shinde Ka Viral Video (2023) 7.0
Sajini Shinde Ka Viral Video (2023) Sajini Shinde Ka Viral Video (2023) "ဒဏ်ရာများနဲ့ မီးအိမ်ရှင်" IMDb - 7.2/10ယောက္ခမ၊ချွေးမများနှင့် ကြိုးကြာနီဇာတ်လမ်းတွဲထဲမှာ ခပ်မိုက်မိုက်ကာရိုက်တာနဲ့ ပါဝင်ခဲ့တဲ့ မင်းသမီးချော ရာဒီကာမာဒန်ရဲ့ ရုပ်ရှင်အသစ်ကို Netflixကနေ ထုတ်လွှင့်ခဲ့ပါတယ်။ရုပ်ရှင်မင်းသမီးတစ်ယောက်ကကျ သောက်စားပျော်ပါးခွင့်ရှိပေမဲ့ ဆရာမတစ်ယောက်က အဲဒါမျိုးလုပ်ရင် ရာဇဝတ်မှုဖြစ်သွားရောလား....။ဒါက ဆာဂျီနီရှင်ဒီရဲ့မေးခွန်းတစ်ခု။ ဆာဂျီနီရှင်ဒီဆိုတာ အထက်တန်းကျောင်းက ရူပဗေဒဆရာမတစ်ယောက်။ ဆရာမဆာဂျီနီရှင်ဒီ သေကြောင်းကြံမယ့်စာတစ်စောင်ရေးထားခဲ့ပြီး ပျောက်ချင်းမလှ ပျောက်သွားခဲ့တယ်။ဒီစာထဲမှာလဲ သူ ဘာကြောင့် ဘယ်သူတွေကြောင့်လုပ်ရလဲဆိုတဲ့အကြောင်းပြချက်တွေသေချာရေးထားခဲ့တဲ့အခါမှာတော့။ ဒီကိစ္စက လူထုအကြားမှာ ဆူဆူပူပူဖြစ်လာတဲ့အတွက် ရဲတွေအနေနဲ့ အပြင်းအထန်စုံစမ်းရပါရော။ သမီးလိမ္မာတစ်ယောက်၊ ခေတ်မီတဲ့ဇနီးကောင်းတစ်ယောက်၊ ဆရာမကောင်းတစ်ယောက်အဖြစ်နဲ့ နေထိုင်ဖို့ကြိုးစားခဲ့တဲ့ ဆာဂျီနီရှင်ဒီ။သူဘာလို့ သတ်သေဖို့ကြံစည်ခဲ့တာလဲ၊ ရုပ်ရှင်ရဲ့နာမည်အတိုင်းပဲ သူ့ရဲ့ပျံနှံ့သွားခဲ့တဲ့ဗီဒီယိုကဘာလဲ၊ သူ့ကို အကောင်းပကတိအတိုင်းပြန်ရှာတွေ့မှာလားဆိုတာ ကြည့်ရှုအဖြေရှာကြပါဦးစို့။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.39GB / 586MB Quality…WEB DL 1080p /720p Format…mp4 Duration….1h ...
movie

Sajini Shinde Ka Viral Video (2023)

2023
Vaalvi(2023) 8.7
Vaalvi(2023) Vaalvi (2023) IMDb 8.5/10Drishyam ဇာတ်လမ်းနဲ့ပုံစံတူ လူသတ်မှုကို ရဲတွေ CCTV တွေ မျက်မြင်သက်သေတွေနဲ့ တစ်ပတ်လှည့်ပြီး အလီဘိုင်ရှာမဲ့ဇာတ်ကားမျိုးပဲဖြစ်ပါတယ် တစ်မိနစ်မှအလွတ်မခံချင်လောက်အောင်ဟာကွက်မရှိတဲ့ လူသတ်အစီအစဉ်တွေနဲ့ Drishyam ကိုလွမ်းနေမဲ့လူတွေအတွက်အလွမ်းပြေကြည့်ရှူနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်အာဗီနီ နဲ့ အာနီကတ်ဆိုတာက လင်မယားတွေ အိမ်ထောင်သက် ၁၄နှစ်ထဲဝင်လာပေမဲ့ကလေးမရတဲ့အပြင် အာ‌ဗီနီက စိတ်ရောဂါအထူးကုနဲ့ပြနေရတဲ့အထိကျန်းမာရေးမကောင်းဖြစ်နေသူပေါ့ ဒါကိုယောကျာ်းဖြစ်သူ အာနီကတ်ကစိတ်ကုန်နေပါတယ် စိတ်ကုန်တဲ့အပြင်ကို သွားဆရာဝန်မ ဒီဗီကာဆိုသူနဲ့ကြိတ်ပုန်းခုတ်နေခဲ့တာပါ ဒီတော့ ကြားထဲကစိတ်ရောဂါဝေဒနာသည်ကို‌အပျောက်ဖျောက်ဖို့အရေး နှစ်ယောက်ပေါင်းအကြံထုတ်ကြပါတော့တယ်သူတို့ရဲ့အစီအစဉ်ကတော့ CCTV ရှေ့ လူမြင်ကွင်းရှေ့မှာ အလီဘိုင်ရဖို့ပါ မိန်းမတို့ရဲ့ဉာဏ်နီဉာဏ်နက်ကို ဘယ်သူမှလိုက်မမှီတာမို့ ဒီလိုဟာကွက်မရှိတဲ့အစီအစဉ်က အောင်မြင်သွားမလားဆိုတာ ကြားထဲမှာရီရခက်ငိုရခက် plot twist တွေလဲပါသေးတာမို့ ကြည့်ရတာ ရင်တမမနဲ့ dark comedy ဆန်ဆန်လေးဖြစ်တာမို့ ပရိသတ်များကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ရှင် File size… 1.6GB /  788MB Quality…1080p WEB DL /720p Format…mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein ~BpL~Yunni
movie

Vaalvi(2023)

2023
Har Har Mahadev (2022) 7.8
Har Har Mahadev (2022) Har Har Mahadev (2022) Action, Drama, War IMDb 7.8/10 (1.6K)ဒီဇာတ်ကားလေးက အေဒီ ၁၆ရာစု မာရသာအင်ပါယာကြီးကို စတင်တည်ထောင်နေစဉ်ကာလအတွင်း ဘုရင်ချက်သရပတီရှီဗာဂျီနဲ့ သူ့အပေါင်းအပါတွေက နယ်ချဲ့လက်ပါးစေတွေကို တော်လှန်ခဲ့တဲ့ ဖြစ်စဉ်ကို ရုပ်ရှင်ရုံကားအဖြစ် ရိုက်ကူးတင်ဆက်ထားခြင်းပဲ ဖြစ်ပါတယ်။အတိအကျပြောရရင် ဒီဇာတ်ကားက ၁၆ရာစုနှောင်းပိုင်းမှာဖြစ်ပွားခဲ့တဲ့ ပဝန်းခင့်တိုက်ပွဲအကြောင်းကို အဓိကဇာတ်အိမ်တည်ထားပါတယ်...အဆိုပါတိုက်ပွဲမှာ ဘာဂျီပါရာဘူဒေ့ရှ်ပန်ဒေဦးဆောင်တဲ့ စစ်သည် ၃၀၀ ပါဝင်တဲ့တပ်စုဟာ စစ်သည်ရဲမက် ၁၂၀၀၀ ပါဝင်တဲ့ ဘီဂျာပူရီတပ်တွေကို တိုက်ထုတ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။မာရသာအင်ပါယာကြီးဟာ ပြိုကွဲနေခဲ့ပြီး အင်အားကြီးရှင်ဘုရင်ဆူတန်ဟာလည်း ဒီလိုပြိုကွဲနေအောင် အချင်းချင်းသွေးထိုးရန်တိုက်ပေးခဲ့ပြီး နယ်မြေအတွင်း သွေးချောင်းစီးစေခဲ့တယ်...။ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ မာရသာလူမျိုးတွေဟာ ဆိတ်တွေ ကျွဲတွေအတွက်နဲ့ အချင်းချင်း ရန်ဖြစ်သတ်ဖြတ်နေကြတဲ့အချိန်ပေါ့...။ဒီအဖြစ်ကို ရင်လေးမိနေတဲ့ ရှီဗာဂျီက နယ်မြေအားလုံးကို စုစည်းပြီး ဘုံရန်သူကို တိုက်ထုတ်ပစ်ဖို့ စွန့်စားပါတော့တယ်...။အဲ့ဒီလို တစ်နယ်ပြီးတစ်နယ်သိမ်းပိုက်လာရင်း မာဗယ်နယ်မြေ ၁၂ခုလုံးက တုန်လှုပ်ရတဲ့ ဘာဂျီပါရာဘူဒေ့ရှ်ပန်ဒေနဲ့ ထိပ်တိုက်တိုးမိလာတဲ့အခါ...။ဒီဇာတ်ကားလေးမှာ တိုက်ရေးခိုက်ရေးတွေကို ကောင်းကောင်းမြင်တွေ့ရမှာဖြစ်သလို နိုင်ငံရေးဉာဏ်အားပြိုင်မှုတွေကိုလည်း မြင်တွေ့ရမှာဖြစ်လို့ ကြည့်လိုက်ပါဦးနော်...။ File size…2.3GB  / 1.2GB Quality…1080p Zee5 WEB DL ...
movie

Har Har Mahadev (2022)

2022
Savita Damodar Paranjpe (2018) 8.2
Savita Damodar Paranjpe (2018) စိတ်ဆိုတဲ့ အရာဟာ သိပ်ကိုဆန်းကျယ်တယ် အထူးသဖြင့် တမလွန်ကူးပြောင်းနေတဲ့ စပ်ကြားအချိန်တွေမှာပေါ့ ရုတ်တရက် ကား တိုက်သေသွားလို့ မကျွတ်လွတ်နိုင်တဲ့ နာနာဘာဝတွေ အကြောင်းကြားဖူးမှာပါ စွဲလမ်းမှုလေးတစ်ခုကြောင့် ဘယ်ဘုံဘဝမှ မကူးနိုင်ပဲ အဲ့စွဲလမ်းမှုလေးနောက်တကောက်ကောက် လိုက်နေရတဲ့ သူတို့ဘဝကသေချာစဉ်းစား ကြည့်ရင်ကြောက်ဖို့ကောင်းပေမယ့်လို့ သနားစရာပါ ကဲ ဇာတ်လမ်းလေးကတော့ ရှာရတ်ဆိုတဲ့ စာရေးဆရာတစ်ယောက်မှာ သူသိပ်ချစ်တဲ့ ဇနီးသည်လေးရှိတယ်ပေါ့ အဲ့ဇနီးသည်နဲ့ သူညအိပ်ပြီဆိုတိုင်းတစ်ခုမ ဟုတ်တစ်ခုကဖြစ်တော့တာပဲ အဆိုးဆုံး ကတော့ သူ့မိန်းမဗိုက်တွေထထအောင့် တတ်တာပဲ ဆေးတွေလဲစုံ သမားတော်တွေ လဲ စုံပြီးကြံရာမရတော့တဲ့ ရှာရတ်ကြီး တစ်ယောက် သူ့အမျိုးထဲက အရွှတ်ခ်ဆိုတဲ့ သူငယ်ကိုသွားသတိရမိလေရဲ့ အရွှတ်ခ်ကဗေဒင်နက္ခတ်လက္ခဏာဗေဒတွေကို အတိုင်းတာတစ်ခုထိလိုက်စားဖူးထားတာကိုး အရွှတ်ခ်နဲ့သူ့မရီးဖြစ်သူ ပေးတွေ့ပြီးနောက် ပိုင် မြုပ်ကွယ်နေတဲ့ ဇာတ်လမ်းတစ်ပုဒ် ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ကိုယ့်ဘာသာပဲ download လုပ်ပြီး ကြည့်ရှုခံစားကြည့်ကြပါ ဒီဇာတ်ကားလေးဟာ thriller ဆိုတာထက် drama ဘက်ကို ပိုအလေးပေးသွားမယ့်ကားပါ ကုလားကားဆိုတဲ့အတိုင်း သီချင်းတွေကတော့ပြောစရာမရှိဘူး plot ကလဲ twist ဖြစ်မလိုလိုနဲ့ နဲနဲပေါ့တယ်မြင် မိတယ် ဒါကတော့ personal view ပါသရဲကားဆိုတာထက် drama ဘက်ကိုပိုဇောင်းပေးထားလို့ ထူးထူးခြားခြားခြောက်လှန့်တာတွေတွေ့ရမှာမဟုတ်ပါဘူး ဇာတ်လမ်းကရှည်ပေမယ့် ပျင်းဖို့တော့မကောင်းဘူး တစ်ကားလုံးစိတ်ဝင်တစားနဲ့ကြည့်သွားရမယ် တကယ်လဲ စိတ်ဝင်စားဖို့ကောင်းပါတယ် ending ပိုင်းမှာတော့ သရဲကားတိုင်းနဲ့မတူတဲ့ ending ပါ သူ့ဟာနဲ့သူတော့ အတော်လေးအဆင်ပြေ တဲ့ကားပါ ဒါ့ကြောင့် လဲ ...
movie

Savita Damodar Paranjpe (2018)

2018