Channel Myanmar

Sue-Lynn Ansari

The Hunger Games: Mockingjay – Part 2 (2015) 6.6
The Hunger Games: Mockingjay – Part 2 (2015) The Hunger Games: Mockingjay - Part 2 (2015)IMDb Rating (6.5) / Rotten Tomatoes (70%)ကတ်နစ်တို့တော်လှန်ရေးကိုနယ်မြေတိုင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်တာကြောင့် နယ်မြေ၂ကို ကတ်နစ်တို့အနေနဲ့ စည်းရုံးသိမ်းသွင်းဖို့လိုအပ်လာပါတယ်။ ကတ်နစ်ရဲ့ဘေးနားမှာအမြဲရှိနေပေးခဲ့တဲ့ဂေးလ်မှာ အရင်နဲ့မတူညီတဲ့စိတ်တွေကိုလဲ ကတ်နစ်တစ်ယောက်မြင်လာပါတော့တယ်။ ကတ်ပီတယ်ရဲ့မြှပ်ကွယ်တဲ့ထားတဲ့ဗုံးတွေ လက်နက်တွေကို ရှာဖွေတဲ့ရှေ့တန်းကိုကတ်နစ်ရောက်လာပြီးတော့ တခြားသောတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ စနိုးကိုဖြုတ်ချဖို့အတွက်ကြိုးစားကြပါတော့တယ်။ဒါပေမယ့် အချိန်တွေကြာလာလေလေ ကတ်ပီတယ်ရဲ့လက်နက်တွေကြားမှာပါဝင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေပေးလိုက်ရလေလေနဲ့ပဲ နောက်ဆုံးအချိန်ထိ ကတ်နစ်တို့တောင့်ခံပြီးတော့ စနိုးကိုရင်ဆိုင်သွားနိုင်ပါ့မလား။တကယ်လို့ သူတို့အနေနဲ့ စနိုးတို့တည်ရှိနေတဲ့ ကတ်ပီတယ်ကိုရင်ဆိုင်တိုက်ခိုက်ပြီးသွားတဲ့အချိန်မှာ အောင်နိုင်သူတွေဖြစ်ကြတဲ့ ကတ်နစ်အဲဗာဒင်းနဲ့ ပီတာမယ်လော့ခ် ၊ဂေးလ်တို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကရော နောက်ဆုံးဘယ်လို့အဆုံးသတ်သွားနိုင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။အိမ်မက်ဆိုးတွေဟာလူတိုင်းမှာရှိကြပါတယ်။ ဒီအိမ်မက်ဆိုးတွေဟာ ဘယ်တော့မှထွက်ခွာသွားကြမှာ မဟုတ်ဘူးဆိုတာကိုလဲ သိကြမှာပါ ဒီတော့ ဒါကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပဲ.......။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:16:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Myo Nyunt
movie

The Hunger Games: Mockingjay – Part 2 (2015)

2015
4K HEVC
Joe Dirt 2: Beautiful Loser (2015) 5.0
Joe Dirt 2: Beautiful Loser (2015)  ဆံပင်ရှည်ရှည်အူကြောင်ကြောင် ဂျိုးဒတ်ကတော့ 2005 ခုနှစ်မှာJoe Dirt 2 Beautiful Loser ဆိုတဲ့ဇာတ်ကားနဲ့ ပြန်လာခဲ့ပါပြီ။ပထမကားကိုကြည့်ပြီးတဲ့ လူတွေကတော့သိကြမှာပါ။ဂျိုးဒတ်ဆိုတာပိန်းတိန်းတိန်းနဲ့ အမြဲတမ်းကံဆိုးနေသူတစ်ယောက် အနိုင်ကျင့်ခံရနေသူတစ်ယောက် သူ့လောက်ကံဆိုးတာလည်းသူပဲရှိတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ဘယ်တော့မှလောကကြီးကို အရှုံးမပေးပဲရှေ့ဆက်လျှောက်လှမ်းတဲ့အတွက်နာမည်ကြီးလာခဲ့ပြီး သူ့ကိုစံနမူနာထားတဲ့လူတွေပါရှိလာခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့ ဂျိုးဒတ်ကသူချစ်ရတဲ့ ဘရန်ဒီနဲ့ ဆေးလ်ဗားတောင်းဆိုတဲ့မြို့လေးမှာပဲလက်ထပ်ခဲ့ပြီး သမီးလေးသုံးယောက်မွေးဖွားခဲ့ပါတယ်။ဒါပေမယ့်ဂျိုးဒတ်ရဲ့ထုံးစံအတိုင်း အိမ်ထောင်ဦးစီးဖြစ်လာခဲ့ပေမယ့် တခြားလူတွေကသူ့ကိုအနိုင်ကျင့်တာကိုမိန်းမနဲ့ ကလေးဖြစ်သူတွေကမြင်သွားတဲ့အခါမှာတော့ စိတ်ဓာတ်တွေဘုန်းဘုန်းကျသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ ကလေးတွေရဲ့ ယုံကြည်မှုအားကိုးမှုကို ပြန်ရဖို့အခွင့်အရေးတစ်ခုရလာတဲ့အခါမှာဆုပ်ကိုင်လိုက်ရင်း သူတောင်မမွေးသေးတဲ့ အတိတ်ကာလကိုပြန်ရောက်သွားပါတော့တယ်။အဲ့လို အတိတ်ကိုပြန်ရောက်သွားတဲ့အခါမှာတော့ပျော်ရွှင်သာယာနေခဲ့တဲ့ ဂျိုးဒတ်ရဲ့ဘ၀လေးကအစက နေတစ်ဖန်ပြန်လည်စတင်ရပါတော့တယ်။ဒါပေမယ့် သူ့ရဲ့တုံးအမှုတွေ လွဲချော်မှုတွေကြောင့်ဘ၀ကအရင်ထက်ပိုခက်ခဲသွားတဲ့အခါမှာတော့ ဘယ်လိုအခက်အခဲတွေ ဟာသတွေကိုကျော်ဖြတ်ရင်းအနာဂတ်ကိုပြန်ရောက်အောင်ကြိုးစားမလဲဆိုတာကိုကြည့်ရမဲ့ Joe Dirt နောက်ဆက်တွဲဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…1.99GB / 887MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 47m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Joe Dirt 2: Beautiful Loser (2015)

The Free World (2016) 6.1
The Free World (2016) The Free World (2016) ================= IMDb Rating - 6.1/10၁၅ နှစ်သားကတည်းက ထောင်ထဲကို ဝင်သွားရတဲ့ ကောင်လေးတစ်ယောက်ရှိသတဲ့။ ဟင့်အင်း၊ သူဘာမှမလုပ်ခဲ့ဘူး။ သူအမြဲပြောတတ်တဲ့စကားတစ်ခွန်းရှိတယ်။ ကျွန်တော် လက်ဖျားနဲ့တောင် မတို့ခဲ့ပါဘူးတဲ့။ ဒါပေမဲ့ဗျာ၊ လူ့ယဉ်ကျေးတို့ အသိုင်းအဝိုင်းက တရား ဥပဒေ ဘက်တော်သားပါဆိုတဲ့ အဖွဲ့လိုက်ကြီးက သူ့ကို သံတိုင်တွေနောက်ပို့ခဲ့တယ်။ ဒီကောင်လေးက တီဗီမင်းသားပေါ့လေ။ မသိတဲ့သူမရှိ။ ရဲတပ်ဖွဲ့ဝင်ဆိုတဲ့အကောင်တွေတိုင်း သူ့ကိုမြင်ရင် သင်္ကာမကင်းဖြစ်၊ အနိုင်သွားကျင့်ချင်တဲ့ ‌ခွေးစိတ်တွေပေါက်လာကြရော။ သူ့ကိုစွပ်စွဲခဲ့တဲ့အမှုက ကြီးကျယ်လွန်းတော့ မှုခင်းတီ‌ဗီမှာ မသိသူမရှိတဲ့ကောင်လေး။ ဒီတော့ ကြက်သီးထလောက်စရာ ပြစ်မှုကြီးရဲ့တရားခံက တရားဥပဒေဘက်တော်သားပါဆိုတဲ့ကောင် တွေအပေါ် ငါးသလောက်ပြုံး ပြုံးနေတဲ့အချိန် ဒီလူငယ်လေးက လေးဘက်လေးတန် သံတိုင် တွေကြားမှာ။ထောင်ထဲမှာ အနိုင်ကျင့်ရမ်းကားမှုတွေကြား ဒီလူငယ်လေး ကြမ်းတမ်းလာတယ်။ လူဆိုးရင့်မာ ကြီးတွေကိုယ်တိုင် လက်ရှောင်ရတဲ့ ဖိုက်တာအကြမ်းစားကြီး။ အခန်းဖော်ကို ပြဿနာရှာလို့ မျက်လုံးတစ်ဖက် ဖောက်ထုတ်ပစ်လိုက်တာ သူ့ကို ဒဏ္ဍာရီမှာ မျက်လုံးတစ်လုံးပဲရှိတဲ့သတ္တဝါ ရဲ့ အမည်ဝိုင်းပေးလိုက်ကြတယ်။ ဆိုက်ကလော့ပ်ကြီးတဲ့။တစ်ခါကလည်း သူ့အတွက် ထောင်ထမင်းကို တမင်ညစ်ပြီး မကျွေးတဲ့ထောင်စောင့်တစ်ယောက်ကို ခေါင်းရိုက်ခွဲလိုက်တာ နှစ်လလောက် ကိုးမားဝင်သွားသတဲ့။ ...
movie

The Free World (2016)

2016
Keanu(2016) 6.2
Keanu(2016) Keanu (2016)============IMDb - 6.2 Rotten tomatoes - 78%ဟာသဇာတ်မြူးကားကောင်းတွေကိုလွမ်းနေကြတဲ့ပရိသတ်တွေအတွက်Key & Peel လို့လူသိများတဲ့ ဟာသသရုပ်ဆောင်နှစ်ယောက်ရဲ့ ဟာသဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ မင်းသားကြီး ကီနူး ရီဗ်ကကြောင်လေး "ကီနူး" နေရာမှာအသံသရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရရင် ကောင်မလေးကထားသွားလို့ အသည်းကွဲနေတဲ့ရဲလ်ရဲ့အိမ်ရှေ့ကိုကြောင်လေးတကောင်ရောက်လာခဲ့တာမလို့  မြင်မြင်ချင်းမှာပဲမွေးစားဖို့ဆုံးဖြတ်လိုက်ပြီး "ကီနူး" လို့အမည်ပေးလိုက်ပါတယ်။ဒါပေမဲ့ ဒီကြောင်လေးက သာမာန်လမ်းဘေးကြောင်လေးမဟုတ်ပဲ အယ်လ်အေကမူးယစ်ရာဇာတယောက်က မွေးထားတဲ့ ကြောင်လေးဖြစ်နေတာပါ။ဒီလိုနဲ့တနေ့မှာ ရဲလ်တယောက် သူ့ရဲ့အကိုဝမ်းကွဲဖြစ်တဲ့ ကလဲရန့်စ်နဲ့အတူရုပ်ရှင်ကြည့်ပြီး အိမ်အပြန်မှာအိမ်အဖောက်ခံရပြီး ကီနူး အခိုးခံခဲ့ရပါတယ်။ဒီလိုနဲ့သူတို့ယောက်အတူ လိုက်လံစုံစမ်းကြည့်လိုက်တဲ့အခါမှာ ကီနူးကိုလူဆိုးဂိုဏ်းတဂိုဏ်းကခိုးသွားတာမလို့ သူတို့လည်း ကီနူးကိုပြန်ရအောင်လုပ်ရင်းဘယ်လိုအရှုပ်ထုတ်တွေထဲဝင်ပါမိသွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါးရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ ဟာသကားကောင်းလေးတကားဖြစ်တာမလို့ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျ။ File size…1.19GB / 598MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt
movie

Keanu(2016)

Reminiscence (2021) 7.1
Reminiscence (2021) IMDb Rating (7/10)Nick Bannister (Hugh Jackman) ကစစ်ပြန်တစ်ယောက်၊ သူ့လက်ထောက် Watts (Thandie Newton) နဲ့ အလုပ်စပ်တူလုပ်ကြတယ်.. သူတို့လုပ်တဲ့အလုပ်ကတော့ စိတ်ဝင်စားစရာပါ... အတိတ်ကိုပြန်တမ်းတလွမ်းဆွတ်နေတဲ့ လူတွေကို စက်ကိရိယာတွေဆေးဝါးတွေ အကူအညီနဲ့ သူတို့တမ်းတနေတဲ့အတိတ်ဆီကို တစ်ဖန်ပြန်ပြီးခေါ်ယူသွားပေးနိုင်တဲ့ Reminiscence လို့ ခေါ်တဲ့ ပရိုဂရမ်တစ်ခုကိုလုပ်ကြတာပါပဲအတိတ်လောက်စွဲလန်းစေတဲ့အရာ ဘယ်အရာမှမရှိဘူးမဟုတ်လား? လူတွေဟာ သူတို့ချစ်ရတဲ့သူတွေနဲ့ နောက်တစ်ကြိမ်တွေ့ခွင့်ရချင်ကြတယ်၊ ဘဝရဲ့အဓိပ္ပါယ်အရှိဆုံးအချိန်လေးတွေမှာ ပြန်လည်နေထိုင်ချင်ကြတယ်မဟုတ်လား?ဒီလိုနဲ့ ရည်ရွယ်ချက်ကြီးမားတဲ့ သူတို့လုပ်ငန်းဆီကို Mae (Rebecca Ferguson) ဆိုတဲ့မိန်းမလှလေးတစ်ယောက် ရောက်လာပါတယ်.. သူ့ပြသနာကတော့ အိမ်ခန်းသော့ပျောက်နေလို့ပါတဲ့ ပြီးခဲ့တဲ့မနက်က သူ့အတိတ်ဆီပြန်ခေါ်သွားပေးဖို့တောင်းဆိုလာပါတယ်.. Watts ကသဘောမတူချင်ပေမယ့် အဲ့ဒီမိန်းကလေးကိုမြင်မြင်ချင်းစွဲလန်းသွားမိတဲ့ Nick ကတော့ချက်ချင်းသဘောတူပြီး ကောင်မလေးကိုလိုက်လျောရာကနေ သူတို့နှစ်ဦးဇာတ်လမ်းဖြစ်သွားပါတော့တယ်။ဒါပေမယ့် တစ်နေ့မှာတော့ ဆူးညှောင့်ခလုတ်မရှိသာယာနေတဲ့ သူတို့ဇာတ်လမ်းလေးကနေ Mae တစ်ယောက်ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ အတိတ်တွေဟာ အမြဲမလှပနိုင်ဘူးလေ... တစ်ခါငိုရရင် တစ်ခါမကပြုံးခဲ့ဖူးတာလဲ မင်းမမေ့နဲ့ဦးဆိုတဲ့ သီချင်းလိုပဲပေါ့.. ဘဝတွေက ဆင်းရဲရင် ပိုနက်နဲရှုပ်ထွေးတတ်တာပဲ...ကဲ...ဒီတော့ Mae တစ်ယောက် ဘာကြောင့်ပျောက်သွားတာလဲ... သူ့ရဲ့အတိတ်တွေကရော ဘာတွေဖြစ်နေမလဲ... အတိတ်ကိုတူးဖော်မယ့် Reminiscence နဲ့အတူ လိုက်ပါစီးမျောကြည့်ကြပါစို့။  File size…(2 GB) / (1.1 GB) ...
movie

Reminiscence (2021)

The Big Short (2015) 7.8
The Big Short (2015) The Big Short (2015) Won 1 Oscar... Another 37 wins & 80 nomination IMDb….7.8/10_____Rotten….88% [Unicode]The Big Shortစကားဦးသန်းချင်တာကတော့ ရုပ်ရှင်တစ်ကားကို ချဉ်းကပ်တဲ့အခါ အပျင်းပြေကျော်ကြည့်ချင်ရုံသက်သက်ဆို ဒီရုပ်ရှင်ကို လက်ရှောင်သင့်ပါတယ်။ ဘာတစ်ခုမှနားလည်လိုက်မှာ မဟုတ်ပါဘူး။ The Wolf of Wall Streetတို့ Moneyballတို့လိုကားတွေကြိုက်တယ်ဆိုရင်တော့ ဒီကားက ခင်‌ဗျားအတွက်ပါပဲ။ဒီရုပ်ရှင်ကို Brad Pittရဲ့ Plan B Productionက ထုတ်ထားပြီး Brad Pittကိုယ်တိုင်ပါတဲ့အပြင် Christiain Bale, Steve Carell,Ryan Glosingတို့ရဲ့ မှော်ဝင်မှုတွေလည်း ခမ်းနားပါတယ်။ Margot Robbieနဲ့ Selena Gomezတို့လည်း ဧည့်သည်သရုပ်ဆောင်အဖြစ်ပါပါတယ်။ Best adapted Screenplay awardနဲ့ အော်စကာရခဲ့ပြီး Baleရဲ့ Best supporting Acotrအပါအဝင် ဆန်ခါတင်လေးဆုဝင်ထားပါတယ်။ 2010မှာထွက်ခဲ့တဲ့ The Big Shortဆိုတဲ့ စာအုပ်ကို ရိုက်ထားတာပါ။2008တုန်းက Financial Crisis ဘဏ္ဍာရေးပျက်ကပ်တစ်ခု ဖြစ်ခဲ့တယ်။ အမေရိကန်သမိုင်းမှာ ဒီ့ထက်ကြီးတာဆိုလို့ ၁၉၃၀က Great Depression စီးပွားပျက်ကပ်ပဲကျန်ပါတယ်။ ကျောက်တုံးကို တူနဲ့ထုခွဲရင် ကျောက်တုံးကွဲတာ နောက်ဆုံးထုချက်ကြောင့်သက်သက်မဟုတ်ပါဘူး။ အရှေ့က အားစိုက်မှုတွေပါပါတယ်။ဒီဖြစ်ရပ်က ၂၀၀၈မှာ ဖြစ်ခဲ့တယ်ဆိုပေမယ့် ဘယ်အဖြစ်အပျက်ကမှ ဝုန်းခနဲကျကွဲသွားမတတ်ပါဘူး။ ၂၀၀၅ကတည်းက ဘွန်းတွေရဲ့ ...
movie

The Big Short (2015)

Five Feet Apart (2019) 7.1
Five Feet Apart (2019) သင်တို့သင်တို့သိပ်ချစ်ရတဲ့ ချစ်သူကိုလက်လွှတ်ဆုံးရံှူးရရင်အရမ်းကိုဝမ်းနည်းနေကြမှာလား...သိပ်ကိုဝမ်းနည်းကြမှာပေါ့ ... ကိုယ်သိပ်ချစ်ရတဲ့လူပဲလေ...ထပ်မေးချင်တာက သင်တို့ရဲ့ချစ်သူ စိတ်ကောက်နေတဲ့အခါမှာအနားမလာနဲ့ ဖုန်းမဆက်နဲ့လို့ ပြောလိုက်ရင်သင်တို့အရမ်းကို ကမ္ဘာပျက်မတတ်ခံစားကြမှာလား...သိပ်ကိုခံစားကြမယ်ထင်ပါတယ်...ဘာလို့လဲဆိုတော့ သင်တို့ချစ်ရဲ့ချစ်သူကောင်လေးတွေ ကောင်မလေးတွေရဲ့အနားမှာ သင်တို့သိပ်ကိုနေချင်ကြတာကိုး...ဒါပေမယ့်  ဒီကားထဲကကောင်လေးနဲ့ကောင်မလေး နှစ်ယောက်လိုအဖြစ်မျိုးဆိုရင်တော့သင်တို့ဘယ်လိုမှ ခံစားနိုင်မှာမဟုတ်လောက်ပါဘူး....သူတို့လောက်လည်း ချစ်နိုင်မယ်မထင်ပါဘူး...ကားလေးကတော့ ရိုးရိုးလေးနဲ့ ဆယ်ကျော်သက်အရွယ်ရောဂါသည်လူနာလေးနှစ်ယောက်ရဲ့သနားစရာအချစ်ပုံပြင်လေးကို ဇာတ်အိမ်တည်ထားတာပါ....Rating 7.1 အထိရရှိထားတဲ့ ဒီကားလေးထဲမှာတော့riverdaleရဲ့မင်းသားချောလေး cole sprouseပါဝင်သရုပ်ဆောင်ထားပါတယ်cystic fibrosisလို့ခေါ်တဲ့မွေးရာပါမျိုးရိုးဗီဇအရရောဂါရှိတဲ့သူတွေအကြောင်းကိုဒရမ်မာဆန်ဆန်ရိုမန်တစ်ဆန်ဆန်ရိုက်ကူးထားတာပါရောဂါရှိတဲ့သူတွေအချင်းချင်းအနားကပ်ထိတွေ့မိရင်ရောဂါပိုဆိုးရွားလာနိုင်တာကြောင့်တစ်ယောက်နဲ့တစ်ယောက်ခြောက်ပေအကွာမှာနေရမယ်ဆိုတဲ့စည်းမျဉ်းကြီးတစ်ခုရှိပါတယ်(ကားနာမည်ကဘာလို့five feet apartလည်းဆိုတာတော့ဇာတ်လမ်းထဲမှာကြည့်ကြည့်လိုက်ပါနော်)ရောဂါရှိတဲ့သူနှစ်ယောက်ဆေးရုံတစ်ရုံထဲမှာတွေ့ပြီးတစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားတဲ့အခါ...ကိုယ်ချစ်ရတဲ့သူကိုထိတွေ့ဖို့မပြောနဲ့အနားတောင်ကပ်ခွင့်မရှိတဲ့သူတို့ဘဝလေးနှစ်ခုနောက်ဆုံးမှာအဆုတ်အစားထိုးကုသခွင့်ကိုကောင်မလေးကရလာတဲ့အခါမှာ...ကောင်လေးကိုအသက်တမျှချစ်တဲ့ကောင်မလေးဘာတွေလုပ်မလဲ...ကောင်လေးကရောအသက်ရှင်နိုင်မလားဆိုတာတွေကိုတဝကြီးငိုပြီးကြည့်ရမှာပါ ...ဒီကားလေးကိုကြည့်ပြီး သင်တို့လည်းသင်တို့ချစ်သူတွေကို ၆ ပေအကွာမပြောနဲ့  ၁ ပေအကွာမှာတောင်နေလို့ရလား ....သူပျော်နေတာလေးကိုပဲ အဝေးကြီးကနေ ကြည့်နေနိုင်လား...တကယ်လို့ အဲလိုမနေနိုင်ဘူးဆိုရင် အနားမှာရှိတဲ့ချစ်သူကို ချစ်နိုင်တုန်းရတဲ့ အချိန်လေးမှာ ချစ်ကြပါ...ဒီကားလေးကြည့်ပြီး ချစ်တဲ့လူတိုင်းခံစားနိုင်ကြပါစေ....File Size : (1 GB) & ( 414 MB)Quality : WEB-DL 720pRunning Time :  1 hr 56 minFormat : Mp4Genre : Drama , RomanceSubtitle ...
movie

Five Feet Apart (2019)

2019
Daddy’s Home (2015) 6.2
Daddy’s Home (2015) Daddy's Home (2015)_____IMDb - 6.2/10  IMDb rating 6.2/10 ရရှိထားပြီး ဖခင်(ပထွေးတယောက်နဲ့ ဖခင်အရင်းတယောက်တို့ရဲ့ မိဘ မေတ္တာကိုပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်) ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားတွေကလည်း ပရိတ်သတ်ကြီးနဲ့ မစိမ်းတဲ့ Will Ferrell, Mark Wahlberg မင်းသားကြီး ၂ယောက်က ပါဝင်သရုပ်ဆောင်ထားတာ ဆိုတော့ ဇာတ်ကားက ကောင်းတယ် မကောင်းဖူးကတော့ မပြောတော့ပါဘူး ပရိတ်သတ်ကြီးကပဲ ကိုယ့်ဖာသာဒေါင်းယူကြည့်ပြီး ဆုံးဖြတ်ကြပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ခရစ်စမတ်ကျောင်းကပွဲအတွက် အဖေ ၂ယောက် အပြိုင်အဆိုင် ရွေးချယ်ခံရဖို့ကို ကြိုးစားကြပုံကို ရိုက်ကူးပြထားတာပါ။ ပထွေးဖြစ်သူ Mark Wahlberg ဟာ သူ့ မယားပါ ကလေးတွေကို နားလည်မှုရရှိရန် ကြိုးစားနေတုန်းမှာဘဲ မထင်မှတ်ထားတဲ့ ဆာရာ (Linda Cardellini) ရဲ့ အရင်ယောကျာ်း Will Ferrell, ရောက်ရှိလာတဲ့ အခါမှာတော့ ဘယ်လိုတွေဆက်လတ်ဖြစ်ပျက်ကြမယ်ဆိုတာကတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါတော့ဗျာ(ဒီဇာတ်ကားမှာ ပထွေးတယောက်ရဲ့ ခံစားချက်ကို ထိထိမိမိပုံဖော်ပြထားလို့ ပထွေးဖြစ်အောင်ကြိုးစားကြည့်ကြပါလို့) File size...(620 MB)   Quality...720p Format...mp4 Duration....01:36:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay    အစမ်းကြည့်ရန် 
movie

Daddy’s Home (2015)

2015