Channel Myanmar

Suhasini Mulay

Music School (2023) 7.7
Music School (2023) Music School (2023) IMDb-9/10IMDbကတော့ နိုင်းလောက်ရှိသဗျို့။ the sound of music ဆိုတဲ့ ဂန္တဝင်တေးဂီတကားကြီးကို အခြေခံထားတဲ့ဇာတ်လမ်း။3Idiotsထဲက အဆောင်တွေလက်ဖွဲ့တွေယုံကြည်သူ ရာဂျူး ခေါင်းဆောင်ပါဝင်ထားတဲ့ဇာတ်လမ်း။ ဂီတကားဖြစ်တဲ့အတွက် ဂီတကိုချစ်မြတ်နိုးတဲ့သူတွေ နှစ်သက်သဘောကျစေမှာပါ။သားသမီးတွေကို ပညာရေးပဲအာရုံစိုက်စေချင်ပြီး အင်ဂျင်နီယာကြီး ဆရာဝန်ကြီးတွေဖြစ်စေချင်ပေမယ့် လူငယ်တွေရဲ့ ရင်ထဲကရူးသွပ်တဲ့ ဂီတအနုပညာကိုနားလည်မပေးကြ။ငါ့သား ငါ့သမီးလေးက အတန်းထဲမှာ အဆင့်တစ် ထိပ်ဆုံးကဆိုပြီး လက်မထောင်ချင်ကြတဲ့မိဘတွေ။ ဒီလိုမိဘတွေရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကြားကနေပဲ ရင်ထဲကပေါက်ဖွားလာတဲ့အနုပညာကို ပုံဖော်ကြတဲ့ လူငယ်လေးတွေရဲ့ကြိုးစားအားထုတ်မှုတွေ ဖန်တီးတင်ဆက်နိုင်ပုံတွေကို တေးဂီတဆရာမနဲ့ ပြဇာတ်ဆရာတို့က ဦးဆောင်လမ်းပြပြီး ဂန္တဝင်တေးဂီတပြဇာတ်တစ်ပုဒ်ကို ဖန်တီးတင်ဆက်ထားပါတယ်။စာကြွင်းအနေနဲ့ ကျွန်တော်က နာမည်ကြီးသီချင်းတွေ ဘာတွေကို ဇာတ်ဝင်တေးယူသုံးထားရင် သဘောကျတဲ့ထဲပါပါတယ် တိုက်ဆိုင်သွားတတ်တာပေါ့ ဒီဇာတ်ကားလေးက အိန္ဒိယကားဆိုပေမဲ့ အပိတ်သီချင်းလေးက " so long farewell auf wiedersehen goodbye" ဆိုတဲ့ The sound of music ဂန္တဝင်တေးကိုပဲ အကနဲ့ဖျော်ဖြေထားတဲ့ပုံက ကျွန်တော်သိပ်ကြိုက်ခဲ့တဲ့ Ted Lasso စီးရီးထဲက နည်းပြကြီး Ted Lasso ကို နှုတ်ဆက်ခန်းကို ပြန်သတိရသွားတာမို့ မျက်ရည်လေးများတောင့်စို့မိတဲ့ ပီတိအရသာလေးရတာမို့ ရင်ဘတ်ချင်းတူမဲ့ ဘော်ဒါတွေအတွက် ...
movie

Music School (2023)

2023
(18+)Rang Rasiya (2008) 7.0
(18+)Rang Rasiya (2008) Rang Rasiya (2008) Biography, Drama, Romance IMDb 7.0/10 (2K)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ၁၉ရာစုနှစ်လောက်က အောင်မြင်ကျော်ကြားလူသိများခဲ့တဲ့အပြင် အငြင်းပွားဖွယ်ကိစ္စရပ်များကို ဖြစ်ပေါ်စေခဲ့တဲ့ အိန္ဒိယပန်းချီဆရာ ရာဂျာရဗီဗာမာရဲ့အတ္ထုပ္ပတ္တိကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။သူဟာ ဘုရားသခင်တွေရဲ့သရုပ်ပုံစံကိုတောင် စတင်ရေးဆွဲခဲ့တဲ့ အာဂသတ္တိခဲတစ်ယောက်ပဲ ဖြစ်သလို သူ့အနုပညာအရည်အသွေးကိုပြသဖို့ ဝတ်လစ်စလစ်ပန်းချီတွေကိုလည်း ရေးဆွဲဖို့ လက်မတွန့်ခဲ့သူတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက ပန်းချီဝါသနာကိုပါခဲ့သလို သူရေးဆွဲခဲ့တဲ့ ပန်းချီကားချပ်တိုင်းဟာလည်း အားလုံးကို အံ့ဩမှင်သက်စေခဲ့ပါတယ်။မွေးဖွားရာဇာတိမြေဖြစ်တဲ့ ထရာဗန်ကိုးတိုင်းပြည်မှာ ငယ်စဉ်ကတည်းက ရှင်ဘုရင်ရဲ့ ချီးမြှောက်ခြင်းကိုခံခဲ့ရပြီး အရွယ်ရောက်လာတော့ မင်းသမီးတစ်ပါးနဲ့ လက်ဆက်ခွင့်ရခဲ့တယ်။ ပြီးနောက် မဒရာဆ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာပန်းချီပြိုင်ပွဲမှာလည်း ဘုရင်ခံက ချီးမြှင့်တဲ့ အိန္ဒိယဂုဏ်ဆောင်ရွှေတံဆိပ်ဆုရခဲ့တဲ့အပြင် ထရန်ဗန်ကိုးဘုရင်ဟာလည်း ရာဂျာ(ရာဇာ)ဆိုတဲ့ဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီခေတ်အခါက ရှင်ဘုရင်တွေကိုမှ တပ်ခေါ်ခွင့်ရှိတဲ့ ဘွဲ့နာမည်တစ်ခုပါ။သူ့ရဲ့အသွေးအသားထဲမှာ အနုပညာသွေးတွေ စီးဆင်းနေတော့ သူ့အတွေးအခေါ်တွေကို တော်ရုံလူတွေ လိုက်မမှီခဲ့သလို အပုပ်ချချင်တဲ့လူတွေဟာလည်း ရန်ငြှိုးတွေထားခဲ့ကြပါတယ်။ဒီလိုနဲ့ ဘုရားကျောင်းပေါင်း ၁၈၀၀၀ နီးပါးကို အပိုင်စားရထားတဲ့ ဓမ္မသတ်မှူးနဲ့ အငြင်းပွားခဲ့ပြီးနောက်မှာတော့ သူ့ဘဝဟာ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို Murder 3 ထဲက မင်းသား ရန်ဒီပ်ဟူဒါက ...
movie

(18+)Rang Rasiya (2008)

2022
Deewangee (2002) 6.5
Deewangee (2002) မင်းသားကြီးအဂျေးနဲ့အရှေးခန်နာ...မင်းသမီး Urmila Matondkar တို့ပါဝင်ထားတဲ့ ဒီဇာတ်ကားက IMDb Rating(6.5) ရရှိထားတဲ့ Crime,Mystery အမျိုးအစား စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးပါ။"အချစ်" ခေတ်အဆက်ဆက်က ဒီစကားလုံးလေးနှစ်လုံးကို ကဗျာတွေ စာတွေ ပေတွေနဲ့ ဖော်ကျူးခဲ့ကြတယ်...ခံစားချက်ထောင်ချီကနေ ပေါက်ဖွားလာတဲ့ ဒီစကားလုံးလေးက လူသားကို လုံးဝ ရူးသွပ်သွားအောင် လုပ်နိုင်ခဲ့တယ်..ပြောကြတယ်မလား အချစ်အတွက်ဆို အသက်လည်းပေးနိုင်သလို သေလည်းသေရဲတယ်ပေါ့ ဒါဟာ တကယ်အချစ်ကိုရူးသွပ်ကြတဲ့ လူတွေမှာ ပေါက်ဖွားလာတဲ့ ခံစားချက်လေးပါ...ဒီလိုအချစ်မျိုးတွေ တကယ်ရှိခဲ့ကောင်း ရှိခဲ့ပါလိမ့်မယ် ရှိလည်း ရှိနိုင်ပါတယ်...ဒီလိုစွဲလန်းရူးသွပ်စိတ်ကို ဖေါ်ပြထားတဲ့ ဒီကားလေးမှာ ငယ်ငယ်လေးကတည်းက တိတ်တခိုးချစ်စိတ်တွေနဲ့ ဖုံးကွယ်ထားခဲ့ရတဲ့ ခံစားချက်တွေကို ရင်မှာမျိုသိပ်ရင်း ဆရ်ဂမ်ဆိုတဲ့ကောင်မလေးကို တရန်းဆိုတဲ့ကောင်လေးဟာ ရင်မှာကျိတ်ပိုးငြိတွယ်နေခဲ့တယ်...မိဘတွေက ရင်းနှီးသိကျွမ်းကြလို့ သူတို့နှစ်ယောက်ကို ငယ်ငယ်လေးကတည်းက သဘောတူထားခဲ့ကြတယ်..လောကဓံကြောင့် တရန်းရဲ့မိဘတွေ ငယ်ငယ်လေးကတည်းက ဆုံးပါးသွားခဲ့ကြပြီး ချစ်ရသူနဲ့ငယ်ငယ်လေးကတည်းက ကွေကွင်းသွားခဲ့ရပါတယ်..ပြန်ဆုံမိတဲ့အခိုက်အတန့် သိပ်မကြာခင်မှာပဲ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်...ရဲတွေဟာ တရန်းကို လက်ပူးလက်ကြပ်မိလို့ လူသတ်တရားခံလို့ မှတ်ယူထားခဲ့ကြတယ်...ဆရ်ဂမ်ဟာ တရန်းကလူသတ်သမားမဖြစ်နိုင်ဘူးဆိုတာကို ယုံကြည်တဲ့အတွက် နာမည်ကျော်ရှေ့နေလေး ရာဂျ်ကို အမှုလိုက်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်...တရန်းကလည်း သူ လူမသတ်ပါဘူးလို့ ငြင်းတယ်...ရှေ့နေရာဂျ်ကလည်း ဆရ်ဂမ်ကို သဘောကျနေတော့ ဒီအမှုကိုလိုက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်...ဒီလိုနဲ့ တရန်းဟာ တကယ်ပဲ လူသတ်သမားဖြစ်နေမလား...တကယ့်လူသတ်သမားက ဘယ်သူဖြစ်နေမလဲဆိုတာကို လှည့်ကွက်တွေများစွာနဲ့ ...
movie

Deewangee (2002)

Dil Chahta Hai (2001) Dil Chahtha Hain 8.1
Dil Chahta Hai (2001) Dil Chahtha Hain IMDb Rating (8.1)/ Rotten Tomatoes (95%)ဒီဇာတ်ကားလေးမှာ မင်းသားကြီး အမီရ်ခန်းရယ် ဆေ့ဖ်အလီခန်းရယ် အက်ရှေးခန်နားတို့ ပါဝင်သရုပ်ဆောင်ထားတယ်Rating တွေ ကောင်းတဲ့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကြောရိုးကတော့ ရိုးရှင်းပါတယ်...ပေါ့ပေါ့ပါးပါးလေးနဲ့ ရင်ထဲတစ်ခုခုကျန်စေမယ့် ကားမျိုး...သူငယ်ချင်းသုံးယောက်ရှိတယ်...စမီရ် ဆစ်ဒ် နဲ့ အာကာရှ်မိဘတွေကငွေကြေးပြည့်စုံကြတော့ သူတို့ဘဝက လိုလေသေးမရှိပေါ့...လူငယ်သဘာဝပျော်မယ် ပါးမယ် ကဲမယ် ဘဝရဲ့ဒဿနလည်းမသိ အချစ်ရဲ့အနက်အဓိပ္ပါယ်လည်းမမှုတစ်ခါတလေ ဘဝက သင်ခန်းစာပေးတယ်လို့ ပြောတတ်ကြတယ်မလားအဲ့ဒီလိုပဲ သူတို့သုံးဦးရဲ့ဘဝကိုယ်စီမှာ သင်ခန်းစာတစ်ခုဆီရလာကြတဲ့အခါ ဒီလူငယ်လေးတွေ ရင့်ကျက်လာတဲ့အကြောင်းကို ဒီဇာတ်ကားမှာ မြင်တွေ့ရမှာပါ...အချစ်ဆိုတာမျိုးက လုပ်ယူဖန်တီးလို့မရသလို ဘဝကြီးမှာလည်း ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတတ်ပါဘူး...ဒါပေမဲ့ တချို့အရာတွေက ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုမရှိဘဲ ပိုင်ဆိုင်ရတာမျိုးမရှိတတ်ပါဘူး ကိုယ်တကယ်ချစ်တဲ့သူကို ဒီဇာတ်ကားလေးနဲ့ အဖြေရှာကြည့်ပြီး ကြည်နူးနိုင်ပါတယ်။ File size…(3.8 GB)/(1.3 GB) Quality….BluRay 1080p/720p Format…mp4 Duration….03:05:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor
movie

Dil Chahta Hai (2001) Dil Chahtha Hain

Hamari Adhuri Kahani (2015) 6.7
Hamari Adhuri Kahani (2015) Hamari Adhuri Kahani (2015)======================IMDb Rating - 6.7/10ဗာဆူဒါး..."ပန်းဥယျာဉ်တစ်ခုမှာ ကြွေကျနေတဲ့ပွင့်ချပ်တွေနဲ့သစ်ရွက်ခြောက်တွေမရှိရင်အဲ့ဒီပန်းဥယျာဉ်က အစစ်နဲ့မတူဘူး""စန္ဒာလမင်းမှာတောင် ချိုင့်ခွက်လေးတွေရှိတယ်" အာရဗ်... "မင်းရဲ့နာကျင်မှုကို အလဲအလှယ်လုပ်တဲ့အနေနဲ့လောကကြီးက ပျော်ရွှင်မှုတွေအားလုံး ငါမင်းကိုပေးချင်တယ်" ဟရီ... "ဒီခန္ဓာကိုယ်ကို ငါပိုင်တယ်""ဒီအသက်ရှူသံတွေကို ငါပိုင်တယ်"−−−−−−−−−−−−−−−−−−−−−−−−−−−−−−အိန္ဒိယလူမျိုးတို့ရဲ့ ထုံးစံအတိုင်း ရိုးရာဓလေ့ဆို တသွေမသိမ်းလိုက်နာပြီး မိဘစကားဆို မြေ၀ယ်မကျနားထောင်တတ်တဲ့မိန်းမ‌ပျိုလေးတွေဟာ အိမ်ထောင်ရက်သားကျချိန်မှာလဲ . လင်ယောကျာ်းကိုဆို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေဘုရားလိုကိုးကွယ်တက်လာကြပါတယ်။ ဒါပေမယ့် အဲ့ဒီလို သိမ်မွေတဲ့ မိန်းမပျိုလေးတွေရဲ့ အနာဂတ်ဟာ လင်ယောကျာ်းအပေါ်သာ မှီခိုနေတာပဲဖြစ်ပြီး လင်ယောကျာ်းက  လင်၀တ္တရားကြေပွန်မှု မရှိတဲ့အခါ သူတို့ရဲ့ ရှေ့ရေးဟာ ရင်လေးစရာဖြစ်လာတာပေါ့။ဒီဇာတ်လမ်းလေးက နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးလေးရဲ့ အရှက်အကြောက်တရားနဲ့ ချစ်ခြင်းမေတ္တာတို့ လွန်ဆွဲရင်း ဖြစ်ပေါ်လာတဲ့အကျိုးဆက်လေးတွေကို အနုပညာဆန်ဆန် တင်ဆက်ပေးထားတာပါ....ဒီဇာတ်လမ်းရဲ့ သဘောလေးကိုက မိန်းကလေးတွေအဖို့ပညာယူစရာအတော်များသလို တချိန်မှာအိမ်ထောင်ဦးစီးဖြစ်လာမယ့် ယောက်ျားသားတို့အနေနဲ့လဲ ပညာရစေမှာမို့ CM မှ တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို သူရ နှင့် YK KY တို့မှရေးသားပေးပြီး။ ...
movie

Hamari Adhuri Kahani (2015)

2015
Panipat(2019) 5.7
Panipat(2019) Panipat(2019)(unicode)မာရာသတိုင်းမှာရှိတဲ့ တိုင်းသူပြည်သားတွေ ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး သူတို့တိုင်းပြည်ရဲ့လက်အောင်မှာ တိုင်းပြည်ငယ်တော်တော်များများရှိကြတယ်..သူတို့တိုင်းပြည်ကိုလည်း နှစ်စဉ် အခွန်ပေးဆောင်ကြရပါတယ်..ဒါပေမယ့်တစ်နေ့မှာတော့ တိုင်းပြည်ငယ်တစ်ခုကအခွန်မပေး ဆောင်တဲ့အပြင် ရာဇသံလာပေးတဲ့စစ်သူကြီးတစ်ဦးကိုပါ သတ်ဖြတ်ပစ်လိုက်တယ်..အဲ့ဒီမှာ ဇာတ်လမ်းကစတော့တာပဲ....ဒီတိုင်းပြည်ငယ်ဟာ အာခံရတဲ့အကြောင်းရင်းလည်းရှိပါတယ်...အဲ့ဒါက အာဖဂန်နစ္စတန်ဧကမရာဇ်မင်းတစ်ဦးနဲ့ပူးပေါင်းပြီး အင့်အားတောင့်တင်းလာတဲ့အပြင် အိန္ဒိယ တစ်ပြည်လုံးကိုသိမ်းပိုက်ဖို့အထိတောင် ရည်ရွယ်ထားပါတယ်....ဒီဇာတ်လမ်းဟာပြသချိန်သုံးနာရီနီးပါး ကြာမြင့်ပေမယ့် အစအဆုံးထိ ဇာတ်လမ်းဇာတ်ကွက်တိုင်းက ဆွဲဆောင်မှု ရှိပါတယ်..ဆာဒါးရှိဗ်ဟာ အာဖဂန်တပ်နဲ့စစ်ခင်းဖို့အတွက် သူ့လက်အောက်ခံတိုင်းပြည်တွေ နဲ့ပူးပေါင်းဖို့ ကြိုးစားအားထုတ်ပုံတွေ..စစ်နည်းဗျူဟာတွေ တွေ့မြင်ရသလို တိုက်ပွဲတွေ အက်ရှင်ခန်းတွေကိုလည်း များစွာကြည့်ရမှာပါ.... လက်အောက်ခံတိုင်းပြည်တွေကရော ဆာဒါးရှိဗ်မျှော်လင့်ထားသလို သူနဲ့အတူပူးပေါင်းပြီး အာဖဂန်တွေကို တိုက်ထုတ်ကြမှာလား..တိုက်တဲ့စစ်ပွဲတွေရော အောင်မြင်ပါ့မလား....ဆိုတာကိုတော့..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်... (zawgyi)မာရာသတိုင်းမှာရှိတဲ့ တိုင်းသူပြည်သားတွေ ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး သူတို့တိုင်းပြည်ရဲ့လက်အောင်မှာ တိုင်းပြည်ငယ်တော်တော်များများရှိကြတယ်..သူတို့တိုင်းပြည်ကိုလည်း နှစ်စဉ် အခွန်ပေးဆောင်ကြရပါတယ်..ဒါပေမယ့်တစ်နေ့မှာတော့ တိုင်းပြည်ငယ်တစ်ခုကအခွန်မပေး ဆောင်တဲ့အပြင် ရာဇသံလာပေးတဲ့စစ်သူကြီးတစ်ဦးကိုပါ သတ်ဖြတ်ပစ်လိုက်တယ်..အဲ့ဒီမှာ ဇာတ်လမ်းကစတော့တာပဲ....ဒီတိုင်းပြည်ငယ်ဟာ အာခံရတဲ့အကြောင်းရင်းလည်းရှိပါတယ်...အဲ့ဒါက အာဖဂန်နစ္စတန်ဧကမရာဇ်မင်းတစ်ဦးနဲ့ပူးပေါင်းပြီး အင့်အားတောင့်တင်းလာတဲ့အပြင် အိန္ဒိယ တစ်ပြည်လုံးကိုသိမ်းပိုက်ဖို့အထိတောင် ရည်ရွယ်ထားပါတယ်....ဒီဇာတ်လမ်းဟာပြသချိန်သုံးနာရီနီးပါး ကြာမြင့်ပေမယ့် အစအဆုံးထိ ဇာတ်လမ်းဇာတ်ကွက်တိုင်းက ဆွဲဆောင်မှု ရှိပါတယ်..ဆာဒါးရှိဗ်ဟာ အာဖဂန်တပ်နဲ့စစ်ခင်းဖို့အတွက် သူ့လက်အောက်ခံတိုင်းပြည်တွေ နဲ့ပူးပေါင်းဖို့ ကြိုးစားအားထုတ်ပုံတွေ..စစ်နည်းဗျူဟာတွေ တွေ့မြင်ရသလို တိုက်ပွဲတွေ အက်ရှင်ခန်းတွေကိုလည်း များစွာကြည့်ရမှာပါ.... လက်အောက်ခံတိုင်းပြည်တွေကရော ဆာဒါးရှိဗ်မျှော်လင့်ထားသလို သူနဲ့အတူပူးပေါင်းပြီး အာဖဂန်တွေကို တိုက်ထုတ်ကြမှာလား..တိုက်တဲ့စစ်ပွဲတွေရော အောင်မြင်ပါ့မလား....ဆိုတာကိုတော့..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwe ...
movie

Panipat(2019)

Jodhaa Akbar(2008) 7.6
Jodhaa Akbar(2008) Jodhaa Akbar(2008) IMDb.....7.6,,,,,Rotten....79% ((( ပြသချိန် ၃ နာရီ ၃၀ မိနစ် ကြာမြင့်ပြီး 1080p,720pတို့ဖြင့် အကောင်းမွန်ဆုံးတင်ဆက်ပေးထားပါသည်.....))) ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယပြည့်ရဲ့ ဆယ့်ခြောက်ရာစုသမိုင်းနောက်ခံ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး လက်ရှိ အိန္ဒိယလို့ခေါ်တဲ့နေရာကို အုပ်စိုးခဲ့ပြီး မဂိုအင်ပါယာကို စတင်ထူထောင်သူလို့ ယူဆကြတဲ့ ကြီးကျယ်တဲ့ မဂို ဧကရာဇ် Akbarနဲ့ အမက်ဘုရင်ရဲ့သမီးတော် ငယ်ရွယ်သွက်လက်တဲ့ မင်းသမီးလေးတစ်ယောက်တို့အကြောင်းကို အဓိကအခြေခံရိုက်ကူးထားတဲ့  Action, Drama, History ဇာတ်ကားဖြစ်ပါတယ်.... ဟိန္ဒူဖြစ်တဲ အမက်ဘုရင်ဟာ သူ့ရဲ့ ထီးနန်းကို ထိပါးလာမဲ့ နန်းတော်တွင်း ပြဿနာနဲ့ သူ့နိုင်ငံကိုတိုက်တော့မဲ့ မဂိုဧကရာဇ်ကြောင့် သူ့ သမီးတော် ဂျိုဓ ကို မွတ်စလင် ဧကရာဇ်Akbarနဲ့ ထိမ်းမြှားစေခဲ့ပါတယ်။ Akbarဟာလည်း ဒီလက်ထပ်မှုက ခိုင်မာတဲ့ မဟာမိတ်တစ်ခု ငြိမ်းချမ်းရေးတစ်ခုကို ဖြစ်စေမယ်လို့ ယူဆပြီး လက်ခံခဲ့ပါတယ်။ ဟိန္ဒူ မွတ်စလင် ဇာတ်ဘာသာ အကွဲတွေကြောင့် အစပိုင်းမှာ ဂျိုဓဟာ အခြေအနေ မဟန်ရင် အဆိပ်သုံးဖို့အထိအမျိုးမျိုး ပြင်ဆင်ခဲ့ပေမဲ့ မွတ်စလင်ဘုရင် အက်ဘာဟာ သူထင်သလို မဟုတ်ခဲ့ပဲ သူ့တောင်းတဲ့ သူ့ဘာသာကိုမပြောင်းနိုင်ကြောင်းနဲ့ သူယုံကြည်ရာဘာသာရဲ့ ဘုရားကျောင်းဆောက်ပေးဖို့တွေ တောင်းဆိုခဲ့ပေမဲ့ မွတ်စလင် ဘုရင်ဟာ လက်ခံခဲ့ပါတယ်။ အချိန်တွေကြာပြီးတဲ့နောက် သူတို့တစ်ယောက်ကို တစ်ယောက် မြတ်နိုးလာကြပေမဲ့ မတူညီတဲ့ ယဉ်ကျေးမှုနှစ်ခု မတူညီတဲ့ဘာသာနှစ်ခုရဲ့ အကျိုးဆက်အကြောင်းတရားတွေကြောင့် မဖြောင့်ဖြူးတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာ ဘယ်လိုတွေကြုံရဦးမလဲဆိုတာ အသင့်အတင့်မှန်တဲ့ သမိုင်းနဲ့ ကြည့်မြင်ခံစားကြရမှာပါ။ ကြာမြင့်ချိန်သုံးနာရီခွဲအတွင်းမှာ သမိုင်းရဲ့ ဖြစ်နေကြ ပြဿနာတွေဖြစ်တဲ့ စစ်ပွဲ .ဘာသာရေးပြဿနာ..ထီးနန်းကိစ္စတွေကို ဧကရာဇ်နဲ့ မင်းသမီးလေးရဲ့ အချစ်ဇာတ်လမ်းကလေးနဲ့ တခမ်းတနားတင်ပြထားတဲ့ ...
movie

Jodhaa Akbar(2008)

2008