Channel Myanmar

Sumeth Ong-ard

The Bedside Detective (2007) 6.4
The Bedside Detective (2007) IMDb Rating (6.5) ရရှိထားတဲ့ ထိုင်းဟာသဇာတ်ကားလေးဖြစ်ပါတယ်။ဂျော့ဆိုတဲ့ ငနဲလေးဟာ စွန့်စားတီထွင်ရတာကို ကြိုက်တတ်တဲ့ လူငယ်တစ်ယောက်ပါ...သူဟာ...တီဗွီပန်ကာ...နေရောင်ခြည်နဲ့ကင်စားရတဲ့ ဘာဘီကျူးဆိုင် စတဲ့ စွန့်ဦးတီထွင်တဲ့လုပ်ငန်းတွေကို စိတ်ကူးပေါက်သလိုလုပ်ပြီးလုပ်တိုင်းမှာ သောက်တလွဲဖြစ်သွားတတ်ပေမယ့် စိတ်ဓါတ်ကတော့ လုံးဝမကျပါဘူး....ဒါပေမယ့် အကြွေးတွေ ဖိစီးလာတဲ့အခါမှာတော့ ပိုက်ဆံရမယ့် စွန့်စွန့်စားစား အလုပ်တစ်ခုကို လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်....ဒါကတော့ ကြာကူလီဇာတ်လမ်းအရှုပ်တွေကို ဖော်ထုတ်ရမယ့် စုံထောက်လုပ်ငန်းပါ။အဲ့ဇာတ်လမ်းအရှုပ်တွေထဲက ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းကြွေသွားမိတဲ့အခါမှာတော့....မောင်ဂျော့တစ်ယောက် ဘယ်လိုတွေ စွန့်စားမလဲဆိုတာ.........။မင်းသားကတော့ I fine thank you,love you ...Heard Attack ဇာတ်ကားတွေထဲက မင်းသား Sunny Suwanmethanont...မင်းသမီးက ချစ်စဖွယ်မျက်နှာပေးလေးနဲ့ Pattarasaya Kreuasuwansri...တကယ်ကောင်းတဲ့ ထိုင်းဟာသဇာတ်ကားလေးတွေက Entertainment ဖြစ်တာ အသေအချာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားပါ။( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/category/sunny/  ကြည့်လို့ရပါတယ်။)- Zawgyi -IMDb Rating (6.5) ရရွိထားတဲ့ ...
movie

The Bedside Detective (2007)

2007