Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sumiko Fuji
6.9
Air Doll (2009)
[Unicode]Air Doll 2009ဂျပန် Mangaကို ပြန်လည်ရိုက်ကူးထားပြီး ကိုရီးယားမင်းသမီး ဘယ်ဒိုနာပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးကတော့ လေထိုးအရုပ်မလေးတစ်ခုရဲ့ လူသားတွေရဲ့ နေထိုင်မှုပုံစံကို စူးစမ်းလေ့လာရာမှ လူ့ဘဝ လူ့ခံစားချက်တွေအကြောင်းကို သိစေနိုင်မယ့် ဇာတ်ကားလေးပါ။လူ့ဘဝဆိုတာ ပျော်ရွှင်စရာ ဝမ်းနည်းစရာတွေအချစ်အမုန်းတွေနဲ့ ပြည့်နှက်နေတယ်ဆိုတဲ့ အကြောင်းကို ဒီကားလေးမှာပုံဖော်ထားပုံကတော့ဟီဒီအိုဆိုတဲ့ လူတစ်ယောက်ဟာ လေထိုးအရုပ်မလေး တစ်ရုပ်ကို သူရဲ့ရည်းစားဟောင်း နာမည်အတိုင်း နိုဇိုမီလို့ပေးထားပြီး sex ကိစ္စအတွက်သာမက ကိုယ်တိုင်အစစအရာရာ ဆင်ယင်ပြုလုပ်ပေးကာ အဖော်တစ်ယောက်လို ဆက်ဆံနေထိုင်ခဲ့ရာကနိုဇိုမီ(လေထိုးအရုပ်မလေး)ဟာ တနေ့မှာ နှလုံးသားတစ်စုံကို ပိုင်ဆိုင်ခဲ့ပြီး လူတစ်ယောက်လို အသိစိတ်နဲ့အသက်ဝင်လာခဲ့ပါတော့တယ်။နိုဇိုမီဟာ လူတွေအကြောင်းကို သိချင်ပြီး လူတွေရဲ့ခံစားချက်မျိုးစုံကို စူးစမ်းချင်တာကြောင့် လူလိုဝတ်ဆင်ကာ အပြင်လောကကို ခိုးထွက်ရင်း ပတ်ဝန်းကျင်ကလူတွေဆီကနေ သင်ယူနေထိုင်ခဲ့ပါတယ်။အဲ့လိုနဲ့တနေ့ အခွေဆိုင်တစ်ခုမှာ သူမအလုပ်ရသွားပြီး ဆိုင်ပိုင်ရှင် ဂျူနီချီကို ချစ်မိခဲ့ပါတယ်။ဂျူနီချီက သူမကို လူ့လောကအကြောင်း သင်ကြားပေးခဲ့ပြီး ရုပ်ရှင်တွေအကြောင်း သင်ယူလေ့လာရင်း လူတွေခံစားချက်ကိုပါ တဖြည်းဖြည်း သဘောပေါက်လာအောင် ...
movie
Air Doll (2009)