Channel Myanmar

Summer H. Howell

All Fun and Games (2023)
All Fun and Games (2023)  2023 မှာ အသစ်စက်စက်ထွက်ရှိထားတဲ့ horror ဇာတ်ကားကောင်းလေးတစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါပြီ။ဂျိုးဆိုတဲ့ကောင်လေးဟာ လူမနေတော့တဲ့အိမ်တစ်လုံးကနေ ဓါးတစ်ချောင်းကိုရှာတွေ့ခဲ့ပါတယ်။ သူ့အစ်ကိုက ယူမလာဖို့သတိပေးနေရက်နဲ့ ဂျိုးဟာ ကလေးပီပီအရာရာကိုစူးစမ်းချင်စိတ်နဲ့ မဖြစ်ဖြစ်အောင်ယူလာခဲ့ပါတယ်။ယူလာကတည်းက အဲဒီဓါးအထဲကနေ သူ့နာမည်ခေါ်သံတွေကြားနေရပြီးတော့ညဘက်ကျတော့ ဓါးကအသက်ဝင်လာပြီး ဂျိုးကို ဂိမ်းတစ်ခုကစားဖို့စေခိုင်းပါတော့တယ်။အဲဒီဂိမ်းကတော့ အခြားမဟုတ်ပါဘူး။ တူတူပုန်းတမ်းကစားခိုင်းတာပါ။ဂျိုးဟာ သူ့အစ်မ၊ သူ့အစ်ကိုနဲ့ သူ့အစ်မရဲ့သူငယ်ချင်းတွေပါ တူတူပုန်းတမ်းကစားအောင်ဓါးကစေခိုင်းတဲ့အတိုင်း လုပ်ဆောင်ရပါတော့တယ်။ဖြစ်ချင်တော့ ဓါးက အသေဆိုးနဲ့မရှုမလှသေခဲ့ရတဲ့သားတစ်ယောက်အတွက်စုန်းမတစ်ယောက်ကိုယ်တိုင်ပြုလုပ်ထားတဲ့ ဓါးပါ။​အဲဒီဓါးပေါ်က စာလုံးတွေကို ဂျိုးရဲ့အစ်ကို မားကတ်က ဖတ်လိုက်မိပြီးနောက်မှာတော့မားကတ်ကို နတ်ဆိုးဝင်ပူးသလိုဖြစ်သွားပြီး ဂိမ်းပွဲမှာပါဝင်တဲ့သူတွေကို ဓါးနဲ့လိုက်သတ်ပါတော့တယ်။ရုပ်ရှင်က ဇာတ်လမ်းလည်းကောင်းသလို သရုပ်ဆောင်တွေကလည်းလူတိုင်းသိတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါ။​ ဒီကားထဲမှာ မားကတ်ဆိုတဲ့အစ်ကိုနေရာက သရုပ်ဆောင်တဲ့မင်းသားဆိုရင် sex education ထဲကမင်းသားဖြစ်ပါတယ်။ သရုပ်ဆောင်ပီပြင်ချက်က ကြောက်စရာကောင်းလွန်းလို့ကြည့်ရင်းနဲ့ကြက်သီးတွေတဖြန်းဖြန်းထလာစေပါတယ်။Horror ဇာတ်လမ်းတစ်ခုတည်းမဟုတ်ဘဲ မိသားစုဝင်တွေ၊ မောင်နှမတွေ၊သူငယ်ချင်းတွေကြားက သံယောဇဥ်တွေကိုပါ ပီပီပြင်ပြင်ပြသထားပါတယ်။​သူတို့တွေဘယ်လိုပူးပေါင်းပြီး အဲဒီဓါးထဲကနတ်ဆိုးကိုနှိမ်နှင်းကြမလဲ၊နတ်ဆိုးဝင်ပူးခံနေရတဲ့မားကတ်ကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ပါဦးနော်... File size…980MB / 399MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h ...
movie

All Fun and Games (2023)

Crashing Through the Snow (2021) 7.1
Crashing Through the Snow (2021) it's beginning to look a lot like Christmas!ခရစ္စမတ်ရာသီရောက်လာတာနဲ့အမျှ ခရစ္စမတ်ကားလေးတွေလည်း တစ်ကားပြီးတစ်ကား ထွက်ရှိလာပါတယ်ဒီကားလေးကတော့ Romance, Drama ဇာတ်ကားလေးပါမက်ဂီက မီယာနဲ့ ဆိုဖီဆိုတဲ့ သမီးလေးနှစ်ယောက်ကို ပြုစုစောင့်ရှောက်နေတဲ့ single mom ပါ။ သူ့အမျိုးသားဂျက်ဖ်နဲ့ ကွာရှင်းပြီးဖြစ်ပေမယ့် မိတ်ဆွေတွေလို ရင်းနှီးခင်မင်ကြတုန်းပါ။ဂျက်ဖ်မှာက ကိတ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ဒီနှစ်ခရစ္စမတ်မှာတော့ ကိတ်က မက်ဂီတို့မိသားစုကို သူတို့ဇာတိမြို့ Aspen က အိမ်ရာကြီးဆီ အလည်ဖိတ်ပါလေရောကွာရှင်းပြီးယောက်ျားဖြစ်သူရဲ့ လက်ရှိကောင်မလေးရဲ့ မိဘအိမ်ကို အလည်သွားရမှာဆိုတော့ မက်ဂီ့အတွက် နည်းနည်းတော့ ကသိကအောက်နိုင်တာပေါ့ဆိုတော့ ဘယ်လိုတွေ စခန်းသွားကြမလဲပေါ့နော်ဇာတ်အိမ်ကိုတော့ အမေရိကန်နိုင်ငံ Aspen မြို့လေးမှာ အခြေတည်ထားပေမယ့် တကယ်ရိုက်ကူးထားတာကတော့ ကနေဒါနိုင်ငံ Winniepeg နဲ့ Banff မြို့တွေမှာပါတဲ့Winter movie တို့ထုံးစံအတိုင်း နှင်းတောရှုခင်းလေးတွေ လှပါတယ် ကြည့်ရှုလိုက်ကြပါဦး File size…(1.4 GB) / ...
movie

Crashing Through the Snow (2021)

Hunter Hunter (2020) 6.3
Hunter Hunter (2020) Hunter Hunter (2020)=================IMDb Rating - 6.3/10 နာမည်ကို ကြည့်လိုက်တာနဲ့ အမဲလိုက်တဲ့ကား ဆိုတာ သိကြမှာပါ။ ဆိုတော့ ..... အမဲလိုက်တဲ့ကားတွေကြိုက်တတ်တဲ့လူတွေ သဘောကျမယ့်ကားမျိုးပါပဲ။ ဘဝဟာ မုဆိုးတစ်လှည့် သားကောင်တစ်လှည့်ပါပဲ။လေးဖြူရဲ့အမဲလိုက်မုဆိုး သီချင်းထဲကလိုပေါ့ဗျာ။ မုဆိုးကြီး ဂျိုးဆက်တို့ သားအမိသားအဖ ၃ ယောက်ဟာတောထဲမှာ အိမ်ကလေးဆောက်ပြီး နေကြပြီး အမဲလိုက်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုကြတာပါ။သူတို့ကို ခြိမ်းခြောက်နိုင်တာကတော့ ဝံပုလွေတစ်ကောင်ပါပဲ။ ပုံမှန်ဆိုရင် လူက မုဆိုး တိရစ္ဆာန်က သားကောင်ပါ။တိရစ္ဆာန်က မုဆိုး ဖြစ်ပြီး လူက သားကောင်ဖြစ်တဲ့အချိန်မှာတော့ ..... Horror, Thriller ကြိုက်သူများအသည်းတယားယား ရင်တဖိုဖိုနဲ့ ဇာတ်ကို အဆုံးထိ ရောက်လို့ ရောက်မှန်းမသိအောင် ွဲခေါ်သွားမယ့် ဇာတ်ကားမျိုးပါပဲ။ IMDb Rating - 6.3/10 ရရှိထားပြီး . Thriller ကား ကြိုက်နှစ်သက်သူတွေအတွက်တော့ကြည့်ကောင်းမယ့်ကားမျိုးဖြစ်ပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို August ...
movie

Hunter Hunter (2020)

2020
Cult of Chucky (2017) 5.2
Cult of Chucky (2017) ထောင်ထဲမှာ လူမသတ်ဘဲနဲ့ လူသတ်မှုနဲ့နေနေရတဲ့ နီကာတစ်ယောက် အရုပ်က လူသတ်တယ်ပြောလို့nအရူးလို့သတ်မှတ်ထားခြင်းခံရတဲ့အတွက် ၃နှစ်အကြာမှာတော့ မျက်စိစုံမှိတ်သတ်တယ်ပြောတော့မှ စိတ္တဇဆေးရုံကို အပို့ခံရတော့တယ်။ ဆေးရုံက ထောင်ထဲလိုတော့ မတင်းကျပ်ဘူးပေါ့။ ဆေးရုံမှာ ဘယ်လို အရူးတွေနဲ့ ထပ်ဆုံရမလဲ???အရုပ် သတ်ခဲ့တာက သူအမအရင်း မိသားစု သူ့တူမလေးAliceတစ်ယောက်ပဲကျန်တာ ေ နာက်ဆုံး Aliceဆုံးသွားတော့ သူ့ဆီ အဲ့အရုပ်က ရောက်လာတယ်။ဆေးရုံမှာ အဲ့အရုပ်ရယ် အရူးတွေရယ် ဘာပဲဆက်ဖြစ်ကြမလဲ??? (ဘာသာပြန်သူကတော့ Neve Luna ပါ) File Size : (912 MB) and (270 MB) Quality : 720p Bluray Running Time : 1hr 31min Format : Mp4 Genre :Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Neve Luna Encode ...
movie

Cult of Chucky (2017)

2017