Channel Myanmar

Surya Saputra

Di Bawah Umur (2020) 5.5
Di Bawah Umur (2020) Di Bawah Umur [2020](IMDb 5.5/10)အာယိုတို့ ကျောင်းကို ကျောင်းသူအသစ်ကလေးတစ်ယောက် ရောက်လာပါတယ်.. သူ့နာမည်က လာနာတဲ့... လာနာကို အာယို သဘောကျတယ် ဒါပေမဲ့ ခက်တာက လာနာဟာ အာယိုတချိန်က အရမ်းခင်ခဲ့တဲ့ ကယ်ဗင်ရဲ့ ညီမဝမ်းကွဲဖြစ်နေပါတယ်... အာယိုနဲ့ ကယ်ဗင် ခွာပြဲရခြင်းကလည်း အကြောင်းအရင်းသက်သက် ရှိလို့နေပြန်ပါတယ်... ခွာပြဲတာမှ တစ်ယောက်နဲ့တစ်ယောက် ရန်ဆောင် လုံးထွေးသတ်ပုတ်တဲ့အဆင့်ပါပဲ... တစ်ဖက်မှာလည်း လာနာ ဂျာကာတာကို ကျောင်းပြောင်းလာရခြင်းဟာ သူ့အစ်မ အိမ်ထောင်မကျခင် ကိုယ်ဝန်ရှိသွားတာကြောင့် သူတို့မိသားစုက လာနာကို ဒီလိုအဖြစ်မျိုးက ကင်းဝေးအောင် အဒေါ်တွေရှိရာ ကယ်ဗင်တို့အိမ်ကို ပို့ထားတာပဲ ဖြစ်ပါတယ်... အထက်ကျောင်းသားကျောင်းသူတွေ ဖြစ်ကြတာမို့ ဇယားရှုပ်ရှုပ်ယှက်ယှက်တွေနဲ့ လိင်မှုကိစ္စတွေကလည်း လက်တည့်စမ်းကြနဲ့ ကောလဟာလတွေကလည်း ပျံ့လို့နှံ့လို့ပေါ့... ဒီလိုအနေအထားမျိုးမှာ စော်ကြည်ဘဲ အာယိုတစ်ယောက် ရည်းစားမထားဖို့ တားမြစ်ခံထားရတဲ့ လာနာ့အချစ်ကို ဘယ်လိုမျိုး သိမ်းပိုက်မိအောင် ကြိုးစားမလဲ ရှုစားကြရမှာပဲဖြစ်ပါတယ်အညွှန်း န့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Drama, ...
movie

Di Bawah Umur (2020)

2020
Lagi-Lagi Ateng (2019) 6.9
Lagi-Lagi Ateng (2019) Lagi-Lagi Ateng (2019) ================== IMDb Rating - 6.9/10အာတန်ဆိုတာကတော့ နယ်မြို့လေးတစ်မြို့က မင်းမျိုးမင်း နွယ် မိသားစုမှာ ကြီးပြင်းလာပြီး အသက် ၂၆နှစ်အထိ ဉာဏ် ရည်ကောင်းကောင်းမဖွံ့ဖြိုးသူပဲဖြစ်ပါတယ်။ မိတဆိုးသား လေးမို့လို့ အလိုလိုက်ခံထားရတဲ့ အာတန်.... မွေးနေ့လက် ဆောင်အနေနဲ့ ဂျာကာတာကိုသွားခွင့်ရလိုက်တဲ့အခါ..... ဘဝရဲ့ အကြီးမားဆုံးသော Surprise နဲ့ကြုံလိုက်ရပါတော့ တယ်။အာတန်နဲ့ ချွတ်စွပ်တူနေတဲ့ အာဂွန်ဆိုသူဟာ တခြားလူ မဟုတ်ဘဲ ကွဲကွာသွားတဲ့ အမြွှာညီအစ်ကိုဖြစ်တယ်ဆိုတာ သိပြီးနောက်မှာတော့ ...... မိသားစုတွေအတူနေရဖို့ မိဘ နှစ်ပါးပြန်ပေါင်းထုပ်ဖြစ်အောင် ညီအစ်ကိုနှစ်​ယောက် နေရာအလဲအလှယ်တွေလုပ်ရင်း ရေမီးအစုံလေထီးခုန် ကြမှာပဲဖြစ်ပါတယ်။ Family drama, romance, comedy type ဖြစ်တဲ့ ဇာတ်ကားကောင်းလေးမို့လို့ မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်ဖို့လည်း သင့်တော်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်)File Size..........(1.27 GB) / (462 MB) / (333 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 48Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family Translator.......Hnin Wut ...
movie

Lagi-Lagi Ateng (2019)

2019
My Sassy Girl (2023) 7.1
My Sassy Girl (2023) My Sassy Girl (2023)အချစ်ဦးဆို မြေးဦးရတဲ့အထိတောင် မမေ့ဘူးတဲ့။ ဒီဇာတ်လမ်းလေးကတော့ မထင်မှတ်ဘဲ ‌အချစ်ဦးနဲ့ ဆုံတွေ့ခဲ့ရတဲ့ ဂီအန်နဲ့ "မိထူးဆန်း" လို့ သူ ချစ်စနိုးမှည့်ထားတဲ့ သူ့အချစ်ဦးတို့ရဲ့ ချစ်စရာအင်ဒိုဇာတ်လမ်းလေးဖြစ်ပါတယ်။ဒီကားက အများသိကြတဲ့ Jun Ji-hyun နဲ့ Cha Tae-hyun တို့ရဲ့ My Sassy Girl ဆိုတဲ့ နာမည်ကြီးကိုရီးယားကားရဲ့ remake လည်းဖြစ်ပါတယ်။ My Sassy Girl ရဲ့ Plot ဆိုတာကလည်း ချိန၊ ဂျပန်၊ ထိုင်းစတဲ့ အာရှနိုင်ငံတွေအပြင် ဟောလီးဝုဒ်ကပါ ပြန်ရိုက်ရတဲ့အထိတောင် Adaptation တွေ Remake တွေနဲ့ လူတွေရဲ့ အသည်းနှလုံးထဲ အတော်လေးလွှမ်းမိုးနိုင်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ဒီ အင်ဒို version မှာတော့ ဂီအန်ဆိုတဲ့ "မ"ဆို ယင်မတောင် မသန်းဖူးတဲ့ ရိုးသားတဲ့ဖိုးသခွား ကိုလူပျိုတစ်ယောက် သူ့ကြီးတော်ကြီးစီစဉ်ပေးထားတဲ့ ဘလိုင်းဒိတ်ဆီသွားမယ့်လမ်းမှာ အရက်မူးပြီး လူတွေကိုလိုက်ရစ်နေတဲ့ ...
movie

My Sassy Girl (2023)

Sri Asih(2022) 7.2
Sri Asih(2022) Sri Asih(2022)*************Sri Ashi ဇာတ်ကားဟာ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားကို R.A Kosasih ရေးသားထားတဲ့ Sri Ashi၊ ဂန္တဝင်အင်ဒိုနီးရှားရုပ်ပြစာအုပ်ကိုပြင်ဆင်ပြီးlive-action ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် BCU(Bumilangit Cinema Universe) ရဲ့Gundala(2019) အပြီး ဒုတိယမြောက်ထွက်ရှိလာတဲ့ကားပဲဖြစ်ပါတယ်။ IMDB 7.3/10 အထိရရှိထားတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အယ်လ်လန်နာဟာ သူမရဲ့အဖေနဲ့ အမေကိုသေဆုံးစေခဲ့တဲ့မီးတောင်ပေါက်ကွဲမှုအတွင်းမှာ မွေးဖွားလာခဲ့ပါတယ်။ သူမဟာ သူမရဲ့ ဒေါသစိတ်ကြောင့် အမြဲ အခက်အခဲတွေကိုအမြဲကျော်လွှားနိုင်ခဲ့တယ် အောင်နိုင်ခဲ့တယ်ဆိုတာကို နားမလည်ခဲ့ပေမယ့် အဲ့ဒီ့ဒေါသစိတ်ကို အမြဲတိုက်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့နောက်မှာတော့ ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမကို သာမန်ဘဝလေးမှာပဲ နေထိုင်နိုင်ဖို့အတွက်မွေးစားခဲ့ပါတယ်။ ဒါပေမယ့် အယ်လ်လန်နာ အရွယ်ရောက်လာတဲ့အခါ သူမဟာသာမန်လူသားတစ်ယောက်မဟုတ်ကြောင်း သူမရဲ့ မူလဇာစ်မြစ် အမှန်တရားကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ရန်သူတွေ အများကြီးပေါ်ပေါက်လာသလို သူဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ PROXY ဖြစ်ပါတယ်File Size :(1.9GB) and (870MB) Quality :WEB-DL1080P, ...
movie

Sri Asih(2022)

Dear Nathan: Thank You Salma (2022) 7.2
Dear Nathan: Thank You Salma (2022) Dear Nathan Thank You Salma (2022) IMDb 7.2 နသန်နဲ့ဆယ်မာတို့ရဲ့နောက်ဆုံးထွက် ‌ဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ် အမျိုးသမီးတစ်ယောက် Sexual Harassment လုပ်ခံရပြီဆိုရင် " ဘာလို့ညဘက်ကြီးတစ်ယောက်တည်းသွားလဲ ဘာတွေဝတ်ထားလို့လဲဒီအချိန်ကြီးသွားတာကိုး' စသဖြင့် 'လဲ'ပေါင်းများစွာသောမေးခွန်းတွေအမေးခံရတာက ထုံးစံလိုတောင်ဖြစ်နေပါတယ် တောင်းပန်ခံရမယ့်လူကတောင်းပန်နေရတဲ့ ဘဝထဲ မဟုတ်မခံနသန်တစ်ယောက်ဝင်ရောက်သွားခဲ့မိပါတယ်တစ်ဖက်မှာလည်းဆယ်မာက သူ့ကိုဂရုစိုက်မပေးဘူးဆိုပြီး ပြတ်ကြတော့မယ့်အနေအထားပါ ဒါပေမယ့် နသန်လိုက်ကူညီနေတဲ့ကိစ္စကို ဆယ်မာသိသွားတဲ့အခါမှာတော့ မတရားမှုကိုတိုက်ထုတ်ဖို့သူတို့ဘယ်လိုတွေကြိုးစားသွားမလဲ ဒီမတရားမှုကိုရော ဆယ်မာ့နှလုံးသားကိုပါ နသန်တစ်ယောက်အနိုင်ရယူနိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…1.27GB  / 616MB Quality…1080p NF WEB DL / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Dear Nathan: Thank You Salma (2022)

2022
Dear Nathan (2017) 6.8
Dear Nathan (2017) Dear Nathan ( 2017 ) IMDb 6.8/10ရုပ်ချောလွန်းလို့ကောင်မလေးတွေဝိုင်းကြိုက်တာခံနေရပါသလား ဒါဆိုရင်တော့ ဒီကားက ယောရောဘွန်းတို့ဆက်ဆက်ဒေါင်းကြည့်သင့်တဲ့ဇာတ်ကားပါပဲနော် ဒီအပိုင်းကတော့ ဆယ်လ်မာနဲ့နသန်တို့စတင်တွေ့ဆုံခြင်းပါပဲဆယ်လ်မာကကျောင်းပြောင်းလာတဲ့ကျောင်းသူသစ်လေးပေါ့ နသန်ကတော့ထုံးစံအတိုင်း ရန်ဖြစ်တတ်တဲ့ဆိုးဆိုးပေပေကောင်လေးပါပဲ ကျောင်းနောက်ကျလို့ ပိတ်သွားတဲ့ကျောင်းတံခါးကြည့်ရင်း စိတ်ဓာတ်ကျနေတဲ့ဆယ်လ်ကို နသန်ကကူညီပေးရင်း သူတို့နှစ်ယောက်ရင်းနှီးသွားခဲ့ပါတယ် နသန်ကကောင်ချောလေးဖြစ်တဲ့အပြင် ဂျစ်ကန်ကန်နဲ့ အစအနောက်လည်းသန်တော့ သူ့ကိုကြိတ်သဘောကျနေတဲ့မိန်းကလေးတွေလည်း အများသားရယ်ပေါ့ဒါပေမယ့် တစ်ယောက်ကိုမှစိတ်မဝင်စားခဲ့တဲ့နသန်က ဆယ်လ်မာ့ကိုတော့မြင်မြင်ချင်းချစ်သွားခဲ့မိတယ် တကယ်ချစ်တဲ့လူအတွက်ပြောင်းလဲပေးချင်ကြတာ ယောကျာ်းတွေရဲ့သဘာဝပဲမလား ဒီတော့ အေးအေးဆေးဆေးနေတတ်တဲ့ဆယ်လ်မာနဲ့ အလိုက်သင့်နေနိုင်အောင် အချစ်ရဲ့ခွန်အားနဲ့ နသန်တစ်ယောက်ကြိုးစားပုံတွေ သူတို့နှစ်ယောက်ကြားက အခက်အခဲဖြေရှင်းပုံတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှူရမှာပဲဖြစ်ပါတယ် File size…1.5GB / 714MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Dear Nathan (2017)

2017
Dear Nathan: Hello Salma (2018) 7.1
Dear Nathan: Hello Salma (2018) Dear Nathan Hello Salma (2018)IMDb 7.1 လူငယ်သဘာဝကိုမှပေါ့ပေါ့ပါးပါးနဲ့ ရင်ထဲထိရောက်အောင်ဆွဲဆောင်နိုင်မယ့် ဇာတ်ကားမျိုးရှာနေပါသလား ဆယ်ကျော်သက် vibe အထူးသဖြင့် ဆယ်တန်းကျောင်းသားဘဝကိုပြန်သွားချင်သူတွေအတွက် သင့်လျော်တဲ့ဇာတ်ကားကောင်းဆိုလည်းမမှားပါဘူးနော်..မိန်းကလေးတွေကိုမလေးမစားပြောဆိုရင် အရမ်းမုန်းတဲ့ နသန်က ရန်ပွဲတိုင်းသူမပါမဖြစ်..သူ့ရည်းစားဆိုတာက တစ်ကျောင်းလုံးရဲ့ အဆင့်တစ်ဆယ်လ်မာ ဒီနှစ်ယောက်ကနားလည်မှုတွေနဲ့လက်တွဲခဲ့ကြတဲ့ချစ်သူတွေဒါပေမယ့် ပြဿနာတိုင်းကိုရန်ဖြစ်ပြီးဖြေရှင်းတတ်တဲ့ နသန့်အကျင့်ကိုတော့ | ဆယ်လ်ကနည်းနည်းလေးမှသဘောမကျဘူး ဒီလိုနဲ့ ရာထူးကြီးလူရဲ့သားက မိန်းကလေးတွေနဲ့ပတ်သက်ရင် အထိမခံရွှေပန်းကန် နသန်ကိုမှ သူ့ရည်းစားဆယ်လ်အကြောင်း သွားပုပ်လေလွင့်အပုပ်ချရာက ရန်ထဖြစ်ကြပါလေရော ဆရာက နသန်မမှားမှန်းသိပေမယ့်သူ့ရာထူးနဲ့ အကြပ်ကိုင်လာလေတော့ ခြေချုပ်မိနေတဲ့ဆရာတစ်ယောက် နသန့်ကိုကျောင်းနားခိုင်းပါတော့တယ်ဒီကိစ္စနဲ့ကတောက်ကဆဖြစ်ခဲ့ပြီး အတ္တကိုယ်စီရှေ့တန်းတင်ခဲ့ကြတဲ့ နသန်နဲ့ ဆယ်လ်တို့ရဲ့ ခံစားချက်အဖုံဖုံကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ် ကျီစယ်တတ်တဲ့ကံကြမ္မာကြောင့် သူတို့နှစ်ယောက်ကြားထဲဘယ်သူဝင်လာမလဲ ဘယ်ရထားမှာလွဲခဲ့လဲမသိတဲ့သူတို့နှစ်ယောက် တစ်ဘူတာတည်းမှာပြန်ဆုံနိုင်ကြမှာလား ကျောင်းခန်းထဲမှာ ရည်းစားထားခဲ့ဖူးကြရင်တော့ ဒီကားလေးက အဲဒီခုနှစ်တွေဆီပြန်ရောက်အောင်ဆွဲခေါ်သွားမှာအမှန်ပါပဲ File size…1.5GB / 700MB Quality…1080p WEB DL / 720p  Format..mp4 Duration….1h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Dear Nathan: Hello Salma (2018)

2018