Channel Myanmar

Tahar Rahim

Inside (2007) À l’intérieur 6.7
Inside (2007) À l’intérieur Horror နှစ်သက်သူတွေအတွက်တော့ တကယ့်ကိုကားကောင်းတစ်ကားရလိုက်ပါပြီ။Horror ရုပ်ရှင်တွေဆို ဝေဖန်လေကန်မှုတွေ ရှယ်ကြမ်းကြပေမယ့်Inside (2007) ကားလေးကိုတော့ ဝေဖန်ရေးသမားတော်တော်များများကHorror ကားအစစ်လို့ မှတ်ချက်ပြုထားကြတဲ့အတွက်အကြိုက်တူမတူ ပြောပေးကြဦးနော်.... ဇာတ်လမ်းအစမှာ ဆာရာ နဲ့ သူ့အမျိုးသားတို့စီးလာတဲ့ကားကမတော်တဆမှုဖြစ်ပြီး အမျိုးသားက ပွဲချင်းပြီးဆုံးသွားပါတယ်။ဆာရာကတော့ ကိုယ်ဝန်နဲ့အတူအသက်ဆက်ရှင်ခဲ့ပါတယ်။မီးဖွားဖို့ရက်နီးလာပေမယ့် ဆာရာကတော့ ခင်ပွန်းစိတ်နဲ့ ဝမ်းနည်းနေတုန်းပါ။ ကလေးမွေးဖွားခါနီးတစ်ရက်အလိုမှာတော့ ဆာရာရဲ့အိမ်ကိုအမည်မသိအမျိုးသမီးတစ်ယောက် တံခါးခေါက်ပြီး လာနှောင့်ယှက်ခဲ့ပါတယ်။ဘယ်လိုပဲမောင်းထုတ်ပါစေ ထွက်မသွားတဲ့နောက်ရဲကိုဖုန်းဆက်တိုင်လိုက်ရပါတယ်။ရဲတွေလည်း လာစစ်ဆေးပေမယ့် လာနှောင့်ယှက်တဲ့အမျိုးသမီးကို ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့.... ဆာရာနေထိုင်တဲ့ သာမာန်အိမ်လေးတစ်လုံးထဲမှာစစ်မြေပြင်အလားထင်မှတ်ရလောက်အောင် သွေးသံတရဲရဲနဲ့အပြည့်ဖြစ်နေခဲ့ပါပြီ။ အမည်မသိအမျိုးသမီးကရော ဘယ်သူလဲ ?ဘာလို့ဒီလောက်အထိ ရက်စက်ရတာလဲ ?ဇာတ်လမ်းကရော ဘယ်လိုဆက်ဖြစ်သွားမလဲ?Horror Fan တွေဆက်ကြည့်လိုက်ပါတော့နော်... R rated ဖြစ်ပြီး သွေးသံတရဲရဲနဲ့မို့ နှလုံးကောင်းသူတွေသာကြည့်ဖို့တော့ အကြံပြုချင်ပါတယ်ဗျာ ။ ။ File size…    1.8 GB /  611 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 22m Genre ..... ...
movie

Inside (2007) À l’intérieur

Madame Web (2024)
Madame Web (2024) ကဲ စပိုက်ဒါမန်း စကြဝဠာရဲ့ rating အနိမ့်ဆုံး ရုပ်ရှင်လာပါပြီ။ အသည်းလေး Sydney Sweeney တို့ အသည်းကြီး Dakota Johnson တို့လို မင်းသမီးအလန်းတွေသုံးပြီး ဘက်ဂျက်တွေသုံး Marvel's Defenders တို့ Jessica Jones တို့ရဲ့ ဒါရိုက်တာ S.J. Clarkson က ရိုက်ရဲ့သားနဲ့ ဘာလို့ ရိတ်တင် နည်းသွားတာလဲဆိုတာ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်ရအောင်ပါ။မင်းသမီး Dakota Johnson ရဲ့အင်တာဗြူးအရ မူရင်းဇာတ်ညွှန်းဟာ ဗီလိန် အီဇီကီရယ်က ပီတာပါကာ မွေးမလာအောင် အချိန်ခရီးသွားပြီး မယ်ရီပါကာကို သတ်ဖို့ကြိုးစားတာကို မဒမ်ဝက်ဘ်နဲ့ စပိုက်ဒါဝီးမန်းတွေက ကာကွယ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်ရိုက်ကူးတဲ့အချိန်မှာတော့ ဇာတ်ညွှန်းတစ်ခုလုံး မမှတ်မိနိုင်လောက်အောင် ပြောင်းသွားပြီး အခုဇာတ်လမ်းကြီး ထွက်လာတာပဲဖြစ်ပါတယ်။ အဆက်ထွက်ခဲ့ရင်တော့ နောက်တစ်ကားမှာတော့ ပိုကောင်းနိုင်မဲ့အလားအလာရှိပါတယ် ဘာလို့လဲဆိုတော့ ဒီထက်ဆိုးအောင်ရိုက်ဖို့မလွယ်တော့လို့ပါပဲ။ဇာတ်လမ်းအကျဉ်းကတ်စီ ဝက်ဘ် ဟာ ...
movie

Madame Web (2024)

4K HEVC
Napoleon (2023) 6.5
Napoleon (2023) Napoleon (2023) ============== IMDb Rating - 6.5/10မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ သမိုင်းရုပ်ရှင်အသစ် နပိုလီယံ ထွက်လာပါပြီ။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian, Kingdom of Heaven နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။ အလှတရားမှာနာမည်ကြီးတဲ့ ဂျိုးဆက်ဖင်းနေရာမှာလည်း Vanessa Kirby က သရုပ်ဆောင်ထားတဲ့အပြင် နပိုလီယံနဲ့ ခုတင်ပေါ်က တိုက်ပွဲတွေ ဖောဖောသီသီ ပါတာကြောင့် မိသားစုနဲ့ကြည့်မိရင်တော့ မျက်နှာပူရနိုင်ပါတယ်။ပြင်သစ် စစ်ဘုရင်ကြီး ...
movie

Napoleon (2023)

2023
4K HEVC
Grand Central(2013) 6.7
Grand Central(2013) Grand Central(2013)*******************Blue Is the Warmest Colour နဲ့လူသိများခဲ့တဲ့မင်းသမီး Léa Seydoux အချစ်ရိုမန့်ကားလေးဖြစ်ပါတယ်.အလုပ်လက်မဲ့ဖြစ်နေတဲ့ ဂါအီဟာ ပြင်သစ်နိုင်ငံရဲ့ နူကလိယလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာအလုပ်လျှောက်ပါတယ်။ စက်ရုံမှာ training ပေးပြီးတော့မှအလုပ်ကိုဝင်လုပ်ခွင့်ရမှာဖြစ်တဲ့အတွက် လူငယ်တစ်ချို့ကို စီနီယာတစ်ချို့နဲ့တွဲပြီးလေ့ကျင့်ခိုင်းတယ်။ တိုနီနဲ့အခြားစီနီယာတွေက သူတို့ကိုကြီးကြပ်စေပြီးတော့လေ့ကျင့်မှုစမ်းသပ်မှုအောင်မြင်အောင်ကြိုးစားပေးကြတယ်။ နူကလိယစက်ရုံဆိုတာသိတဲ့အတိုင်းပဲ ဓာတ်ရောင်ခြည်သင့်မှုတွေရှိတဲ့အတွက် ဂါအီအစ်မ မာမီကတော့ သူ့ကိုမလုပ်စေချင်ဘူး။ ဒါပေမယ့်လည်း ပိုက်ဆံရတဲ့အတွက် ဂါအီဟာဒီအလုပ်ကိုပဲလုပ်ဖို့ဆုံးဖြတ်ထားတယ်။ စက်ရုံမှာနေနေရင်းနဲ့ တိုနီနဲ့ဇနီးလောင်း ကာရိုးနဲ့ ချစ်မိသွားတယ်။ အဲ့ဒီနောက်မှာတော့..File Size :(1GB) and (398MB) Quality : BLU-RAY720P Format…mp4 Duration…01:34:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Grand Central(2013)

The Eagle(2011) 6.2
The Eagle(2011) The Eagle (2011)==============IMDb 6.2 / Rotten Tomatoes 39%အမေရိကန် နိုင်းနိုင်း😜 Channing Tatum ရဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ နိုင်ငံရဲ့အဖိုးတန် ဆုတံဆိပ် ရွှေလင်းယုန်ငှက်ရုပ်တုပျောက်ဆုံးမှုကြောင့် နာမည်ပျက်ခဲ့ရတဲ့ တပ်မှူးရဲ့ သား မားကပ်စ်မားကပ်စ်ရဲ့အမိန့်ကြောင့် မိသားစုဝင်တွေအားလုံး သေဆုံးပြီး ကျွန်ဘဝရောက်ခဲ့ရတဲ့ အက်စကာ ဖခင်ရဲ့ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ဖို့တိုက်ပွဲဝင်ရင်း ဒဏ်ရာရကာ တပ်မှ ထွက်လိုက်ရတဲ့ မားကပ်စ်တစ်ယောက်လူသတ်ပွဲတစ်ပွဲမှာ အက်စကာ့အသက်ကို ကယ်တင်ပေးလိုက်တဲ့အခါ...နှစ်ယောက်အတူ လူရိုင်းတွေရဲ့ နယ်မြေမှာ လင်းယုန်ငှက်ရုပ်တုကို သွားရှာကြချိန်မှာတော့...အနိုင်ကျင့်သူနဲ့ အနိုင်ကျင့်ခံရသူကနေ သခင်နဲ့ ကျွန်အဖြစ်ကို ရောက်ခဲ့ကြတဲ့သူတို့နှစ်ယောက် တစ်ဖန် ရန်သူတွေဖြစ်သွားကြမလား...ဆိုတာစိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Adventure / Action ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်... File size…2.35GB / 825MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 54m Genre ..... Action ...
movie

The Eagle(2011)

The Past(2013) 7.7
The Past(2013) The Past(2013)============= မိန်းမနှင့်ကွာရှင်းစာချုပ်တွင်လက်မှတ်ထိုးရန် အာမက်တစ်ယောက်အီရန်မှပြန်ရောက်လာခဲ့သည်။ သံယောဇဉ်တွယ်ခဲ့သည့်ကလေးများနှင့်ပျော်ရွှင်စွာနှုတ်ဆက်ပြီး ပြင်သစ်မှထွက်ခွာရန်စီစဉ်လာရာ မမျှော်လင့်သောအိမ်ထောင်ဉီးစီးအသစ်နှင့်တွေ့ရှိလိုက်ရသည်။၎င်းနောက်ဘာတွေဆက်ဖြစ်မလဲ။ပြဿနာပေါင်းစုံရှာနေတဲ့ သမီးကြီးကရောဘာတွေသိထားတာလဲ။ချစ်တဲ့ကလေးအတွက် စောင့်ရှောက်ပေးရာက နှစ်မိသားစုရဲ့အလယ်မှာအာမက်တစ်ယောက် မဆီမဆိုင်ပြဿနာတွေထဲဝင်ပါရပါတော့တယ်။ဒါတွေအားလုံးရဲ့လျှို့ဝှက်ချက်နောက်ကွယ်ကဘာလဲ။လူတိုင်းက အမှားကိုပြုလုပ်တတ်ကြကြောင်းကိုဂရုပြုရိုက်ပေးထားတဲ့The Past ကားလေးမှာဒရာမာကောင်းကောင်းကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ကြည့်နေကျအမေရိကန်ရုပ်ရှင်တွေနဲ့မတူပဲ ဉရောပကားလေးမိုလို့ပရိသတ်တွေ ခံစားချက်အသစ်အဆန်းတစ်မျိုးကိုရရှိမှာပါ။ပုံမှန်ရုပ်ရှင်တွေလို ဇာတ်ကွက်မရှုပ်ဘဲ မိသားစုတွေကြားမှာဖြစ်တဲ့ အဖြစ်အပျက်တွေကိုရိုက်ထားတာပါ။ယောကျ်ားနဲ့မိန်းမ အမေနဲ့သမီး မိသားစုတွေကြားမှာထားတဲ့ မေတ္တာ သံယောဇဉ်ကိုရိုက်ပြထားပုံကိုလည်းတွေ့ရမှာပါ။ဇာမ်းလမ်းအေးပေမဲ့ လှပစွာရေးသားထားတဲ့ဇာတ်ညွှန်းနဲ့ လူ့သဘာဝတွေအသေးစိတ်ရိုက်ပြထားပုံက ပရိသတ်တွေကိုအဆုံးထိကြည့်ဖြစ်အောင်ဆွဲဆောင်စေမှာပါ။တွေ့နေကျကားများထက် သဘာဝကျတဲ့ကားလေးတစ်ပုဒ်ဖြစ်ပါတယ်။မင်းသမီးကလည်း အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကိုဆွတ်ခူးထားပါတယ်။ဒါကြောင့် အချိန်ပေးပြီးကြည့်ရူရင်း ပြင်သစ်ရုပ်ရှင်ရဲ့ကောင်းမွန်ပုံကို ခံစားလိုက်ကြပါစို့။ File size…2.92GB / 990MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 10m Genre ..... Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin
movie

The Past(2013)

A Prophet (2009) 7.8
A Prophet (2009) A Prophet (2009)~ IMDb - 7.8/10, RT - 96%, Meta - 90% ~A Prophet (Un prophète) လို့ ခေါ်တဲ့ ဒီဇာတ်ကားဟာ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပြင်သစ်ဇာတ်ကားတစ်ကားဖြစ်ပြီး Crime / Drama ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ နယ်နယ်ရရ ဇာတ်ကားမဟုတ်ဘဲ အကောင်းဆုံး နိုင်ငံခြားဇာတ်ကားအဖြစ်နဲ့ အော်စကာဆုကို လျာထားခြင်းခံခဲ့ရပြီး အခြားဆုပေါင်း ၅၂ ဆုနဲ့ nominations ၅၅ ခု ချိတ်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ ၁၉ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေး မလိခ်အယ်လ်ဂျယ်ဘနာဟာ ပြင်သစ်ထောင်တစ်ခုဆီမှာ ထောင်ဒဏ် ၆ နှစ် ကျခံခဲ့ရပါတယ်။ ပြစ်မှုကြီးကြီးမားမား ကျူးလွန်ထားခြင်း မရှိဘဲ ပြုပြင်ထိန်းသိမ်းရေးစခန်းတစ်ခုကိုသာ ၀င်ခဲ့ဖူးတဲ့ မလိခ်ဟာ အခု တကယ့်အရွယ်ရောက်သူ အပြစ်သားတွေကို ထိန်းသိမ်းတဲ့ ...
movie

A Prophet (2009)

2009
The Mauritanian (2021) 7.3
The Mauritanian (2021) The Mauritanian (2021)===================IMDb Rating - 7.3/102001 ခုနှစ် စက်တင်ဘာ ၁၁ရက်နေ့တုန်းက အယ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့က အမေရိကန်ကိုအကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်သွားတဲ့အကြောင်း ဟိုးလေးတကျော်ဖြစ်ခဲ့တာ ကြားဖူးကြမှာပါ၊9/11 လို့ သိကြပါတယ်၊ဒီဇာတ်ကားကတော့ အဲ့ဒီအကြမ်းဖက်အဖွဲ့ထဲမှာ ဦးဆောင်ပါဝင်သူဆိုပြီး နာမည်တပ်ခံထားရတဲ့ မောရီတေးနီးယန်း နိုင်ငံသား မိုဟာမဒူအိုဆလာဟီ အကြောင်းရိုက်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။သံသယရှိသူအနေနဲ့ တကယ်ပဲ အကြမ်းဖက်လုပ်ရပ်တွေကို ရက်ရက်စက်စက်လုပ်ခဲ့တာလားဆိုတာကိုနှစ်ဖက်ရှေ့နေများက ရှာဖွေစစ်ဆေးကြရင်း နောက်ကွယ်က ဖုံးထားတဲ့အရာတွေ ပေါ်လာတဲ့အခါဘာတွေ ဆက်ဖြစ်ကြမှာလဲ၊မိုဟာမဒူဘက်က ခုခံပြောဆိုပေမယ့် ရှေ့နေအနေနဲ့ Jodie Foster က သရုပ်ဆောင်ထားပြီးတော့အစိုးရရှေ့နေ တစ်ဖြစ်လဲ အကြမ်းဖက်မှုမှာ ကျဆုံးသွားရတဲ့ လေယာဉ်မှူးရဲ့ သူငယ်ချင်းအနေနဲ့Benedict Cumberbatch (Doctor Strange, Sherlock Home, Stephen Hawking စတဲ့နာမည်ကြီးဇာတ်ကားတွေရဲ့ အဓိကသရုပ်ဆောင်) က သရုပ်ဆောင်ထားပါတယ်၊(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jerrica ပဲဖြစ်ပါတယ်။) Quality – 1080p, 720p ...
movie

The Mauritanian (2021)

2021
Mary Magdalene(2018) 6.0
Mary Magdalene(2018) Mary Magdalene(2018) Mary ဟာ သူရဲ့ မိသားစုနဲ့ တံငါရွာ​လေးကို ​ကျောခိုင်းပြီး ​Jesusရဲ့​နောက်​ကို လိုက်​ခဲ့ပြီး ရှင်​သန်​ခြင်းရဲ့အခြားနည်းလမ်းကိုရှာ​ဖွေခဲ့ပါတယ်​... အဲ့လိုလိုက်​ခဲ့တာက အခြားသူ​တွေ၊Saint Peter အပါအဝင်အ​​ခြားတမန်​​တော်​​တွေ ပဋိပက္ခ​တွေဖြစ်​စေခဲ့ပါတယ်​... ​နောက်​ပိုင်းမှာ​တော့ Mary ဟာ Jesus လိုပဲ လက်​ဝါးကပ်​တိုင်​မှာပဲ အဆုံးစီရင်​​စေခဲ့ပါတယ်​.... ဒီကား​လေးက​တော့ Jesus​ရဲ့ တမန်​​တော်​​တွေထဲက တစ်​ပါးဖြစ်​တဲ့ Mary အ​ကြောင်းကို အ​ခြေခံပြီး ရိုက်​ကူးထားတဲ့ ခရစ်​ယာန်​ ဘာသာ​ရေးကား​လေးတစ်​ကားပဲဖြစ်​ပါတယ်​... Garth Davis က ရိုက်​ကူးထားပြီး Rooney Mara, Joaquin Phoenix အစရှိတဲ့ သ​ရုပ်​​ဆောင်​​တွေက ပါဝင်​သရုပ်​​ဆောင်​ထားတဲ့ ဇာတ်​ကား​လေးဖြစ်​ပါတယ်​.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် Tinnilar Lwin ဖြစ်ပါတယ်.... File Size : (900 MB) and (336 MB) Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tinnilar Lwin Encoded by Phyo ...
movie

Mary Magdalene(2018)

2018