Channel Myanmar
Tai Bo
The Goldfinger ( 2024 ) 6.2
The Goldfinger ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေကို Liu De Hua ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်တဲ့ Golden Finger လေးနဲ့တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းကတော့ ချန်ယိယန်ဆိုတဲ့သူကတော့ တောင်ပိုင်းပင်လယ်မှာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး လူတွေကိုပြီးပြည့်စုံတဲ့အိမ်တစ်လုံးပိုင်ဆိုင်စေဖို့ အိပ်မက် မက်ခဲ့ဖူးသူဖြစ်ပေမဲ့လုပ်ငန်းအရူံးပေါ်ပြီး ဒေဝါလီခံလိုက်ရတယ်။ ဒီလိုနဲ့အပတ်တကုတ်အလုပ်ကြိုးစားရှာရင်း တနေ့မှာတော့တစ်နယ်သားကုမ္ပဏီတစ်ခုမှာ ကြေးစားသူဌေးယောင်ဆောင်အဖြစ်လုပ်ရင်း တကယ့်သူဌေးကြီးရင်းနှီးမြှုပ်နှံသူအစစ်နဲ့တွေ့ဆုံခဲ့တယ်။ဒီလိုနဲ့ ရင်းနှီးမြှုပ်နှံရေးလောကကိုဝင်ရောက်ခဲ့ပြီး လုပ်ငန်းရင်းနှီးမြှုပ်နှံရေး ရှယ်ယာကစားတာတွေကို လုပ်လာခဲ့ပြီးကျာဝန်ဆိုတဲ့ကုမ္ပဏီကိုတည်ထောင်ခဲ့တယ်။ တစ်စတစ်စ တဖြည်းဖြည်းဟောင်ကောင်မှာ လက်ညှိုးညွှန်ရာရွှေဖြစ်တဲ့ ကျာဝန်လုပ်ငန်းစုသူဌေးကြီးဖြစ်လာခဲ့တယ်။ကံတရားဆိုတာအတက်အကျရှိစမြဲဆိုတဲ့အတိုင်း ကံအရမ်းတက်နေတဲ့ ချန်ယိယန်တစ်ယောက်သူ့လုပ်ငန်းစုပိုင်ဆိုင်မှုကို ICAC အဖွဲ့မျက်စိကျတာကိုခံခဲ့ရတာပေါ့။ အဲ့အဖွဲ့ထဲမှာ လျိုအရာရှိက ဒီအမှုကိုဦးဆောင်ပြီးစုံစမ်းစစ်ဆေးခဲ့တယ်။ အစပိုင်းမှာလျိုအရာရှိကရိုးရှင်းလှပြီ ထင်မိတဲ့အမှုတစ်ခုလေးက တကယ်တမ်းမှာအများကြီး ပါဝင်ပတ်သက်မှုရှိနေတဲ့အခါမှာတော့ ဘယ်လိုတွေဖြေရှင်းကြမလဲ။ ဘယ်လိုတွေဖော်ထုတ်ကြမလဲ။စီးပွားရေးလောကရဲ့ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ။ လောဘသားတွေရဲ့လောဘငတ်မွတ်နေမှုတွေ၊ စည်းစိမ်ဥစ္စာချမ်းသာသူတွေရဲ့ ချမ်းသာမှုအပေါ် ပျော်မွေ့နေမှုစတာတွေကို Liu De Hua , Liang Chao Wei တို့ကပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်တွေဟာ သာမာန်စီးပွားရေး နိုင်ငံရေးဇာတ်လမ်းများနှင့်မတူတမူထူးခြားစွာရိုက်ကူးထားတာဖြစ်တဲ့အတွက် ဒီဇာတ်လမ်းလေးကို အတူတူကြည့်ရူအားပေးလိုက်ကြရအောင် ~ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama Runtime : 2h 6 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie
The Goldfinger ( 2024 )
The Apostles ( 2014 ) 5.8
The Apostles ( 2014 ) ဒီဇာတ်ကားလေးကတော့ သည်းထိတ်ရင်ဖိုနဲ့ စိတ္တဇဆန်ဆန် ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ကားမျိုးလေးဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းလေးကတော့ - စာရေးဆရာမလုယွင်ဟာ အမြဲလိုလိုအိပ်မက်ဆိုးတွေမက်လေ့ရှိပါတယ် ။ ဒီလိုနဲ့သူစာအုပ်ထုတ်ဖို့ချိန်းဆိုထားတဲ့တစ်နေ့မှာ အမျိုးသားဖြစ်သူဟာ အလုပ်ခရီးကနေ‌ရပ်ဆီပြန်အလာ စီးလာတဲ့လေယာဉ်ပျက်ကျသွားပြီး သေဆုံးလို့သွားခဲ့ပါတယ် ။လုယွင်တစ်ယောက် ယောက်ျားရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ ပစ္စည်းလေးတွေကိုသွားယူရင်း အမှန်တရားကိုလက်မခံနိုင်တဲ့အခါ.... တစ်ဖက်မှာလည်း ဟန်ပင်းလို့ခေါ်တဲ့ အမျိုးသားရဲ့ အမျိုးသမီးဖြစ်သူကလည်း လေယာဉ်ပျက်ကျမှုထဲပါလို့သွားခဲ့ပြီး ‌ကျစ်ရစ်ပစ္စည်းတွေထဲမှာ လုယွင်၏ခင်ပွန်းဖြစ်သူဖုန်းကရှိနေတဲ့အခါ...သူတို့နှစ်ယောက်အမှန်တရားကိုဘယ်လိုရှာဖွေသွားကြမလဲ.. ကိုယ်အမှန်လို့ထင်ထားတဲ့အရာတွေကအမှားဖြစ်ပြီး အမှားလို့ထင်ထားတဲ့အရာတွေက အမှန်တကယ်ဖြစ်နေတဲ့အခါ... လုယွင်တစ်ယောက်ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Mystery , Science Fiction Runtime : 1h 40 Min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
movie
The Apostles ( 2014 )
Dragons Forever (1988) 7.1
Dragons Forever (1988)     ဂျက်ကီလောင် (ဂျက်ကီချန်း) ဟာ အရည်အချင်းရှိတဲ့ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာတော့ ဓာတုဆေးဝါးထုတ်လုပ်တဲ့ကုမ္မဏီဘက်က ရှေ့နေလိုက်ပေးဖို့ဖြစ်လာပါတယ်။ ဝါကုမ္မဏီက စွန့်ပစ်တဲ့ ဓာတုအကြွင်းအကျန်တွေက ရေထဲစီးဆင်းလာပြီး ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ မစ္စရီတို့အတွက် အကြီးအကျယ်ထိခိုက်စေပြီး ငါးတွေအမြောက်အမြားသေဆုံးရတဲ့အတွက် မစ္စရီတို့ ညီအစ်မက ဝါဓာတုဆေးဝါးကုမ္မဏီကို တရားစွဲပါတော့တယ်။ဒီအချိန်မှာ ဂျက်ကီက ဓာတုဆေးဝါကုမ္မဏီဘက်က ရှေ့နေလိုက်ပေးပြီး မစ္စရီရဲ့ ဝမ်းကွဲညီမ တဖြစ်လည်း ငါးလုပ်ငန်းဘက်ကရှေ့နေဖြစ်တဲ့ ဝမ်မေလင်းကို သဘောကျသွားပါတော့တယ်။ ဒီလိုနဲ့ တရားလိုရှေ့နေနှင့် တရားပြိုင်ရှေ့နေဖြစ်တဲ့ သူတို့နှစ်ယောက် ချစ်မိသွားကြမလား ဘယ်ဘက်က တရားနိုင်သွားမလဲ ဓာတုဆေးဝါးကုမ္မဏီနောက်ကွယ်မှာရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ ဂျက်ကီချန်းကားသဘာဝအတိုင်း ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ကြည့်ရမယ့် ဟောင်ကောင်ဇာတ်မြူးလေးတစ်ပုဒ်ဖြစ်ပါတယ်။ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပါတယ်။ File size…(4.8 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Action, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie
Dragons Forever (1988)
1988
Heart of Dragon (1985) 6.5
Heart of Dragon (1985)    ဟောင်ကောင်အက်ရှင်လောကရဲ့ ရွှေရောင်မျိုးဆက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ ဟုတ်ချင်းပေါင်(Sammo Hung)တို့အပြင် ဇာတ်ကားတွေမှာ မှော်ဆရာလုပ်နေကြ Lam Ching-ying တို့လို ဇာတ်ရံတွေ အများအပြားလဲပါဝင်ထားပါတယ်။အထူးရဲကွန်မန်ဒို ဂျက်ကီချန်းနဲ့ ကျပ်မပြည့်တဲ့သူ့အစ်ကို ဟုတ်ချင်းပေါင်တို့ကြားက သံယောဇဉ်ကို ရင်နင့်အောင် ပြီပြင်စွာ ပုံဖော်ထားပြီး ဟာသတွေ အက်ရှင်တွေနဲ့လဲ ဇာတ်လမ်းကို ခပ်သွက်သွက် ဆွဲခေါ်ထားပါတယ်။၏ဂျက်ကီချန်းရဲ့ ငယ်မူငယ်သွေးကို အထင်းသားမြင်ရမှာဖြစ်သလို Action,Comedy,Drama ကြိုက်သူတွေ လက်မလွတ်သင့်တဲ့ကားလေးပါပဲ...... IMDb Rating (6.5/10) ရရှိထားပြီး ဒါရိုက်တာကလဲ ဟုတ်ချင်းပေါင်ပဲဖြစ်ပါတယ်။ File size…(1.8 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hein Zaw & Thar Nyo Lwin 
movie
Heart of Dragon (1985)
1985
Twinkle, Twinkle, Lucky Stars (1985) 6.2
Twinkle, Twinkle, Lucky Stars (1985)    ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေမှာ မြင်နေကျ ဂျက်ကီချန်းအပါအဝင် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အရွယ်ကောင်းတုန်းက ရိုက်ကူးထားတဲ့ အက်ရှင်ဟာသဇာတ်ကားလေးတစ်ပုဒ်ပါ။ချီချီဝမ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင် ကောင်မလေးရဲ့ မိတ်ဆွေဖြစ်သူဟာ မူးယစ်ဆေးကုန်သွယ်မှုအကြောင်း သတင်းပေးထားတဲ့ စာတစ်စောင်ကို သူမဆီပို့လိုက်ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက်ကြောင့် ဒီသတင်းပေးထားတဲ့ စာစောင်ကို ရရှိမှ အမှုဆက်လိုက်လို့ရမှာဖြစ်တဲ့ စုံထောက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ဟာ ချီချီဝမ်ကို အန္တရာယ်ကင်းကင်းနဲ့ စာကို လက်ခံရရှိနိုင်ပြီး သူတို့လည်း အမှုဖြောင့်ဖြောင့်စုံစမ်းလို့ရအောင် အသိဘော်ဒါတွေအိမ်မှာ ချီချီဝမ်ကို ပို့ထားလိုက်ပါတော့ တယ်။ဒီတော့ ဒီဘော်ဒါတစ်အုပ် မိန်းကလေးချောချောလေး အိမ်ပေါ်ရောက်လာတော့ ဘယ်လိုအကြံအဖန်တွေလုပ်ပြီး နှာထကြမလဲ၊ မူးယစ်ဆေးအမှုကိုရော ဒီကောင်တွေက ဘယ်လိုစောက်တလွဲတွေလုပ်ရင်းနဲ့ အမှုကို ကူညီဖော်ထုတ်သွားမလဲဆိုတာ ခွက်ထိုးခွက်လန်ရယ်မောရင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း အရွယ်ကောင်းတုန်းက အချိန်ကို ပြန်မြင်ရမှာကလည်း အမြတ်ပါပဲ။ ဒီဇာတ်ကားက စော်ငြင်းကောင်၊ စောက်ပေါ၊ နှာဘူးဖွန်ကောင်တွေ၊ အတည်ပေါက်နဲ့ နောက်တဲ့ကောင်တွေအပြင် ဇာတ်ကောင်မျိုးစုံပါဝင်တဲ့အတွက် ရှယ်ရယ်ရမှာဖြစ်ပြီး ကြည့်ရတာတန်တဲ့ကားဖြစ်ပါတယ်။ ဒီတော့ ...
movie
Twinkle, Twinkle, Lucky Stars (1985)
Winners & Sinners (1983) 6.8
Winners & Sinners (1983)     ပေါကားမဟုတ်တဲ့ ဟောင်ကောင်အက်ရှင်ဇာတ်ကားလေးတွေပြန်တင်ပေးလိုက်ပါတယ် 5 lucky stars seriesထဲက ပထမဆုံးကားလေးဖြစ်တဲ့ Winners and Sinners ပါ။ အဓိကသရုပ်ဆောင်အဖြစ် ကျွန်တော်တို့အကြိုက်ဇာတ်လိုက်မင်းသားကြီး Jackie Chan ကတော့သူ့ရဲ့ပုံစံအတိုင်းပဲလုပ်သမျှအလွဲတွေကြည့်ဖြစ်နေတတ်တဲ့ရဲတစ်ယောက် အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းလေးဟာဆိုရင်တော့ဖြင့် ခိုးမှု , လုယက်မှု , ပြည့်တန်ဆာခေါင်းလုပ်မှု စသဖြင့် ရာဇတ်မှု အမျိုးမျိုးနဲ့ထောင်ကျသွားတဲ့၅ယောက်ထောင်ထဲမှာတွေ့ကြပါတယ်တကယ်တော့သူတို့ကလည်းပေါတောတော အူတူတူတွေကြည့်စုထားပြီးမမိုက်ရဲ မိုက်ရဲနဲ့၅ယောက်ပေါင်းလောင်းကျော်နေတဲ့သူတွေပါတစ်ခုရှိတာက သူတို့ထောင်ကလွတ်တဲ့အချိန်မှာသူတို့၅ယောက်နဲ့တစ်ချိန်တည်းလွတ်သွားတဲ့သူတစ်ယောက်ရှိပါတယ်သူကတော့ဖိုက်တာလိုလို ဘာလိုလိုညာလိုလိုနဲ့အထာပေးကြမ်းတဲ့ဘဲကြီးတစ်ကောင်လည်းရက်စေ့ပြီးလွတ်သွားပါတယ်။ ဟို ၅ ယောက်ကရော ထောင်ကလွတ်ပြီးဘယ်တွေသွားကြမလဲ ဘာတွေလုပ်ကြမလဲ ပြီးတော့စီအိုင်ဒီကအလွဲတွေကြည့်လုပ်တတ်တဲ့ စုံထောက်ကျော်ကြီးကိုဂျက်ကီရယ် ၅ယောက်ပေါင်းလောင်းကျော်နေတဲ့ အူတိအူကြောင်ကောင်တွေရယ် ပိုက်ဆံအတုတွေထုတ်ပြီး ဘာညာသာဒကာ လျှောက်လုပ်နေတဲ့ဘဲကြီးရယ်ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ကြပါစို့ဗျာဇာတ်လမ်း အညွန်းကိုတော့ Pyae Xein Sett ကရေးသားပေးတာပါ File size…(2.5 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Shoon ...
movie
Winners & Sinners (1983)
1983
Dragon Lord (1982) 6.3
Dragon Lord (1982)   ကျွန်တော်တို့ရဲ့ childhood Kung Fu Heroကြီးဖြစ်တဲ့ ဂျက်ကီချန်းကားလေးပါဒီကားလေးမှာတော့ဂျက်ကီချန်းနဲ့သူ့သူငယ်ချင်းဟာ သူတို့ရွာရဲ့အရှေ့ပိုင်းကသူဌေးသားနှစ်ယောက်ပါ သူတို့ကမြင်းသမျှသူ့အဖေတွေကလိုက်ရှင်းနေကြရတာပါ။ဒီလိုနဲ့ တစ်နေ့ကမြင်းကျောထရင်းတိုင်းပြည်ရတနာတွေမှောင်ခိုရောင်းတဲ့အဖွဲ့နဲ့သွားရှုပ်မိပါတော့တယ် မှောင်ခိုအဖွဲ့နဲ့ကလေးနှစ်ယောက်တိုက်ပွဲကိုရှယ်ကြည့်ရမှာပဲဖြစ်ပါတယ် ဂျက်ကီချန်းကားတွေပီပီဟာသဆန်ဆန်စတန့်ကြမ်းကြမ်းတွေလဲမြင်ရမှာပါ သူတို့ရွာရဲ့ထူးထူးဆန်းဆန်းကစားပွဲတွေအကြောင်းလဲပါသေးတာမို့လို့ကြည့်ရှုခံစားပေးပါဦး..... File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Action, Comedy, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by T.Lone
movie
Dragon Lord (1982)
Coffin Homes (2021) 5.2
Coffin Homes (2021) Coffin Homes (2021)ဟောင်ကောင်ကားတွေဆိုရင် ပေးချင်တဲ့ messageကို ဘဝအမောပြေအောင် ရယ်စရာလေးတွေနဲ့ ပညာသားပါပါရောစပ်တဲ့နေရာမှာ နာမည်ကြီးပါပဲ။ အခုကားလေးကတော့ ဒီလိုရောစပ်တဲ့နေရာမှာ ကျွမ်းကျင်ပြီးသား Director ကြီး Fruit Chan ရဲ့ ခေါင်းတလားတိုက်ခန်းများဆိုတဲ့ ကားလေးပါ။‌အိမ်ခြံမြေဈေးတွေ အဆမတန်ထောင်တက်နေတဲ့ ဟောင်ကောင်လိုနေရာမှာ လူတစ်ယောက် ကျောတစ်ခင်းစာနေရာရဖို့အတွက် တိုက်ခန်းအကန့်‌လေးတွေကို ဈေးကြီးပေးပြီး ဝယ်ကြရပါတယ်။ ဒီလိုနဲ့ လူတွေဟာ သက်သာရာရှာရင်း တစ်ကွေ့မှာတော့ နာနာဘာဝတွေနဲ့ ဆုံကြရတော့တာပါပဲ။တိုက်ခန်းပိုင်ရှင်တွေရဲ့ ဈေးကစားမှုတွေ၊ ပေါပေါပဲပဲရနိုင်တဲ့ လူသေထားတဲ့ အခန်းတွေကိုဝယ်၊ အခန်းတွေထဲမှာ အခန်းပိစိတွေကန့်ပြီး ငှားစားကြတဲ့ကြားက အိမ်ငှားတွေနဲ့ အခန်းထဲက မကျွတ်မလွတ်သရဲတွေ ဘယ်လိုအတူယှဉ်တွဲနေထိုင်ကြမလဲဆိုတာကို အိမ်ခြံမြေအကျိုးဆောင်ဘက်၊ ငှားစားတဲ့အိမ်ရှင်ဘက်နဲ့၊ ဗီလာပိုင်ရှင်မိန်းမကြီးဘက် စတဲ့ ရှုထောင့်သုံးမျိုးကနေကြည့်ရှုရမှာပါ။Far East Flim Festival 2021 မှာ ပြသခွင့်ရတဲ့ Fruit Chan ရဲ့လက်ရာ၊ ဟာသနဲ့ Horror ရောထားတဲ့ ဇာတ်လမ်းလေးကိုကြည့်ပြီး ဟောင်ကောင်လူမှုဝန်းကျင်ကို တစ်ချက်လောက်မြည်းစမ်းကြည့်လိုက်ပါဦးလို့...အညွှန်း နဲ့ ဘာသာပြန်ကတော့ Aegi Xue ပဲ ဖြစ်ပါတယ်။Genre.....Comedy, Horror Quality…. ...
movie
Coffin Homes (2021)
2021
[18+]The Lady Improper (2019) 5.1
[18+]The Lady Improper (2019) ဘ၀မှာဆုံးရှုံးရတာတွေ များလာတဲ့အခါ ဘ၀အသစ်ပြန်စချင်ကြတာပဲ မဟုတ်လားဒီဇာတ်ကားထဲမှာလည်း Siu Man ဆိုတဲ့ ကောင်မလေးက ယောကျ်ားရဲ့စွန့်ပစ်ခြင်းခံရ ၊ ဖခင်ကလည်း ဆုံး သတ်သေချင်စရာလောကထဲကနေဘ၀အသစ်ပြန်စဖို့ စာဖိုးမှူးလုပ် အဖေ့ရဲ့စားသောက်ဆိုင်ကိုပြန်လည်ဖွင့်ဖို့လုပ်ပါတော့တယ်အတွေ့အကြုံမရှိတဲ့သူမို့ အရံစားဖိုမှူးငှားရတာပေါ့ ငှားတဲ့ စားဖိုမှူးက ချောတဲ့အပြင် ဆွဲဆောင်မှု့အပြည့်ရှိနေကာ ဂရုစိုက်မှု့တွေပါကောင်းတော့ ချစ်ကြွမ်း၀◌င်မိသွားတာပေါ့သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို လှိုက်လဲရင်သက်စွာ ကြည့်ရှု့ရမယ့် ဇာတ်ကားလေးမို့ မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့်တော်ပါဘူးနော် ။( အညွှန်းရေးသားထားသူကတော့ Dark Devil ပါ )File Size__(1.5GB) / (800MB) Quality__1080p, 720p IMDb Rating__5.1/10 Format__mp4 Duration__01:24:00 Type__Adult, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Butterfly Encoded by Dark Devil
movie
[18+]The Lady Improper (2019)
Yes, Madam! (1985) In the Line of Duty-2 6.6
Yes, Madam! (1985) In the Line of Duty-2  မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ်...ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ...ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။ခုပထမဆုံးတင်ဆက်လိုက်တဲ့ Yes, Madam! (1985) ဇာတ်ကားကတော့ In The Line of Duty-2 သို့မဟုတ် Police Assassins 2 အဖြစ်လဲ ခေါ်ဆိုကြပါတယ်။မင်းသမီးမီရှဲယိုနဲ့ အမေရိကန်မင်းသမီး ...
movie
Yes, Madam! (1985) In the Line of Duty-2
Gatao: The Last Stray (2021) 6.0
Gatao: The Last Stray (2021)  အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အချစ်အကြောင်းကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ အချစ်ဆိုတဲ့ထဲမှာ သမီးရည်းစားအချစ်တင်မကဘဲ သူငယ်ချင်းပေါင်းဖော်အချင်းချင်းချစ်တဲ့အချစ်ကိုပါ လှလှပပပုံဖော်ထားပြသထားတဲ့ ထိုင်ဝမ် ဇာတ်လမ်းကောင်းလေးတစ်ခုလည်းဖြစ်ပါတယ်ဂန်းစတားဆိုတာမျိုးက ကိုယ်လုပ်ချင်လွန်းလို့ဖြစ်လာတာမဟုတ်ဘဲနဲ့ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်သာဘဲဖြစ်လာရတာပါ အားချင်းဆိုတဲ့ကောင်လေးဟာလည်း တည်ငြိမ်တဲ့အိမ်တစ်ခု သာမန်ဘဝတစ်ခုကို တောင့်တနေတဲ့ ဂန်းစတားတစ်ယောက်ပေါ့ သူဟာ ရှောင်ချီဆိုတဲ့ ဓာတ်ပုံဆရာမလေးနဲ့တွေ့ပြီး သူ့စိတ်ကူးတွေ ဖြစ်လာခါနီးအချိန်မှာ သူတို့ အဖွဲ့က ဆေးကုန်ကူးမှုအရှုပ်အရှင်းတွေနဲ့ ဆက်နွယ်ပတ်သတ်လာပါတော့တယ် ဒီလိုအရှုပ်အထွေးတွေကြားထဲမှာ အားချင်းတစ်ယောက် သူ့ညီအစ်ကိုတွေနဲ့ သူချစ်ရတဲ့ ကောင်မလေးကို ဘယ်လိုကာကွယ်နိုင်ဖို့ ကြိုးစားမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာပါနော် ။( အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ )Quality__1080p,720p,360p IMDb Rating__6.0/10 Format__mp4 Duration__02:05:00 Type__Crime , Drama Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt
movie
Gatao: The Last Stray (2021)
The Cabbie (2000) 7.0
The Cabbie (2000) IMDb Rating (7/10)ဖီးလ်ရတဲ့ ထိုင်ဝမ် အချစ်ဇာတ်ကားလေးတင်ဆက်လိုက်ပါတယ်...မင်းသားက Taxi မောင်းတဲ့ လူပျိုကြီး...မိန်းမ မယူတာက မရတာမဟုတ်ဘူး...သူချစ်ရတဲ့သူကိုပဲ လက်ထပ်မယ်စိတ်ကူးထားတာမို့ အိမ်ကစေ့စပ်သမျှကို အံတုလာတဲ့ အာဂလူပျိုကြီးအချစ်ဆိုတာ ပထမဆုံးအကြည့်တစ်ချက်မှာတင် ငြိတွယ်ရမယ်လို့ သူကလက်ခံထားတာ...ငြိမှငြိတွယ်သွားတော့လဲ Taxi သမားနဲ့ မလိုက်မဖက် ယာဉ်စည်းကမ်းထိန်းသိမ်းရေးက ရဲမေမလေး...အကြည့်တစ်ချက်မှာတင် သူ့အိမ်သူသက်ထားပဲလို့ လူပျိုကြီးက သတ်မှတ်လိုက်ပြီးယာဉ်ထိန်းရဲမေလေးမျက်နှာကို မြင်ရဖို့အရေး ယာဉ်စည်းကမ်းတွေကို နေ့တိုင်းဖောက်ဖျက် ကျူးလွန်နေပါတော့တယ်...ယာဉ်စည်းကမ်းဖောက်လိုက် ချစ်ရသူရဲမေဆီက ခံဝန်ထိုး ဒဏ်ကြေးစာရွက်လေး ယူလိုက်နဲ့ သာယာနေပါတော့တယ်...ဆိုတော့ကာ ဇာတ်လမ်းက ဘယ်လိုဖီးလ်ရမလဲပေါ့နော်...ဆက်လက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။ဒီဇာတ်ကားက ဒီလိုအကြောင်းချည်းသက်သက်တော့ မဟုတ်ပြန်ဘူး...မိသားစုတစ်ခုမှာ ရှိတတ်တဲ့ ဝိဝါဒတွေ...ရယ်စရာ မောစရာတွေနဲ့ ရောယှက်ထားတာမျိုး....ရိုက်ချက်အေးအေးကြီးတွေကြား ရင်ထဲ Deep ဖြစ်စေတဲ့ ခံစားချက်တွေ အုံလိုက်ဆင်းချလာမှာမျိုး။ File size…(1.1 GB) / (700 MB) / (300 MB) Quality…BluRay 1080p /720p/ 360p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle ...
movie
The Cabbie (2000)
Suk Suk ( 2020 ) 7.1
Suk Suk ( 2020 ) ဒီဇာတ်ကားလေးကတော့ IMDb 7.1, Rotten Tomatioes က 100% အပြည့် ညွှန်းထားပြီး၂၀၂၀ ခုနှစ် ဟောင်ကောင် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုနဲ့အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုရရှိထားတဲ့ထိုင်ဝမ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်BL ကြိုက်နှစ်သက်သူတွေအတွက် လာပါပြီနော် BL ကားလေးအခုလတ်တလောမှာ ပရိသတ်တွေနှစ်သက်တဲ့ ငယ်ငယ်ရွယ်ရွယ် BL မျိုးမဟုတ်ဘဲအရွယ်ရောက် Men Love လို့တင်စားလို့ရတဲ့ ML ကားလေးပေါ့နော်ကမ္ဘာပေါ်မှာ ကိုယ့် Gender ကို မိသားစုအသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်ကလက်ခံလို့ ပွင့်ပွင့်လင်းလင်း ဖွင့်ချခွင့်ရခဲ့တဲ့လူများရှိသလို မရတဲ့လူများလည်းရှိပါတယ်ဖွင့်ချခွင့်မရှိတဲ့ အမျိုးသားအများစုဟာ သာမာန်အမျိုးသားများလိုအိမ်ထောင်ပြုပြီး သားသမီးမြေးမြစ်များနဲ့ မိသားစုများရှိကြပါတယ်တစ်ချို့ကြတော့လည်း အိမ်ထောင်ပြုပြီးမှ မိမိကိုယ်ကိုသိရှိတာမျိုးလည်းရှိပါတယ်လူတစ်ယောက်နဲ့တစ်ယောက် နုပျိုချိန်ကနေ အတူတူအိုမင်းလာလို့မေတ္တာမပျက်ကြတာမဆန်းပေမယ့်အရေးကြောင်းတွေနဲ့အိုနေချိန်မှာမှ တစ်ယောက်ကိုတစ်ယောက်မေတ္တာသက်ဝင်ဖို့ဆိုတာအနည်းငယ်တော့ခက်ခဲပါတယ်ဒီဇာတ်ကားလေးထဲမှာတော့ အိုကလည်းအို ဂေးကလည်းဖြစ်လို့ပတ်ဝန်းကျင်ရဲ့ အကြည့်တွေကိုခံနေရသူတွေအတွက် ဂေးလူအိုရုံတောင်းဆိုကြရင်းသူတို့ချင်းရိုင်းပင်းကူညီမှုတွေနဲ့မိသားစုကိုယ်စီပိုင်ဆိုင်ထားပြီး သားသမီးမြေးမြစ်တွေရဲ့ ဂုဏ်သိက္ခာအတွက်တစ်သက်တာလုံးမိမိရဲ့ဖြစ်တည်မှုကို ဖုံးကွယ်ထားရမယ့် လူနှစ်ယောက်ဘယ်လိုတွေအဆုံးသတ်မလဲဆိုတာ မြင်တွေ့ရမှာပါကြည့်ကြည့်ပါ ရင်ထဲတစ်ခုခုကျန်ခဲ့မှာပါTranslated & Review By Htoo Htoo Ka Joe
movie
Suk Suk ( 2020 )
Fist of Fury (1991) 6.7
Fist of Fury (1991)  Fist of Fury (1991)IMDB(6.7) ဘရုစလီဇာတ်ကားကို အမှီပြုပြီး စတီဖင်ချောင်ရဲ့ အရသာအပြည့်နဲ့ တင်ဆက်ထားတဲ့ဇာတ်ကားပါ.. Fist of Fury ဇာတ်ကား ၁ နဲ့ ၂ နှစ်ကားထွက်ပါတယ်။ +++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို  https://channelmyanmar.org/category/stephen-chow/   မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…ဘဝဆိုတာ ဖြတ်သန်းစဉ်က  အတည်ကြီးတွေ ခံစား ...
movie
Fist of Fury (1991)
The Brink (2017) 5.5
The Brink (2017) The Brink(2017) ဟာIP man-3မှာပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကျော် တရုတ်မင်းသားJhang Jinရဲ့ ဖိုက်တင် ကားကောင်းလေး တစ်ကားပါ...ဇာတ်လမ်းအကျဉ်းလေးကတော့....Saigau(Jhang Jin)ဟာ ပေါ့တိပေါ့ဆနဲ့ ကမူးရှုးထိုး လူဆိုးဖမ်းတတ်တဲ့ ရဲတစ်ယောက်ပါ...မှောင်ခို ရွှေအရောင်းအဝယ်သမား Shing ဆိုတဲ့သူ့ရဲ့ ဒုစရိုက် ရန်သူတော်ကြီးကို ရေကုန်ရေခမ်းလိုက်ဖမ်းဆီးဖို့ စိတ်ဆုံးဖြတ်ထားတဲ့သူလည်းဖြစ်ပါတယ်...Shingကတော့ ငါးဖမ်းလှေတွေ အယောင်ပြပြီး ရွှေမှောင်ခို ရောင်းဝယ်နေသူပါ...တစ်နေ့မှာတော့ Shing တစ်ယောက် ရေအောက်က လျှို့ဝှက်ရွှေတွင်းကို လိုက်ရှာနေကြောင်း ပြည့်သူရဲကြီး Saigau သိသွားတဲ့အချိန်မှာတော့ သူ့ရဲ့ သားကောင်နောက်ကို ဘယ်လို ခြေရာခံလိုက်လံဖမ်းဆီးမလဲ ဆိုတာကို ခပ်ကြမ်းကြမ်း အတိုက်အခိုက်ကားကောင်းမျိုးမှ ကြည့်ချင်တဲ့ Channel Myanmar ပရိသတ်ကြီးအတွက် The Brink (2017)ကို တင်ဆက်ပေးလိုက်ရပါတယ် (ဘာသာပြန်သူကတော့ Ann Mary ပါ) File Size : (900 MB) and (376 MB) Quality : ...
movie
The Brink (2017)
2017
Enter the Dragon (1973) 7.7
movie
Enter the Dragon (1973)
1973