Channel Myanmar

Takashi Sasano

Yudo: The Way of the Bath (2023) 6.6
Yudo: The Way of the Bath (2023) Yudo: The Way of the Bath ( 2023 ) ========================ကိုယ်လုံးတီးတွေချွတ်ပြီး အများသုံးရေချိုးအိမ်ထဲ စုပြုံရေချိုးကြတဲ့ ဓလေ့ဟာ ကျွန်တော်တို့ မျက်စိထဲ တော်တော်တော့ အဆင်မပြေခဲ့ကြလောက်ဘူး။ ကျွန်တော်တို့မှ မဟုတ်ပါဘူး။ ရဲဘော်သုံးကျိပ်ရဲ့ ဂျပန်ပြည်သွားခဲ့တဲ့ မှတ်တမ်းစာအုပ်တွေထဲလည်း သူတို့လည်း တစ်မျိုးဖြစ်ခဲ့တာကို တွေ့ရတယ်။ ဒီရုပ်ရှင်ကို မကြည့်ခင်အထိတော့ အဲဒီဓလေ့ကို ကျွန်တော် နားမလည်နိုင်ပေမဲ့ ဒီရုပ်ရှင်မှာတော့ အဲဒီဓလေ့ဟာ  ဖလော်ဆော်ဖီရော ယဉ်ကျေးမှုရော နှလုံးသားရော ပေါင်းစပ်ထားတဲ့ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားတဲ့ အရာတစ်ခုအဖြစ်သိလိုက်ရတယ်။ ဂျပန်တွေရဲ့ အနုပညာဟာ သဘာဝကလာတော့ သဘာဝကပဲလာတဲ့ ရေချိုးခြင်းဟာ အနုပညာတစ်ရပ်လိုဖြစ်နေတာလည်း ဆန်းတော့မဆန်းပါဘူး။ ဒါပေမဲ့ ရေချိုးခြင်းက ဘယ်လောက်အနုပညာမြောက်သလဲဆိုတာကတော့ ဆန်းနေတယ်။လက်ရှိမှာတော့ ဂျပန်ပြည်ရဲ့ နေအိမ်၉၅ရာခိုင်နှုန်းမှာ ရေချိုးခန်းတွေရှိနေပြီဆိုပေမဲ့ ရှိုးဝါးခေတ်ရဲ့လက်ကျန်လို့လည်းဆိုကြတဲ့ ဒီအများသုံးရေချိုးအိမ်တွေကို သုံးတဲ့သူတွေလည်း သုံးနေကြတုန်းပါပဲ။ မနှစ်ကထွက်ခဲ့တဲ့ Perfect Daysရဲ့ အဓိကဇာတ်ကောင်လည်း ဒီလိုရေချိုးအိမ်မှာပဲ ...
movie

Yudo: The Way of the Bath (2023)

Jigen Daisuke (2023) 6.2
Jigen Daisuke (2023)   ဂန္တဝင်သေနတ်သမား တစ်ယောက်ဖြစ်တဲ့ Jigen.Daisukeဟာ သူ့ဘဝတစ်လျှောက်လုံးမှာ ပစ္စတိုတစ်လက်ကိုပဲ သုံးခဲ့တယ်။ ဒီသေနတ်ကို ပြင်ဆင်ဖို့အတွက် ဂျပန်နိုင်ငံရဲ့ ဒုစရိုက်မြို့တော် Deigyo-gai ကိုရောက်ရှိလာပါတော့တယ်။ Deigyo-gaiဟာ သာမန်ဒုစရိုက်မြို့တော်တင်မကပဲ မကောင်းတာမှန်သမျှ စုပြုံနေတဲ့အပြင်ဖုံးကွယ်ထားတဲ့ ရက်စက်ကြမ်းကြုတ်မှုကြီးကရော ဘာဖြစ်မလဲ၊ သေနတ်တစ်လက်ပြင်ဖို့လာရာ ကနေ တစ်မြို့လုံးနဲ့ တစ်ယောက်ရင်ဆိုင်လာရတဲ့အခါမှာ…ဂျပန် mangaတစ်ခုဖြစ်တဲ့ Lupin III series ထဲကArsène lupin IIIရဲ့ အချစ်ဆုံးသူငယ်ချင်းJigen Daisuke ကို Live actionအဖြစ် အသက်သွင်းထားတာဖြစ်ပါတယ်။ ကြည့်ရှုချိန် ၂နာရီအတွင်းမှာ ဘယ်လိုအချိန်ကုန်သွားမှန်း မသိရအောင် အက်ရှင်အကြမ်းစားတွေနဲ့ dark secretတွေပါ ပါတာမို့လို့ ကြည့်ရတာတော်တော်တန်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန် Ahorne ဖြစ်ပါတယ်File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre...Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ahorne
movie

Jigen Daisuke (2023)

One Million Yen Girl (2008) 7.1
One Million Yen Girl (2008) One Million Yen Girl (2008) ===================== IMDb Rating - 7.1/10ဒီယန်းတစ်သန်းမိန်းကလေးက ၂၀၀၈အနေနဲ့ဆို ဂျပန်ကား တွေမှာ အမျိုးသမီးတစ်ယောက်တည်းကို အဓိကဦးတည် ဇာတ်အိမ်ဖွဲ့ထားတာ ရှားပါးတဲ့သေးတဲ့အချိန်မှာ ဒါရိုက်တာ အသစ်က အမျိုးသမီးတစ်ယောက်တည်းကို အဓိကထား ဇာတ်အိမ်တည်ပြီးရိုက်ထားတာ။ ဒီကားကိုရိုက်တဲ့အမျိုးသမီး ဒါရိုက်တာ Yuki Tanadaက သူတို့လောကမှာ မင်းသမီးတွေ နေရာပိုရအောင် လုပ်ဖို့ကြိုးစားခဲ့တဲ့ ပထမဆုံးမှတ်တိုင်တစ်ခုလို့ ပြောရင်လည်းမမှားဘူး။ Yu Aoi ရဲ့ ပထဆုံး အဓိကဇာတ်ကောင် စစ်စစ် နေရာကို ရခဲ့တဲ့ကားလည်းဟုတ်တယ်။ဒီကားရဲ့ မင်းသမီး Yu Aoi က လက်ရှိ ဂျပန် Film Industry မှာတော့ ညှို့ဓာတ်အပြင်းဆုံး အလှဆုံးမင်းသမီးလို့ပြောလို့ရတယ်။ Aoiဟာ ဒါတင်မကဘဲ ချစ်ဖို့တော်တော်ကောင်းတဲ့ မင်းသမီးဆိုလည်း မမှားဘူး။ သူရိုက်ခဲ့တဲ့ သက်တမ်းတစ်လျှောက်က ရုပ်ရှင်တွေက နာမည်ကြီးဒါရိုက်တာတွေနဲ့ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ကားတွေ တော်တော်များတယ်။ ဂျပန်ရုပ်ရှင်လောကရဲ့ ရုပ်ရှင်ကဝေတစ်ပါး ဖြစ်တဲ့ Shunji Iwaiရဲ့ မာစတာပိစ်ကားဖြစ်ခဲ့တဲ့ All About Lily Chou-Chouမှာလည်း သရုပ်ဆောင်ဖူးသလို Iwaiရဲ့ အစောပိုင်း ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ Hana ...
movie

One Million Yen Girl (2008)

2008
HiGH&LOW The Movie 2: End of Sky(2017) 7.1
HiGH&LOW The Movie 2: End of Sky(2017) အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။ အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကက သံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေက ဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ ...
movie

HiGH&LOW The Movie 2: End of Sky(2017)

What to Do With the Dead Kaiju? (2022) 5
What to Do With the Dead Kaiju? (2022) What to Do with Dead Kaiju IMDB 4.4 

၂၀၂၂ကမှ ထွက်ရှိထားတဲ့ ဒီဇာတ်ကားမှာတော့ နာမည်အတိုင်း ကိုင်ဂျူအသေကောင်နဲ့ တိုင်ပတ်ရတဲ့ ဂျပန်ပြည်ကြီးအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ကိုင်ဂျူဟာ လူက သတ်လို့ သေတာမဟုတ်ဘဲ ကောင်းကင်ပေါ်ကကျလာတဲ့ ထူးဆန်းတဲ့အလင်းတန်းကြောင့် ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။ ရုပ်ရှင်တိုင်းလိုလိုမှာ သေကြေပျက်စီးခြင်းကို သယ်ဆောင်လာသူအဖြစ် ပုံဖော်ခံရတဲ့ ကိုင်ဂျူတစ်ကောင် ဒီနည်းနဲ့ပဲ ဇီဝိန်ချုပ်သွားတဲ့အခါ …. ကိုင်ဂျူအလောင်းကောင်ကြီးကို ရှင်းလင်းဖို့ တာဝန်ဝတ္တရားဟာ ဂျပန်အစိုးရပေါ်ကို ကျရောက်လာပါတော့တယ်။ ဒီလိုနဲ့ ကိုင်ဂျူကို တိုက်ဖို့ ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့သည်လည်း ကိုင်ဂျူမရှိတော့တဲ့နောက် ဘယ်လိုဆက်ဖြစ်သလဲ။ ထုံးစံအတိုင်း နိုင်ငံရေးသမားတွေသည်လည်း နိုင်ငံရေးသမားပီပီ ကိုင်ဂျူကို နင်းပြီး နာမည်ရရေး ဘယ်လိုယဉ်ပြိုင်လုပ်ဆောင်ကြသလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။File Size__(2.7GB) / (1.2B) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:00:00 Type__Comedy, Sci-Fi Subtitle__Myanmar Subtitle ...
movie

What to Do With the Dead Kaiju? (2022)

Wife of a Spy(2021) 6.5
Wife of a Spy(2021) ယေဘုယျအနေနဲ့တော့ နိုင်ငံတစ်နိုင်ငံရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုရဲ့ သက်တမ်းကြာရှည်လေ သူ့မှာထွန်းကားတဲ့ အနုပညာတွေ မြင့်မားလေပါပဲ။ ရုပ်ရှင်လောကမှာ ဂျပန်ဟာ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အသွေးနဲ့ ရပ်တည်နေပြီး အနောက်နိုင်ငံတွေက သူ့ကို ဆင့်ပွားကူးယူ ခံ‌ရနေကျ ဆရာတစ်ဆူပါပဲ။ ဂျပန်ရုပ်ရှင်တွေဟာ အသားမကျရင် အ၀င်နည်းနည်း ခက်ပေမဲ့ ရင်ထဲရောက်သွားတဲ့အခါ သူ့အရသာဟာ တသသကို စွဲထင်ကျန်ရစ်တတ်တယ်။ ရုပ်ရှင်အကြောင်းမပြောခင် ဖန်တီးသူဖြစ်တဲ့ ဒါရိုက်တာခိရိုရှိ ခူရိုဆ၀အကြောင်း အရင်ဆုံး မိတ်ဆက်ပေးချင်တယ်။ သူက တိုကျို အနုပညာတက္ကသိုလ်က ပရော်ဖက်ဆာ။ ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာနဲ့ ဝေဖန်ရေး ဆရာတစ်ယောက်ဆိုလည်း ဟုတ်တယ်။ ဒါရိုက်တာက မညံ့သလို ဒီရုပ်ရှင်ဟာလည်း ၂၀၂၀ရဲ့ အကောင်းဆုံး ဂျပန်ရုပ်ရှင်တစ်ကားလို့ ဝေဖန်ရေးဆရာတွေ ချီးကျုးခံခဲ့ရတယ်။ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာလည်း ငွေခြင်္သေ့ဆုရထားပါတယ်။အကောင်းဆုံးဒါရိုက်တာဆုပါ။ Cinematographyဟာလည်း အတော် သိမ်မွေ့လှပတယ်လို့ ချီးကျူးခံခဲ့ရပါတယ်။ အဓိကဇာတ်ဆောင်ကတော့ ဂျပန်ကားတွေနဲ့ သိပ်မစိမ်းတဲ့လူတွေ သိကြတဲ့ မမ ယုအအို့အိပါပဲ။ ဘော်ဒါတစ်ယောက်ပြောသလိုပြောရရင် ဟန်နီနွေဦးဂျပန်ဗားရှင်းပေါ့။ တကယ်တော့ ဒီရုပ်ရှင်ဟာ သူနဲ့တင်တန်နေပါပြီ။ ဇာတ်လမ်းကတော့ စစ်တွင်းကာလက အဖြစ်အပျက်တစ်ခုကို ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်။ 1940 ဒုတိယကမ္ဘာစစ် အကြိုကာလလောက်မှာ ...
movie

Wife of a Spy(2021)

2020
Masquerade Hotel ( 2019 ) 5.9
Masquerade Hotel ( 2019 ) Zawgyi*******ဟိုတယ်တွေတည်းဖူးပေမယ့် ဟိုတယ်ဝန်ထမ်းကောင်းတစ်ယောက်ရဲ့နောက်ကွယ်မှာ ဘယ်လိုကြုံတွေ့ဖြေရှင်းနေရတယ်ဆိုတာနားလည်နိုင်မယ့်သူ ရှားပါတယ်.. ဒါပေမယ့် ဒီလို ကိုယ်မမြင်ရတဲ့တစ်ဖက်က ဟိုတယ်ဝန်ထမ်းတွေရဲ့လောကထဲကိုလျို့ဝှက်စုံစမ်းရေးအတွက် ဝင်လိုက်ရတဲ့ စုံထောက်တွေရဲ့အခက်အခဲနဲ့ ဟိုတယ်တွေရဲ့ ဧည့်သည်တွေကို ဝန်ဆောင်မှုပေးတဲ့အခါတချို့အပိုင်းလေးတွေမှာ မမြင်ရတဲ့ စည်းမျဉ်းတွေကိုချိုးဖောက်မိနေတယ်ဆိုတာကို ထောက်ပြထားတဲ့ ဇာတ်ကားကောင်းလေးပါ...ဒီဇာတ်ကားလေးထဲမှာတော့ ဧည့်သည်တွေကိုဟိုတယ်မှာရှိတဲ့အချိန်တွင်း အကောင်းဆုံးဝန်ဆောင်မှုပေးချင်တယ်ဆိုတဲ့ဧည့်သည်တွေကိုသာ ယုံကြည်ပေးချင်တဲ့ ဟိုတယ်နဲ့ လူတွေကိုသံသယမျက်လုံးနဲ့ ကြည့်ပြီး ဘေးကင်းတဲ့ဘဝမှာနေနိုင်ဖို့ဝန်ဆောင်မှုပေးနေတဲ့ ရဲတွေ စုံထောက်တွေကြား လွန်ဆွဲရင်ဘယ်သူနိုင်မယ်ထင်လဲ... ဘယ်သူနိုင်မယ်ဆိုတာကိုတော့ဇာတ်လမ်းလေးကြည့်ပြီး အဲ့ထဲက အမှုတွေကို လိုက်ဖြေရှင်းမှ သိနိုင်မှာပါ...( ဇာတ်လမ်းမှာ နောက်ခံစာသားများပါဝင်ပါတယ် ) Unicode********ဟိုတယ်တွေတည်းဖူးပေမယ့် ဟိုတယ်ဝန်ထမ်းကောင်းတစ်ယောက်ရဲ့နောက်ကွယ်မှာ ဘယ်လိုကြုံတွေ့ဖြေရှင်းနေရတယ်ဆိုတာနားလည်နိုင်မယ့်သူ ရှားပါတယ်.. ဒါပေမယ့် ဒီလို ကိုယ်မမြင်ရတဲ့တစ်ဖက်က ဟိုတယ်ဝန်ထမ်းတွေရဲ့လောကထဲကိုလျို့ဝှက်စုံစမ်းရေးအတွက် ဝင်လိုက်ရတဲ့ စုံထောက်တွေရဲ့အခက်အခဲနဲ့ ဟိုတယ်တွေရဲ့ ဧည့်သည်တွေကို ဝန်ဆောင်မှုပေးတဲ့အခါတချို့အပိုင်းလေးတွေမှာ မမြင်ရတဲ့ စည်းမျဉ်းတွေကိုချိုးဖောက်မိနေတယ်ဆိုတာကို ထောက်ပြထားတဲ့ ဇာတ်ကားကောင်းလေးပါ...ဒီဇာတ်ကားလေးထဲမှာတော့ ဧည့်သည်တွေကိုဟိုတယ်မှာရှိတဲ့အချိန်တွင်း အကောင်းဆုံးဝန်ဆောင်မှုပေးချင်တယ်ဆိုတဲ့ဧည့်သည်တွေကိုသာ ယုံကြည်ပေးချင်တဲ့ ဟိုတယ်နဲ့ လူတွေကိုသံသယမျက်လုံးနဲ့ ကြည့်ပြီး ဘေးကင်းတဲ့ဘဝမှာနေနိုင်ဖို့ဝန်ဆောင်မှုပေးနေတဲ့ ရဲတွေ စုံထောက်တွေကြား ...
movie

Masquerade Hotel ( 2019 )

2019
Departures(2008) 8.1
Departures(2008) Departures(2008) IMDb....8.1,,,,Rotten79% တစ်ချို့သောသူတွေက  ရယ်ရမောရ ပျော်ရွှင်ရတဲ့ကားတွေကို သဘောကျတယ်..တစ်ချို့တွေက အပစ်အခတ် နဲ့ သိုင်းကားမျိုးတွေသဘောကျတယ်.. တစ်ချို့တွေက Biography လိုကားမျိုးတွေကို သဘောကျကြတယ်..တစ်ချို့တွေကတော့ ဇာတ်ကားကြည့်ပြီး အသေးစိတ်ခံစားပြီး တွေးတော့နေရတာကိုကြိုက်ကြတယ်...အကြိုက်ကိုယ်စီ ပေါ့ဗျာ... ဒီကားကို မကြည့်ခင်  အစပထမတော့ အကောင်းဆုံး Reviewer တစ်ချို့ကိုရေးဖို့အကူအညီတောင်းဖို့စဉ်းစားဖူးတယ်.. သို့ပေမယ့် ဒီကားကိုကြည့်ပြီးတဲ့အချိန်မှာ ဘယ်လိုလူမျိုးမှ Review ရေးချင်ကြမှာမဟုတ်ဘူး..ရေးထားတာတွေ့ရင်လည်း မကြည့်ရသေးခင်မဖတ်ပါနဲ့...ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ရဲ့အတွေးတွေကို ဘောင်ကန့်လိုက်သလိုမျိုးဖြစ်သွားမယ်စိုးရိမ်လို့ပါ.. တကယ့်ကိုဖြန့်ကျက်ပြီးတွေးတောဆင်ခြင်လို့ကောင်းတယ်... Departures(2008) ဇာတ်ကားဟာ Best Foreign Language Film of the Year အဖြစ် အော်စကာရခဲ့သလို အခြားဆု(၃၃)ဆုလည်းရခဲ့ပါတယ်..  ဒေါင်းသင့်မဒေါင်းသင့် စဉ်းစားလို့ရအောင်ပြောပြလို့တော့ရတယ် .. ဟာသကွက်တွေ သိုင်းကွက်တွေ မြူးမြူးကြွကြွတေးသံတွေ ဘီကီနီဝတ်တွေ ဘာမှမပါဘူး.....ဆန်းပြားလွန်းတဲ့ twist တွေမပါဘူး... နားလည်ရခက်တဲ့ Dialoge တွေမပါဘူး..စက်ဆုပ်စရာတွေ မပါဘူး...ရက်စက်ကြမ်းကြုတ်တာတွေမပါဘူး... ဆိုတော့ ဒီကားအမျိုးအစားကိုအနည်းငယ်တော့ရိပ်မိမယ်ထင်ပါတယ်.. ပြီးတော့ ဒီကားကိုကြည့်တော့မယ်ဆိုရင် ဆူညံသံတွေအတတ်နိုင်ဆုံးငြိမ်တဲ့အချိန်ကိုရွေးပါ ..မိသားစုနဲ့ကြည့်မယ်ဆိုရင်လည်း အာလူးကြော်တောင်မ၀ါးခိုင်းပါနဲ့...ကြည့်နေတုန်းလမ်းလျောက်မယ်ဆိုရင်လည်း ခြေဖျားထောက်ပြီးလျှောက်ခိုင်းပါ.... File Size : (1.12GB) Quality : Blu-Ray 720p Format…mp4 Duration…02:10:00 Genre : Drama, Music Subtitle : Myanmar Subtitle (Hard Sub) Translated by Megumi Encoded by Phyo Pyae 
movie

Departures(2008)

2008
Before We Vanish (2017) 6.0
Before We Vanish (2017) ဆန်းဆန်းပြားပြားကားလေးတွေကိုကြိုက်တတ်တဲ့ CMပရိသတ်ကြီးအတွက် Before we vanish (2017)ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ ဂျပန်ကားလေးပါ။Ratingတွေလဲ တော်တော်လေးကောင်းထားတယ်ပြောရမယ်ဗျ။လူသားတွေရဲ ့သဘောသဘာဝကျကို ဂြိုဟ်သားတွေနဲ့ အထောက်အပံ့ပေးပြီးပုံဖော်ထားတဲ့ကားမျိုးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂြိုဟ်သားသုံးယောက်ဟာ ကမ္ဘာပေါ်ကိုရောက်လာပြီး ကျူးကျော်ဖို့ကြိုးစားတာပါ။အဲ့ဒီအတွက် လူသားသုံးယောက်ရဲ ့ခန္ဓာကိုယ်ထဲမှာဝင်ရောက်နေထိုင်ပါတော့တယ်။လူမှုအသိုင်းအဝိုင်း ထုံးစံတွေ အစဉ်အလာတွေနဲ့ သူတို့တွေဘယ်လိုရှေ့ဆက်မလဲ။ဘာတွေဆက်ဖြစ်မယ်ဆိုတာကတော့ဇာတ်လမ်းထဲမှာကြည့်ရှုပါလို့ပဲညွှန်းလိုက်ပါရစေ။Rating ပေးတာ တွန့်တိုတတ်တဲ့ Rotten Tomatoesကတောင် 76%ပေးထားတာမို့လက်မလွတ်တမ်းကြည့်ရှုသင့်တယ်လို့ပဲညွှန်းလိုက်ပါတော့မယ်။Qty - 720p Web DLDuration - 1hr 56minGern - Thrill / Sci-FiTranslator - Yamin Thawdar MaungReview - Aye Mon KyawEncoder - Kyaw Ye Aung
movie

Before We Vanish (2017)

2017