Channel Myanmar

Tammin Sursok

Crossing Over (2009)
Crossing Over (2009) ဒီတစ်ခါကတော့ IMDb 6.7ရရှိထားတဲ့ Indiana Jonesမင်းသားကြီး Harrison Fordရဲ့ Crime, Dramaကားလေးတစ်ကားပါပဲဇာတ်လမ်းအညွှန်းကတော့ မင်းသားကြီး Harrison Ford ဟာ Max Brogan ဆိုတဲ့ ရဲတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့တပ်ဖွဲ့နဲ့ အမေရိကန်နိုင်ငံအတွင်းမှာ တရားမဝင်‌ဘဲနေနေတဲ့ လူတွေကို လိုက်လံဖမ်းဆီးတဲ့နေရာမှာ ဖမ်းမိတဲ့မိန်းကလေးတစ်ယောက်က သူ့သားလေးကို ကူညီဖို့အကူအညီတောင်းတဲ့အခါ သူက သဘောကောင်းလွန်းနေသူဖြစ်တာကြောင့်ကူညီဖို့ကြိုးစားပါတော့တယ်။တစ်ခုပြောချင်တာက ဒီဇာတ်ကားမှာ Harrison Fordဟာ အဓိကပါဝင်ပေမဲ့ သူ့တစ်ယောက်တည်းအကြောင်းမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံထဲမှာနေနေကြတဲ့ တခြားနိုင်ငံကလာတဲ့လူတွေရဲ့ အခက်အခဲတွေ အတွေ့အကြုံတွေကိုလဲ ၄, ၅မျိုးခွဲပြီးတစ်ခါတည်း ရိုက်ပြထားပါတယ် ပြီးတော့လည်း ထိုအကြောင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်နေတာမို့ ပုံမှန်မဟုတ်တဲ့ ခံစားချက်တစ်မျိုးနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားထဲမှာ ၁၈ယောက်ရှိမှကြည့်လို့ရတဲ့ အခန်းအချို့လဲပါဝင်တာမို့လို့ မိသားစုနဲ့တော့ အတူမကြည့်ပါနဲ့လို့ ပြောချင်ပါတယ်ခင်ဗျာ။ File size…(1.8 GB)/(881 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Crime, Drama  Subtitle….Myanmar ...
movie

Crossing Over (2009)

Kane (2023)
Kane (2023)  အိတ်ဘ်ဟာ ဂိုဏ်းစတား သူဌေးတစ်ဦးပါ။ ဘန်နီကတော့ အိတ်ဘ်ရဲ့ ဒရိုက်ဘာတယောက်ပါ။ အိတ်ဘ်ဟာ ဖရန်ကီလို့ခေါ်တဲ့ မိတ်ဆွေဟောင်းတဦးနဲ့ ဂိုဏ်းစစ်ပွဲကိုဆင်နွှဲနေပါတယ်။အိတ်ဘ်ဟာ Dissociative Identity Disorder (DID) လို့ခေါ်တဲ့ ပင်ကိုစရိုက်ပေါင်းစုံကစဉ့်ကလျားဖြစ်တဲ့ဝေဒနာကိုခံစားနေရသူတဦးပါ။အိတ်ဘ်ရဲ့ ပင်ကိုစရိုက်တွေထဲမှာမှ ကြောက်စရာအကောင်းဆုံးပင်ကိုစရိုက်က "ကိန်း"ဖြစ်ပြီးတော့ ဖရန်ကီနဲ့ချိန်းဆိုတဲ့နေ့မှာ ကိန်းဟာ လူသတ်သမားပင်ကိုစရိုက်ကိုပြောင်းလဲသွားတဲ့အခါမှာတော့ ဒရိုက်ဘာ ဘန်နီပြောပြတဲ့ အိတ်ဘ်တို့ရဲ့ ဂိုဏ်းစတား စာရင်းရှင်းပွဲ ဇာတ်လမ်းကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.1 GB)/(580 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

Kane (2023)

Aquamarine (2006) 5.4
Aquamarine (2006) Aquamarine (2006) ==============ဒီနေ့မှာတော့ CM ပရိသတ်ကြီးတို့ အကျွမ်းတဝင်ဖြစ်နေမဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဆံပင်အပြာလေးနဲ့ Aquamarine ဆိုတဲ့ ရေသူ မလေးကို တော်တော်များများ မှတ်မိကြမှာပါ။ ရေသူမကားတွေအကြောင်း ပြောကြရင် Aquamarine က မပါမဖြစ်ပေါ့။ ငယ်ငယ်ကဆို highlight အပြာတွေ အရောင်ပြောင်းတဲ့လက်သည်းတွေ လိုချင်လိုက်ရတာ။ တီရှပ်ကို ဂါဝန်ပြောင်းဝတ်တာကလည်း ကိုယ်တွေအတွက် မျက်လှည့်ပြလိုက်သလို အထူးအဆန်းကြီးကိုဖြစ်လို့ပါပဲ။ ဒါ့အပြင် ဆယ်ကျော်သက်ကောင်မလေး နှစ်ယောက်ရဲ့ crush လိုက်နည်းအဖြာဖြာနဲ့ သူငယ်ချင်းသုံးယောက်ရဲ့ ခင်မင် မှုတွေကလည်း ရင်ထဲကျန်နေရစ်ခဲ့တာပေါ့။ မြှောက်ပြောတတ်တဲ့ ကြယ်ငါး လေးတွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဟေလီနဲ့ ကလဲရ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်မ လေးနှစ်ယောက်က အချစ်ဆုံးသူငယ်ချင်းတွေပါတဲ့။ အဏ္ဏဝါဇီဝဗေဒပညာရှင် ဖြစ်တဲ့ဟေလီ့အမေက သူ့အလုပ်ကြောင့် ဩစတြေးလျကိုပြောင်းရဖို့ဖြစ်လာ ပါတယ်။ ကလဲရ်နဲ့မခွဲချင်တဲ့ဟေလီက သူ့အမေနဲ့ စစ်အေးတိုက်ပွဲဆင်နွှဲနေတာ ပေါ့။ ဒီလိုနဲ့မုန်တိုင်းထန်တဲ့တစ်ညမှာ အဖေဖြစ်သူစီစဉ်ပေးတဲ့ မင်္ဂလာပွဲကိုလက် မခံဘဲ အချစ်ကိုရှာမယ်ဆိုပြီး အိမ်ကထွက်ပြေးလာတဲ့ ရေသူမလေးအကွာမရင်းက လှိုင်းပုတ်ရာကနေ ကလဲရ်တို့ရေကူးကန်ထဲရောက်သွားပါတယ်။ အဲဒီမှာပဲ အကွာ မရင်းက ဟေလီတို့နဲ့ရင်းနှီးသွားပြီး သူ့ကိုကူညီပေးရင် ဆုတောင်းတစ်ခုပြည့်လိမ့် မယ်လို့ပြောပါတယ်။မခွဲချင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်က သူတို့အနှစ်နှစ်အလလလေ့လာထားတဲ့ crush လိုက်နည်းအစုံနဲ့ အကွာမရင်းတစ်ယောက် အချစ်ကိုပိုင်ဆိုင်လာအောင် ကူညီပေးပါတော့တယ်။ ...
movie

Aquamarine (2006)

2006
My Killer Client (2018) 4.5
My Killer Client (2018) My Killer Client (2018) =================လူတိုင်းတစ်မျိုးစီရူးကြတယ်ဆိုပေမဲ့ လူတစ်ယောက်ရဲ့ ရူးသွပ် စွဲလမ်းမှုကို တိုင်းတာဖို့ ခက်မယ်ထင်ပါတယ်။ ဒီဇာတ်လမ်းထဲ အချစ်ရူးမလေးရဲ့ ရူးသွပ်မှုကတော့ အတော်ကြောက်စရာကောင်း သလို တစ်ဖက်ကကြည့်ရင်လည်း သနားစရာလည်းကောင်းပါတယ်။ ဇာတ်လမ်းနာမည်အရ လူသတ်ကားထင်ရပေမဲ့ တကယ်က ငယ်ချစ်‌ ဦးကို  အကြမ်းပတမ်းစနိုက်ကြော်ချင်တဲ့ ကောင်မလေးတစ်ယောက် အကြောင်းလို့ဆိုရမလားပါပဲ။ လူမသတ်ဘူးလားဆိုတော့ သတ်ပါ တယ်။ စိတ္တဇဆန်ဆန်စနိုက်ကြော်လူသတ်တဲ့ကားပေါ့။Personal Stylist တစ်ယောက်ဖြစ်နဲ့ ခရစ္စတာဟာ ကတ်ဆိုတဲ့ client အသစ်ရခဲ့ပါတယ်။ ရှက်တတ်ပြီး လူ‌တောမတိုးတဲ့ကတ်ကို ခရစ္စတာက ပြုပြင်ပြောင်းလဲပေးရပါတယ်။ ဒီလိုနဲ့ ခရစ္စတာနဲ့ကတ်တို့ ခင်မင်သွား ကြပါတယ်။ တစ်နေ့တော့ ကတ်ဆိုတာဟာ ခရစ္စတာရဲ့ချစ်သူခင်ပွန်း လောင်း ဂျိတ်ရဲ့ကျောင်းတော်က အဆက်ဟောင်း ကစ်တီဖြစ်နေတာကို သိလိုက်ရပါတယ်။ကစ်တီ့အကြောင်းသိနေတဲ့ ဂျိတ်က ခရစ္စတာကို အတန်တန်သတိပေးပေမဲ့ ခရစ္စတာက သိပ်အလေးထားစရာလို မမြင်ခဲ့ပါဘူး။ ဒါပေမဲ့ ကစ်တီ့ရဲ့ထူးဆ န်းတဲ့အပြူအမူတွေကို တဖြည်းဖြည်းမြင်လာရတဲ့အခါ ခရစ္စတာတစ်ယောက် သံသယ၀င်လာပါတော့တယ်။ နောက်ပိုင်းမှာ ခရစ္စတာနဲ့ဂျိတ်တို့ကြားကို ၀င်လာတဲ့ ကစ်တီ့ရဲ့ရူးသွပ်မှုတွေက ဘယ်လောက်ထိကြောက်စရာကောင်းလဲ ဆိုတာ ရင်တထိတ်ထိတ်ကြည့်ကြရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို C'mon မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ June, C'mon တို့ဖြစ်ပါတယ်)File Size..........(1.6 ...
movie

My Killer Client (2018)

2018
Husk (2011) 5.2
Husk (2011) Husk (2011)_____IMDb - 5.2/10  ပိတ်ရက် အတွက် သမရိုးကျမှသွေဖီနေတဲ့ သရဲ လူသတ်ကား ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် အခုဇာတ်ကားအမျိုးစားကတစ်ကယ်ကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဇာတ်ကားပြီးတာတောင် ရင်တွေတုန်ကျန်စေမဲ့ အမျိုးစားဇာတ်ကားဖြစ်ပါတယ်။ ပြောင်းဖူးစိုက်ခင်းထဲမှာ လယ်သမားမိသားတစ်စုနေထိုင်ပါတယ်။ မတူညီတဲ့သားနှစ်ယောက်ရဲ့စိတ်ဓာတ်ကို ဖခင်တစ်ယောက်က ထိန်းကျောင်းနေရပါတယ်။ သားကြီးရဲ့ စိတ်ဓာတ်က ကြမ်းတမ်းပြီး အညှာတာမဲ့ပေမဲ့ သားငယ်က အေးဆေးပဲဘဝကိုဖြတ်သန်းချင်သူပါ။ ဖခင်ဖြစ်သူက သူရဲ့စိတ်နဲ့ထပ်တူကျပြီး သင်ရလွယ်တဲ့ အကြီးသားကိုပဲ ဦးစားပေးပြီး မျက်နှာသာပေးနေပါတယ်။ သားငယ်ဟာ အနှိမ်ခံဘဝနဲ့ နေ့စဉ် ဆိုသလိုပဲ ဖခင်ရဲ့အဆူပူကြိမ်းမောင်းခံနေရပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ ဖခင်ကြီးက ညီအစ်ကိုနှစ်ယောက်ကို ပြောင်းဖူးခင်းထဲမှာ စာခြောက်ရုပ်တစ်ရုပ် ထူခိုင်းပါတယ်။ အမုန်းတရားတွေ အာဃာတတွေ ပြည့်နှက်နေတဲ့ ညီငယ်တစ်ယောက် ထိုအချင်းရာတွေက ဒေါသအဖြစ် ပြောင်းလဲသွားပါတော့တယ်။ ဗမာလိုအရပြောရရင် တောစီးသွားတာပါ။ ညီငယ်က အဲဒီနေရာမှာပဲ အစ်ကိုဖြစ်သူကိုရက်ရက်စက်စက် ခက်ရင်းခွနဲ့ထိုးသတ်လိုက်ပါတယ်။ ပြီးတော့ အစ်ကိုဖြစ်သူအလောင်းကို မျက်နှာဖုံးစွပ်ကာ စာခြောက်ရုပ်နေရာမှာထားလိုက်ပါတော့တယ်။ အသတ်ခံရတာကတစ်ကြောင်း အရုပ်အဖြစ်အသွန်းခံရတာကတစ်ကြောင်းကြောင့် အစ်ကိုဖြစ်သူရဲ့ဝိဉာဉ်ကစာခြောက်ရုပ်ထဲမှာပိတ်မိနေပြီး အစားထိုးဖို့လူကို အသည်းအသန်စောင့်နေပါတယ်။ ...................................... (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က ကိုအေးမင်းဦးပါ)  File Size : (598 MB) Quality : 720pBluray Running Time ...
movie

Husk (2011)

2011