Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tantoo Cardinal
8.0
Killers of the Flower Moon (2023)
Killers of the Flower Moon (2023) ========================= IMDb Rating - 8.0/10အိုဆေ့လူသတ်မှုများအကြောင်း ဖြစ်ရပ်မှန်ကို ဒါရိုက်တာ မာတင်စကော်ဆဲဆီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒါရိုက်တာမာတင်ရဲ့လက်စွဲတော် ရောဘတ် ဒနီရိုနဲ့ လီယိုနာဒိုတို့ ပါဝင်ထားပါတယ်။ ၃ နာရီ ၂၆ မိနစ်အထိ ရိုက်ကူးထားပေမဲ့ ရုံမှာအချိန်အပြည့်တင်ခွင့်ရတဲ့ ကားပါပဲ။ IMDb 8.0 ရရှိထားပါတယ်။ စာရေးဆရာ David Grann ရဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းကို ပြန်လည်ရိုက် ကူးထားတာ ဖြစ်ပါတယ်။သမိုင်းအကျဉ်း ------------------ 1907 မှာ အိုကလားဟိုးမားကို ပြောင်းရွှေ့တည်ထောင်ခဲ့တဲ့ အိုဆေးမျိုးနွယ်စုဝင်တွေ အကြောင်းဖြစ်ပါတယ်။ အမေရိကန်တွေဟာ အင်ဒီယန်းတွေကို သူတို့နေရာတွေကနေ ပြောင်းရွှေ့စေပြီး သူတို့မြေတွေကို သိမ်းပိုက်ခဲ့တဲ့နောက်မှာ မျိုးနွယ်စုတွေကို ကိုယ်စီ အခြေချစေဖို့ နယ်မြေလေးတွေ ပြန်ပေးထားတာရှိပါတယ်။ အိုဆေ့ပြည်နယ်ကတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရေနံတွေ ဒလဟောထွက်ပြီးနောက်မှာ အစိုးရနဲ့ သဘောတူညီချက် အရ အကျိုးအမြတ်မျှဝေခံစားခွင့်ရရှိပြီး မျိုးနွယ်စုတစ်ခုလုံး ကျိကျိတက် ချမ်းသာလာ ကြပါတယ်။ တစ်ဦးချင်းချမ်းသာသူ ကမ္ဘာ့အများဆုံးပြည်နယ်ဖြစ်လာခဲ့ပါတယ်။လက်ရှိငွေဈေးနဲ့ဆိုရင် သူတို့မျိုးနွယ်ပိုင်ဆိုင်မှုက သန်း ...
movie
Killers of the Flower Moon (2023)
2023
4K HEVCHDR
6.6
Eden (2012)
Eden (2012)ဒီဇာတ်လမ်းဟာ လူကုန်ကူးမှုအကြောင်းပါ။ လူကုန်ကူးတယ်ဆိုပေမဲ့ နိုင်ငံရပ်ခြားတွေကို ရောင်းစားပစ်တာမျိုးမဟုတ်ဘဲ ဖမ်းထားပြီး ခိုင်းချင်တဲ့နေရာခိုင်း သုံးချင်တဲ့နေရာသုံး လူမဆန်စွာ ရက်ရက်စက်စက်ခိုင်းစားတာမျိုးပေါ့။ မြန်မာနိုင်ငံမှာလည်း ဒီလိုအဖြစ်မျိုး ခပ်ဆင်ဆင်တွေ သိပ်မကြာသေးခင် နှစ်တွေတုန်းကရှိခဲ့ဖူးတာပါပဲ။ မလှိမ့်တပတ်နဲ့ခေါ်သွားပြီး ကျားဖောင်ပေါ် ရောင်းစားတယ်ဆိုတာမျိုးတွေပေါ့။ ဒီရုပ်ရှင်က အဲဒီလိုဖြစ်သွားတဲ့ ဘဝတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ဒီရုပ်ရှင်ကို ၉၀ခုနှစ်အလယ်လောက်မှာ တကယ်ဖြစ်ခဲ့တဲ့ လူကုန်ကူးမှုအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ထားတယ်။ အမေရိကန်က ပြည်ပဝင်တွေ လူကုန်ကူးခံရတဲ့အကြောင်းတွေကိုလည်း အူမချေးခါးမကျန်ပြထားတယ်။ ဇာတ်လမ်းအစမှာတော့ ကိုရီးယား-အမေရိကန်သူလေးဟာ သူ့အမေကို ဆိုင်စောင့်ပေးနေရင်း ညဘက်တစ်ခေါက်လောက် နိုက်အောက်ထွက်ဖို့ကြံပါတယ်။ ကံမကောင်းချင်တော့ အဲဒီညမှာပဲ သူပြန်ပေးဆွဲခံလိုက်ရတယ်။ ဒီလိုနဲ့ သူနိဗ္ဗာန်လို့ထင်ထားခဲ့တဲ့ ကမ္ဘာကြီးရဲ့ ဟိုဘက်ခြမ်းငရဲကိုရောက်သွားတယ်။ ဒီကမ္ဘာမှာဖြစ်နေတာတွေက ကောင်းတာတော့တစ်ခုမှမရှိဘူး။ စစချင်း သူတို့တွေကိုဖမ်းထားတဲ့လူတွေက အမိန့်နာခံလာအောင် ခိုင်းသမျှလုပ်အောင် နှိပ်စက်ညဉ်းပန်းတယ်။ ခိုင်းစားလို့ရပြီထင်တော့မှ သူတို့ရဲ့ဈေးကွက်ထဲပို့တယ်။ ဈေးကွက်ထဲပို့တယ်ဆိုတော့ အပြင်ရောက်သွားတာပါပဲ။ အပြင်ရောက်သွားတာတောင် မလွတ်နိုင်ဘူးလားဆိုတဲ့ အမေးတော့ရှိမယ်။ လွတ်ဖို့ကြိုးစားကြပါတယ်။ ထွက်ပြေးကြတယ်။ ဒါပေမဲ့ သူတို့ဟာ လူကောင်းသူကောင်းလို့ထင်ရတဲ့လူတွေနဲ့ သွားတိုးရင်တောင် မလွတ်နိုင်ဘူး။ ဘာလို့ဆို လူတွေက ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ ဝင်မပါချင်ကြသလို လူကုန်ကူးတဲ့ကောင်တွေကလည်း လူတွေအထာနပ်ကြလို့ပါပဲ။ ခင်ဗျားဆီက ...
movie
Eden (2012)
2012
4.2
The Last Manhunt (2022)
1909 ခုနစ်က အမေရိကန်ဖြစ်ရပ်မှန် လူဖမ်းပွဲအကြောင်းကိုရိုက်ပြထားတာပါ။ Cowboy ကားတွေမှာပါလေ့ရှိတဲ့အတိုင်း ပြည်သူထဲစေတနာ့၀န်ထမ်းတွေကို Sheriff တစ်ယောက်ကဦးစီးပြီး လူဆိုးဖမ်းတဲ့စနစ်ကိုနောက်ဆုံးကျင့်သုံးခဲ့တဲ့အမှုပါ။ Willie Boy ဟာ Native American တစ်ယောက်ဖြစ်ပြီး Carlota ဆိုတဲ့သူ့ချစ်သူကိုခိုးပြေးပါတယ်။ ကောင်မလေးရဲ့ဖခင်ဖြစ်သူ က သဘောမတူဘဲပိတ်ပင်လို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး Willie Boy ဟာမတော်တဆ သူ့ချစ်သူရဲ့ဖခင်ကိုသတ်လိုက်မိပါတယ်။ ထွက်ပြေးသွားတဲ့Willie Boy တို့စုံတွဲကို လိုက်ဖမ်းဖို့ Sheriff Frank Wilson လည်း လူစုပြီး ခြေရာခံဖို့ကြိုးစားရာကနေ ပြင်ပပယောဂတွေကြောင့် အခြေအနေကပိုရှုပ်ထွေးလာရပါတယ်။ နာမည်ကျော်မင်းသားကြီး Jason Mamoa ကိုယ်တိုင်ပူးတွဲရေးသားပြီး ပါ၀င်သရုပ်ဆောင်ထားပါတယ်။ အရည်အချင်းရှိတဲ့ Native American သရုပ်ဆောင်များစွာလည်း ပါ၀င်ထားတဲ့ Western ကားလေးပါ။ File size…(1.96GB) / (1.01GB) / (493MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:13:00 Genre...Western Subtitle….Myanmar ...
movie
The Last Manhunt (2022)
6.5
Wendell & Wild (2022)
Wendell & Wild (2022) ================= IMDb Rating - 6.5/10ဒီ အန်နီမေးရှင်းဇာတ်ကားလေးကတော့ The Nightmare Before Christmas တို့၊ Coraline တို့လို ဘယ်လောက်ပြန်ကြည့်ကြည့်မရိုး ရအောင် ဇာတ်အိမ်ကောင်းကောင်းနှင့် အမိုက်စား stop-motion animation တွေနဲ့ ဖန်တီးပုံဖော်ခဲ့တဲ့ Henry Selick ရဲ့ လက်ရာအသစ် စက်စက်လေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းမိဘတွေ ကိုယ့်မျက်စိရှေ့တင်ဆုံးပါးသွားတာကို မြင်ခဲ့ရတဲ့ ကတ် ဆိုတဲ့ ကလေးမလေးကို ကက်သလစ်ကျောင်းအုပ် ဖာသာတစ်ယောက်က သူ့ကျောင်းမှာခေါ်ထားလိုက်ပါတယ်။ ကတ်မှာ အနာဂတ်ကိုကြိုမြင်ရသလိုမျိုး စွမ်းအားတစ်ခုရှိကြောင်းကိုလည်း သူကျောင်းရောက်ရောက်ချင်းမှပဲ သတိထားမိသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မကောင်းဆိုးဝါးတွေနေတဲ့ မြေအောက်ကမ္ဘာမှာ ဝန်ဒဲလ် နဲ့ ဝိုင်းလ် ဆိုတဲ့ မကောင်းဆိုးဝါးနှစ်ကောင်ရှိ တာပေါ့။ သူတို့က ငရဲအပျိုစင်ဆိုတဲ့အရာကိုလိုချင်နေကြတာ၊ အဲဒါကိုရရင် သူတို့ဆန္ဒပြည့်ဝမှာဖြစ်တဲ့အတွက် အရမ်းလိုချင်နေကြတာ။အဲဒါနဲ့ သူတို့နှစ်ယောက်က ကတ်အကြောင်းကိုသိသွားပြီး သူတို့ကို ငရဲအပျိုစင် ရအောင်လုပ်ပေးရင် ကတ်ရဲ့မိဘတွေကိုပြန်ရှင်အောင်လုပ်ပေးမယ်ဆိုပြီး ကတ်ကို အိပ်မက်သွားပေးသွားပြီး ကတ်ကိုစည်းရုံးတာပေါ့၊ ဒီလောက်ဆို ဘာဆက်ဖြစ်မလဲသိချင်သွားလောက်ပြီဆိုတော့ ကိုယ်တိုင်ပဲဆက်လက် ကြည့်ရှုပေးလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Settမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size..........(2.32 ...
movie
Wendell & Wild (2022)
2022
8
Dances With Wolves: Director’s Cut (1990)
IMDb 8/10 Oscar 7ဆုနဲ့ ရုပ်ရှင် ဆုပေါင်း 44 ခု ရရှိခဲ့တဲ့ 1990 ခုနှစ်က Adventure, Drama, Western ဇာတ်ကားတစ်ကားပါ။ ဂျွန် ဘန်ဒါအမည်ရတဲ့ အရာရှိတစ်ယောက်ဟာ ပြည်တွင်းစစ်တွေ ဖြစ်ပွားနေတဲ့ နယ်စပ်ဒေသတစ်ခုကို မိမိဆန္ဒအလျောက် တာ၀န်ထမ်းဆောင်ဖို့ သွားခဲ့ပါတယ်။ ဟိုကိုရောက်တော့ လူမပြောနဲ့ တိရစ္ဆာန်တစ်ကောင်တစ်မြီးမှတောင် မရှိတဲ့အခြေအနေကို ကြုံတွေ့လိုက်ရပါတော့တယ်။ တာ၀န်အရလာတာဖြစ်တဲ့အတွက် ဂျွန်ဟာ နောက်ကြောင်းပြန်မလှည့်ပဲ သူရယ် မြင်းတစ်ကောင်ရယ် ရိက္ခာတွေနဲ့အတူ နေရစ်ခဲ့ပါတော့တယ်။ ဂျွန် ဘန်ဒါတစ်ယောက် အဲ့ဒီဒေသမှာနေရင်း လူတွေအတွက် အန္တရာယ်ရှိလှပါပြီဆိုတဲ့ သားရဲကောင်တွေ လူရိုင်းတွေနဲ့ တွေ့ဆုံပုံတွေ၊ ဘာသာစကားမတူတဲ့ လူရိုင်းတွေ မိမိကို အန္တရာယ်မပေးအောင် သူတို့နဲ့ လိုက်လျောညီထွေနေရင်း မိတ်ဆွေအပေါင်းအသင်း ဖြစ်သွားပုံတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။ Kevin Costner ကိုယ်တိုင် ဇာတ်လိုက်မင်းသားရော ဒါရိုက်တာအဖြစ်ပါ လက်စွမ်းပြထားတဲ့ Dances With Wolves: Director's cut ဟာဆိုရင်တော့ duration 236 minutes တောင်ရှိလို့ အမုန်းကြည့်ရမှာပါနော် Quality – 720p BluRayDuration - 3 hr 30 minSubtitle ...
movie
Dances With Wolves: Director’s Cut (1990)
5.8
Hold the Dark(2018)
Hold the Dark(2018)သားရဲ တိရစ္ဆာန်တစ်ကောင်ဖြစ်တဲ့ ဝံပုလွေတစ်ကောင်ရဲ့ နေထိုင်မှုပုံစံဟာ ကျွန်တော်တို့အမြင်မှာတော့ရက်စက်ကြမ်းယုတ်နေတယ်...တစ်ခုတော့ရှိတော့ ဝံပုလွေတစ်ကောင်ရဲ့ နှလုံးသားကို ကျွန်တော်တို့တစ်ခါမှမြင်အောင်မကြည့်ခဲ့ကြသလို ဖေးမစာနာစရာလိုတယ်လို့လည်း တစ်ခါမှ မစဉ်းစားခဲ့ကြဘူး....ဝတ္ထုအနေနဲ့ အောင်မြင်ခဲ့တဲ့ Hold the Dark ကိုရုပ်ရှင်အဖြစ်အသက်သွင်းထားတဲ့ Hold the Dark (2018) ဇာတ်ကားဟာ ဝံပလွေတွေနဲ့ အဓိက ဇာတ်အိမ်တည်ထားတယ်...Medora Sloaneဆိုတဲ့အမျိုးသမီးမှာ သိပ်ချစ်ရတဲ့ သား(၃)ယောက်ရှိတယ်...ကံဆိုးစွာပဲ ဒီသားလေးတွေဟာ ဝံပုလွေဆွဲလို့ အသက်ဆုံးရှုံးသွားတယ်...မိခင်ဖြစ်သူအတွက် ဝံပလွေတွေဟာ နာကျဉ်းစရာ စက်ဆုတ်စရာပေါ့...အမေဖြစ်သူဟာ ဝံပုလွေကို အမုန်းကြီးမုန်းလေတော့ ဝံပုလွေအကြောင်းကိုလေ့လာနေသူစာရေးဆရာလည်းဖြစ် မုဆိုးလည်းဖြစ်တဲ့ Russell Core ကို အကူအညီတောင်းတယ်..အဲ့ဒါကတော့ဝံပုလွေတွေကိုလက်စားချေ သတ်ဖြတ်ပေးဖို့ပါပဲ...Russell တစ်ယောက် ဝံပုလွေရှာပုံတော်ဖွင့်ရင်း ဘာတွေဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...ဒီကားက ရှုံထောင့်စုံကနေ ကြည့်ရှုသူကို ဆွဲခေါ်သွားရင်း တွေးစရာလေးတွေပေးသွားတဲ့ကားလေးလည်းဖြစ်ပါတယ်...ဇာလမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်...File Size : (850 MB) and (376 MB) Quality : ...
movie
Hold the Dark(2018)
2018
7.5
Legends of the Fall(1994)
Legends of the Fall(1994) IMDb....7.5 ကျွန်တော်ငယ်ငယ်တုန်းက ၀တ္ထုတို တစ်ပုဒ်ဖတ်ဖူးတယ်... ခေါင်းစဉ် စာရေးသူကိုမမှတ်မိပေမယ့် သင့်အနားမှာ ကြိုးတစ်ချောင်းကို မထားပါနဲ့ဆိုတဲ့အကြောင်းအရာကို ရေးဖွဲ့ထားတာတော့ မှတ်မိတယ်... နှောင်ဖွဲ့မှုတွေများလာတဲ့အခါ လောကကြီးမှာ မလူးသာမလွန့်သာတဲ့အဖြစ် အကြောင်းလေးကိုရေးဖွဲ့ထားတာပါ..သို့ပေမယ့်လည်း အရွယ်ရောက်လာတော့ လောကကြီးနဲ့ မိမိဆက်သွယ်ထားဖို့ ကြိုးလေးတွေလိုအပ်ကြောင်းသိလာတယ်... ဒီကြိုးတွေဟာ တစ်ခါတစ်ရံအင်အားသိပ်ကောင်းတယ် ...ငါသူ့အတွက်အသက်ရှင်မှဖြစ်မယ်ဆိုတဲ့ အကြီးမားဆုံး စွမ်းအင်ရင်းမြစ်တစ်ခုလည်းဖြစ်နိုင်တာကိုးးး... Legends of the Fall ဆိုတဲ့ကားမှာတော့ ဖခင်နှင့် သားသမီးတွေကြားက ဆက်သွယ်ထားတဲ့ မေတ္တာနှောင်ဖွဲ့ကြိုးအကြောင်းကိုရိုက်ပြထားပါတယ်. ဖခင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Anthony Hopkins ကိုတော့ Silence of the Lambs မှာအော်စကာရခဲ့ သဘာဝမင်းသားကြီးကိုတော့ အားလုံးသိကြမှာပါ Brad Pitt ကတော့ ဒီကားဟာသူရဲ့ပထမဆုံးမင်းသား သရုပ်ဆောင်ဖြစ်ခဲ့တယ်လို့ဆိုကြတယ်. ..Anthony Hopkins ကိုတော့ ထူးပြီးချီးကျူးစရာမလိုပေမယ့် တက်သစ်စမင်းသား Brad Pittကတော့ ဒီကားမှာပဲ နာမည်ကြီးသွားတယ်... ဗိုလ်မှူးကြီးဟောင်းဖြစ်တဲ့ William မှာ သား(၃)ယောက်ရှိတယ်. ..သူ့သား(၃)ယောက်ကို အစိုးရ၀န်ထမ်း မဖြစ်စေချင်ဘဲ ငြိမ်းချမ်းစွာ အသက်မွေးနေထိုင်စေချင်တယ်. ..သားအလတ်ဖြစ်သူ Brad Pitt ကတော့ ညီအကိုထဲမှာ တမူကွဲထွက်နေတယ်. ..ဖခင်ရဲ့လူယုံတော် အင်ဒီးယန်းလူမျိုးမိသားစုထဲမှာကြီးပျင်းပြီး အမဲလိုက်သည်ကိုနှစ်ခြိုက်သည်. ..ခပ်ကြမ်းလူငယ်ငယ်တစ်ယောက်ဟုဆိုရမည်ဖြစ်သည်... ပထမ ကမ္ဘာစစ်ဖြစ်တော့ ဖခင်ရဲ့ ဆန္ဒကိုငြင်းပယ်ပြီး သား(၃)ယောက်လုံးစစ်ထဲဝင်သွားခဲ့သည်.... ဒီကားဟာ သိပ်ကိုကောင်းလွန်းတဲ့ Drama, Romance, War ဇာတ်ကားအမျိုးအစားပါ... ...Spoiler ဖြစ်မှာစိုးလို့ ဒီလောက်ပဲညွှန်းဆိုပါရစေ ခံစားကြည့်လိုက်ပါဦး.... File Size ...
movie
1994
8.0
Wind River (2017)
IMDb 8/10 rating ရထားတဲ့ ဒီဇာတ်လမ်းကောင်းလေးကိုညွှန်းရမယ် ဆိုရင်တော့ဖြင့် .....ကော်ရိုဟာ နှင်းတွေအမြဲဖုံးလွှမ်းနေတဲ့ အင်ဒီးယန်းရေခဲတောင်တွေပေါ်မယ် သားရဲမုဆိုးအဖြစ် အသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်...တစ်နေ့မှာ သူခြင်္သေ့လိုက်ထွက်ရင်း နှင်းတောထဲမှာ မိန်းမပျိုလေးတစ်ဦးရဲ့အလောင်းကို တွေ့ရှိလိုက်ရပါတယ်...ဒီအမှုကိုစုံစမ်းဖို့အတွက် FBIက အတွေ့အကြုံမရှိတဲ့ စုံထောက်မလေး ဂျိမ်းကို စေလွှတ်လိုက်ပါတယ်...မနူးမနပ် ဆတ်ဆတ်ကြဲ ဂျိမ်းဟာ လူအင်အားကလည်းမလုံလောက် သူကလည်းအတွေ့အကြုံမရှိ အမှုကလည်းရှုပ်ထွေးလာနဲ့မကြံတတ် မစည်တတ်ဖြစ်လာရတဲ့အတွက် ကော်ရိုရဲ့အကူအညီကိုတောင်းခံပြီး အတူတကွ ဆက်လက်စုံစမ်းကြရတာပေါ့...ဒီလိုစုံစမ်းနေတဲ့အချိန်မှာပဲ ရေခဲတောင်ပေါ်မှာ နောက်ထပ်အလောင်းတစ်လောင်းကို ထပ်ပြီးတွေ့ရှိလိုက်ရတဲ့အခါမှာတော့ .........(ဒီဇာတ်လမ်းလေးကို အင်ဒီးယန်းနယ်မြေတွေမှာကြုံတွေ့ရလေ့ရှိတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေအပေါ် အခြေပြုရေးဖွဲ့ထားတယ်လို့ ဆိုပါတယ်...)ဇာတ်အိမ်ဖွဲ့ပုံသေသပ်လှတဲ့အတွက် တရားခံဘယ်သူဖြစ်နိုင်မလဲ....ကိုယ့်ကိုယ်ကိုသတ်သေလိုက်တာမဟုတ်ဘူးလား....စသဖြင့် ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်....ရုပ်ရှင်တစ်ခုလုံးမှာလည်းနှင်းတွေရေခဲတောင် တွေနဲ့အမြဲဖုံးလွှမ်းနေတဲ့အတွက် ရုံတင်တုန်းက သွားကြည့်တဲ့သူတွေဆိုတော်တော်အေးမှာပဲ လို့တောင်တွေးမိလိုက်ပါသေးတယ်....ဒါကလည်းရသတစ်မျိုးပေါ့လေ..ပြန်ဆက်ရရင်ဖြင့် ဒီWind River လေးဟာဖြင့် တကယ်ကိုအမိုက်စားဇာတ်ကားလေးတစ်ကားဖြစ်တဲ့အတွက် Hollywood ပရိတ်သတ်အပေါင်းသူတော်ကောင်းတို့လက်လွတ်မခံသင့်ပါကြောင်း ညွှန်းဆိုလိုက်ရပါတယ်.... (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေသဇင်မြင့်ပါ) File Size : (850 MB) and (400 MB) Quality : Blu-Ray ...
movie
Wind River (2017)
2017