Channel Myanmar

Tat-Wah Lok

Broken Army X: Fatal Mutations ( 2023 ) 5.9
Broken Army X: Fatal Mutations ( 2023 ) မင်ကော်ခေတ်အစပိုင်းမှာ ရှန်ဟိုင်းမှာ အတော်ဆုံး စုံထောက်ဖြစ်ချင်နေတဲ့ ရဲသားလေး ရှောင်းကျန့်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ အမှုတစ်ခုကို စုံစမ်းနေတုန်းမှာ မထင်ထားပဲ ထိန်းချုပ်ခံ အမှုတစ်ခုကို ထိတွေ့မိသွားပါတယ်။ ထူးဆန်းတဲ့ အစွမ်းတွေပိုင်ဆိုင်ထားတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုထဲကို သူရောက်သွားခဲ့ပါတယ်။ထို့နောက် အန္တရာယ်များပြီး ထူးခြားဆန်းကြယ်လှတဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့ရပြီးနောက် သူက "ဖော့ကျွင်း" ဆိုတဲ့ နာမည်ပြောင်းကို ဆက်ခံခဲ့ပါတယ်။ ထို့နောက် နာမည်ဖော်ပြခြင်းမခံရတဲ့ ကမ္ဘာမြေကြီးကို စောင့်ရှောက်သူ ဖြစ်သွားခဲ့ပါတယ်။ရှောင်းကျန့်တစ်ယောက် ထိုအဖွဲ့အစည်းထဲဝင်ရောက်ပြီးနောက် ဘယ်လို ဆန်းကြယ်မှုတွေကို ကြုံတွေ့ခဲ့ရသလဲ...... သူတို့အဖွဲ့သားတွေ အတူတကွ ဆန်းကြယ်တဲ့ အမှုတွေကို ဘယ်လို ဖြေရှင်းကြမလဲ..... ဆိုတာကို ရုပ်ရှင်ကြည့်ရင်း အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Action Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By ...
movie

Broken Army X: Fatal Mutations ( 2023 )

Eliminate Evil: Speedsters ( 2023 ) 6
Eliminate Evil: Speedsters ( 2023 ) ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ။ ဒီဇာတ်ကားလေးဟာဆိုရင် ပြည်သူတွေရဲ့ လုံခြုံမှုအတွက် ကိုယ်ကျိုးစွန့်ကာ ကာကွယ်ပေးခဲ့ကြတဲ့ လင်ယန် ဦးဆောင်သော အထူးရဲတပ်ဖွဲ့အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။၂၀၀၄ ခုနှစ် တရုတ်နိုင်ငံအတွင်းမှာ ဓားပြတိုက် လုယက်မှုတွေနဲ့အတူ ရက်စက်စွာသတ်ဖြတ်မှုတွေကိုလဲ တွေ့ကြုံနေရပါတယ်။ ဒါပေမဲ့ကျူးလွန်သွားတဲ့တရားခံဟာ ခြေရာခံဖို့ခက်ခဲလွန်းသည့်အတွက်ကြောင့် ဖမ်းဆီးဖို့အတွက် မဖြစ်နိုင်ခဲ့ပါဘူး ။ တစ်နေ့မှာ လင်ယန် ဦးဆောင်တဲ့ အထူးတပ်ဖွဲ့ဟာ တရားခံကို ဖမ်းဆီးနေစဥ်အတွင်း ဖမ်းမိခါနီးလက်မတင်လေးအလိုမှာ လွတ်မြောက်သွားခဲ့တာကြောင့် လင်ယန်တစ်ယောက် ယူကျုံးမရဖြစ်ကာ အပြစ်ရှိသလို ခံစားနေခဲ့ရရှာပါတော့တယ် ။ဒီလိုနဲ့ ကိုယ့်လက်ထဲကနေလွတ်မြောက်သွားတဲ့ ဒုစရိုက် တရားခံကို ပြန်လည်ဖမ်းဆီးဖို့အတွက် အသစ်တစ်ဖန် အစီအစဥ်ဆွဲကာ အမှုကို လိုက်ခဲ့ရမှာတော့ ....?❏ တကယ့်တရားခံအစစ်အမှန်ကို သူတို့တွေ့ရှိနိုင်ပါ့မလား ? ❏ သတ်ဖြတ်မှုတွေ လုယက်ခံရသူတွေ အစရှိတဲ့ နစ်နာသူတွေအတွက် တရားမျှတမှူရော သူတို့တွေရှာဖွေပေးနိုင်ပါ့မလား ? ❏ အသက်စွန့်လွှတ် ပေးဆပ်မှုတွေပါ ကြုံလာရာတဲ့အခါမှာတော့ သူတို့အဖွဲ့ဘယ်လိုတွေရင်ဆိုင်ကြမလဲဆိုတာ ? ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : ...
movie

Eliminate Evil: Speedsters ( 2023 )

Ghost Blowing Lantern: Return of the South China Sea (2022) 5.9
Ghost Blowing Lantern: Return of the South China Sea (2022) Adventureကိုကြိုက်နှစ်တဲ့ပရိတ်သတ်တွေအတွက် ဇာတ်လမ်းကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် မင်းသားကတော့ ဆုတံဆိပ်တွေအများကြီးရထားတဲ့ Pan YueMing နဲ့ X Sister နဲ့ပွဲထွက်ထားတဲ့ နာမည်ကြီးမင်းသမီး Zhang YuQiနဲ့ဆိုတော့ ဇာတ်လမ်းကတော့အလွန်ကိုကောင်းလွန်းပါတယ်ရှေးဟာင်းပစ္စည်းတွေကိုရှာဖွေရတာကြိုက်တဲ့ မောကျင်းအဖွဲ့ ဝင် ဟူပါးယီးတို့အဖွဲ့က ကောင်းချင်းအုတ်ဂူမှာအရဲစွန့်ပြီးနောက် အဖွဲ့ကွဲသွားကြတယ် အမေရိကန်ပါမောက္ခချိန်က နန်းဟိုင်းရဲ့သန္တာကျောက်တန်းမှ ချင်ဝမ်အရိုးမှန်ကိုရှာဖွေဖို့အတွက် မောကျင်းအဖွဲ့ ဟူပါးယီးတို့ကိုဖိတ်ခေါ်ခဲ့တယ်ကောင်းချင်းအုတ်ဂူမှာကျိန်စာမိခံရတဲ့ဟူပါးယီးက သွားဖို့ငြင်းဆိုခဲ့ပေမဲ့ အဖွဲ့ဝင်တွေကြောင့် လိုက်ပါခဲ့ပြန်တယ် နန်းဟိုင်းပင်လယ်ကိုသွားတဲ့အချိန်မှာ နှင်းမိုးလေးတွေကျပြီးတော့ ထူးဆန်းတဲ့အရာတွေ အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုပေါ်လာခဲ့တယ်မောကျင်းတို့အဖွဲ့က ဒီအခက်အခဲတွေကိုကျော်ဖြတ်နိုင်မလား? ရတနာပစ္စည်းကိုဆယ်ယူနိုင်မလား? အဲ့နေရာမှာပဲသေဆုံးကြမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ် [ Reviewed By Hnin Wutt Hmone ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Ghost Blowing Lantern: Return of the South China Sea (2022)

Blasting ( 2022 ) 6.1
Blasting ( 2022 ) ဒီတစ်ခါ ကြမ်းမှရမ်းမှကြိုက်တယ်ဆိုတဲ့ CMပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးမဲ့ကားလေးကတော့ Blastingဆိုတဲ့ မှုခင်းကားလေးတစ်ကားပါရှောင်ကွေ့တိုညီအစ်ကိုနှစ်ယောက်ဟာ ဒုစရိုက်သမားသောင်းယွီချင်ရဲ့ ဖိအားပေးခံရမှုကြောင့် ပေါင်ဖူရတနာဆိုင်ကို လုယက်ဖိုပါသွားခဲ့ကြပါတယ်အစ်ကိုဖြစ်သူဟာ လောင်သောင်းရဲ့လှည့်စားမှုခံရပြီး ရတနာဆိုင်ထဲမှာတင် ပေါက်ကွဲပြီးသေဆုံးသွားသောအခါ တာဝန်ထမ်း ဆောင်နေစဥ်အတွင်း ရတနာဆိုင်ပေါက်ကွဲမှုအတွက် ဓားစာခံသွားကယ်ခဲ့သော ရဲသားရွှ ရဲသားတစ်ယောက်ပေမဲ့ တစ်ဖက်ရန်သူက လက်နက်ချပြီး သူ့ကိုကယ်ဖိုအကြိမ်ကြိမ်တောင်းဆိုသောကြောင့် ဗုံးကိုဖြုတ်ပြီးကယ်ဖို အစွမ်းကုန်ကြိုးစားပေးပေးခဲ့ပါတယ်ဒါပေမဲ့ သူကဗုံးဖြုတ်မကျွမ်းကျင်ဒါကြောင့် မကယ်တင်လိုက်နိုင်ပဲ ရှောင်ကွေ့အစ်ကိုကသေဆုံးသွားခဲ့ရပါတော့တယ် မသေဆုံးခင်မှာ ရှောင်ကွေ့ကိုကယ်တင်ပေးဖို သူ့အစ်ကိုက နောက်ဆုံးအနေနဲ့ ဟစ်အော်မှာကြားခဲ့သောအခါနောက်ခုနှစ်အကြာမှာတော့ အဲ့ကိစ္စကိုမမေ့နိုင်လို့ ကြိုးစားခဲ့တဲ့ ကပ္ပတိန်ရွှ ပိုက်ဆံဝေစုမပေးဘဲ လိမ်လည်ပုန်းရှောင်နေသော ဒုစရိုက်သမားသောင်းယွီချင် သွေးကြွေးအတွက် လိုက်ရှာနေသော ရှောင်ကွေ့ ကဲဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ဇာတ်လမ်းလေးပဲ ကြည့်လိုက်ရအောင်နော် [ Reviewed By Kong Hou ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime , Action Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Blasting ( 2022 )

Murloc ( 2022 ) 5.9
Murloc ( 2022 ) လူတစ်ပိုင်းငါးတစ်ပိုင်း ရေသူမျိုးတွေဆိုတာပင်လယ်ရေနက်ပိုင်းမှာ ကျင်လည်ကျက်စားကြသူတွေပါ။ ပင်လယ်ရဲ့ဂေဟစနစ်ချို့ယွင်းလာမှုကြောင့် ​နေရာပြောင်းရွှေ့လာရင်း ရေတိမ်ပိုင်းကိုရောက်ရှိလာပါတယ်။ ရေတိမ်ပိုင်းကိုရောက်လာတဲ့ရေသူတွေဟာ ငါးဖမ်းလှေတွေကိုဒုက္ခပေးတဲ့ကြောက်စရာအန္တရာယ်ဆိုးကြီးဖြစ်လာပါတော့တယ်။ လှေပေါ်ရှိလူအကုန်ကိုကိုက်သတ်ပစ်တဲ့အထိ ရေသူတွေဟာအင်အားကြီးနေခဲ့ပါတယ်။ဒါပေမဲ့လည်း လူသားတွေလောက်ဉာဏ်များတဲ့သတ္တဝါမရှိတာကြောင့် အင်အားကြီးမားတဲ့ရေသူဟာလည်း အဖမ်းခံရ​ပြီးအစမ်းသပ်ခံဘဝကိုရောက်ရတာလည်းရှိပါတယ်။ဟန်ဟောက် ဟာပင်လယ်ဆိပ်ကမ်းမှာအလုပ်လုပ်တဲ့သူဖြစ်ပြီး အ​ဖေတစ်ခုသားတစ်ခုဘဝနဲ့ စကားမပြောတတ်တဲ့သားလေးကိုစောင့်ရှောက်နေသူပါ။ တစ်နေ့မှာ အကြွေးလိုက်တောင်းရင်း ရေသူကိုတင်ထားတဲ့ကားကိုမောင်းမိလျက်သားဖြစ်သွားပါတယ်။ လမ်းမှာမတော်တဆမှုဖြစ်ပြီး ကားလည်းမှောက် လူလည်းသတိမေ့သွားခဲ့ရာက ပြန်နိုးလာတဲ့အခါ ဘယ်နေရာကိုရောက်နေမှန်းမသိတဲ့အပြင် သားလေးကပါဘေးမှာမရှိတဲ့အခါ။ အဲ့အချိန်မှာ သားလေးကတော့ ရေသူကိုစမ်းသပ်တဲ့ လျို့ဝှက်ဓာတ်ခွဲခန်းထဲမှာပိတ်မိနေခဲ့ပါတယ်။ ဖြစ်ချင်တော့ ဓာတ်ခွဲခန်းထဲကရေသူဟာလည်း မတော်တဆတစ်ခုဖြစ်တုန်း ထွက်ပြေးသွားခဲ့ပါတယ်။သားဖြစ်သူကိုရှာဖွေကယ်တင်ဖို့ကြိုးစားရင်း မထင်မှတ်ထားတဲ့အဖြစ်တွေကြုံလာရတဲ့အခါ... ဟန်ဟောက်တစ်ယောက် ရေသူအန္တရာယ်ကိုကျော်လွှားနိုင်ပြီး သားဖြစ်သူကိုကယ်တင်နိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာမို့ သတ္တဝါဆန်းတွေနဲ့တိုက်ခိုက်ရတဲဇာတ်လမ်းတွေကို ​ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တို့အတွက် လက်မလွှတ်တမ်းကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Action Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Murloc ( 2022 )

The Mermaid ( 2022 ) 6.1
The Mermaid ( 2022 ) ဒီတစ်ခါမှာCMပရိသတ်ကြီးကိုရေသူမကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဒီရေသူမကားကတော့ ခါတိုင်းမြင်တွေ့နေကျရေသူမတွေလို ချောမောလှပတဲ့ရေသူမလှလှလေးတွေမဟုတ်ပဲ ရက်စက်တဲ့ထူးဆန်းသတ္တဝါတွေအဖြစ်ရိုက်ထားတာဖြစ်တဲ့အတွက် မွန်းစတားကားတွေကြိုက်တဲ့သူတွေအတွက်ကွက်တိပဲဖြစ်မှာပါ။ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့ ငါးဖမ်းလှေတစ်စီးဟာ ပင်လယ်မှာငါးဖမ်းထွက်ရင် ပိုက်ကွန်မှာငါးအကြီးကြီးတစ်ကောင်မိသွားပါတယ်။ မိထားတဲ့ငါးကြီးဟာ ငါးမဟုတ်ပဲ ရေသူမတစ်ကောင်ဖြစ်နေတာကြောင့် တစ်လှေလုံးတစ်ယောက်မကျန်ဒုက္ခရောက်သွားခဲ့ပါတယ်။အဲဒီနောက်တော့ရေသူမကိုတင်လာတဲ့ကုန်ကားကိုမောင်းမိတဲ့ Hang Chi ဟာ သုတေသနခန်းထဲမှာပိတ်မိနေတဲ့ သားကိုကယ်ဖို့အတွက် ထူးဆန်းသတ္တဝါ ရေသူမနဲ့ရင်ဆိုင်ရပါတော့တယ်။ အသက်အန္တရာယ်ကြားအခက်အခဲတွေကို ဘယ်လိုသက်စွန့်စံဖျားကျော်ဖြတ်မလဲဆိုတာကို ရင်တမမနဲ့ကြည့်လိုက်ကြပါဦးနော်။ Quality : WEB-DL 1080 , 480p Format : mp4 Genres : Adventure , Fantasy Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Mermaid ( 2022 )

The Lightning Strike ( 2022 ) 6.2
The Lightning Strike ( 2022 ) ဒီတစ်ခါတော့ CM ပရိသတ်တွေအတွက် ဖြစ်ရပ်မှန်မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်လေးကတော့ ရူးသွပ်နေတဲ့ ပါမောက္ခလော်ဟုန်ပန်းဟာ မူးယစ်အသစ်တစ်ခုဖြစ်တဲ့ "ဟိုင်းလော့ရှန်" ကို တီထွင်ထုတ်လုပ်ပြီး နိုင်ငံတော်ဥပဒေကို စိန်ခေါ်နေပါသတဲ့ကွယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အကျိုးအတွက် နိုင်ငံတော်ရဲ့ အတော်ဆုံးမူးယစ်တပ်ဖွဲဖြစ်တဲ့ "လျှပ်စီးအဖွဲ့"ဟာ ဒုစခန်းမှူးယန်ရဲ့ ညွှန်ကြားမှုအောက်မှာ ဟောင်ကောင်သူလျှိရဲနဲ့ ပူးပေါင်းပြီး အချိန်ကြာ ထောင်ချောက်တစ်ခုကို အကွက်ချခဲ့ပါတယ်။ပင်လယ်တစ်လျှောက် မူးယစ်လမ်းကြောင်းကိုပိတ်ပြီး မြေအောက်မူးယစ်အပေးအယူလုပ်တဲ့လမ်းကြောင်းတွေကိုရှာဖွေပြီး မူးယစ်အဖွဲထဲကို သူလျှိဝင်ရောင်ခြင်းဖြင့် မူးယစ်ဂိုဏ်းအဖွဲကို တိုက်ခိုက်ခဲ့ပါတယ်။မူးယစ်ဂိုဏ်းကြီးတစ်ခုလုံးကို အမြစ်ပြတ်တိုက်ခိုက်နိုင်မလား...... ဟိုင်းလော့ရှန်ဆိုတဲ့ မူးယစ်ဆေးက တစ်ကမ္ဘာလုံး မပျံ့ခင်မှာ တားဆီးနိုင်မလား...... ဆိုတာကို ဇာတ်လမ်းထဲမှာ အတူတူ အဖြေရှာကြရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 43min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Lightning Strike ( 2022 )

The Enchanting Phantom ( 2020 ) 5.6
The Enchanting Phantom ( 2020 ) The Enchanting Phantom (2020)90 Born တော်တော်များများ 1987 ခုနှစ်လောက်ကထွက်တဲ့A Chinese Ghost Story ဇာတ်ကား‌လေးကိုသိကြမှာပါခုဒီဇာတ်ကားလေးကတော့ A Chinese Ghost Story ကို 2020 ခုနှစ်မှာ ပြန်လည်ဆန်းသစ်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်စာပေသမားလေးနဲ့ချိုင်ချွမ်ဟာ မင်းနေပြည်တော်သို့ ပြည်နယ်စာမေးပွဲဖြေဖို့ သွားရာလမ်းမှာဘုံကျောင်းပျက်မှာတည်းခိုရင်း သောင်းကျန်းလှတဲ့ ကဝေများနဲ့တွေ့ဆုံခြင်းဖြစ်ပါတယ်သူ့ကိုဖမ်းစားဖို့လာတဲ့ကဝေမလေး နျဲ့ရှောင်ချန့်ဟာ သူ့ရဲ့ရိုးသားပြီးကူညီတတ်တဲ့စိတ်ရင်းလေးကြောင့် မသတ်ရက်ပဲ တစ်ယောက်နဲ့တစ်ယောက်စုံမက်မိသွားကြပါတယ်ဒါပေမယ့် ရှောင်ချန့်ရဲ့ဘွားဘွားကဝေအိုမကြီးက သူမကိုတောင်မဲကဝေနတ်ဆိုးနဲ့လက်ထပ်ထိမ်းမြားဖို့ စီစဉ်ထားသည့်အပြင်သန့်စင်တဲ့အဖိုဓာတ်ရှိတဲ့ စာပေသမားလေးကိုလိုချင်လို့ ကဝေမုဆိုးတွေနဲ့ယှဉ်ပြိုင်မှုတွေဖြစ်လာပါတယ်ဇာတ်လမ်းသဘောသဘာဝတူသော်ငြားလည်း ဇာတ်ကားဟောင်းနဲ့မတူဘဲ ေြပာင်းလဲသွားတဲ့တစ်ချို့ဇာတ်ဝင်ခန်းတွေကြောင့် သဘောမတွေ့ဖြစ်နိုင်ပေမယ့်ကြည့်မိလို့စိတ်ပျက်စေမယ့်ကားမျိုးတော့မဟုတ်ပါဘူးနော်ပြီးတော့ ချစ်စရာကောင်းတဲ့ မင်းသမီး Eleanor Lee နဲ့ မင်းသား Chen Xingxu တို့အပြင်ဘွားဘွားကဝေအိုမကြီးနေရာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားကြီး Yuein Wah (ပိုးမင်းသားကြီး) ကြောင့်ဇာတ်လမ်းကပိုပြီးအသက်ဝင်နေပါတယ် Translated & Review By Htoo Htoo Ka JoeEncoded By ...
movie

The Enchanting Phantom ( 2020 )