Channel Myanmar

Taveeta Szymanowicz

Brother (2022) 7
Brother (2022) Brothers (2022)~ IMDb - 7/10, Rotten Tomatoes - 88% ~ဒီဇာတ်ကားလေးက 2022 နှစ်မှာထွက်ထားတဲ့ ကနေဒီယန်ဇာတ်ကားလေးဖြစ်ပါတယ်။ ဆုတွေ (၁၄)ခုအထိရပြီး Nomination (၁၇)ခုထိတောင်၀င်ထားတာပါ။ IMDb မှာဆိုလည်း 7/10 နဲ့ ခရမ်းချဉ်သီး 88% ရထားပါတယ်။ ဇာတ်အိမ်လေးကတော့ ရွေ့ပြောင်းနေထိုင်သူ မိခင်တစ်ယောက်နဲ့ သားနှစ်ယောက်အ‌ပေါ်အခြေတည်ထားပြီး သူတို့အကြောင်းကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ဒီဇာတ်ကားက တကယ်ကိုလှပပြီး ခံစားချက်တွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်အောင် ဆွဲဆောင်နိုင်လွန်းပါတယ်။ လက်ရှိအချိန်နဲ့ အတိတ်ကာလကို နောက်ကြောင်းပြန် ယှဉ်ပြထားပြီး ထိခိုက်နာကျင်စရာကောင်းတဲ့နေရာဆီကို တ‌ဖြည်းဖြည်းဆွဲခေါ်သွားတာကိုက ဒီဇာတ်ကားရဲ့လှပမှုပါပဲ။ ဒီဇာတ်ကားကို အပေါ်ယံကြည့်ရင် သာမန်မိသားစုဒရာမာကားလေးပါပေါ့။ ဒါပေမဲ့ အဲဒီအောက်မှာတော့ ရွေ့ပြောင်းနေထိုင်သူတွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ဘ၀တွေ၊ အဲဒီခေတ်က လူမျိုးရေးခွဲခြားမှုတွေအပြင် လူမျိုးတူချင်းဆီကပါ ပိုင်နက်စိုးမိုးလိုမှုကြောင့် ရန်စောင်မှုတွေကို နက်နက်နဲနဲ မြင်နိုင်တဲ့ဇာတ်လမ်းလေးပါ။ တကယ်လို့ ခင်ဗျားက သာမန်ဟောလိဝုဒ်စတိုင်ဖျော်ဖြေရေးဇာတ်ကားတစ်ကားကိုမျှော်လင့်နေရင် ဒီကားလေးက သာမန်ဇာတ်လမ်းလေးပါပဲ။ ...
movie

Brother (2022)

2022
Every Day (2018) 6.4
Every Day (2018) Every Day (2018) IMDb - 6.4/10_____Rotten - 63%   မိုးလင်းတိုင်း ဘဝအသစ်တစ်ခုမှာ လူအသစ်တစ်ယောက်လိုနေ့တိုင်းနိုးထလာရတဲ့ .... နေ့တိုင်းနေ့တိုင်းဘဝအသစ်တစ်ခုမှာရှင်သန်ရင်း သူ့ကိုယ်တိုင်ဖြစ်တည်မှုကိုတောင် မေ့လျော့လုဆဲဆဲအချိန်မှာပဲ သူဝင်ရောက်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဂျပ်စတင် ရဲ့ချစ်သူ ရီအန်နွန်နဲ့ တွေ့ဆုံလာခဲ့ရတဲ့အခါ... နေ့တိုင်းခန္ဓာကိုယ်ပြောင်းလဲနေပေမယ့် မပြောင်းလဲတဲ့ သူ့အချစ်စိတ်ကို ရီအန်နွန် သိအောင်ဘယ်လိုထုတ်ပြမလဲ? ရီအန်နွန်ကရောဘယ်လိုတံုံ့ပြန်မှာလဲ? ဘာတွေဆက်ဖြစ်မှာလဲ?  ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ကားလေးတစ်ကားပါ။ အားမလို အားမရမှုတွေ၊ကြည်နူးမှုတွေ စိတ်ခံစားချက်မျိုးစုံကိုခံစားရင်း အဆုံးထိဆွဲခေါ်ပေးသွားနိုင်တဲ့ကားလေးတစ်ကားဆိုလဲ မမှားပါဘူး။ ရိုးရိုးဇာတ်အိမ်တွေထဲကဖောက်ထွက်ထားတဲ့ ဒီကားသစ်လေးကတော့ Everyday (2018)ပါ။ Dramanကားကောင်းလေးတွေကြိုက်တဲ့CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ မအေးမွန်ကျော် ပါ)     File Size : (800 MB) Quality : WEB-DL 720p Running Time : 1hr 37min Format : Mp4 Genre : Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-FGT Translated by Aye Mon ...
movie

Every Day (2018)

2018