Channel Myanmar

Terence Kelly

Watchmen (2009) 7.6
Watchmen (2009) ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စူပါဟီးရိုးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Watchmen ကို ဘာသာပြန်၊ ကွာလတီ အကုန်စိတ်ကြိုက်ပြင်ပြီး ပြန်တင်ပေးထားပါပြီ။ Watchmen ဟာ Version ၃ မျိုးရှိပြီး ခုတင်ဆက်လိုက်တဲ့ Ultimate Cut ကတော့ အရှည်ဆုံး Cut ဖြစ်တဲ့ ၃ နာရီ ၃၅ မိနစ်ကျော်ကြာမြင့်တဲ့ Version ဖြစ်တာမလို့ အပြည့်စုံဆုံး Version ပါပဲ။Watchmen ရုပ်ရှင်ဟာ နောက်ပိုင်း မာဗယ်နဲ့ဒီစီနှစ်ခုလုံးမှာထွက်နေတဲ့ပေါ့ပေါ့ပါးပါးနဲ့ ဘဝအမောပြေစေတဲ့ကားမျိုးမဟုတ်လို့ စူပါဟီးရိုးရုပ်ရှင် မှောင်မှောင်လေးကြိုက်သူတွေကြည့်သင့်ပါတယ်။ Watchmen ဆိုတဲ့နာမည်ဟာ ရောမစာရေးဆရာ ဂျဗီနယ် ၁ ရာစုလောက်မှာ ရေးသားခဲ့တဲ့ နာမည်ကြီး လက်တင်ကဗျာထဲကနေ ဆင်းသက်လာတာပါ။noui consilia et ueteres quaecumque monetis amici, "pone seram, cohibe". sed quis custodiet ipsos custodesငါ့မိတ်ဆွေတွေ အမြဲပြောနေတဲ့ စည်းကမ်းထိန်းသိမ်းရေး၊ မိန်းမတွေကို စည်းကမ်းတင်းကြပ်ထားဆိုတာ၊ ဒီကင်းသမားတွေကို ဘယ်သူကင်းပြန်စောင့်မလဲ ဆိုတဲ့ ကဗျာပါ။ ရောမခေတ်ရဲ့ အမျိုးသမီးဖိနှိပ်မှုတွေကိုထောက်ပြထားတာဖြစ်ပြီး အာဏာပိုင်တွေကို ဘယ်သူက ထိန်းကျောင်းမလဲဆိုပြီး ...
movie

Watchmen (2009)

2009
4K HEVC
The Big Year (2011) 6.2
The Big Year (2011) ဒီဇာတ်လမ်းကို ဒါရိုက်တာဒေးဗစ် ဖရန်ကဲလ် က ရိုက်ကူးထားပြီး ဘရက်ဒ်အဖြစ် 2017 နဲ့ 2019 မှာထွက်ရှိခဲ့တဲ့ Jumanji နှစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင် ဂျက်ဘလက်၊ စတူ အဖြစ် ပင့်ပန်သာ ဇာတ်ကားမှာ ပြင်သစ်စုံထောက် အဖြစ်သရုပ်ဆောင်ခဲ့တဲ့ စတိဗ်မာတင်၊ ကန်နီ ဘော့စတစ် အဖြစ် Wedding crashers ၊Night at the museum၊No escape တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိုဝမ်ဝီလ်ဆင်တို့ ပါဝင်ထားပါတယ်။း ဒီဇာတ်လမ်းမှာ ငှက်ဝါသနာရှင် နှစ်ဦးဟာ တနှစ်ပတ်လုံး ယှဉ်ပြိုင်ရတဲ့ ငှက်ကြည့်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်တင်ထားတဲ့ မြောက်ကြွကြွ လူကို အနိူင်ရအောင် ကြိုးပမ်းကြပုံကို ကြည့်ရှုကြရမှာပါ။ ငှက်ကြည့်လောကမှာတော့ Big Year ဆိုတာ တနှစ်အတွင်းမှာ ငှက်မျိုးစိတ် ဘယ်လောက်များများ ကြည့်နိုင်မလဲ ကြားနိုင်မလဲ ဆိုတာ ယှဉ်ပြိုင်ရတဲ့ ပွဲဖြစ်ပါတယ်။လူသုံးဦးက​တော့ တနှစ်တာ ...
movie

The Big Year (2011)

The Exorcism of Emily Rose(2005) 6.7
The Exorcism of Emily Rose(2005) The Exorcism of Emily Rose(2005)=============================ဒီတခါ ဇာတ်ကားလေးကတော့ 2005 ခုနှစ်မှာထွက်ရှိခဲ့ပြီး Director Scott Derrickson ရိုက်ကူးခဲ့တဲ့သဲထိပ်ရင်ဖိုကားလေးပဲဖြစ်ပါတယ်မင်းသမီး က Jennifer Carpenter ဖစ်ပြီး ဒီဇာတ်လမ်းလေးက1976 ခုနစ်က ဂျာမနီမှာ သေဆုံးခဲ့တဲ့ Anneliese Michel ဆိုတဲ့ဂျာမန်မလေးရဲ့ မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ emily rose ဆိုတဲ့ ၁၉ နှစ်အရွယ်ကောင်မလေးက အနေအေပြီး စာဖတ်တာ ဂီတလေ့လာတာနဲ့ပဲအိမ်ထဲမှာပဲနေလေ့ရှိတယ် ဒါပေမဲ့ တက္ကသိုလ်တက်ဖို့အတွက်scholarship ရခဲ့တော့ ဆရာမဖြစ်ချင်တဲ့ သူမရဲ့အိပ်မက်ကြောင့်မိသားစုနဲ့ခွဲပြီ းသွားတက်ဖို့ဆုံးဖြတ်လိုက်တယ် သူမကညဘက်တွေဆိုမီးလောင်တဲ့အနံ့ရလို့ နိုးလာတတ်ပြီးအဆစ်တွေလှုပ်မရတာတွေ မျက်ဆံအနက်ကြီးဖြစ်သွားတာတွေနာရီအတော်ကြာအော်နေတာတွေ အင်းဆက်တွေစားတာတွေစတဲ့လက္ခဏာတွေနဲ့ မကြာခင်မှာသေဆုံးသွားတယ် သူမရဲ့သေဆုံးမှုကကျန်းမာရေးအခြေအနေကြောင့်လား? မကောင်းဆိုးဝါးဝင်ပူးတာလား?သူမရဲ့သေဆုံးမှုရဲ့တရားခံက ဘယ်သူလဲ? ဆိုတာ Jennifer Carpenter ရဲ့တအားမိုက်တဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ရင်း အဖြေတူတူရှာလိုက်ကြဦးနော် အညွှန်းနဲ့ဘာသာပြန်ကတော့ Duckkie ပဲဖြစ်ပါတယ်; File size…1GB / 435MB Quality…Blu-Ray 1080p5.1CH  ...
movie

The Exorcism of Emily Rose(2005)

In the Name of the King: A Dungeon Siege Tale (2007) 3.8
In the Name of the King: A Dungeon Siege Tale (2007) In the Name of the King: A Dungeon Siege Tale (2007)======================================Jason Statham ကအက်ဘ် တိုင်းပြည်မှာ ဇနီးသည်သားတစ်ယောက်နဲ့အတူလယ်လုပ်ငန်းလုပ်ပါတယ်။ တစ်နေ့သူ့ဇနီးနဲ့သား မြို့ကိုဈေးရောင်းထွက်တဲ့အချိန်မှာ သူ့လယ်ကို ခရပ်ချ်ဆိုတဲ့ သတ္တဝါဆန်းကြီးတွေ လာတိုက်ခိုက်တာခံရပြီးနောက် မြို့ကိုတက်ပြီး ဇနီးနဲ့သားကိုရှာဖို့ သူ့မွေးစားအဖေနဲ့အတူထွက်အလာမှာ မှော်ဆရာတစ်ယောက်ဖြစ်တဲ့ ဂါလီယန်က ခရပ်ချ်သတ္တဝါတွေကိုထိန်းချုပ်ခိုင်းစေပြီး သူ့သားကိုသတ် သူ့ဇနီးကိုဖမ်းခေါ်သွားတာကို သိလိုက်ရပါတယ်။ မှော်ဆရာဂါလီယန်ဟာ သူတို့ဘုရင်ရဲ့ မဟာရန်သူတော်ဖြစ်ပြီး ဘုရင့်တူနဲ့အတူ နန်းလုဖို့ပူးပေါင်းကြံစည်နေသူပါ။ ဒီလိုနန်းတွင်းဇာတ်ရှုပ်မှာ သာမန်အညတရလယ်သမားတစ်ယောက်ဖြစ်တဲ့သူဟာ အဓိကကျတဲ့နေရာက ပါဝင်ပတ်သက်နေတယ်ဆိုတာ ဘုရင့်အတိုင်ပင်ခံနတ်ဆရာက အစောကြီးကြိုမြင်ခဲ့ပြီး သူ့ဆီချဉ်းကပ်လာတဲ့အခါ..။ သူမသိခဲ့တဲ့သူ့နောက်ခံဇာတ်ကြောင်းက ဘာလဲ၊ ဘာကြောင့်သူဟာ ဒီဇာတ်လမ်းမှာအဓိကကျနေလဲ အစရှိတဲ့ မေးခွန်းတွေနဲ့အတူ မှော်ပညာတွေ သတ္တဝါဆန်းတွေနဲ့ စွန့်စားခန်းတွေကြုံဆုံရပါတော့တယ်။ In the Name of the King မှာ လယ်သမားအဖြစ် Jason Statham ကဦးဆောင်ပါဝင်ထားပါတယ် ဒီကားဟာ တစ်ချိန်က နာမည်ကျော်ဗီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ Dungeon Siege ကိုအခြေခံထားတာဖြစ်ပြီး နန်းတွင်းဇာတ်ရှုပ်တွေ မှော်ဆရာတွေ၊ သတ္တဝါဆန်းတွေ နဂါးတွေနဲ့ ...
movie

In the Name of the King: A Dungeon Siege Tale (2007)

Walking Tall (2004) 6.2
Walking Tall (2004) အက်​ရှင်​ကားကြိုက်​တဲ့ပရိသတ်​​တွေအတွက်​ ဇာန်​ကား​ကောင်​း​လေးတစ်​ကားတင်​​ပေးလိုက်​ပါတယ်​Walking Tall ရုပ်​ရှင်​ဇာတ်​ကားဟာ ၂၀၀၄ခုနှစ်​ထွက်​ အက်​ရှင်​ဇာတ်​ကားတစ်​ကားဖြစ်​ပြီး Imdb rating 6.2/10 ရရှိထားပါတယ်​ပါဝင်​သရုပ်​​ဆောင်​ထားသူ​တွေက​တော့ အက်​ရှင်​မင်​းသားကြီးDwayne Johnson,မင်​းသမီး​ချော Ashley Scott,မင်​းသား Johnny Knoxville စတဲ့သူ​တွေဖြစ်​ပါတယ်​ဇာတ်​လမ်​းအကျဉ်​းက​တော့ ဂုဏ်​ထူး​ဆောင်​စစ်​သားဖြစ်​ဖူးတဲ့ Chris Vaughn တစ်​​ယောက်​ ရာထူးက​နေအနားယူပြီး ​မွေးရပ်​​မြေမြို့​လေးမှာ ပြန်​အ​ခြေချ​နေထိုင်​ခဲ့ပါတယ်​။သူပြန်​လာတဲ့အခါ တစ်​မြို့လုံးမှာအကြီးဆုံးစီးပွား​ရေးက အရင်​​ကျောင်​း​နေဖက်​​တွေဖြစ်​ခဲ့ဖူးတဲ့Jay Hamilton နဲ့ Ray Templeton တို့ဦးစီးလုပ်​ကိုင်​​နေတဲ့ ကာစီနို​လောင်​းကစားဝိုင်​းကြီးဖြစ်​​နေခဲ့ပါတယ်​။တစ်​မြို့လုံးမှာ ​လောင်​းကစား အရက်​ ​ဆေး စသည်​ဖြင်​့မ​ကောင်​းမှုမျိုးစုံနဲ့ပြည်​့​နေတာကိုမြင်​​နေရတဲ့အခါ Chris တစ်​​ယောက်​ ရဲ​တွေကိုယ်​စား သူ့လက်​နဲ့​ဖြေရှင်​းပါ​တော့တယ်​။သူတစ်​ကယ်​ပဲ​ဖြေရှင်​းနိုင်​ပြီး အရင်​ကလို​ကောင်​းမွန်​တဲ့မြို့​လေးပြန်​ဖြစ်​​အောင်​လုပ်​နိုင်​မှာလား....ဘယ်​လို ပြဿနာ​တွေကြုံ​တွေ့ရမှာလဲဆိုတာ စွန်​့စားခန်​းအပြည်​့နဲ့ရိုက်​ကူးထားတာမို့ အက်​ရှင်​ကားချစ်​ပရိတ်​သတ်​​တွေကြည်​့ရှု့အား​ပေးလိုက်​ပါဦး File Size : (750 MB) and (310 MB) Quality : Blu-Ray 720p Running Time : 1hr 26min Format : Mp4 Genre : Action, ...
movie

Walking Tall (2004)

2004