Channel Myanmar

Terence Maynard

One Shot (2021) 5.8
One Shot (2021) ဖိုက်တာမင်းသားကြီး Scott Adkins  ရဲ့  အသစ်ထွက် Action/Thriller ဇာတ်ကြမ်းကားလေး တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့...နိုင်ငံတကာကအကြမ်းဖက်တွေကို ပုံစံသွင်းပေး၊ အကြောက်တရားထည့်ပေး၊ ပုံမှန်လူလိုပြန်ဖြစ်ရေး ကျင့်ပေးနေတဲ့လျှို့ဝှက်ဌာနချုပ်တစ်ခုဆီကနေ အထိန်းသိမ်းခံထောင်သားတစ်ယောက်ကိုလွှဲပြောင်းယူဖို့ မစ်ရှင်တစ်ခုကျရောက်လာပါတယ်။နိုင်ငံတော်အဆင့်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်ပြီး လျှို့ဝှက်ချက်တွေအပြည့်နဲ့ပါ..မမြင်နိုင်တဲ့ အန္တရာယ်တွေကလဲ စောင့်လိုကြိုနေပါတယ်။ဒီခရီးစဉ်အတွက် လိုက်ပါ‌စောင့်ကြပ်ပေးရတဲ့ Navy Seal အဖွဲ့အနေနဲ့ အရှုပ်အထွေးအန္တရာယ်တွေကြားကနေအထိန်းသိမ်းခံထောင်သားကို မြို့တော်ဝါရှင်တန်ဆီ ပြန်ခေါ်သွားနိုင်မလားဆိုတာ....။အပစ်အခတ် အကြမ်းပတမ်းတွေနဲ့  အက်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.5 GB) / (850 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:37:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung
movie

One Shot (2021)

Revolver (2005) 6.3
Revolver (2005)  ဒီဇာတ်လမ်းကတော့ ဒါရိုက်တာ Guy Ritchie ရိုက်ကူးခဲ့ပြီးAction၊ Crime၊ Drama၊ Mystery၊ Thriller အကုန်ခံစားရမယ့်ရှုပ်ထွေးနက်နဲတဲ့ movieတစ်ခုဗျ...။တချို့ကျလည်း နားလည်ဖို့ခက်လို့ သုံးခေါက်လောက်ကြည့်သင့်တဲ့ကားလို့ဆိုကြပါသတဲ့...။ ဒါကြောင့် ခေါင်းကိုကောင်းကောင်းစားမယ့် ရုပ်ရှင်မျိုးပါ...။မင်းသားကလည်း အားလုံးသိပြီးသား Transporter မင်းသားဂျေဆင် စတက်သန်ပါ...။ ဇာတ်လမ်းအကျဥ်းကတော့ မစ္စတာဂရင်းဟာ ဂန်းစတား ခေါင်းဆောင်အလောင်းအစားဘုရင် မစ္စတာဒီရဲ့ အကွက်ဆင်ကောင်းမှုကြောင့် ထောင်ထဲမှာ၇ နှစ်လောက်အောင်းလိုက်ရပါတယ်...။ကံကောင်းတယ်ပဲဆိုရမလား ထောင်ထဲမှာ တိုက်ပိတ်ခံရရင်း ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှစ်ယောက်နဲ့ ကြုံဆုံခွင့်ရခဲ့ပါတယ်...။တစ်ယောက်က စစ်တုရင်ဆရာကြီး...နောက်တစ်ယောက်က အယုံသွင်းလှည့်ဖြားတတ်တဲ့လူလိမ်ဆရာကြီး...။ထောင်ထဲမှာ ၇နှစ်လုံးလုံး အဲ့ဆရာကြီးနှစ်ယောက်ဆီက ပညာတွေ အခွင့်သင့်သလိုသင်ယူရင်း၊ လက်စားချေနိုင်မယ့်နေ့ကို စောင့်မျှော်ရင်း ၇ နှစ်တာကုန်ဆုံးပြီး ထောင်ကထွက်လာခဲ့ပါတယ်...။စစ်တုရင်ပညာနဲ့ လှည့်စားမှုအတတ်ပေါင်းလိုက်တော့ အတော်အစွမ်းထက်သွားပါလေရော...။ထောင်ကအထွက် ထောင်ထဲမှာသင်ယူခဲ့တဲ့ပညာတွေနဲ့ နှစ်နှစ်လောက် လောင်းကစားလုပ်ရင်းငွေကိုရှာ၊ ကြွယ်ဝချမ်းသာလာပြီးတဲ့နောက် ဂန်စတားခေါင်းဆောင်မစ္စတာဒီနဲ့ ပညာချင်းပြန်ပြိုင်ပါတော့တယ်....။ဒီဇာတ်လမ်းက တွေ့နေကျ action၊ crime တွေနဲ့မတူဘဲ သူ့ထက်ငါဆရာပညာချင်းပြိုင်တဲ့ပုံစံအပြင် plot twist ခပ်ဆန်းဆန်းကိုမြင်တွေ့ရမှာပါ....။တွေးတောရင်းကြည့်ရမယ့်ကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ...။ဒါရိုက်တာ Guy ...
movie

Revolver (2005)

Reign of Fire (2002) 6.2
Reign of Fire (2002) Game of Thrones ထဲက နဂါးကြီးတွေကို သဘောကျ နှစ်ခြိုက်ကြတဲ့သူတွေ အများအပြားရှိပါလိမ့်မယ်။ ဝံ့ကြွားလှပတဲ့ကိုယ်ဟန်နဲ့၊ ဝါညီးထွန်းတောက်တဲ့ မီးတောက်တွေ မှုတ်ထုတ်လို့ ခံ့ညားလှတဲ့ သတ္တဝါကြီးတွေပေါ့။ ဒီတော့ လူကြီးမင်းရဲ့ အိမ်အောက်မှာ အ‌ပေါက်တစ်ခုတွေ့လို့ ဆင်းကြည့်ရင်း နဂါးကြီးတစ်ကောင်နဲ့ ပက်ပင်းတိုးမိတယ်ဆိုပါစို့။ အကြံပေးချင်တာကတော့ Game of Thrones ကို မေ့လိုက်ပြီး ဖနောင့်နဲ့တင်ပါး တသားတည်းကျအောင်သာပြေးပါ။ ဘာလို့လဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရှုစားနိုင်ပါတယ်။ခေတ်မီစက်မှုကာလ မျက်မှောက်ခေတ်၊ လူတွေဟာ ငွေနောက်လိုက်ရင်း ငွေရှာရင်း အသက်ကြီးလာ၊ ငွေနောက်လိုက်ရင်းပဲ သေကြရတဲ့အချိန်ပေါ့။ ဒီတော့ လောကဇာတ်ဆရာက ပျင်းရိငြီးငွေ့လာပုံရပါတယ်။ မြေကြီးထဲမှာ အိပ်ပျော်နေတဲ့ နဂါးတစ်ကောင်ကို နိုးထစေလိုက်တယ်။ သံချပ်ကာ အကြေးခွံချပ်တွေနဲ့၊ နိုက်ထရို နက်ဖလင်းမီးတောက်တွေမှုတ်ထုတ်နေတဲ့ နဂါးကြီးဟာ လှပသလောက် အန္တရာယ်မ‌ျားလှပါသတဲ့။ စာရေးဆရာက ဘယ်လောက်တောင် ညွှန်းလိုက်သလဲဆိုရင် ဒိုင်နိုဆောတွေကို မီးလောင်တိုက်သွင်းခဲ့တာ သူတို့ပါတဲ့။ သူတို့ကြောင့် ...
movie

Reign of Fire (2002)

The Last Days of American Crime 6.2
The Last Days of American Crime   ဒီတစ်ခေါက်မှာတော့ စီအမ် ပရိတ်သတ်ကြီးအတွက် ဇွန်လ ၅ ရက်နေ့ကမှ ထွက်ထားတဲ့ ဇာတ်ကြမ်းကား တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားက ဂရေဟမ် ဘရစ် ရယ် ရှဲဘီ ဒူပရီး ရယ် ကီဗင် ကတ်ရှ် တို့ က ရဲ့ အကွက်ချပြီး ဘဏ်တိုက်ဖောက်ဖို့ကြိုးစားတဲ့ ဇာတ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောရရင် ဂရေဟမ် ဘရစ်က တစ်ယောက်တည်းကျန်ခဲ့တဲ့ ကြေးစားလူမိုက်လိုဖြစ်နေတာ သူ့ကို ဒူမိုးရစ် မိသားစုက လိုက်သတ်နေတယ် ဒူမိုးရစ် ရဲ့ သားက ကီဗင်ကတ်ရှ် ဒီကောင်ကလည်း သူ့အဖေနဲ့ ရန်သူလိုဖြစ်နေတာ သူ့ကောင်မလေးက ဒူပရီး အဲ့ဒီအချိန်မှာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကလည်း မကောင်းဘူး ပြည်သူတွေကို အေပီအိုင် ဆိုတဲ့ အာရုံကြောကို ထိန်းချုပ်နိုင်တဲ့ စနစ်တစ်ခုကို အစိုးရက အကောင်အထည်ဖော်နေတယ် ဒါကိုပြည်သူတွေက လက်မခံဘူး ဆန္ဒတွေပြကြတယ် ကနေဒါကို ထွက်ပြေးကြတယ် ထွက်ပြေးတဲ့သူတွေကို အစိုးရက ဖမ်းတယ် ထောင်ချတယ် အဲ့ဒီအခါ ပိုပြီး ဆန္ဒပြမှုတွေပြင်းထန်လာတယ် ဒါကို အစိုးရကလည်း လက်မလျော့ဘူး ဆက်ပြီး အကောင်အထည်ဖော်တဲ့ အေပီအိုင် စနစ် ချပ်စ် ပြားလေးကို လူတွေရဲ့ ဉီးနှောက်ထဲထည့်ရင် ...
movie

The Last Days of American Crime

2020
Edge of Tomorrow(2014) 7.9
Edge of Tomorrow(2014)   Edge of Tomorrow(2014)  ((Link အသစ်ပြန်ချိတ်ပေးရင်း 1080p BluRay 5.1 DTS  နဲ့720p နှစ်မျိုးနဲ့  ပြန်လည်တင်ဆက်လိုက်သည်…))ဒီတစ်ခါတော့ Tom Cruise ရဲ့ Sci-Fi Action ဇာတ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၁၄ ရဲ့ ဇာတ်ကားကောင်း တွေထဲမှာ တစ်ကားအပါအဝင်ဖြစ်ပြီး ပရိတ်သတ် ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ဇာတ်လမ်းကတော့ ဥရောပမှာ အမှတ်မထင်ပဲ အာကာသ ထဲက နေ ဂြိုလ်သားတွေရောက်လာတာက စတင်ပါတယ်။ ပြင်သစ်၊ ဂျာမဏီ၊ ချက်၊ အီတလီ၊ပိုလန် စတဲ့ နိုင်ငံတွေ ကျသွားပြီးနောက် အနောက်ဖက်မှာ အင်္ဂလန်နဲ့ အရှေ့ဖက်မှာ ရုရှားတို့ လောက်ပဲ ကျန်တော့ပါတယ်။ ငါးနှစ်အတွင်းမှာ စစ်ပွဲအချို့ ပြန်နိုင်လာသလို၊ ဂြိုလ်သားတွေကို နှိမ်နင်းဖို့ Armor တွေလည်း တီထွင်ခဲ့ပါတယ်။ ဒီလိုနဲ့ East ဖက်က ရုရှား နဲ့ တရုတ်၊ West ဖက်က အမေရိကန်နဲ့ ကျန် Allied တွေက ထိုးစစ်စင်ခဲ့ပြီး၊ နောက်ဆုံး စစ်ပွဲကို ရောက်လာပါတယ်။ဒီအချိန်မှာ Tom Cruise ...
movie

Edge of Tomorrow(2014)

2014
Avengement (2019) 6.8
Avengement (2019) Action ကားကောင်းကြိုက်သူတွေအတွက် 2019 ထွက် Action ကားအသစ်စက်စက်ကြမ်းကြမ်းရမ်းရမ်းဇာတ်ကားလေးတစ်ခုပါ။ဇာတ်လမ်းအစမှာတစ်မျိုးပေမဲ့ ဇာတ်လမ်းကဆွဲခေါ်သွားပုံလေးကစိတ်ဝင်စားစရာကောင်းပါတယ်။ကိန်းဆိုတဲ့ထောင်သားတစ်ယောက် ဆေးရုံကအမေဖြစ်သူကို အစောင့်အရှောက်တွေနဲ့ လာတွေ့တာကနေစပါတယ်။ဆေးရုံအဝင်ဝမှာပဲ မိခင်ဖြစ်သူဆုံးသွားပြီဆိုတာ သိလိုက်ရတော့ မိခင်ရဲ့နောက်ဆုံးအချိန်ကိုမမှီလိုက်သူတစ်ယောက်အနေနဲ့မျှော်လင့်ထားတဲ့အတိုင်း လုံခြုံရေးတွေကိုလှဲသိပ်ပြီး ပြေးပါလေရော။ဒီထိမထူးခြားပေမဲ့ ကိန်းဆိုသူရဲ့နောက်ကြောင်းကို ဖြေးဖြေးစီ ထိုးပြလာတဲ့အခါမှာတော့ကိန်းဟာဘယ်လိုလူမျိုးဆိုတာ သိလာရပြီး ဇာတ်ရည်လည်လာသလို ဘာကြောင့်လဲဆိုတဲ့အဖြေတွေကိုဖြေးဖြေးချင်းတွေ့ရမှာပါ။တိုက်ခိုက်ပုံအကြမ်းစားအလန်းစားတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။Rating ကလည်း 6.7 နဲ့ ဇာတ်ဆောင်မင်းသားကလည်း လူသိများပြီး မင်းသားပဲဖြစ်တဲ့အတွက် အကြောင်းသိပရိသတ်တွေကျေနပ်စေမဲ့ကားပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ Thura Zarni Aung ပါ)File Size : (1.50 GB) , (750 MB) and (380 MB) Quality : WEB-DL (1080p 5.1,720p,480p) Running Time : 1hr 30min Format : Mp4 Genre : Action, Crime Subtitle : Myanmar Subtitle (Hard ...
movie

Avengement (2019)

2019
Chasing Liberty(2004) 6.1
Chasing Liberty(2004) ညစာစားနေတဲ့ကောင်လေးနဲ့ကောင်မလေးတို့စားပွဲဝိုင်းကို လူရွယ်တစ်စုချဉ်းကပ်သွားတယ် သူတို့ထဲကတစ်ယောက်က အင်္ကျီအိပ်ထဲကိုလက်နှိုက်လိုက်တယ်....ဒီအပြုအမူကြောင့် သက်တော်စောင့် အယောက် ၂၀လောက်က လူရွယ်တစ်စုကို ခုန်အုပ်လိုက်တယ် ကောင်လေးနဲ့ကောင်မလေးရဲ့ပျော်ရွှင်ဖွယ်ညတစ်ညဟာ သက်တော်စောင့်တွေကြောင့် အကျဉ်းတန်သွားတယ် သက်တော်စောင့်တွေကလည်းသူတို့တာဝန်သူတို့လုပ်ရတာကိုး ဘာဖြစ်လို့လဲဆိုတော့ ညစာစားတဲ့ကောင်မလေးဟာ သမ္မတရဲ့သမီး ဖြစ်နေလို့ပါပဲ..ဒါကြောင့် ချဉ်းကပ်သွားတဲ့လူရွယ်တစ်စုဟာ အန္တရယ်ပြုနိုင်သူဖြစ်နိုင်တော့  သူတို့လည်းအခြေအနေအရ တားဆီးလိုက်ရတယ်....ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ phenylethylamine လို့ခေါ်တဲ့ natural chemical တစ်ခုထွက်ပါတယ် သူ့ရဲ့အစွမ်းသတ္တိကဘာဖြစ်လဲဆိုတော့စိတ်ကိုနူးညံပျော့ပျောင်းစေတယ် ချစ်တတ်စေတယ် ခံစားတတ်စေတယ် ဒါပေမယ့် phenylethylamine က အချိန်တိုင်းမထွက်ဘူးကာလအပိုင်းအခြားနဲ့ ထွက်တာ....ချစ်သူများနေ့မှာ ချောကလက်ဘာကြောင့်ကျွေးလဲဆိုတော့ ချောကလက်ဟာ phenylethylamine ကိုထွက်စေလို့ ကိုယ်ချစ်တဲ့သူကို ကျွေးကြတယ်လို့ပြောကြတယ်....ဒီကားကိုကြည့်ရတာ ကမ္ဘာ့အစွမ်းထက်ဆုံးချောကလက်ကိုစားရသလိုပဲ ..phenylethylamine တွေ ဘယ်လောက်တောင် နှလုံးသားမှာ ပြေးလွှားနေလဲမသိ.ရင်တွေခုန်တယ် ...Plot ကလည်းဆွဲဆောင်မှုရှိတယ် သမ္မတရဲ့သမီးနဲ့အေးဂျင့်ကောင်လေးတစ်ယောက်ပေါ့... ဒီကားထဲကကောင်လေးနဲ့ကောင်မလေးပြောတဲ့စကားအတော်များများဟာ ကဗျာရနံတွေထုံလွှမ်းနေတယ်... နောက်ခံသီးချင်းလေးတွေကလည်း လှပလွန်းတယ် တစ်ခါတစ်ရံကိုယ့်ရဲ့ရင်ခုန်သံဟာ ဇာတ်ကားထဲကသီးချင်းရဲ့ ခပ်မှန်မှန်ထွက်နေတဲ့ BASS သံထက်တောင်ကျယ်လောင်နေတတ်တယ်...သေချာတယ် ခင်ဗျားတို့လည်းဒီကားကြည့်နေရင်း ကယောင်ကတမ်းနဲ့ ကိုယ့်ဘယ်ဘက်ရင်အုံကိုပြန်စမ်းမိလိမ့်မယ်.....File Size…(850MB) and (398MB) Quality…DVDrip Format…mp4 Duration…01:50:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo ...
movie

Chasing Liberty(2004)

2004