Channel Myanmar

Thambi Ramaiah

Kick (2023) 8.4
Kick (2023) Kick (2023)IMDb-8.5/10ဟာသမင်းသားစူပါစတား Santhanam ခေါင်းဆောင်ပါဝင်ထားပြီး ရှာရွတ်တို့ခေတ်တည်းက ဟာသဇာတ်ပို့အနေနဲ့ မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသား အန်ကယ်ကြီး Brahmanandam လည်း ပါဝင်ထားပါတယ်။ ဒီကားထဲက ရှီဗာနီ့ဘော့စ်နေရာမှာ ပါဝင်ထားတဲ့ ဇာတ်ပို့သရုပ်ဆောင်ကြီး Manobala မကွယ်လွန်ခင် နောက်ဆုံးသရုပ်ဆောင်‌သွားတဲ့ကားလည်းဖြစ်ပါတယ်။ဆိုတော့ ဒီကားက ရိုက်ကွင်းရိုက်ကွက်ထက် ဒီဟာသအကျော်အမော်တွေရဲ့ ကြိုးစားမှုနဲ့ အမှတ်တရအဖြစ် ရှုစားကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါဇာတ်လမ်းအညွှန်း ရှီဗာနီနဲ့ ဆန်တို့ရှ်ဆိုတာ အပြိုင်ကြော်ငြာအေဂျင်စီ ကုမ္ပဏီနှစ်ခုမှာ လုပ်ကြသူတွေ ၊ သူတို့အချင်းချင်းလည်း အပြိုင်အဆိုင်တော်ကြချဲကြသူတွေပေါ့ ဆန်တို့ရှ်က အမြဲဉာဏ်များပြီးနှာတဖျားသာနေတာကြောင့် ရှီဗာနီက ကြော်ငြာကောင်စီကို တိုင်စာတင်တာကအစပြု သူတို့တွေ့ကြတော့တာပါပဲဒီနယ်ပယ်အတွင်းက အတော်ဆုံးလူနှစ်ယောက်ထိပ်တိုက်တွေ့ကြတဲ့ပွဲကို အရယ်အမောအလွဲအချော်လေးတွေနဲ့ ကြည့်ရှူရမှာပါအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ Dee ~ Alex ~ Yoon ~ KKKZ တို့ပဲဖြစ်ပါတယ် File size…3.18GB / 1.35GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ...
movie

Kick (2023)

2023
Thalainagaram (2023)
Thalainagaram (2023) Thalainagaram  (2023)ကြမ်းမှရမ်းမှကြိုက်တဲ့ဘော်ဒါတို့အတွက် လူမိုက်ကြီးသုံးယောက်ဗိုလ်လုပွဲချန်နိုင်းမြို့တစ်ခွင် ဩဇာညောင်းဆိပ်ကမ်းကုန်အဝင်အထွက်ကနေ တရားမဝင် ဒုစရိုက် ငွေဝင်လုပ်ငန်းအကုန် လက်ဝါးကြီးအုပ်ထားသူတွေ ရာဇဝတ်မှုတွေဆက်တိုက်ကျူးလွန်ကြပြီး ဘယ်သူနစ်နာသွားလဲဆိုတာတောင် ရဲတွေမလိုက်နိုင်တဲ့ထိ စွမ်းကြတဲ့ဇိုးကြီးသုံးယောက်ဟာ ချန်နိုင်းတစ်ခွင် ဩဇာညောင်းရုံတင်အားမရကြတော့သုံးယောက်စင်ပြိုင်လိုဖြစ်နေကြတာလည်းမကြိုက်တစ်ယောက်နဲ့တစ်ယောက်ဒေါက်ဖြုတ်ဖို့ အကွက်ချောင်းနေကြသူတွေတစ်ချိန်ကဂန်းစတားဖြစ်ခဲ့ဖူးတဲ့သူ ခုချိန်အားလုံးနဲ့ဝေးရာကို နေချင်သူကိုမှ သူတို့သုံးယောက်စစ်ပွဲထဲဆွဲထည့်မိချိန်မှာတော့..... (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ V ~ Cherry ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်) File size…2.43GB / 1.01GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ Cherry ~ Zwe ~ Yunni
movie

Thalainagaram (2023)

2023
The Legend(2022) 5.0
The Legend(2022) The Legend (2022) Action, Drama, Romance IMDb 5.1/10 (7.6K)အခုတစ်ခါမှာတော့ တမီလ်ဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးပါတော့မယ်။ဆာရာဗနန်ဆိုတဲ့ သိပ္ပံပညာရှင်လေးဟာ ကမ္ဘာသိ လူသိရှင်ကြား ဂုဏ်သတင်းကျော်ဇောတဲ့ သိပ္ပံပညာရှင်လေးတစ်ယောက်ဖြစ်ပြီး နိုင်ငံတကာက လိုချင်နေတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သို့သော်ငြားလည်း သူဟာ အဲ့ဒါတွေကို ပဓါနမထားဘဲ သူ့ရပ်ရွာလေးကောင်းစားဖို့နဲ့ ဇာတိမြေကလူတွေ ပညာတတ်ကြီးတွေဖြစ်စေဖို့ ဆန္ဒပြုနေခဲ့ပါတယ်။တစ်ဖက်မှာလည်း လူတွေကို ဘေးဥပါဒ်ဖြစ်စေတဲ့ ဆေးဝါးတွေတီထွင်ပြီး ကမ္ဘာမီးလောင် သားကောင်ချနင်းမယ့် ငွေတဘို့တည်းသာကြည့်ကြတဲ့ အရင်းရှင်လူတန်းစားတွေက ရှိနေပါတယ်။ဒီလိုနဲ့ ပြည်သူ့ဘက်တော်သားလေးက အဖျက်သမားတွေကို တွန်းလှန်ဖို့ဖြစ်လာတဲ့အခါမှာတော့...။ File size…3.75GB  / 1.9GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sai Thu Rein & Nyein Aye
movie

The Legend(2022)

2022
Sembi(2022) 8.2
Sembi(2022) Sembi (2022)IMDb-8.3/10အန်ဘူးဆိုတဲ့ဘက်စ်ကားလေးကပြောပြတဲ့ ဇာတ်ကြောင်းလေးပါ တောင်ပေါ်ဒေသလေးမှာ ရိုးရိုးသားသားမြေးအဘွားနှစ်ယောက်ထဲနေကြတယ် တစ်နေ့မြေးမလေးကံဆိုးပြီး တဏှာရူးသုံးကောင်ရဲ့ ယုတ်မာမှုကိုခံလိုက်ရတယ် သူ့အဘွားကရဲတိုင်တာပေါ့ရဲကအစကတော့ တကယ်ပဲကိုယ်ချင်းစာသလိုကြိုးစားပမ်းစားလိုက်ပေးတယ် တရားခံဟာ လက်တလောရွေးကောက်ပွဲနိုင်ခြေများတဲ့ အမတ်လောင်းရဲ့သားဆိုတာသိသွားတော့ ငွေမက်ပြီး အဘွားကိုနားချပြီး အမှုပိတ်အဝေးကိုထွက်သွားဖို့ပြောပါတော့တယ် ဘယ်အားကိုးရာမှမရှိတဲ့တောင်ပေါ်ကရိုးသားတဲ့မြေးအဘွား ဒီလိုပဲခံလိုက်ရတော့မှာလား တရားကိုနတ်စောင့်ပါ့မလားဆိုတာ ရှုစားကြည့်ပါဦး File size…4.1GB / 1.6GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ Sai ThuRein
movie

Sembi(2022)

2022
Rudra Thandavam (2021) 6.6
Rudra Thandavam (2021) ဒီတစ်ခါမှာလည်း IMDB မှာ Voting 2K ကျော်နဲ့ Rating 6.7အထိရရှိထားတဲ့ တမီလ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ...................................................ဇာတ်လမ်းအကျဉ်းတမီလ်နာဒူး ပြည်နယ်မှာ မူးယစ်ဆေးကို အသုံးပြုပြီး အမျိုးသမီးတွေကို ခြိမ်းခြောက်ငွေညှစ်တဲ့ဂိုဏ်းတစ်ခုကိုကိုယ့်ရဲ့အဖွဲ့သားကိုပါရင်းပြီး ဖော်ထုတ်ခဲ့တဲ့ စစ်ဆေးရေးအရာရှိ ရူဒါရန် တစ်ယောက် ဆိပ်ကမ်းအပိုင်ရဲစခန်းကိုပြောင်းခဲ့ပါတယ်။ ရောက်ရောက်ခြင်းပဲ တန်ဖိုးကြီးမားလှတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိပြီးနာမည်တက်ရပြန်ပါတယ်။တရက်မှာတော့ မူးယစ်ဆေးရောင်း၀ယ်နေတဲ့ ကလေးတွေနောက်ကိုလိုက်ရင်း မထင်မှတ်တဲ့အဖြစ်အပျက်တွေကြုံလာရတဲ့အခါမှာတော့ အကြောင်းစုံကိုရုပ်ရှင်ထဲမှာပဲ ခံစားကြည့်လိုက်ကြပါ။ Over Acting တွေအနည်းငယ်ပါပေမယ့် ဇာတ်အိမ်ဇာတ်လမ်းတည်ဆောက်ပုံကောင်းတာကြောင့် တမီလ်ရုပ်ရှင်ကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Lwin Htoo Aung နဲ့ Sai Thurein Lynn ပဲဖြစ်ပါတယ်။File size…2.64GB / 1.68GB Quality…1080p True Web Dl / 720p Format…Mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ...
movie

Rudra Thandavam (2021)

2021
Thalaivii (2021) 5.9
Thalaivii (2021) ဘောလိဝုဒ်ရဲ့ဆတ်ဆတ်ကြဲ မင်းသမီးကြီး ကန်ဂနားရဲ့  အမျိုးသမီးခေါင်းဆောင်လို့အမည်ရတဲ့ Thalaivii ဇာတ်ကားကတော့ ထွက်ရှိလာခဲ့ပါပြီ...ဒီဇာတ်ကားက အိန္ဒိယအမျိုးသမီးသရုပ်ဆောင် တဖြစ်လဲ တမီးလ်နာဒူပြည်နယ်ဝန်ကြီးချုပ်ဟောင်း J Jayalalithaa ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ Biography,Drama အမျိုးအစားဖြစ်ပါတယ်...။အိန္ဒိယတောင်ပိုင်းမင်းသမီးဘဝကစလို့...အိမ်ထောင်သည်ဘဝကြုံရဆုံရပုံတွေအပြင်..အမျိုးသားများသာကြီးစိုးနေတဲ့ နိုင်ငံရေးလောကမှာ အမျိုးသမီးခေါင်းဆောင်ဖြစ်လာဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပုံတွေ....အချိုးအကွေ့တွေ...ကောက်ကျစ်မှုတွေအကြောင်းကို ပုံဖော်ထားနိုင်ပြီး...ဂျယားကြီးရဲ့ အကောင်းအဆိုးတွေကို မျှအောင်ပြသထားနိုင်တဲ့ ရုပ်ရှင်ပါ။နိုင်ငံရေးနောက်ခံပြီး Feminism ကိုလည်း မြင်သာအောင် တင်ဆက်သွားနိုင်တဲ့အပြင် ကန်ဂနားရဲ့ အိုက်တင်နဲ့ အကအလှတွေကလဲ ရုပ်လုံးကြွအောင် ဖန်တီးထားနိုင်တာမို့ လက်လွတ်လို့မရတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဖြစ်ကြောင်း ညွှန်းဆိုပါရစေ။ File size…(2.5 GB ) / (1.4 GB) / (500 MB) Quality…WEB-DL 1080p / 720p / 480p Format…mp4 Duration….02:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mugiwara Ya & Nadi Myint Naing
movie

Thalaivii (2021)

Bhoomi (2021) 4.3
Bhoomi (2021) Bhoomi (2021)ဘူမီနာသန် ဟာ NASA ရဲ့ပထမဆုံး တမီးလ်လူမျိုး အာကာသယာဥ်မှူးဖြစ်ပြီး အင်္ဂါဂြိုလ်ပေါ်ကိုပထမဆုံးဆင်းသက်မယ့်စစ်ဆင်ရေးကို ဦးဆောင်သူဖြစ်ပါတယ်။ အင်္ဂါဂြိုလ်ပေါ်ကို ဆင်းသက်ရုံတင်မကဘဲ အင်္ဂါဂြိုလ်ရဲ့ပတ်ဝန်းကျင်ကို လူသားတွေနေထိုင်နိုင်အောင် စိုက်ပျိုးရေးကိုသုံးပြီး ပြောင်းလဲဖို့အစီအစဥ်ရှိသူဖြစ်ပါတယ်။ ဘူမီဟာ အဲ့စစ်ဆင်ရေးမစခင် ခွင့်တစ်လရလိုက်တဲ့အခါ မိမိရဲ့မွေးရပ်​ဇာတိရွာကလေးကို အလည်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ရွာကိုရောက်တဲ့အခါဆွေမျိုးသားချင်းတွေ သူငယ်ချင်းတွေနဲ့ပြန်တွေ့ခဲ့ပြီး ရွာဟာအများကြီး​တိုးတက်ပြောင်းလဲတာတာကိုတွေ့ခဲ့ရပေမယ့် တစ်နေ့မှာပျက်စီးဆုတ်ယုတ်မှုတွေကိုလည်းတွေ့လိုက်ရပါတယ်။ဘူမီရဲ့ဦးလေးနဲ့တခြားလယ်သမားတွေရဲ့လယ်ယာစိုက်ခင်းတွေဟာ ပျက်စီးယိုယွင်းနေပြီး မြေအောက်ရေတွေကို ကုမ္ပဏီလုပ်ငန်းတွေကသုံးစွဲနေတာမို့ ရေရှားပါးမှုတွေဖြစ်လာပါတယ်။ လယ်သမားတွေဟာအာဏာပိုင်တွေကို အကူအညီတောင်းကြပေမယ့် လျစ်လျူရှုခံ၊ ဖိနှိပ်ခံနေကြရတာကို ဘူမီတွေ့လိုက်ရတဲ့အခါ လယ်သမားတွေရဲ့အခက်အခဲတွေပြေလည်ဖို့ကြိုးစားပါတော့တယ်။ ဘူမီဟာ သူ့ရဲ့ကြိုးစားမှုတွေ​ကိုမလိုလားတဲ့ အာဏာပိုင်တွေကိုရင်ဆိုင်လာရကာ ဆုံးရှုံးမှုတွေကြုံတွေ့ရပြီး သူ့ရွာမှာဖြစ်ပျက်နေတဲ့ပြဿနာတွေဟာ ထင်ထားတာထက် ကြီးမားနက်နဲနေတာကိုသိလိုက်ရပါတယ်။ သူ့ရွာနဲ့သူ့နိုင်ငံရဲ့ရှေ့ရေးအတွက် ဘူမီဟာ အိပ်မက်တွေကိုစတေးပြီး ကုမ္ပဏီလုပ်ငန်းထုတ်ကုန်တွေကို လယ်သမားတွေရဲ့သဘာဝစိုက်ပျိုးရေးထုတ်ကုန်တွေနဲ့အစားထိုးဖို့ကြိုးစားပါတော့တယ်။ ဒီကားဟာ စိုက်ပျိုးရေးနိုင်ငံတွေမှာဖြစ်နေတဲ့ အကြပ်အတည်းတွေကို ပေါ်လွင်အောင်သရုပ်ဖော်ထားပြီး သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းသင့်ကြောင်း ဇွဲမလျှော့ဘဲ ကြိုးစားရင် ဘာမဆိုဖြစ်လာနိုင်ကြောင်း မက်ဆေ့ကောင်းကောင်းပေးထားတဲ့ အိန္ဒိယဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။File size… 1.2GB Quality….WEB-DL 720p Format…mp4 Duration….2hr 8min Subtitle….Myanmar Subtitle (Hardsub) Translator ..... Pyi.T.Nyein Encoder ..... August
movie

Bhoomi (2021)

2021
Dora(2017) 6.0
Dora(2017) Dora(2017)(unicode)ဖေတစ်ခုသမီးတစ်ခုနဲ့ကြီးပြင်းလာတဲ့ မိန်းကလေးတစ်ယောက်...သူမဟာ ကိုယ့်ကိုကိုယ် ထိန်းကျောင်းနေရသလိုဖြစ်နေတော့ ဒေါသက သာမန်မိန်းကလေးတွေထက်ပိုကြီးသလို စိန်ခေါ်မှုတွေကိုလည်း အမြဲရင်ဆိုင်ဖြေရှင်းလေ့ရှိတယ်... တစ်နေတော့သူ့ရဲ့အဒေါ်ကိုစိန်ခေါ်ပြီး ကားအငှားကုမ္မဏီတည်ထောင်ဖို့ ကားအဟောင်းတစ်စီးကို၀ယ်ယူခဲ့ပါတယ် အဲ့ဒီကားအိမ်ကိုရောက်လာတဲ့အခါမှာတော့ ပြဿနာအကြီးကြီးတွေ တက်ပါတော့တယ်...ဘာတွေများဆက်ဖြစ်လာမှာလဲဆိုတာကိုတော့ခံစားကြည့်ရှုကြပါကုန်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lwin Htoo Aung ပဲဖြစ်ပါတယ်...(zawgyi)ဖေတစ်ခုသမီးတစ်ခုနဲ့ကြီးပြင်းလာတဲ့ မိန်းကလေးတစ်ယောက်...သူမဟာ ကိုယ့်ကိုကိုယ် ထိန်းကျောင်းနေရသလိုဖြစ်နေတော့ ဒေါသက သာမန်မိန်းကလေးတွေထက်ပိုကြီးသလို စိန်ခေါ်မှုတွေကိုလည်း အမြဲရင်ဆိုင်ဖြေရှင်းလေ့ရှိတယ်... တစ်နေတော့သူ့ရဲ့အဒေါ်ကိုစိန်ခေါ်ပြီး ကားအငှားကုမ္မဏီတည်ထောင်ဖို့ ကားအဟောင်းတစ်စီးကိုဝယ်ယူခဲ့ပါတယ် အဲ့ဒီကားအိမ်ကိုရောက်လာတဲ့အခါမှာတော့ ပြဿနာအကြီးကြီးတွေ တက်ပါတော့တယ်...ဘာတွေများဆက်ဖြစ်လာမှာလဲဆိုတာကိုတော့ခံစားကြည့်ရှုကြပါကုန်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lwin Htoo Aung ပဲဖြစ်ပါတယ်...File Size : (1.16 GB) and (392 MB) Quality :HD-Rip 720p Format…mp4 Duration…02:19:00 Genre : Action, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Htoo Aung (Htoo - PC) Encoded by Phyo ...
movie

Dora(2017)

Viswasam (2019) 7.1
Viswasam (2019) Genre - Drama/Mystery IMDb Rating - 7.1/10 Google user - 88%တမီးလ်မင်းသားကြီး အာဂျီးကူးမားရဲ့ ယခုနှစ်မှာရုံတင်သွားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။မတင်တော့ဘူးလို့ ထားပေမဲ့ တောင်းဆိုသူတွေလည်းရှိနေတာမို့ တင်ဆက်ပေးလိုက်တာပါ။ဇာတ်လမ်းအကျဉ်း --------------------------သူကူးဒူရိုင်းဆိုတဲ့ လူလတ်ပိုင်းတစ်ယောက်...လူရမ်းကားကြီးတော့ မဟုတ်ရှာ။ဒါပေမဲ့ အားလုံးက ကြောက်ချစ်ရိုသေရသူပေါ့။ရွာဘုရားပွဲမှာလည်း သူအစီအစဉ် ချပေးမှ...ရွာသားတွေ အပေါ်လည်း ဩဇာညောင်းချက်ကနှစ်ယောက် မရှိ။ဘုရားပွဲကာလ ကျရောက်လာတော့....သူ့ဇနီးကို သွားခေါ်ဖို့ ပတ်ဝန်းကျင်က တိုက်တွန်းလာကြတယ်။"တချိန်က နင်တို့အတူ ဘုရားပွဲမှာ ပျော်ရွှင်ခဲ့ကြသလိုခုနေ ငါ မသေခင် မြင်သွားခဲ့ချင်သေးတယ်" တဲ့။သူ့အဖွားက ပြောရှာတယ်။မျက်နှာကိုသာ ပြုံးထားရတာရင်ထဲမှာတော့ မိုးတွေ ထစ်ချုန်းနေတာကို.. သူ ကိုယ်တိုင်ပဲ သိပါတယ်။နေရာဒေသတစ်ခုကို ခရီးထွက်ဖို့ ယူစရာတွေ လိုပေမဲ့အတိတ်ကအချိန်ကို ခရီးထွက်ဖို့တော့ ရင်ဘတ်တစ်ခုရှိရင် ရတယ်မဟုတ်လား။ရင်ထဲ ပူမိသမျှကို လူသိခံရမှာလည်း ခက်ပါရဲ့။တချိန်က ရပ်ရွာကို လာပြီး အခမဲ့ဆေးကုခန်းလေးလာဖွင့်ခဲ့တဲ့ အရမ်းလှတဲ့ ဆရာဝန်မလေး။ရပ်ရွာကို လာပြီး ဆေးကုခန်းလေး လာဖွင့်ခဲ့တာကသူကူးဒူရိုင်းရဲ့ ...
movie

Viswasam (2019)

2019
Thani Oruvan(2015) 8.6
Thani Oruvan(2015)  ဒီတစ်ခါတော့IDM8.6အထိရရှိထားတဲ့ဘောလိဝုဒ်ကားတစ်ကားနဲ့မိတ်ဆတ်ပေးချင်ပါတယ်။ဇာတ်ကားလေးက၂၀၁၅မှာထွက်ရှိထားတဲ့THANI ORUVAN ကားလေးပါ။ ဇာတ်ကားလေးကအက်ရှင်ကားတစ်ကားဖြစ်ပြီးရဲတစ်ယောက်ရဲ့လှုပ်ရှားပုံတွေကိုဖော်ညွန်းထားလို့လို့စုံထောက်ကားတွေကြိုက်တဲ့သူတွေအတွတ်ကြည့်သင့်တဲ့ကားလေးပါ။မီးလ်သရမ်ဆိုတဲ့IPS အရာရှိရဲတစ်ယောက်ဟာရာဇဝတ်မှုတွေကိုသူ့ရဲ့သူငယ်ချင်းရဲအရာရှိတွေနဲ့အတူတူလျို့ဝှက်ဖော်ထုတ်ပေးနေတာပါ။တစ်ရက်မှာအမှုတစ်ခုကိုလိုက်ရင်းနဲ့မထင်မှတ်ဘဲသူလျို့ဝှက်စုံစမ်းထားတဲ့ အမှုတွေနဲ့ဆက်စပ်တဲ့ရာဇဝတ်ဂိုဏ်းတစ်ဂိုဏ်းကိုသိရှိသွားပါတယ်။အဲ့ဂိုဏ်းကိုချူပ်ကိုင်နေတဲ့သူတွေဟာလည်းနှယ်နှယ်ရရလူတွေမဟုတ်ဘဲစီးပွားရေးလုပ်ငန်းရှင်တွေအစိုးရဌာနအကြီးအကဲတွေကိုယ်တိုင်ဖြစ်နေပါတယ်။ အဲ့ဂိုဏ်းရဲ့ခေါင်းဆောင်လို့ယူဆရတဲ့ဆီဒါက်ရှ်ဆိုတဲ့သိပွံပညာရှင်တစ်ယောက်ဟာဆေးဝါးတစ်ခုကိုဖော်ထုတ်နိုင်ခဲ့တဲ့သူ့လက်အောက်ငယ်သားကိုရှင်းပစ်ခဲ့ပြီးအဲ့ဆေးဝါးကိုလက်ဝါးကြီးအုပ်ဖို့ကြံစည်ခဲ့ပါတယ်။ဆီဒါက်ရှ်ဟာအဲ့ဆေးဝါးကိုခလေးငယ်တွေနဲ့စမ်းသပ်ခဲ့ပြီးခလေးငယ်တွေသေဆုံးမှုတွေလည်းဖြစ်လာပါတယ်။မီးလ်သရမ်ကလည်းနောက်ဆုံးသူလိုက်ခဲ့တဲ့အမှုနဲ့ဆက်စပ်ပြီးအဲ့ခလေးငယ်တွေသေဆုံးမှုရဲ့နောက်ကွယ်မှာရှိနေတဲ့ဆီဒါက်ရှ်ကိုဖမ်းဆီးဖို့ကြိုးစားလာပါတယ်။ဆီဒါက်ရှ်ရဲ့နောက်မှာလည်းဝန်ကြီးတွေပါတီခေါင်းဆောင်တွေရှိနေတဲ့အတွတ်သူ့အနေနဲ့ဘယ်လိုဖမ်းဆီးနိုင်မှာလဲ။ဒါမှမဟုတ်ဆီဒါက်ရှ်ကဘဲ မီးလ်သရမ်ဆိုတဲ့IPSအရာရှိကိုဒုက္ခရောက်အောင်ပေးနိုင်မလားဆိုတာဇာတ်လမ်းပြီးတဲ့အထိရင်ခုန်စွာစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက ကို Crystal Light ပါFile Size…(849MB) Quality…HD-Rip 720p Format…mp4 Duration…02:41:00 Subtitle…Myanmar Subtitle(Hardsub) Encoder...Phyo Pyae Translated by Crystal Light 
movie

Thani Oruvan(2015)

2015