Channel Myanmar

Théodore Pellerin

It’s Only the End of the World (2016) 6.8
It’s Only the End of the World (2016) It's only the end of the world (2016) ဒီတစ်ခါတော့ 1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Jean-Luc Lagarce ရဲ့(function(f,b,n,j,x,e){})();It's only the end of the world ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပြီးရိုက်ကူးထားတဲ့ drama ဇာတ်လမ်းလေးကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ Rating အနေနဲ့လည်း IMDb rating 6.8, Rotten Tomatoes rating 44% နဲ့FilmAffinity rating 6.2 ရရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။ အကြောင်းမျိုးစုံကြောင့် အိမ်ကနေ ထွက်လာခဲ့တဲ့ လူဝီက မိသားစုနဲ့စာအပေးအယူဆက်ဆံရေးပဲ ရှိခဲ့ပါတယ်။ စာအပေးအယူလို့ ပြောပေမယ့်လည်း လူဝီကတော့နှစ်လုံး သုံးလုံးလောက်ပဲ ပြန်ရေးပေးတတ်တာမျိုးပါ။ ဒီလိုမျိုး ၁၂ နှစ်တိုင်တိုင်ကြာသွားတဲ့အချိန်မှာတော့လူဝီ့မှာ သေလုမြောပါး‌ရောဂါရှိနေကြောင်း သိလာရပါတော့တယ်။ခလုတ်ထိမှ အမိ တ ဆိုသလိုပဲ လူဝီတစ်ယောက်သေရတော့မှာကို သိတဲ့အချိန်မှ မိသားစုအိမ်ကိုပြန်ပြီးမိသားစုဝင်တွေနဲ့ ပြန်လည်တွေ့ပါတော့တယ်။သွေးသားအရင်းအခြာတွေဆိုပေမယ့် နှစ်ပေါင်းများစွာဝေးကွာနေခဲ့တဲ့အတွက်သူစိမ်းသာသာဆက်ဆံရေးပဲရှိတော့တဲ့ကြားကလူဝီတစ်ယောက် ဘယ်လိုမျိုး ...
movie

It’s Only the End of the World (2016)

2016
Beau Is Afraid (2023) 7.1
Beau Is Afraid (2023) Beau Is Afraid (2023)~ IMDb - 7.1/10, Rotten Tomatoes - 67% ~မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဟာသ၊ ဒရာမာ၊ ဟော်ရာ အမျိုးအစားပါ။ ရုပ်ရှင်လောကရဲ့ ထူးထူးဆန်းဆန်းနဲ့ ပြောင်မြောက်တဲ့ ရုပ်ရှင်တွေကို ထုတ်လုပ်နေကျ A24 ကုမ္ပဏီရဲ့ ရုပ်ရှင်ပေါ့။ ဒါရိုက်တာကလည်း ဟော်ရာရုပ်ရှင်လောကရဲ့ ပြောစမှတ်ဖြစ်စရာ ရုပ်ရှင်နှစ်ကားဖြစ်တဲ့ Midsommar နဲ့ Hereditary ကို ရိုက်ခဲ့တဲ့ Ari Aster ပါပဲ။ သူကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာ၊ တွဲဖက်ထုတ်လုပ်သူအဖြစ်လုပ်ခဲ့တာပါ။ ရုပ်ရှင်တစ်ခုလုံးက အိပ်မက်ဆိုးကြီးနဲ့ တူနေပါတယ်။ ကြောက်စရာတွေ ရယ်စရာတွေ သောင်းပြောင်းဖြစ်နေပြီး တစ်ခုကနေ တစ်ခုကို ခုန်ကူးသွားပါတယ်။ဒီရုပ်ရှင်ဟာ မူလက ၄ နာရီစာ ရိုက်ကူးဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ရုံတင်ဖို့အတွက် ၂ နာရီ ၅၉မိနစ် ...
movie

Beau Is Afraid (2023)

2023
4K HEVC
Mayday (2021) 5.1
Mayday (2021) Mayday (2021)============ဒီဇာတ်ကားလေးအကြောင်းပြောရရင်တော့ "Alice In the Wonderland " တို့လို့ "The Wizard of Oz"တို့လို လက်တွေ့ကမ္ဘာကြီးတစ်ခုကနေ စိတ်ကူးယဉ်ဆန်တဲ့နေရာလေးတစ်ခုကိုရောက်သွားတဲ့ပုံစံမျိုးပါပဲ။ မတူတာတော့ အထက်ကဇာတ်ကားနှစ်ကားလိုမျိုးမှော်ဆန်ဆန်ဇာတ်လမ်းအသွားအလာနဲ့ Fantasy ဖြစ်စေတာမျိုးမဟုတ်ပဲနဲ့ Mystery ပုံစံနဲ့ dramaခင်းပြီး fantasy ဖြစ်စေတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရိသဲ့သဲ့လုပ်တတ်တဲ့ လုပ်ဖော်ကိုင်ဖက်ယောက်ျားလေးဝန်ထမ်းတွေနဲ့ နှိပ်စက်အနိုင်ကျင့်တတ်တဲ့အထက်လူကြီးရှိတဲ့ဟိုတယ်မှာ အလုပ်လုပ်နေရတဲ့အန်နာတစ်ယောက်၊ မုန်တိုင်းကတိုက်မီးကပျက်တဲ့တစ်နေ့ မိန်းကလေးတစ်ယောက်ရဲ့အသံကို ကြားပြီးတဲ့နောက် ထူးဆန်းတဲ့အိပ်မက်လိုနေရာလေးတစ်ခုကိုရောက်သွားရာကနေ...... Mayday ဆိုတဲ့ ဒီဇာတ်ကားလေးဖြစ်လာတယ်ဆိုပါတော့ . . . ဒီဇာတ်ကားလေးက Raindance Film Festival(2021) မှာ Best Cinematography Awardရထားတာဆိုတော့ ရိုက်ကူးထားတဲ့ရိုက်ချက်လေးတွေဖန်တီးမှုတွေလေးတွေကလှပသလို အတွေးလေးတွေပါရသွားစေနိုင်တဲ့ကားလေး ဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ဖြစ်ပါတယ်။)File Size - (2.14 GB)/(1.13 GB)/(700 MB) Quality – BluRay- (1080p)/(720p)/(480p) Duration - 2hr 10min Subtitle – Myanmar Hardsub Format ...
movie

Mayday (2021)

2021
There’s Someone Inside Your House(2021) 7.0
There’s Someone Inside Your House(2021) There's Someone Inside Your House(2021) ရုပ်ရှင်အညွှန်းအသစ်ထွက် Netflix လူသတ်ကားလေး လာပါပြီဗျာဇာတ်ကားခေါင်းစဥ်ကို ဖတ်ပြီး ခင်ဗျား အိမ်ထဲကို လူတစ်ယောက်က ဝင်ပြီးတစ်ကားလုံး ခင်ဗျားကို သတ်ဖို့ကြိုးစားတဲ့ သည်းထိတ်ရင်ဖို horror ကားလို့ ထင်ရင်တော့ မှားမယ်ဗျကျွန်တော်လည်း အဲ့ဒီလို ထင်ခဲ့ပေမယ့် ဇာတ်ကားကိုက ခေါင်းစဥ်နဲ့ ဘာမှကိုမဆိုင်တာပါခေါင်းစဥ်ရဲ့အဓိပ္ပါယ်က ဇာတ်ကားကို ကြည့်ပြီးမှ ကိုယ့်ဘာကိုယ် တွေးယူရမယ့် ပုံစံမျိုးပါပဲဇာတ်လမ်းအကျဥ်း ကတော့ မက်ကာနီ ဆိုတဲ့ ဂျူနီယာ အထက်တန်းကျောင်းသူမလေးဟာအကြောင်းတစ်ခုကြောင့် ဟာဝိုင်အီ ကနေ အော့စဘွန်းဆိုတဲ့ မြို့လေးကို ပြောင်းလာပါတယ်အဲ့ဒီလို ပြောင်းလာရာကနေ သူတက်နေတဲ့ အထက်တန်းကျောင်းက ကျောင်းသားတွေရောမြို့ထဲကလူတွေရောဟာ ထူးဆန်းတဲ့ လူသတ်မှုတွေနဲ့ ကြုံတွေ့လာရပါတယ်အဲ့ဒီလူသတ်မှုတွေရဲ့ နောက်ကွယ်က လူက ဘယ်သူလဲ ဘာလို့သတ်ရတာလဲအဲ့ဒါတွေကိုရော ဖော်ထုတ်နိုင်သွားမလား ဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်Slasher Movie ဖြစ်တဲ့အတွက် ဓားတစ်ချောင်းနဲ့ လူကို ...
movie

There’s Someone Inside Your House(2021)

2021
HEVC 1080p
Never Rarely Sometimes Always (2020) 7.3
Never Rarely Sometimes Always (2020) [Unicode] Never, Rarely, Sometimes,Always (2020) ========================= IMdb Rating - 7.3/10 ဒီရုပ်ရှင်ဟာ ထူးခြားမှုတစ်စုံတရာမရှိပေမယ့် ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ မြင်နေကြပြဿနာ တစ်ခုအတွက် ကာကာကွယ်ကွယ်ပြောရရင် တစ်ချို့အတွက်တော ဘာမှန်းမသိဘဲ ပြီးသွားတဲ့ကားသက်သက်ဖြစ်မှာပါ။ IMdb ratingဟာ ခင်ဗျားသွားပေးလည်းရတဲ့ ratingတစ်ခုဆိုတော့ IMDb ratingမဆိုးတာကို အသာဖယ်လိုက်ပါဦး။ ကမ္ဘာ့စိတ်အချရဆုံး ratingလို့ပြောကြတဲ့ Rotten Tomatoesရဲ့ criticတွေပေးတဲ့ Tomatoers rating ၉၉ရှိပါတယ်။ ဒီလောက်ဆို ကျွန်တော်ညွှန်းစရာတောင်မလိုပါဘူး။ ရုပ်ရှင်ကောင်းဆိုတာ သိသာပါတယ်။ တစ်ခုရှိတာကတော့ Audience Ratingကတော့ ၂၀ပဲရှိပါတယ် ။ ဆိုလိုတာကတော့ လူတိုင်းကြိုက်မယ့်ကား မဟုတ်ပါဘူး။ ကောင်းတယ်ညွှန်းလို့ Downမိတာ မကောင်းဘူးပြောမယ့်သူတွေ ကြိုက်မယ့်ကားမျိုးမဟုတ်ပါဘူး။ The New Yokerမှာတောင် ဒီရုပ်ရှင်အကြောင်း ဆောင်းပါးတစ်ခုတ်တရရေးထားပါတယ်။ ရုပ်ရှင်တစ်ကားရဲ့ ကောင်းခြင်းမ‌ကောင်းခြင်းက ကြည့်ရှုသူရဲ့ ခံစားမှုအကျယ်အပြောနဲ့ တိုက်ရိုက် အချိူးကျပါတယ်။ ဒီရုပ်ရှင်ရဲ့ အကြောင်းအရာနဲ့ တင်ဆက်ပြသပုံဟာ အင်မတန်ရိုးရှင်းပြီး သရုပ်မှန်ဆန်ပါတယ်။ မြင်နေကျပြဿနာ တစ်ခုကိုပဲ တင်ပြထားတာပါ။ ခေတ်အဆက်ဆက်ပြဿနာဖြစ်တဲ့ လိင်မှုရေးရာနဲ့ အမျိုးသမီးတွေရဲ့ အနိုင်ကျင့်ခံရမှုတွေ လစဉ်ဓမ္မတာဝေဒနာတွေ၊ ကိုယ်ဝန်နဲ့ပက်သက်တဲ့ ဝေဒနာတွေအကြောင်းပါပဲ။ စစ်တမ်းကောက်ချက်အရတော့ အမျိူးသမီးထုရဲ့ ...
movie

Never Rarely Sometimes Always (2020)

2020
Boy Erased(2018) 7.0
Boy Erased(2018) Boy Erased(2018) IMDb.....7.0,,,Rotten.....81% "ဟဲလို""မစ္စနန်စီအီမန်လားခင်ဗျ""ဟုတ်ပါတယ်""'ကျွန်တော်က ဒန်နင်ကော်လိပ်က တာဝန်ရှိသူပါ..ခင်ဗျားတို့သားနဲ့ပတ်သက်ပြီးကျောင်းမှာ သတင်းဆိုးတွေပြန့်နေလို့ပါ""ရှင် ဘာများဖြစ်လို့လဲ""အဲ့ဒါက...."ဒီဖုန်းလေးတစ်ချက်ကြောင့် နန်စီတို့မိသားစု ကမ္ဘာပျက်သလိုဖြစ်သွားရတယ်...သူတို့မိသားစု(၃)ဦးရှိတယ်..ယောက်ျားဖြစ်သူနာမည်က မာရှယ်ဖြစ်ပြီး သင်းအုပ်ဆရာတစ်ဦးလည်းဖြစ်တယ်...သားရဲ့နာမည်ကတော့ ဂျဲရက်...ဖုန်းဆက်ပြီးပြောသွားတဲ့ကိစ္စကတော့ ဂျဲရက်ဟာ လိင်တူစိတ်ဝင်စားသူဖြစ်တဲ့အကြောင်းပြောတာပါ...မိဘ(၂)ပါးဖြစ်သူဟာ LGBTကိစ္စကိုလုံးဝရှုံချသူတွေပီပီ ဒီသတင်းကိုကြားတော့ယူကျုံးမရဖြစ်နေတယ်...ဒီလိုနဲ့ သားကို မျက်နှာချင်းဆိုင်မေးတဲ့အခါမှာတော့ဂျဲရက်ကိုယ်တိုင်က"သားတကယ်လိင်တူစိတ်ဝင်စားမိပြီထင်တယ် အဖေနဲ့အမေ..ဘာကြောင့်မှန်းမသိဘူး...သားတောင်းပန်ပါတယ်"တဲ့...ဒီကားကတော့ LGBT တွေကို ရှုတ်ချပြီး အသွင်ပြန်ပြောင်းပေးဖို့ ကြိုးစားကြတဲ့အဖွဲ့နဲ့  LGBT ဖြစ်နေတဲ့သူတွေအကြောင်းကိုရိုက်ထားတာပါ...မိဘတွေကိုယ်တိုင်က လက်မခံတဲ့အပြင် အသိုင်းအဝန်းတစ်ခုလုံးကလည်း ကဲ့ရဲ့စရာဖြစ်နေတော့ဂျဲရက်ခဗျာ ယောက်ျားစိတ်စင်စစ်ဖြစ်အောင်ကြိုးစားဖို့ ကတိပေးလိုက်ရတယ်...ကျွန်တော်တို့မြန်မာကားတွေထဲမှာတော့ LGBTကို ဟာသ အဖြစ်သရုပ်ဖော်ရုံမကစရိုက်ခပ်ကျကျပုံမျိုးတွေ သရုပ်ဖော်ထားတာများသောအားဖြင့်တွေ့ရတယ်.....သူတို့ရဲ့ပုံဖော်မှုအကျိုးဆက်ကတော့လူအသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ဖို့ ဆိုတာမျိုးကြီးပဲကျန်နေခဲ့တယ်....ကျွန်တော်ဟာ ဒီကားနဲ့ပတ်သက်လို့ ထွေထွေထူးထူးမညွှန်းလိုဘူး....နောက်ဆုံးပြောချင်တာက လိင်တူချစ်သူဆိုတိုင်း ဟာသတစ်ခုလို၊ ကဲ့ရဲ့စရာ၊ လှောင်ပြောင်စရာ၊ နှိမ့်ချစရာလို မမြင်ပါနဲ့...အဆင့်အတန်းရှိပြီး လေးစားလောက်စရာ လိင်တူချစ်သူတွေ ကမ္ဘာမှာရော မြန်မာမှာပါ အများကြီးရှိပါတယ်..မြန်မာဇာတ်ကားအချို့ကိုကြည့်ပြီး လမ်းမဆုံးကြပါနဲ့လို့ ပြောချင်ပါတယ်။ဒါကိုလည်း ဒီဘက်ခေတ်မှာ အတေ်ာများများသိပြီးသားထင်ပါတယ်...မှတ်ချက်....((မြန်မာဇတ်ကားဆိုသည်မှာ LGBTများကို ဟာသ သဖွယ်ရိုက်ပြထားသည့် ဇာတ်ကားများကိုသာဆိုလိုသည်...))File Size : (900 ...
movie

Boy Erased(2018)

2018