Channel Myanmar

Thomas Haley

Craving (2023)
Craving (2023)  မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်ကြမဲ့ ကိစ္စက အမှားအယွင်းဖြစ်သွားလို့ ပစ်ခတ်မှုတွေဖြစ်သွားတာကြောင့် ဝယ်မဲ့သူလေးယောက်အဖွဲ့ဟာအနီးအနားမှာရှိတဲ့ ဘားတစ်ခုကိုဝင်စီးပြီး ဘားထဲမှာ ရှိနေကြတဲ့လူတွေကိုလည်း ဓားစာခံလုပ်ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့ရင်ဆိုင်နေရတဲ့ အပြင်ဘက်ကလူတွေက မူးယစ်ဂိုဏ်းမဟုတ်ဘဲ စိတ္တဇလူသတ်သမားတွေအဖွဲ့လိုမျိုး ဖြစ်နေတာပါ။ ‌ အပြင်ဘက်မှာရှိနေတဲ့လူတွေကလည်း ဘားကိုပိတ်ဆို့ထားလိုက်ကြပြီး သူတို့လေးယောက်ထဲကမှ လူအများကြီးကိုသတ်ခဲ့တဲ့ မကောင်းဆိုးဝါးလိုကောင်ကို အချိန်တစ်နာရီအတွင်းမှာ သူတို့လက်ထဲအပ်ဖို့ ပြောနေပါတယ်။ ဒီလိုနဲ့ အချိန်ပြည့်ခါနီးလာလေလေ ဓားစာခံတွေနဲ့ သူတို့ကြားကအခြေအနေတွေကပိုတင်းမာလာပြီး သူတို့အချင်းချင်းကြားက အခြေအနေကလည်းပိုဆိုးလာခဲ့ပါတယ်။သူတို့အချင်းချင်းစကားများနေကြတုန်းမှာပဲ ဓားစာခံတစ်ယောက်က သေနတ်ကိုရသွားပြီး သူတို့ကို ဓားစာခံပြန်လုပ်ဖို့ ကြိုးစားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာပြီး ဘယ်သူတွေအသက်ရှင်ကျန်မလဲ၊ အပြင်ဘက်ကအဖွဲ့ကရော စိတ္တဇလူသတ်သမားတွေလား၊ သူတို့ပြောတဲ့ မကောင်းဆိုးဝါးဆိုတာကရော ဘာဖြစ်နေမလဲဆိုတာကို သည်းထိတ်ရင်ဖိုနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ သွေးထွက်သံယိုပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာကြောင့် အသက် (၁၈) အောက် ကလေးတွေတော့ မကြည့်ရှုသင့်ပါဘူး။ File size…(1.2 GB)/(592 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Crime, Horror, Thriller Subtitle….Myanmar Subtitle ...
movie

Craving (2023)

[18+] Girl Lost: A Hollywood Story (2020) 7.8
[18+] Girl Lost: A Hollywood Story (2020) Girl Lost,A Hollywood Story (2020) ===========================IMDb Rating. =. 7.8/10၀င်းဖေရေးတဲ့ ခင်မောင်ရင်နဲ့ရုပ်ရှင်ဆိုတဲ့ ဆောင်းပါးလေးဖတ်ရတော့ အဲ့ဒီထဲမှာ ခင်မောင်ရင်ကို ရုပ်ရှင်ပိုးကြွစေတဲ့ဒါရိုက်တာ တစ်ယောက်အကြောင်းဖတ်လိုက်ရသေးတယ်။ အဲ့ဒီရုပ်ရှင်ဒါရိုက်တာက ဘင်္ဂါလီအောက်ခြေ လူတန်းစားနဲ့ အလယ်အလတ်တန်းစားအကြောင်း Triologyရိုက်ထားတယ်။ အဲ့ဒီသုံးကားကို ဒါရိုက်တာက ရိုက်ရတဲ့အကြောင်းအရင်းကို ခင်မောင်ရင်က...." အဲဒီရှော်တိုး ဂျစ်ရွိုင်းဆိုတဲ့ ဘင်္ဂါလီဒါရိုက်တာက ဘင်္ဂါလီအောက်ခြေလူတန်းစားနဲ့အလယ်အလတ် တန်းစားတွေအကြောင်း ကောင်းကောင်းသိတယ်။ ကောင်းကောင်း သိတော့ ဒီသုံးကားကို ရိုက်တယ်။ ကောင်း ကောင်းသိတယ်ဆိုတာက သူတို့အိမ်တွေက ဘယ်လို၊ သူတို့ယုံကြည်တာက ဘယ်လို၊ သူတို့ဓလေ့ထုံးတမ်းက ဘယ်လို၊ သူတို့ယဉ်ကျေးမှုက ဘယ်လို၊ သူတို့ရိုးရာတွေက ဘယ်လို၊ သူတို့မိသားစုချင်း ဆက်ဆံတာက ဘယ်လို၊ ဘယ်လိုစားတာ၊ ဘယ်လိုသွားတာ၊ ဘယ်လိုစားတယ်၊ ဘယ်လိုအိပ်တယ်၊ ဘယ်လို ထိုင်တယ် အကုန်လုံး ရှော်တိုးဂျစ်ရွိုင်းက သိတယ်။ သိတော့ အဲဒီဟာကို ရိုက်တယ်။ ဘာဖြစ်လို့ရိုက်တာတုန်း။ သူသိပ်သိလို့ရိုက်တာ။ "လို့ဆိုတယ်။ဒီရုပ်ရှင်က ဟောလိဝုဒ်ပခြုပ်သည်မတွေ အကြောင်းသက်သက်ပါပဲ။ ဘာမှကိုမပါဘူး ဒီအကြောင်းသက်သက်ပါပဲ။အခု Girl Lostရော ၂၀၁၆ကထွက်ခဲ့တဲ့ Girl Lostရောက အမေရိကန်ဟောလိဝုဒ်က ပခြုပ်သည်မတွေ အကြောင်းသက်သက်ပါပဲ။ဒီနှစ်ကားလုံးကို ဇာတ်ညွှန်းရော ဒါရိုက်တာရောလုပ်ခဲ့တဲ့ Robin Bainက ဒရာမာ Genreသက်သက်မှာ ဒီလောက်စိတ်ညစ်စရာကောင်းတဲ့ရုပ်ရှင်ကို ရိုက်ခဲ့တဲ့အကြောင်းအရင်းကလည်း သူသိလို့ပဲဖြစ်ပါလိမ့်မယ်။ ဒါရိုက်တာက အယ်အေဇာတိဆိုတော့ ဒါတွေကို‌အတော်တော့ကြုံဖူးပုံရပါတယ်။ ဒီလိုထင်ရလောက်အောင်လည်း သူ့ဇာတ်ညွှန်းနဲ့ ပြသပုံတွေက ဟောလိဝုဒ်ပခြုပ်သည်လောကကို ခရေစေ့တွင်းကျပြထားတယ်။ အချုပ်ပြောရရင် 2016 ကကားရော အခုကားရော Rating‌တွေကောင်းတယ် ဒါရိုက်တာကလည်း သူရိုက်တာကို သူသေချာသိတဲ့သူဆိုတော့ ဂျင်းဖြစ်နေမှာတော့ စိတ်ပူစရာမလိုပါဘူး။ စိတ်ညစ်မခံနိုင်ရင်တော့ မကြည့်တာအကောင်းဆုံးပါပဲ သရုပ်ဆောင်တွေကအစ စိတ်ညစ်စရာကောင်းပါတယ်။ သတိချပ်ရမှာက Nude Scene ...
movie

[18+] Girl Lost: A Hollywood Story (2020)