Channel Myanmar

Thomas Loibl

The Conference (2022) 7.3
The Conference (2022)  သမိုင်း​မှာ​ Holocaust ဖြစ်ရပ်ကိုကြားဖူးကြမယ်ထင်ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာ​ ဖြစ်ပျက်​ခဲ့တဲ့​ အရေးပါ​ဆုံးဖြစ်စဥ်တွေထဲကတစ်ခုဖြစ်ပြီး​ ဂျူး​လူမျိုး​ ၆သန်းကျော်ကို လူမျိုး​တုံးသတ်ဖြတ်ခဲ့တဲ့​ အဖြစ်အပျက်ပါ။ ဒီအဖြစ်အပျက်က ဒုတိယ​ကမ္ဘာ​စစ်​နဲ့တကွ နောင်​လာမဲ့ကမ္ဘာ့နိုင်ငံရေးဖြစ်စဥ်တွေကိုပါ​ ရိုက်ခတ်မှုကြီးမားခဲ့ပါတယ်။ အခုရုပ်ရှင်​က​ နာဇီတွေရဲ့ဂျူး​ပြဿနာ​ကိုဖြေရှင်းမဲ့ Final Solution ဆိုတဲ့စီမံကိန်းနဲ့ ဒီစီမံကိန်းကို အကောင်​အထည်ဖော်ခဲ့တဲ့ Holocaust အဖြစ်အပျက်​ရဲ့​ မြစ်ဖျားခံရာ Wannsee Conference​ အကြောင်းကို​ Dokudrama​ အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်​တစ်ခုလုံး​ဟာ​ Wannsee​ Conference​ ကျင်း​ပနေတဲ့​ မိနစ်ပိုင်းတွေကို ဘေးကနေထိုင်ကြည့်နေရသလို​ တင်ဆက်ထားတာဖြစ်ပါတယ်။ဒီ​အစည်းအဝေး​ကို​ ဘာလင်မြို့ပြင်က Wannsee​ ​ဆိုတဲ့​အရပ်မှာကျင်းပခဲ့ပြီး​ အစည်းအဝေးကို နာဇီဂျာမနီအစိုးရရဲ့ ထိပ်တန်း​အရာရှိ​တွေနဲ့​ SS​ ထိပ်သီးခေါင်းဆောင်​တွေတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီလူတွေ​ထဲမှာ​ ထိပ်တန်း​ဂျာမနီ​တက္ကသိုလ်​တွေမှာ​ ပညာသင်ကြားခဲ့တဲ့ ပညာရှင်​တွေ​ ခေါင်း​ဆောင်တွေပါဝင်ပြီး ဒီလူတွေ​ကပဲ​ လူ့သမိုင်းမှာမကြုံဖူးလောက်တဲ့ စနစ်တကျလူမျိုးတုံးသတ်ဖြတ်မှုကြီးကို စီမံခဲ့တာပါ။ ဒီအစည်းအဝေးဟာ ကမ္ဘာ့သမိုင်းဖြစ်စဥ်ရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ နာဇီတွေဟာ ဥရောပ​တိုက်​ကို​ ကျူး​ကျော်မှုစပြီးမကြာမီမှာ ဂျူး​ပြဿနာ​ကိုဖြေရှင်းဖို့ ...
movie

The Conference (2022)

Eingeschlossene Gesellschaft / Lock In Society (2022) 6.2
Eingeschlossene Gesellschaft / Lock In Society (2022) ကျွန်တော်တို့ငယ်စဉ်တုန်းက လူကြီးအများစုနဲ့ အမြင်မတူကြပါဘူး။ လူကြီးတွေကလည်း ကျွန်တော်တို့ ကလည်း လူကြီးတွေကို ခေတ်ဟောင်းနေပြီ၊ ဒိတ်အောက်နေပြီ ဆိုပြီး ကိုယ်ကြီးလာတဲ့တစ်နေ့ကျ သူတို့တွေ လုပ် တာတွေ၊ သူတို့အတွေးအမြင်မျိုးတွေနဲ့ မတူအောင် ပြောင်းလဲမယ်လို့ အများစုက တွေးဖူးကြပါတယ်။ ဒီလိုသဘော ထားခဲ့တဲ့သူတွေအတွက် ဒီကားလေးက မီးမောင်းထိုးပြနေပါတယ်။ လူတွေရဲ့အခြေခံစိတ်ထားတွေအားလုံးကို ဒီ ဇာတ်ကားလေးထဲမှာ တွေ့နိုင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့သားဖြစ်သူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် မရလို့ ပေါက်ကွဲနေတဲ့ ဖခင် တစ်ယောက်က ကျောင်းရှိ ဒုကျောင်းအုပ်နှင့် ဝင်တွေ့ပြီး အကြောင်းခြင်းရာကို လာဆွေးနွေးပါတယ်။ ထိုကိစ္စ အပေါ် အခြေတည်ပြီး ကျောင်းရှိ ကာယဆရာ၊ ဓါတုဗေဒဆရာ၊ အလုပ်သင်ဆရာမ၊ ဂီတဆရာမ၊ လက်တင်ဆရာ၊ ဂျာမန်ဆရာတို့က စုရုံးစည်းဝေးကြပြီး အများရဲ့အမြင်ကိုဆွေးနွေးကြပါတယ်။ “စကား စကားပြောပါများ စကား ထဲကဇာတိပြ” ပြီး ဆရာ၊ ဆရာမတွေ အချင်းချင်း သူ့အမြင်၊ ကိုယ့်အမြင်ပေါ်မှာ ...
movie

Eingeschlossene Gesellschaft / Lock In Society (2022)

3096 Days (2013) 6.5
3096 Days (2013) 3096 Days ဇာတ်ကားဟာ သြစတြီးယားမှာဖြစ်ခဲ့တဲ့ 10နှစ်အရွယ် ကလေးမလေးနာတာရှာ ခမ်ပွတ်ရှ်ကို 8နှစ်ကြာအောင်ပြန်ပေးဆွဲခဲ့တဲ့ အကြောင်း ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နာတာရှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုပေါ်လွင်အောင် ရိုက်ပြထားတာကိုလည်း တွေ့ရမှာပါ။ဒီလို နှိပ်စက်မှုတွေနဲ့ နာတာရှာရဲ့ စိတ်ဒဏ်ရာအကြောင်းကိုသေချာရိုက်ကူးထားတာဖြစ်လို့ တချို့သောပရိတ်သတ်တွေအတွက်တော့ကြည့်ရှုဖို့ ခက်ခဲနိုင်ပါတယ်။ဒါပေမယ့် ဒီဇာတ်ကားမှာ နာတာရှာရဲ့ စိတ်ခွန်အားနဲ့သူ့ကိုပြန်ပေးဆွဲသူဆီက ဇွဲရှိရှိ လွတ်မြောက်ဖို့ကြိုးပမ်းပုံကိုလည်း တွေ့မြင်ရဦးမှာပါ။ပါဝင်ထားတဲ့ castတွေကလည်း သရုပ်ဆောင် အရမ်းကောင်းကြပါတယ်။ဒီဇာတ်ကားဟာ ပြန်ပေးဆွဲမှုတွေနဲ့ အကြမ်းဖက်မှုတွေရဲ့ခါးသီးတဲ့အမှန်တရားကို မီးမောင်းထိုးပြထားတဲ့ဇာတ်ကားတစ်ကား ဖြစ်လို့ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ဗျာ   File size…  1.23 GB /  604 MB Quality…  Blu-Ray 1080p / 720p Format… mp4 Duration…. 1h 51m Genre .....  Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

3096 Days (2013)

2013
3096 Days (2013) 6.5
3096 Days (2013) 3096 Days (2013) ============= IMDb Rating - 6.5/10ဒီအဖြစ်အပျက်လေးကတော့ ဩစတြီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အမှုအခင်းတစ်ခုဖြစ်ပါတယ်။ ၁၉၉၈ခုနှစ် မတ်လ၂ရက်နေ့မှာ (၁၀) နှစ်အရွယ် နာတာရှာကမ်းဘွတ်ရှ်ဆိုတဲ့ ကောင်မလေးတစ်ယောက် ကျောင်းသို့သွားတဲ့လမ်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က ကြိုးစား ရှာပေမယ့်လည်း ရှာမတွေ့ခဲပဲ ဒီပျောက်ဆုံးမှုဟာ တအုံ့နွေးနွေးနဲ့ ဒီအတိုင်းပြီးသွားခဲ့ပါတယ်။ထိုမိန်းကလေးဟာ အိမ်မြေအောက်ခန်းထဲမှာ ရက်ပေါင်း ၃၀၉၆ (၈နှစ်)အကြာပိတ်ထားခံခဲ့ရပြီး ၂၀၀၆ခုနှစ် ဩဂုတ်လ ၂၃ရက်နေ့မှ ထွက်ပြေးလွတ်မြောက်လာခဲ့တာပါ။ အသက်၁၀နှစ်အရွယ် လူမမယ် မိန်းကလေးတစ်ယောက်ကို ဖမ်းဆီးခဲ့သူ ထိုလူဟာ ပြန်ပေးဆွဲဖို့ရာ အတွက် မြေအောက်ခန်းပြင်ဆင်တာတွေ အခန်းဖွဲ့တာတွေအတွက် အချိန်တစ်နှစ်ကျော်လောက်ကြိုတင်ပြင်ဆင်ခဲ့ပါတယ်တဲ့။ ထိုလူဟာ ကလေးမလေးကို ခိုင်းစေဖို့သက်သက်၊ နှိပ်စက်ဖို့သက်သက်၊ လိင် ကျွန်ပြုဖို့သက်သက်နဲ့ ၈နှစ်ကြာအောင် ဖမ်းဆီးခဲ့တာပါ။ဒီဇာတ်ကားလေးကတော့ သူမရဲ့ကိုယ်တိုင်ရေး အထုပ္ပတ္တိဖြစ်တဲ့ "နာတာရှာ ကမ်းဘွတ်ရှ်"ဆိုတဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဇာတ်ကားတစ်ကားကို ကောင်းတယ် မကောင်း ဘူး ဆိုတာထက် ဒီဇာတ်ကားလေးမှာ နာတာရှာတစ်ယောက် သူ့ဘဝရှစ် နှစ်တာလုံးကို ဒီမြေအောက်ခန်းကျဉ်းကျဉ်းလေးထဲမှာ ဘယ်လိုကုန်ဆုံးခဲ့လဲ၊ ဘယ်လိုတွေ ကြုံတွေ့ခဲ့ရလဲ၊ လွတ်မြောက်ဖို့ရာအတွက် ဘယ်လိုတွေ ကြိုးစားခဲ့ရလဲဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်)File ...
movie

3096 Days (2013)

2013
The Little Witch (2018) 6.2
The Little Witch (2018) CM ပရိတ်သတ်တို့ရေ ပေါ့ပေါ့ပါးပါးလေးကြည့်ရတဲ့ ဇာတ်လမ်းမျိုးလေးကြည့်ချင်လား...ရှုခင်းကောင်းကောင်းနဲ့ ကြည့်ရကောင်းတဲ့ ဇာတ်လမ်းမျိုးရှာနေလား...ဒါဆိုရင်တော့ "The Little Witch" ဆိုတဲ့ ဇာတ်လမ်းလေးကို ညွှန်းချင်ပါတယ်...Rating 6.1 ရရှိထားတဲ့ဒီဇာတ်လမ်းကတော့ ဂျာမနီဇာတ်လမ်းဖြစ်ပြီးတော့english နောက်ခံစကားပြောနဲ့ တင်ဆက်ထားပါတယ်...အညွှန်း- စိမ်းစိုအုံ့မှိုင်းနေတဲ့ တောအုပ်တစ်ခုမှာ စုန်းမလေးတစ်ယောက် နေထိုင်ပါတယ်...သူ့မှာ အဘရာဇက်ဆိုတဲ့ ကျီးကန်းတစ်ကောင်လဲရှိပါတယ်...စုန်းမတွေအတွက် အပျော်ဆုံးညကတော့ ဝယ်ပါးဂစ်ဆိုတဲ့ ညပါပဲ...ဒီညမှာတော့ စုန်းမတွေ သီချင်းဆိုကြ ကကြပါတယ်...တစ်နှစ်မှာ တစ်ခါပဲ လုပ်တဲ့ညပါ..ဒီညကိုတော့ဖိတ်ကြားခံရတဲ့ စုန်းမတွေသာ တက်ရောက်ခွင့်ရှိပါတယ်...စုန်းမလေးရဲ့ အဖြစ်ချင်ဆုံး ဆန္ဒကတော့ ဒီဝယ်ပါးဂစ်ညကပွဲမှာ ကခွင့်ရဖို့ပါ...ဒါပေမဲ့ သူဟာ ဝါငယ်သေးတာကြောင့် ဖိတ်ကြားခြင်းမခံခဲ့ရပါဘူး..ငယ်ရွယ်သူပီပီ ဒီပွဲမှာဘာတွေ လုပ်လဲ သူအရမ်းသိချင်ခဲ့ပါတယ်...ဒီလိုနဲ့ ဝယ်ပါးဂစ်မတိုင်ခင်ညမှာတော့ သူအကြံတစ်ခုရသွားပါတယ်...ဒီအကြံကတော့ စုန်းမတွေ ကတဲ့အထဲ သူပါ ...
movie

The Little Witch (2018)

2018