Channel Myanmar

Thomas Mustin

You Will Not Have My Hate / Vous Naurez Pas Ma Haine (2022) 6.2
You Will Not Have My Hate / Vous Naurez Pas Ma Haine (2022)  အန်တိုနီလယ်ရီမှာ မိန်းမနှင့် သားတစ်ယောက်ရှိပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားရသူပါ။ တစ်နေ့မှာတော့ သူ့မိန်းမဟာ သူငယ်ချင်းဖြစ်သူနဲ့ ကာတာကလန်ကွင်းမှာ ကျင်းပတဲ့ရှိုးပွဲတစ်ခုကို သွားရောက်ခဲ့တဲ့အခါမှာ အဆိုပါရှိုးပွဲကို အကြမ်းဖက်သမားတွေက ဝင်ရောက်စီးနင်းပြီး အစုလိုက်အပြုံလိုက် သေနတ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်တဲ့နေရာမှာ သေဆုံးသွားခဲ့ပါတော့တယ်။ သူ့ချစ်ရတဲ့ဇနီးသည်သေဆုံးသွားမှန်းသိရတဲ့အခါမှာ အန်တိုနီတို့ သားအဖနှစ်ယောက် ဇနီးသည်ရဲ့သေဆုံးမှုကို လက်ခံနိုင်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.3 GB)/(743 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo
movie

You Will Not Have My Hate / Vous Naurez Pas Ma Haine (2022)

Raw (2016) 7.1
Raw (2016)  အခုတကားကတော့စောင့်မျှော်နေကြတဲ့သူတွေအတွက်ရောHorrorကားကြိုက်တဲ့သူတွေအတွက်ပါအူယားစေမယ့်၂၀၁၇မတ်လထွက်ကားလေးလာပါပြီ။ဂျက်စတင်ဆိုတဲ့ကောင်မလေးဟာမွေးကတည်းနေအသားနဲ့ဓာတ်မတည့်တဲ့အတွက်သတ်သတ်လွတ်ပဲစားတဲ့သူဖြစ်ပါတယ်။သူတို့တမိသားစုလုံးသတ်သတ်လွတ်စားကြတာပါ။ဒါပေမယ့်အဲဒါတွေအားလုံးဟာတိရိစ္ဆာန်ကုဆရာဝန်ကျောင်းရောက်တဲ့ပထမအပတ်တွင်းမှာပဲပြောင်းလဲသွားခဲ့ပါတယ်။ကျောင်းရဲ့ထူးဆန်းတဲ့ကြိုဆိုမှုကြောင့်ဂျက်စတင်တယောက်အသားကိုစစားလိုက်ရပါတယ်။အဲဒီကနေစပြီးအသားစားချင်တဲ့အာသီသဖြစ်နေခဲ့တာပါ။နောက်တော့အခန်းဖော်အဆွယ်ကောင်းမှုနဲ့သူအသားညှပ်ပေါင်မုန့်စစားရင်းနောက်တော့အသားစိမ်းတွေကိုပါစမ်းစားကြည့်လာပါတော့တယ်။ဒီလောက်နဲ့တင်ရပ်မသွားသေးပါဘူး။တနေ့ကျောင်းမှာအရင်ကျောင်းတက်နှင့်တဲ့သူ့အစ်မဆီသွားရင်းမတော်တဆဖြစ်ပြီးသူ့အစ်မလက်ချောင်းပြတ်သွားပါတယ်။ထိတ်ထိတ်ပြာပြာနဲ့ဖြစ်နေရင်းသူ့အစ်မလက်ကိုကိုက်မိပါတယ်တော့တယ်။အဲဒီကနေစပြီးလူသားကိုပထမဆုံးစစားတော့တာပါပဲ။ကြည့်ရင်းကြည့်ရင်းနဲ့အူယားလာစေတဲ့ကားလေးဖြစ်ပါတယ်။၁၈+တွေကြမ်းတမ်းတဲ့စကားအသုံးအနှုန်းတွေပါတဲ့အတွက်မိသားစုနဲ့မကြည့်သင့်ပါဘူး။ဆိုတော့ဂျက်စတင်တယောက်သူ့အာသီသကိုဆက်ထိန်းနိုင်မလား။အဲဒီကနေတဆင့်သူ့မိသားစုနဲ့ဘယ်လိုဆက်နွယ်နေသလဲ။ဘာလျို့ဝှက်ချက်တွေရှိနေသလဲ။သူ့အစ်မကရောသူ့ကိုကူညီပေးမှာလား။ပိုဆိုးစေမှာလား။ဘာတွေကွယ်ဝှက်ထားတာရှိမလဲဆိုတာကတော့ဇာတ်ကားလေးမှာဆက်လက်ရှုစားလိုက်ပါဦးဗျာ။(ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်ကတော့ Thura Zarni Aung  ပါ )   File Size : (750 MB) and (300 MB) Quality : 720p Bluray Running Time : 1hr 39minutes Format : Mp4 Genre : Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Translated By Thura Zarni Aung Encode By Thanhtike Zaw
movie

Raw (2016)

2016