Channel Myanmar

Tiffany Shepis

Nightmare Man (2006)
Nightmare Man (2006)  အယ်လင်ဟာ သူနဲ့ခင်ပွန်းဖြစ်သူ ဝီလီယမ်တို့ကြား သားသမီးမထွန်းကားတဲ့ပြဿနာကိုဖြေရှင်းရာမှာ အထောက်အကူရစေဖို့အတွက် ရောမကနေအာဖရိကဖြစ် မျက်နှာဖုံးတစ်ခု မှာယူခဲ့ပါတယ်။ ဖြစ်ချင်တော့ မှာလိုက်တဲ့မျက်နှာဖုံးမဟုတ်ဘဲ မိစ္ဆာရုပ်မျက်နှာဖုံးကြီးဖြစ်နေရာက အယ်လင့်ကိုဝင်ပူးပြီးအိပ်မက်ဆိုးများနဲ့ ခြောက်လှန့်ပါတော့တယ်။ နေ့စဉ်အမျှ ထင်ယောင်ထင်မှားဖြစ်တဲ့အာရုံတွေကြောင့် အယ်လင့်ခင်ပွန်းဝီလီယမ်ဟာ စိတ်ကျန်းမာရေးဆရာဝန်များနဲ့အယ်လင့်ကိုပြသခဲ့ပြီး စိတ်ကစဉ့်ကလျားဝေဒနာခံစားနေရကြောင်း ရောဂါအမည်တပ်ခဲ့ပါတယ်။ နေ့စဉ်ဆေးပုံမှန်သောက်နေရတဲ့ အယ်လင်ဟာ ရောဂါသက်သာလာသလိုရှိပေမယ့် အလျှင်းမပျောက်သေးတာကြောင့် စိတ်ကျန်းမာရေးဆေးရုံတင်ကုသဖို့ ဝီလီယမ်နဲ့ အယ်လင်တို့ ဇနီးမောင်နှံနှစ်ဦးတည်း တောလမ်းခရီးထွက်လာခဲ့ကြပါတယ်။လူသူဝေးတဲ့နေရာရောက်မှ ဆီကုန်လို့ကားထိုးရပ်သွားပြီး ဝီလီယံက ဆီသွားရှာတာကြောင့် တောနက်ကြီးအလယ်မှာအယ်လင်ဟာ ကားထဲမှာမျက်နှာဖုံးနှင့်နှစ်ယောက်တည်း ကျန်ခဲ့ချိန်ကစပြီး လျှို့ဝှက်သည်းဖိုအဖြစ်အပျက်များ ဆက်တိုက်ကြုံတွေ့ရပါတော့တယ်။အယ်လင့်ရဲ့အိပ်ဆက်ဆိုးတွေထဲက မိစ္ဆာကောင်ဟာ မျက်နှာဖုံးကြောင့်ဖြစ်မလား..အယ်လင်ဟာတကယ်ပဲ စိတ်ကစဉ့်ကလျားဝေဒနာကြောင့် ထင်ယောင်ထင်မှားဖြစ်နေတာလား..စိတ်ကစဉ့်ကလျားဝေဒနာသည်နှင့် ကြာရှည်ပေါင်းသင်းလာရတဲ့ ဝီလီယံဟာအယ်လင့်ဝေဒနာကို ပျောက်ကင်းအောင်လုပ်နိုင်ပါ့မလား...ဆိုတာNightmare Man ဇာတ်ကားမှာရှုစားကြရမှာဖြစ်ပါတယ်။Horror Thriller အမျိုးအစားဖြစ်ပြီး R အဆင့်သတ်မှတ်ချက်အရ သွေးထွက်သံယိုနှင့်ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းများပါဝင်တာကြောင့် ကလေးသူငယ်များနှင့်မိသားစုအလိုက်ကြည့်ရှုရန် မသင့်ကြောင်းတင်ပြလိုက်ရပါတယ်။ File size…1.62GB / 688MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 29m Genre ...
movie

Nightmare Man (2006)

Night of the Demons (2009) 5.5
Night of the Demons (2009)  Horror/Thriller ကားတွေကြိုက်နှစ်သက်တဲ့ သူတွေအတွက်ဟောင်းပေမဲ့ကောင်းနေဆဲဖြစ်တဲ့ 2009 ခုနှစ်က Night Of The Demons ဆိုတဲ့ဇာတ်ကားလေးကိုပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ဇာတ်ကားနာမည်အတိုင်းပဲ နတ်ဆိုးတွေရဲ့  ညအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ဆော်အလန်းစားလေးတွေက ဟောလိုးဝင်းညမှာအန်ဂျလီနာဆိုတဲ့ကောင်မလေးတစ်ယောက်ကျင်းပတဲ့ ပါတီမှာ ကဲဖို့အတွက်သွားခဲ့ကြပါတယ်။တစ်ခုထူးဆန်းတာက ပါတီလုပ်တဲ့အိမ်ကြီးက လူမနေတာ နှစ်ပေါင်းငါးဆယ်လောက်ရှိပြီဖြစ်တဲ့ ခြောက်ခြားစရာအိမ်ကြီးမှာပဲဖြစ်ပါတယ်။ကောင်မလေးတွေကလဲသူတို့ရဲ့ရည်းစားဟောင်းတွေ Crush တွေနဲ့တွေ့ပြီးရှေးဟောင်းနှောင်းဖြစ်တွေပြောပြီးပျော်ပါးနေကြတုန်း သိပ်မကြာခင်မှာပဲ ရဲတွေဝင်လာလို့ပါတီကပျက်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့ ပါတီလာတဲ့လူတွေအကုန်ပြန်သွားပြီး အကြောင်းအမျိုးမျိုးနဲ့အန်ဂျလီနာအပါအဝင်ကောင်လေး ကောင်မလေး ၇ ယောက်ကကျန်ခဲ့ပါတော့တယ်။သူတို့အိမ်ထဲက ထွက်ဖို့လုပ်တဲ့အချိန်မှာခြံဂိတ်တံခါးကြီးက လုံးဝကိုဖွင့်လို့မရတာနဲ့တစ်ညလုံးအဲ့ဒီအိမ်ကြီးထဲမှာနေဖို့ ဖြစ်လာခဲ့ပါတော့တယ်။ဒါပေမယ့်သူတို့မသိခဲ့တာကတော့အဲ့ဒီအိမ်ကြီးထဲမှာ သူတို့မသိတဲ့ကြောက်စရာနတ်ဆိုးတွေက သူတို့ကိုစောင့်နေခဲ့တယ်ဆိုတာပါပဲ။ဒီတော့အဲ့ဒီ ၇ ယောက်ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့သွေးထွက်သံယိုအခန်းတွေနဲ့ကြည့်ရှုရမဲ့ကားတစ်ကားပဲဖြစ်ပါတယ်။  File size…2.94GB / 1.1GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Night of the Demons (2009)

Tar (2020) 6.1
Tar (2020) Tar (2020)==========IMDb Rating - 6.1/102020 ခုနှစ်ထွက် Drama/ Thriller ဇာတ်ကားလေးပါ၊ လူနည်းနည်းနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတာတွေ့ရပါတယ်။ဇာတ်လမ်းအကျဉ်းအရတော့ ဇက်ခ်နဲ့ သူ့ဖခင် ဘယ်ရီတို့ဟာ လော့အိန်ဂျလိစ်မြို့မှာ စက်ပြုပြင်ရေးလုပ်ငန်းကို  ဘယ်ရီရဲ့အဖေလက်ထက်တည်းက လုပ်ကိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ စာချုပ်အရ သူတို့ရုံးဖွင့်ထားတဲ့တိုက်ကနေ ဖယ်ပေးရတော့မှာဖြစ်ပါတယ်။ ဖယ်ပေးဖို့ အတွက် ညဘက် ပစ္စည်းပစ္စယတွေထုပ်ပိုးနေတဲ့အချိန်မှာပဲ မီးပျက်သွားပြီး ကြောက်စရာအရိပ်ကြီးတစ်ခု သူတို့တိုက်ထဲကို ဝင်လာပါတော့တယ်။ အဲဒီအရိပ်ကြီးက လူလား တစ္ဆေလား ဘယ်လိုသတ္တဝါလဲ သူနဲ့အတူတူပါလာတဲ့ အနက်ရောင်အရည်တွေကရော ဘာတွေလဲဆိုတာ ရင်တထိတ်ထိတ်ရှုစားကြပါဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 36minSubtitle – Myanmar HardsubFormat – Mp4Genre : Adventure, TrillerSource : 1080p.WebRipTranslator ...
movie

Tar (2020)

2020
Star Light 2020 3.7
Star Light 2020 ဆယ်ကျော်သက်ကောင်လေး ဒေလန်တစ်ယောက် မိခင်ဖြစ်သူက ချစ်သူခေါ်လာပြီး ညစာစားတဲ့အချိန်မှာ မိခင်ရဲ့ချစ်သူကိုဒေါသထွက်ပြီး သူငယ်ချင်းဖြစ်သူ နစ်ခ်ရဲ့ပါတီကိုထွက်သွားခဲ့ပါတယ် အဲ့မှာခဏအနားယူရင်း စကိတ်စီးနေတုန်း မိန်းကလေးတစ်ယောက် သူ့ရှေ့ကိုရောက်လာတာတွေ့ရပါတော့တယ် ထိုမိန်းကလေးကို နစ်ခ်အိမ်ထဲကိုခေါ်သွားခဲ့ရာကနေ ဘာမှန်းမသိတဲ့ ကံဆိုးမိုးမှောင်ကျမှုတွေနဲ့ စပြီးကြုံတွေ့ရပါတော့တယ် ဘယ်ကမှန်းမသိတဲ့ကောင်မလေးတစ်ယောက်ကို ဒေလန်တစ်ယောက် ခေါ်လာခဲ့မိရာကနေ သူ့သူငယ်ချင်းဖြစ်သူတွေ တစ်ယောက်ပြီးတစ်ယောက် ဒုက္ခရောက်ကုန်ပါတော့တယ် ကောင်မလေးရဲ့ဇာစ်မြစ်ကဘာလဲ သူ့နောက်ကလိုက်နေတဲ့လူကရော ဘယ်သူလဲ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ရင်တထိတ်ထိတ်နဲ့ခံစားကြည့်ရှုလိုက်ကြပါ File Size : 600 Mb / 300 Mb Quality :WEB-DL 720p Format…mp4 Duration…01:30:00 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Littleneo
movie

Star Light 2020

Killer Kate! (2018) 3.7
Killer Kate! (2018) Killer Kate! (2018)IMDb - 3.7/10_____Rotten - 71%   Kate ဟာ halloween day မှာ ညီမဖြစ်သူရဲ့ ဘတ်ချလာပါတီအတွက် သူငယ်ချင်း မိန်းကလေး ၄ယောက် ခရီးအတူထွက်ခဲ့ကြပါတယ်။ လမ်းခရီးမှာ တစ်ညနားခိုတဲ့အိမ်ဟာ လူသူအရောက်အပေါက်နည်းပါးတဲ့ တောင်ကုန်းထိပ်နေရာမှာ ဖြစ်နေပေမယ့် ဈေးနှုန်းချိုသာပြီး Facility ကောင်းမွန်တဲ့အတွက် ကျေနပ်ပျော်ရွှင်နေကြပါတယ် ဒါပေမယ့် သူတို့ရဲ့ပျော်ရွှင်မှုတွေဟာ သိပ်ကြာကြာမခံပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကို သတ်ဖို့ ကြိုတင်အကွက်ချစီစဉ်ထားတဲ့ လူသတ်သမား အုပ်စု ရောက်လာလို့ပါပဲ။ .......................................................... ဒီဇာတ်ကားလေးက သေဘေးမှ လွတ်အောင် ရုန်းကန်ရတဲ့ ဇာတ်လမ်းသဘောမျိုးရိုက်ကူးထားတာပါ ဒါပေမယ့် ဇာတ်လမ်းအစမှာ Kate ကို ယုန်သူငယ်လေးလို့ ထင်ခဲ့ပေမယ့် သေဘေးနဲ့ကြုံလာတဲ့အခါမှာတော့ တောလိုက်မုဆိုးတွေကို သားကောင်ဘဝပြန်ဖြစ်သွားအောင်လုပ်ခဲ့တဲ့ ကိတ်ရဲ့ ရဲရင့်မှုတွေကိုတော့ (Halloween Night) မှာ ကြည့်ရှုဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်.....   File Size : (766 MB) Quality : Wed DL 720p Running Time : 1hr 20 min Format : Mp4 Genre : Horror ...
movie

Killer Kate! (2018)

2018