Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tilly Mandelbrot
Persepolis (2007)
Persepolis (2007)IMDb rating - 8/10French-Iranian ဝတ္ထုရေးဆရာ “Marjane Satrapi” က၂၀၀၀ခုနှစ်မှာ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်တဲ့ “Persepolis” ကိုစာအုပ်ထုတ်ဝေခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ ၂၀၀၇ခုနှစ်မှာထွက်ရှိခဲ့တဲ့film adaptation ဖြစ်ပါတယ်။ သူ့ဘဝခရီးအနိမ့်အမြင့်အတက်အကျအကြောင်းတွေ ကြည့်ရမယ်ဆိုတာထက်အဓိကထူးခြားနေတဲ့အချက်က သူဟာ အီရန်နိုင်ငံသူတစ်ဦးပါ။သူတွေ့ကြုံခဲ့ရတဲ့ အီရန်နိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေနဲ့ယှဉ်ပြီးသူ့ဘဝ ဘယ်လိုကြုံတွေ့ခဲ့ရလဲဆိုတာကို ပုံဖော်ရိုက်ကူးထားပါတယ်။အီရန်နိုင်ငံရဲ့စစ်ပွဲတွေနဲ့၊ အကျိုးဆက်အရ အီရန်ပြည်သူတွေနှစ်ရှည်လများစွာ ဆင်းရဲဒုက္ခတွင်းကျရတာတွေကို မီးမောင်းထိုးပြထားပါတယ်။အီရန်အစိုးရရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ပြည်သူတွေ ခေါင်းမထောင်နိုင်အောင်ပြားပြားဝပ်ခဲ့ရတာတွေ၊ နေ့ရက်တိုင်းမှာကြောက်လန့်စိတ်နဲ့နေရတာတွေကို ပုံဖော်ပြသထားပါတယ်။ အီရန်နိုင်ငံမှာ လူသားအရင်းအမြစ်တွေ၊ လူ့အခွင့်အရေးတွေဆုံးရှုံးရတဲ့အကြောင်းကိုသူ့ကိုယ်တွေ့ဖြစ်ရပ်တွေနဲ့ပြသထားပါတယ်။အထူးသဖြင့် အစ္စလာမ်မစ်ဘာသာရေးအစွန်းရောက်တွေကအမျိုးသမီးတွေအပေါ် ဘယ်လောက်ထိချုပ်ချယ်ဖိနှိပ်လဲဆိုတာတွေကမ္ဘာသိအောင်ချပြထားပါတယ်။ ဇာတ်လမ်းအကျဉ်းသူဟာ နိုင်ငံရေးစိတ်အားထက်သန်တဲ့မိသားစု၊မဟုတ်မမှန်တာကိုရပ်ထိုင်ကြည့်မနေနိုင်တဲ့ မိသားစု၊လူသားဆန်တဲ့ပညာတတ်မိသားစုကနေ မွေးဖွားလာတဲ့သူပါ။ အီရန် နိုင်ငံ ရဲ့ ခေတ်ဆိုးစနစ်ဆိုးမှာ မွေးဖွားလာခဲ့တော့ ကျောင်းစတက်တဲ့အချိန်တည်းကမင်းစိုးမင်းညစ်ကိုသစ္စာရှိဖို့ မှိုင်းတိုက်ခံခဲ့ရတယ်။အသက်ငယ်ငယ်လေးနဲ့ အစ္စလာမ်မစ်တော်လှန်ရေးနဲ့ တွေ့ကြုံခဲ့တယ်။အစ္စလာမ်မစ် ဘာသာရေးအစွန်းရောက်အီရန် အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုမှာ မဟုတ်မမှန်တာကိုခေါင်းငုံ့မခံနိုင်၊ထုတ်ဖော်ပြောတတ်တဲ့ Marjane ကိုသူ့မိဘတွေက ပညာကောင်းကောင်းသင်နိုင်ဖို့ဩစတီးယား၊ ဗီယင်နာမြို့ကို ပို့လိုက်ကြရတယ်။နိုင်ငံရပ်ခြားမှာ ယဉ်ကျေးမှုမတူတဲ့လူမျိုးတွေကြားအသက်ငယ်ငယ်နဲ့ အီရန်နိုင်ငံဖွားမိန်းကလေးတစ်ယောက်အနေနဲ့ရပ်တည်နေနိုင်ဖို့ သူကြိုးစားခဲ့ရတယ်။ Animation အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။Oscar ဆုအတွက် ဇကာတင်ရွေးချယ်ခံခဲ့ရပြီးတခြားဆုတွေအများကြီးရရှိထားပါတယ်။ဗဟုသုတတွေ အပြည့်ပေးစွမ်းမယ့်ဇာတ်လမ်းဖြစ်တာမို့လက်မလွှတ်ဘဲ ...
movie
Persepolis (2007)