Channel Myanmar
Tom Arnold
Undercover Blues (1993) 6.0
Undercover Blues (1993) Genre – Comedy, Crime IMDB – 6.10၉၀ ကာလတွေတုန်းက ရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် အက်ရှင်ဟာသဇာတ်မြူးလေး ဖြစ်ပါတယ်။မင်းသားကြီး Dennis Quaid နဲ့ မင်းသမီးကြီး Kathleen Turner တို့ဦးဆောင်ထားပြီး ခုချိန်ထိ ဇာတ်ကားကောင်းတွေမှာရိုက်ကူးနေဆဲဖြစ်တဲ့ မင်းသမီးကြီး Fiona Shaw ဟာဆိုဗီလိန်နေရာက ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အစိုးရလျှို့ဝှက်အေဂျင်စီလက်အောက်က အေးဂျင့်တွေ တစ်ဖြစ်လဲဘလူးလင်မယားဟာ သမီးလေးမွေးထားလို့အစိုးရဆီကနေ ခွင့်ယူပြီး နယူးအော်လင်းမှာသာသာယာယာ အားလပ်ရက်ကို လူမသိသူမသိ ဖြတ်သန်းနေပါတယ်။ အဲဒီမှာ တစ်ရက်ကျတော့ မွေတေဆိုတဲ့ ခါးပိုက်နှိုက် ဓားပြတစ်ယောက်ကမစ္စတာဘလူးကို လာလုလို့ ပြန်တိုက်ခိုက်လိုက်ရာကနေရဲတွေအနေနဲ့လည်း မျက်စိဆံပင်မွှေးစူးပြီးသာမန်လူမဟုတ်လောက်ဘူးထင်ကာ လိုက်ပြီးအနံ့ခံလျက်ရှိပါတယ်။ တစ်ချိန်တည်းမှာလည်း လူဆိုးမကြီး နိုဗာချက်ဆိုတာကအစိုးရဆီကနေ စီ၂၂ ဆိုတဲ့ နူကလီးယားဒုံးကျည်တွေကိုခိုးယူဖို့ ကြိုးစားတဲ့အခါမှာတော့ဘလူးမိသားစု တိုင်းပြည်အတွက် တစ်ဖန်ပြန်စွန့်စားခန်းထွက်ဖို့အချိန်ကျလာပါတော့တယ်။ PG အဆင့်ဇာတ်ကားဆိုတော့ မိသားစုနဲ့အတူတူ၉၀ ခေတ်ကာလတွေကို အပန်းဖြေ ကြည့်ရှုနိုင်မယ့်ဟာသအက်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ File size…    1.3 GB ...
movie
Undercover Blues (1993)
A Prince and Pauper Christmas (2022) 5.5
A Prince and Pauper Christmas (2022) A Prince and Pauper Christmas (2022) ===========================ဒီဇာတ်ကားလေးကတော့ အလုပ်အရမ်းကြိုးစားတဲ့အေးဂျင့် မက်ဝေါလ်နဲ့ ဂျာကိုးဗီးယားနိုင်ငံကမင်းသားတို့ရဲ့ အချစ်ဇာတ် လမ်းလေးပါ။ အေးဂျင့်မက်ဝေါလ်နဲ့အမှုလိုက်နေတဲ့ သူလျှိုပက် ထရစ်ဟာထွက်ပြေးသွားပြီး ကယ်လီဖိုးနီးယားကိုတာဝန်နဲ့လာတဲ့ မင်းသားလေးနဲ့တွေ့ခဲ့တာပါ။ မင်းသားလေးဟာ ပက်ထရစ်နဲ့ရုပ် ချင်းဆင်ပြီး သူမရဲ့သူလျှိုအနေနဲ့ဟန်ဆောင်ပေးကာ အမှုကိုဘယ် လိုဖော်ထုတ်မလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်လို့ရနိုင်မယ့် ခရစ္စမတ် ကားကောင်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Nang Aye Myat Phoo ဖြစ်ပါတယ်)File Size..........(1.6 GB) / (620 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 28Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Crime, Mystery Translator.......Nang Aye Myat Phoo Encoder..........SWM
movie
A Prince and Pauper Christmas (2022)
2022
Group Sex (2010) 5.0
Group Sex (2010) Group Sex (2010) =============ခေါင်းစဉ်ကိုကြည့်ပြီး အထင်မလွဲကြပါနဲ့၊ ပျော်စရာကောင်းတဲ့ romantic/comedy ကားလေးပါ။ ဒါပေမယ့်ခေါင်းစဉ်နဲ့လိုက် အောင်ပါဝင်တဲ့ အောက်လုံးတွေ တစ်ချို့ပြကွက်တွေကြောင့် တော့ မိသားစုနဲ့ကြည့်ဖို့သင့်တော်မှာမဟုတ်ပါဘူး။ဇာတ်လမ်းအကျဉ်းအနေနဲ့ အန်ဒီက အချစ်ကိုကိုးကွယ်တဲ့လူရိုး လေးတစ်ယောက်ပါ။ အချစ်ကိုကိုးကွယ်လွန်းလို့လည်း သူ့ရဲ့ ငါးနှစ်တာချစ်သူက လက်ထပ်ပွဲမတိုင်ခင်ကာလလေးမှာ တစ်ခြား တစ်ယောက်နဲ့အိပ်ပြီး သူ့ကိုပစ်သွားတဲ့စိတ်ဒဏ်ရာကိုအခုချိန်ထိ ခံစားနေရဆဲဖြစ်သလို အလုပ်တူတူလုပ်တဲ့သူငယ်ချင်း ဂျယ်ရီ အိမ်မှာကပ်နေရပါတယ်။ သူ့သူငယ်ချင်း ဂျယ်ရီကတော့ မိန်းမ တွေကိုဖျော်ဖြေရေးလောက်ပဲသဘောထား ပွေလွန်းရှုပ်လွန်းတဲ့ သူဖြစ်ပါတယ်။တစ်နေ့တော့ စိတ်ညစ်ညစ်နဲ့လမ်းလျှောက်ထွက်လာတဲ့အချိန် တွေ့မိတဲ့ ကောင်မလေးတစ်ယောက်ကိုမြင်မြင်ချင်းစွဲလန်းရာ ကနေနောက်ကတစ်ကောက်ကောက်လိုက်ရင်း anonymous meetings(ဆေး၊အရက်စသည်ဖြင့်စွဲလန်းသူများအချင်းချင်း အားပေးနှစ်သိမ့်အဖြေရှာရာတွေ့ဆုံပွဲ) တစ်ခုကိုရောက်သွား ပါတယ်။ သူရောက်သွားတဲ့နေရာကတော့ လိင်ကိစ္စကိုမူးယစ် ဆေးလိုစွဲလန်းနေနသူတွေ အချင်းချင်းအားပေးနှစ်သိမ့်အဲ့ဒီ စိတ်ကိုဖျောက်ဖျက်ဖို့ကြိုးစားကြတဲ့နေရာတစ်ခုပါ။ အဲ့ဒီအပြင် သူချစ်မိတဲ့ကောင်မလေးကပါ ဒီအဖွဲ့ဝင်တစ်ယောက်ဖြစ်နေတာ ကိုသိလိုက်ရတဲ့အခါ..။အဲ့ဒီအဖွဲ့ဝင်တွေစိတ်ဝင်စားတဲ့ စွဲလန်းနေတဲ့လိင်ကိစ္စတွေဟာ လည်း တကယ့်ကိုကပ်သီးကပ်သပ်ပေါက်ပေါက်ရှာရှာထူးထူး ဆန်းဆန်းတွေဖြစ်နေလေတော့ ဒီအဖွဲ့ဝင်တစ်သိုက်နဲ့ အူကြောင် ကြောင် အန်ဒီတို့ ဘယ်လိုတလွဲတချော်တွေဖြစ်ကြမလဲ? သူရည် ရွယ်တဲ့ ကောင်မလေးနဲ့ရောအဆင်ပြေနိုင်ပါ့မလားဆိုတာ ဆက် လက်ရှုစားလိုက်ကြပါ။ (supernatural ထဲမှာ Chuck အဖြစ်ပါဝင်ခဲ့တဲ့ Rob Benedict ကလည်း ပါဝင်အားဖြည့်ထားပါတယ်)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.8 GB) / (830 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Alias Encoder..........SWM
movie
Group Sex (2010)
2010
Transmorphers: Mech Beasts (2023)
Transmorphers: Mech Beasts (2023)  နာမည်ကြည့်လိုက်တာနဲ့ စက်ရုပ်ကားဆိုတာ အထူးတလည်ညွှန်းနေစရာမလိုပါဘူး....။ဇာတ်လမ်းအကျဥ်းကတော့ 2024ခုနှစ်အရောက်မှာ ကမ္ဘာပေါ်ကသက်ရှိတိုင်းကိုသုတ်သင်ပစ်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပရိုဂရမ်ဆွဲထားတဲ့ Z-botsစက်ရုပ်တွေနဲ့လူသားတွေဟာ စစ်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လက်နက်အင်အားမမျှတဲ့လူသားတွေဘက်က အရေးနှိမ့်ခဲ့ပါတယ်...။လူသားတွေဟာ ဒီစက်ရုပ်တွေကိုပြန်တိုက်ခိုက်နိုင်ဖို့၊ဗျူဟာချပြင်ဆင်ဖို့အတွက်ကမ္ဘာ့မျက်နှာပြင်အောက်သို့ ‌‌ရွေ့ပြောင်းနေထိုင်ရင်း ခုခံစစ်သာဆင်နွှဲနေခဲ့ရပါတယ်...။နှစ်၃၀၀ကြာသွားပြီးနောက်မှာတော့ လူသားတွေဟာ ဇီဘော့တွေကို အနိုင်တိုက်နိုင်ပြီးကမ္ဘာ့မြေမျက်နှာပြင်ကို ပြန်တက်လာနိုင်ခဲ့ပါပြီ....။ဇာတ်လမ်းက အခုမှစမှာပါ....။ကံဆိုးချင်တော့ လူသားတွေရဲ့အနိုင်ဟာ တကယ့်အောင်ပွဲအစစ်မဟုတ်ခဲ့ဘဲစက်ရုပ်တွေရဲ့လှည့်ကွက်ဖြစ်နေခဲ့ပါတယ်....။ဒီလိုနဲ့ လူသားတွေနဲ့ စက်ရုပ်တွေရဲ့စစ်ပွဲကြီးဟာ နောက်တစ်ကျော့ပြန်လာခဲ့တဲ့အခါ.....။  File size…1.47GB / 743MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 25m Genre ….. Action , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Transmorphers: Mech Beasts (2023)
One Day (2011) 7
One Day (2011) One Day (2011)~ IMDb rating - 7/10 ~One Day ကို တော်တော်ရိုမန့်တစ်ဆန်တဲ့ရုပ်ရှင်လို့ ပြောရင် ယုံချင်မှလည်း ယုံကြမယ်။ ဘယ်နားက ရိုမန့်တစ်ဆန်နေတာလဲလို့ ထမေးချင်စရာလည်း ဖြစ်ကောင်းဖြစ်သွားမယ်။ One Day ကိုယ်တိုင်ကလည်း ရိုမန့်တစ်ကို မရမကဖော်ကျူးထားတဲ့ ရိုမန့်တစ်ကားမျိုးမဟုတ်ဘူး။ ဘဝနှစ်ခုရဲ့ အစ အနိမ့် အမြင့်အတက်အကျတွေကြားက လူ၂ယောက်ရဲ့ ဆက်ဆံရေးကိုပဲ ပိုအသားပေးပြသွားတယ်။ ဒါကြောင့်ပဲ One Day ဟာ ပိုရိုမန့်တစ်ဆန်သွားခဲ့တာပဲ။ ဘာလို့ဆို One Day ဟာ လက်တွေ့နဲ့အနီးစပ်ဆုံး ရိုမန့်တစ်ကားမို့ပါပဲ။ ပါရီမှာ လက်ထပ်ခွင့်တောင်းတဲ့ ရိုမန့်ခန်းမျိုး ခင်ဗျားဘဝမှာ ကြုံလာရဖို့ မရှိနိုင်ပေမဲ့ လွဲချော်မှုများစွာ ဝေးကွာခြင်းတွေနဲ့ အချစ်တွေကတော့ ကျိန်းသေပေါက်ရှိနေခဲ့မှာပဲ။ One Day ဟာ ထိုနည်း၎င်း အချစ်တွေအကြောင်းပေါ့။သက္ကရာဇ် နှစ်လတွေမှာ မြင်နိုင်ဆဲအချစ်တွေဟာ အိပ်မက်တစ်ခုထဲ ...
movie
One Day (2011)
2011
Hit & Run (2012) 6.1
Hit & Run (2012) Dax Shepard ကိုယ်တိုင်ရေးထားတဲ့ action & comedy film ဖြစ်ပြီး သူနဲ့သူ့အမျိုးသမီး Kristen Bell တို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ် ဇာတ်ကားထဲမှာပါတဲ့ ကားတော်တော်များများကလည်း Dax ကိုယ်တိုင်စုဆောင်းထားတဲ့ကားတွေဖြစ်ပြီး ဘတ်ဂျက်နည်းနည်းနဲ့ရိုက်ထားရတာဖြစ်လို့ကားပြိုင်မောင်းရတဲ့စတန့်ခန်းတွေကိုလည်းသရုပ်ဆောင်တွေကိုယ်တိုင်မောင်းပြီးရိုက်ကူးထားတာပါတဲ့_ဇာတ်လမ်းထဲမှာတော့ Dax ဟာလွန်ခဲ့တဲ့လေးနှစ်ကဘဏ်ဓားပြမှုတစ်ခုရဲ့မျက်မြင်သက်သေအဖြစ်သက်သေကာကွယ်စောင့်ရှောက်မှုကိုခံနေရတဲ့သူပါ Kristen ကတော့ Dax ရဲ့တွဲတာမကြာသေးတဲ့ Annie ဆိုတဲ့ကောင်မလေးဖြစ်ပြီး Annie တစ်ယောက်အလုပ်အသစ်မှာအင်တာဗျူးဖို့အ‌တွက်သူတို့နှစ်ယောက်လော့စ်အိန်ဂျလစ်မြို့ကိုသွားရဖို့အကြောင်းဖန်လာပါတော့တယ် Dax ကသူအသတ်ပါခံရနိုင်တဲ့နေရာမို့မသွားဖို့ဆုံးဖြတ်ထားပေမဲ့ Annieကြောင့်အရဲစွန့်ခဲ့ရာကနေ သူ့ရဲ့ရန်သူတွေနဲ့ရင်ဆိုင်ရပါတော့တယ် သူတို့နှစ်ယောက် ရန်သူတွေလက်ထဲကနေဘယ်လိုထွက်ပြေးကြမလဲ၊ လော့စ်အိန်ဂျလစ်ကို‌ရော အင်တာဗျူးအမှီရောက်နိုင်ပါ့မလား ဆိုတာကိုဟာသနှောထားတဲ့အက်ရှင်ဇာတ်ကွက်လေးတွေနဲ့ကြည့်ရှုရမှာပါ File size…(1.7 GB)/(990 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie
Hit & Run (2012)
True Lies(1994) 7.2
True Lies(1994) True Lies(1994)*************** Harry Tasker ဆိုတာက ချစ်ဇနီး Helen ရဲ့ အိမ်ဦးနတ် .......သမီးလေး Dana ရဲ့ ချစ်ဖေဖေ... ဝါရှင်တန်ဒီစီ ရဲ့ တစ်နေရာ ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်တဲ့ ကွန်ပြူတာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ အရောင်းကိုယ်စားလှယ်တစ်ဦး... ဒါကတော့ လူတွေသိထားတဲ့ Harry Tasker အကြောင်းပါ... အမှန်ကတော့.... Harry ဟာ United State ကို ခြိမ်းခြောက်လာတဲ့ အန္တရာယ်တွေကို နှိမ်နင်းပေးရတဲ့ လျို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ အေးဂျင့်တစ်ဦးပါ... Harry ဟာ အေးဂျင့်တစ်ဦးဖြစ်နေတော့ ဇနီးကို ဂရုစိုက်ချိန်မရ.. . ဇနီးဖြစ်သူ Helen ကလဲ ကြာတော့ အထီးကျန်ပြီး Simon လို့ခေါ်တဲ့ ကားအရောင်းဝန်ထမ်းတစ်ဦးနဲ့ ပတ်သက်ပါတော့တယ်.. .ဒါကို ရိပ်မိတဲ့ Harry က ဇနီး နဲ့ ပတ်သက်နေတဲ့ ယောကျာ်းကို စောင့်ကြည့်ဖို့ အဖွဲ့အစည်းရဲ့ လျို့ဝှက်ကိရိယာကို အသုံးပြုခဲ့ပါတယ်.. . ဇနီးအပူမိနေတုန်းမှာဘဲ US ကို ခြိမ်းခြောက်လာတဲ့ ပြဿနာကြီးပေါ်လာပါတော့တယ်...  ပြသနာအားလုံးကို အာနိုးကြီးဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး File Size…(3.4GB)(1.7GB)&(409MB) Quality…BluRay ...
movie
True Lies(1994)
1994
The Good Witch of Christmas (2022) 4.6
The Good Witch of Christmas (2022) The Good Witch Of Christmas (2022) ==========================ကဲ အားလုံးပဲ ခရစ်စမတ်အချိန်အခါကို ရောက်ရှိလာပြီဆိုတော့ အိမ်မှာ ကလေးတွေနဲ့အတူတူ အနားယူရင်း ကြည့်လို့ရမယ့် ခရစ် စမတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ခရစ်စမတ်ကာလရဲ့ နာမည်ကျော်သူခိုးကြီးတွေဖြစ်တဲ့ ဖရန့်ခ်နဲ့ တိုနီတို့ နှစ်ယောက်တို့ဟာ ဖရန့်ခ်ရဲ့ ညီဖြစ်သူက မွေးတဲ့ လီယမ်နဲ့ အိုလစ် ဗီယာဆိုတဲ့ ကလေးနှစ်ယောက်ကို ထိန်းပေးဖို့ရာ အကြောင်းဖန်လာ ပါတယ်။ဆန်တာကလော့စ်နဲ့ ခရစ်စမတ်လက်ဆောင်တွေကို အရမ်းယုံကြည်တဲ့ အိုလစ်ဗီယာနဲ့ ခရစ်စမတ်ကို အယုံအကြည်မရှိတဲ့ လီယမ်တို့ဆီ ဆန်တာရဲ့ နတ်သူငယ်တစ်ပါးဖြစ်တဲ့ အမျိုးသမီးတစ်ယောက် ရောက်ရှိလာပြီး၊သူတို့ရဲ့ မိဘတွေဆီကိုတော့ ဆန်တာကလော့စ်က ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိသွားတဲ့အခါမှာ... ခရစ်စမတ်ကာလတိုင်း မရိုးနိုင်တဲ့ မိသားစုဇာတ်လမ်းလေးကို ရယ်ရွှင်ဖွယ်ရာ များနဲ့အတူ ကြည့်ရှုရဦးမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe  ဖြစ်ပါတယ်)File Size..........(1.3 GB) / (600 MB) / (311 MB) Quality............WEB-RIP 1080p / 720p / 360p Duration.........1Hr 27mins Subtitle...........Myanmar ...
movie
The Good Witch of Christmas (2022)
2022
Freddy’s Dead: The Final Nightmare (1991) 4.1
Freddy’s Dead: The Final Nightmare (1991) Freddy's Dead: The Final Nightmare (1991) တစ် နှစ်... ဖရက်ဒီ မင်းဆီလာတဲ့အဖြစ် သုံး လေး... မဝင်နိုင်အောင် တံခါးပိတ်ပေး ငါး ခြောက်... လက်ဝါးကပ်တိုင် ပြေးပြီးကောက် ခုနှစ် ရှစ်... ညနက်တဲ့ထိ မအိပ်ဖြစ် ကိုး တစ်ဆယ်... မအိပ်ဖြစ်အောင် ကြိုးစားကွယ်ဒီကဗျာလေးကို ကောင်မလေးတစ်သိုက် ကြိုးခုန်ရင်း ဆိုနေကြပြီဆိုရင် မိတ်ဆွေရဲ့ အိပ်မက်ဆိုးကနေ နိုးထဖို့ အစွမ်းကုန် ကြိုးစားပါ။ Freddy ရဲ့ Razor Gloves (လက်အိတ်ဓား) ကတော့ သွေးဆာနေပါပြီ။ မကြာခင်မှာ မိတ်ဆွေရဲ့ အိပ်မက်ဆိုးကနေ ထာဝရ နိုးထလာခွင့်မရှိတော့တဲ့ အဖြစ်ဆိုးကြီး ရောက်လာတော့မှာ မလို့ပါ။အခု Part 5 Freddy's Dead: The Final Nightmare ဇာတ်ကားမှာတော့ Freddy ကို Supernatural Spiritual Murderer (သဘာဝလွန် ဝိညာဉ်လူသတ်သမားကြီး) အဖြစ် ဘယ်အရာတွေက ပုံသွင်းခဲ့တယ် ဆိုတာကို သိရှိရပါတော့မယ်။ ဇာတ်ကားရဲ့ ...
movie
Freddy’s Dead: The Final Nightmare (1991)
1991
Christmas Thieves (2021) 5.1
Christmas Thieves (2021) Christmas Thieves (2021)=====================ကဲ ခရစ်စမတ်ကာလကို နီးကပ်စပြုလာပြီဆိုတော့ ခရစ်စမတ်အငွေ့အသက်လေးတွေ ဖုံးလွှမ်းနေတဲ့ Christmas Thieves ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးပါရစေ။ဖရန့် နဲ့ ဗင့်စ်တို့ကတော့ စိတ်တူကိုယ်တူ ခိုးလည်း အတူတူ ခိုးတဲ့သူငယ်ချင်းတွေပါ သူတို့နှစ်​ယောက်ဟာ ခိုးမှုကြောင့် ဖမ်းခံနေရပေမဲ့လည်းဆက်ခိုးနေတုန်းပါပဲ ခရစ္စမတ်အကြိုနေ့မှာတောင် ခိုးတဲ့ ဒီသူခိုးနှစ်ကောင်က အချက်ပေးသံမြည်လာတဲ့အတွက်ကြောင့် ရဲလက်က ထွက်ပြေးရင်းနဲ့၈နှစ်အရွယ်လီယမ်နဲ့၄နှစ်အရွယ် အိုလီဗီယာတို့အိမ်ကို ရောက်သွားပါတယ် ဖြစ်ချင်တော့ အိုလီဗီယာတို့အမေက ရဲအရာရှိဖြစ်ပြီး ငတက်​ပြားနှစ်ယောက်ကိုဖမ်းဖို့အတွက် သူတို့ကို ကလေးထိန်းခေါ်ပေးပြီးထားခဲ့တာပါ။ အ​ပြင်မှာသူတို့ကိုဖမ်းချင်တဲ့ရဲတွေလက်က လွှတ်ဖို့အတွက် ဖရန့်နဲ့ဗင့်စ်တို့ နှစ်ယောက်လည်းကလေးထိန်းလိုမျိုးဟန်ဆောင်ဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ဖရန့် နဲ့ ဗင့်စ်တို့နှစ်ယောက် ရဲလက်က လွတ်အောင်ပြေးနိုင်မှာလား မြုပ်ကွက်လေးတခုလည်းပါပြီးတော့ စိတ်ဝင်စားစရာကောင်းတာမို့လို့ ပရိသတ်အားလုံး မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်မဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe Pyae မှ ရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Shwe Pyae, ...
movie
Christmas Thieves (2021)
2021
Austin Powers: International Man of Mystery(1997) 7.0
Austin Powers: International Man of Mystery(1997) Austin Powers: International Man of Mystery(1997)***************************************************IMDb 7/10 Rotten Tomatoes 71% Commonsensemedia 3/5James Bondကားတွေကို ပြောင်တဲ့ရုပ်ရှင်တွေ၊ ဟာသကားတွေ (ဥပမာ Mr.Beanရဲ့Johny Englishလိုကားမျိုး)အများကြီးထွက်ဖူးပေမယ့်ဒဲ့ကြီးပြောင်ထားတဲ့ကားဆိုလို့ Austin Powers Trilogyပဲ ရှိမယ်ထင်ပါတယ်။ဘယ်လောက်တောင် ဒဲ့ကစ်ထားလဲဆိုရင် ဘွန်းရုပ်ရှင်တွေထဲမှာ နာမည်အကြီးဆုံးဘွန်းရဲ့ရန်သူတော်ကြီးဖြစ်တဲ့Ernst Stavro Blofeld (You Only Live Twice [1967])ကို Dr.Evilဆိုပြီး ဒဲ့ကစ်တာမျိုး။ကစ်တာဘယ်လောက်အထိလဲဆိုရင် Ernst Stavro Blofledရဲ့ထုံးစံအတိုင်း မီးခိုးရောင်ဝတ်စုံကိုဝတ်ပြီးကြောင်ပိုက်ထားတဲ့ဂတုံးပုံစံနဲ့မျက်လုံးမှာ အမာရွတ်ရှိတဲ့ပုံစံအတိုင်း Dr.Evilကလိုက်ဝတ်တာမျိုး၊ဘွန်းဇာတ်ကားထဲမှာ လူဆိုးOddjoဟာ ဦးထုပ်နဲ့တိုက်ခိုက်တာကို ပြောင်ထားတဲ့အနေနဲ့ဒီကားထဲမှာလည်း Random Taskဆိုတဲ့လူဆိုးဟာဖိနပ်နဲ့တိုက်ခိုက်တတ်တဲ့ပုံပြပြီး ဒဲ့ကစ်တာမျိုး၊ ဘွန်းဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တယ်ဆိုတာ ရုပ်ဖြောင့်လို့အပြင်ယောက်ျားပီပီသသရင်ဘတ်မွှေးရှိပြီး ဆွဲဆောင်မှုရှိတာကိုပြောင်တဲ့အနေနဲ့ရင်ဘတ်မွှေးတင်မက ခန္ဓာကိုယ်ရှေ ့ဘက်ခြမ်းတစ်ခုလုံးမျောက်တစ်ကောင်လိုအမွှေးတွေရှိတယ်ဆိုပြီး ပြထားတာမျိုးနဲ့ဒဲ့တွေကစ်ထားတဲ့ကားတွေပါ။အဲ့လိုဒဲ့ကစ်လွန်းလို့လည်း ဂျိန်းဘွန်းမင်းသားကြီး Danial Craigဟာဂျိန်းဘွန်းကားတွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေထားတာရှိပါတယ်။ဂျိန်းဘွန်းဇာတ်ကားတွေကိုပြောင်ထားတဲ့ Austin Powersဇာတ်ကားတွေ အရမ်းအောင်မြင်ခဲ့တာကြောင့်ဂျိန်းဘွန်းဇာတ်ကားတွေကိုထုတ်လုပ်တဲ့ရုပ်ရှင်ကုမ္ပဏီဟာ အရင်လိုစော်ကြည်ဘဲကြီး လက်နက်အဆန်းတွေသုံးပြီးလူဆိုးကိုအနိုင်ယူလေသတည်းဆိုတဲ့ဇာတ်လမ်းမျိုးကို ...
movie
Austin Powers: International Man of Mystery(1997)
HEVC 1080p 5.1
1 Interrogation (2020) 7.5
movie
1 Interrogation (2020)
2020
3 Days with Dad (2019) N/A
3 Days with Dad (2019) အက်ဒီမေးလ်တစ်ယောက် သူ့အဖေရဲ့ နောက်ဆုံးအချိန်လေးကို သူကိုယ်တိုင်ပြုစုပေးချင်တာကြောင့် သူ့အိမ်ရှိရာ နယ်မြိုကလေးကိုပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ဘာသာရေးကိုအယုံအကြည်မရှိတဲ့ တစ်ကိုယ်တည်းသမားအက်ဒီအတွက် သူ့ရဲ့အမျိုးစုံလှတဲ့မိသားစုတွေကြားထဲမှာ ရောက်ရာနေရာမှာပဲ ဇာတ်လိုက်ကရပါတော့တယ်။ သားတစ်ယောက်ကိုဖြစ်ထွန်းစေချင်တဲ့အဖေနဲ့ ဘာမှကိုရည်မှန်းချက်မထားပဲ ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းချင်တဲ့ အက်ဒီတို့ ဘဝရဲ့နောက်ဆုံးအချိန်တွေကိုဘယ်လိုကုန်ဆုံးသွားခဲ့ရတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီတစ်ခေါက်သူ့ရဲ့အိမ်အပြန်လမ်းမှာ သူ့ဘဝကိုလုံးဝပြောင်းလဲပေးနိုင်တဲ့အကြောင်းအရာတစ်ခုနဲ့ လဲတွေ့ဆုံခဲ့ရပါတော့တယ်။File size…(1.3 GB) and (670 MB) Quality…1080p WEB-DL.5.1 H264 FGT Format…mp4 Duration…1h 34min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Charm
movie
3 Days with Dad (2019)
2017
Cradle 2 the Grave (2003) 5.8
Cradle 2 the Grave (2003) Cradle 2 the Grave (2003)______IMDb - 5.8/102003 က ထွက်ရှိခဲ့တဲ့ Cradle 2 the Grave ဇာတ်ကားမှာ မင်းသားကြီး ဂျက်လီ နဲ့အတူ ပါရာနာဝေးလို့ ပရိတ်သတ်တွေ သိကြတဲ့ Mark Dacascos တို့အတူတွဲဖက်သရုပ်ဆောင်ထားပါတယ် IMDb 5.8  ရရှိထားပြီး Action ကားကောင်းကောင်းကြည့်လိုသူ တွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့.. ကျွမ်းကျင်သူခိုးအဖွဲ့တစ်ဖွဲ့က အဖိုးတန်ကျောက်တုံးလေးကို ခိုးယူမိပြီးသူတို့ထင်သလိုလည်းမဖြစ်လာခဲ့ဘူး..သူတို့လက်ထဲကနေ အဆင့်ဆင့်လုယူချင်နေတဲ့သူတွေကလည်းပေါများနေပါတယ် ဒီကျောက်တုံးအနက်လေးဟာ ဘယ်လိုများတန်ဖိုးရှိနေတာလဲ ပြီးတော့ အဲ့အရာကိုလက်ဝယ်ပိုင်ဆိုင်ထားတဲ့သူခိုးအဖွဲ့ကရော ဘယ်လိုမျိုး အခက်အခဲတွေကြုံမလဲ..ဆိုတာကို တစ်ကားလုံးစွန့်စားခန်း ဖိုက်တင်ခန်းတွေအပြည့် နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဘာသာပြန် နဲ့ အညွှန်းကတော့ Phyo Zaw ဖြစ်ပါတယ်  File Size - 1 GB Quality - Blu-Ray 720p Duration - 01:41:13 Translator - Phyo Zaw Encoder - LK
movie
Cradle 2 the Grave (2003)
2003