Channel Myanmar

Tom Bloom

Swan Song (2021) 7.0
Swan Song (2021) Swan Song 2021 ------------------- Imdb 7.1 Rotten Tomatoe 95%သိပ်မကြာခင်မှ ထွက်ရှိထားတဲ့ ဒီရုပ်ရှင်ကားကတော့အတော်လေး ကောင်းတဲ့ ဒရာမကားထဲ ပါဝင်ပါတယ်.ဆုအနေနဲ့ ၃ဆုရရှိထားပြီး LGBTလူအိုကြီးတစ်ယောက်ရဲ့ဘဝကို ဟာသလေးနည်းနည်းရောပြီး ရင်ထဲရောက်အောင်ပို့နိုင်မယ့် ဇာတ်လမ်းတပုဒ်ဆို မမှားပါဘူး.ကျွန်တော်တို့တွေLGBTလူငယ်ကားအတော်များများကို ကြည့်ရှုခဲ့ကြပြီးပါပြီ.ဒီဇာတ်လမ်းကတော့ အဖိုးအရွယ် LGBTတဦးရဲ့ဘဝကိုဟာသလေးနှောပြီး ကြည့်ရဦးမှာပါ....ဇာတ်လမ်းအကျဉ်း---------------------------------ဘိုးဘွားရိပ်သာမှာ တချိန်တုန်းက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့မိတ်ကပ်ပညာရှင် ပတ်ထရစ်က အခုချိန်မှာတော့အရင်ပျော်စရာအချိန်တွေကို ပြန်လည်တမ်းတရုံသာတမ်းတနိုင်တော့တဲ့ လူအိုကြီးပတ်ထရစ်ဖြစ်နေပါပြီ.တနေ့တော့ သူ့ရဲ့တမ်းတမှုတွေကို လက်တွေ့တဖန်ပြန်ခံစားနိုင်မယ့် အခွင့်အရေးလေးတခုသူရလာခဲ့ပါတယ်, အဲ့ဒါကတော့သူ့အသိရှေ့နေက သတင်းတစ်ခုပြောဖို့ရောက်လာခြင်းကနေ စတင်ပါတယ်.အဲ့ဒီသတင်းကတော့ပတ်ထရစ်ရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်ဖောက်သည်လည်းဖြစ်ခဲ့တဲ့ အမျိုးသမီးဟာဆုံးပါးသွားပြီလို့ပြောပါတယ်။သူ့သေတမ်းစာမှာ သူ့မသာမိတ်ကပ်ကိုပတ်ထရစ်ကိုပဲ ပြင်ခိုင်းရမယ်လို့ရေးခဲ့ပါတယ်။အဲ့ဒါကြောင့်ပတ်ထရစ်ဟာ လက်စွမ်းပြနိုင်ဖို့သူငယ်ချင်းရှိရာမြို့ဆီ ရောက်အောင်သွားရင်းဆုံးရှုံးမှုတွေ အခက်အခဲတွေကြုံရတာကိုဟာသလေးနှောပြီး ကြည့်ရှုရမှာပါ....ပတ်ထရစ်ရဲ့ဘဝကို ဟာသလေးနှောရင်းလေးလေးနက်နက်ခံစားရမယ့် ဇာတ်ကားမျိုးလည်းဖြစ်လို့ကြည့်နေကျမဟုတ်ပဲ ကွဲပြားတဲ့ဇာတ်ကားမျိုးရှာနေရင်၊လေးနက်တဲ့ရသပေးတဲ့ကားမျိုး ကြည့်ချင်နေရင်ဒီကားကိုလက်မလွှတ်လိုက်ဖို့ ပြောချင်ပါတယ်။  File size…1.6GB / 800MB / 400MB Quality…1080p WEBRIP DD+5.1 / 720p / 480p Format…Mp4 Duration….1h 45min Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated ...
movie

Swan Song (2021)

2021
Limitless (2011) 7.4
Limitless (2011) မင်းသား Bradely Cooper နဲ့ မင်းသားကြီး Robert De Niro တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၁ ခုနှစ်ထွက် Limitless ဇာတ်ကားကို မကြည့်ဖူးချင်နေမယ် မသိတဲ့သူတော့မရှိလောက်ပါဘူး။Thriller, Action ဆိုတဲ့အတိုင်း ဇာတ်လမ်းကတော့ Fighting ခန်းများများစားစားမပါဘဲ သွက်သွက်လေးသွားပါတယ်။ဇာတ်လမ်းအကျဉ်းလေးနည်းနည်းလောက်ပြန်ပြောပါမယ်။ပိုက်ဆံကမရှိ ရည်းစားကပစ် အလုပ်ကအဆင်မပြေဖြစ်နေတဲ့ စာရေးဆရာ အက်ဒ်ဝက်မိုရာ အိမ်ခြေရာမဲ့ ပုံပေါက်တဲ့အထိ စုတ်ပြတ်နေလေရဲ့။လမ်းပေါ်မှာ လျှောက်သွားနေရင်း ဆေးရောင်းသမား ယောက်ဖဟောင်းနဲ့ ပြန်တွေ့တယ်။သူက ဆေးလုံးတစ်လုံးပေးတယ် NZT တဲ့။ ဦးနှောက်ရဲ့ ၁၀၀% ကို အသုံးချနိုင်အောင်လုပ်ပေးတဲ့ ဆေးလို့ပြောပြီး ဆေးရောင်းသမားထုံးစံ ပထမတစ်လုံးကို အလကားပေးသွားတယ်။အဲဒီတော့ ဘဝဆုံးပြီးလို့တွက်ထားတဲ့ အက်ဒီ ပေါက်တဲ့နဖူးထူးချင်ထူးလာမှာပဲဆိုပြီး သောက်ကြည့်လိုက်တော့ ညွန်းတဲ့အတိုင်း ဆေးကစွမ်းတာကိုသိလာတယ်။ဆေးနောက်ထပ်ရဖို့အသွား ယောက်ဖဟောင်းက သတ်ခံရပြီး သူကျန်ခဲ့တဲ့ဆေးတွေ ရလာတော့ စိတ်ကြိုက်သုံးပါလေရော။အရင်က စာတစ်လုံးမှ ခေါင်းထဲပေါ်မလာတဲ့ စာရေးဆရာ စာတစ်အုပ်လုံးကို ၄ ရက်နဲ့အပြီးရေးနိုင်လာတယ်။နောက်တော့ ...
movie

Limitless (2011)

2011