Channel Myanmar

Tom Burke

Cleanskin (2012) 6.2
Cleanskin (2012) Clean skinဆိုတာ ယူကေမှာ အကြမ်းဖက်မှုရာဇဝတ်မှုတွေအတွက်အန္တရာယ်ရှိတယ်လို့ သတ်မှတ်ခံထားရခြင်းမရှိတဲ့သူ အပြစ်ကင်းစင်သူတွေကိုသုံးတတ်တဲ့အသုံးပါကျွန်တော်ကတော့ သိုးဖြူလေးတွေလို့ သုံးချင်တယ်ဒီဇာတ်လမ်းကတော့ လန်ဒန်မှာအသေခံဗုံးဖောက်ခွဲခံရမှုတွေဖြစ်လာတဲ့အခါ ဒီကိစ္စအတွက် ဇာတ်လိုက်မင်းသားကတရားမဝင်လိုက်လံစုံစမ်းရတဲ့ ဇာတ်ကားမျိုးပါပဲ ဒါပေမဲ့သာမန်ဇာတ်လမ်းတွေနဲ့ကွဲထွက်နေတာကတော့ ဂျိမ်းစ်ဘွန်းကားတွေလို မင်းသားကအမြဲမှန် ကျင့်ဝတ်တွေနဲ့ညီတဲ့ နိုင်ငံကြီးသားဇာတ်လမ်းမျိုးတွေမဟုတ်ပဲ ဒီကားမှာတော့နှစ်ဖက်လုံးဟာအနိုင်ရဖို့အတွက်ဆို လမ်းမှာပိတ်နေတဲ့သူတွေကို ငဲ့ကွက်ညှာတာ‌နေတာမျိုးမရှိပဲ အကြမ်းပတမ်းချနေကြတဲ့ကားမျိုးပါတိုက်ကွက်တွေဆိုရင်လည်း မင်းသားကကျည်မထိဗုံးမထိဖြစ်နေတာမျိုးမဟုတ်ပဲ လက်တွေ့နဲ့အတော်နီးစပ်တဲ့တိုက်ခန်းခိုက်ခန်းတွေပါ . .အက်ရှင်ဇာတ်ကားဆိုပေမဲ့ သမားရိုးကျလူကြိုက်များမဲ့ဇာတ်လမ်းမျိုးမဟုတ်ပဲ စစ်ပွဲတွေရဲ့အနိဌာရုံတွေလူတွေရဲ့ယုံကြည်မှုတွေ ဘယ်သူမှားလဲဘယ်သူမှန်လဲကိုဝေဝါးမေးခွန်းထုတ်နေရမဲ့ အရာတွေပါတဲ့ဇာတ်အိမ်မျိုးပဲဖြစ်ပါတယ်ဒီဇာတ်ကားကို Lord of the Rings, Games of Thrones စတဲ့ဇာတ်လမ်းတွေရော တခြားနာမည်ကြီးဇာတ်ကားများစွာမှာပါသရုပ်ဆောင်ဖူးတဲ့ မင်းသားကြီး Sean Bean ကသရုပ်ဆောင်ထားပါတယ် File size…1.92GB / 823MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 48m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Cleanskin (2012)

Chéri (2009) 6.1
Chéri (2009) Chéri (2009) ===========IMDb Rating - 6.1/10"အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ" ဒီစကားက လူတိုင်း နီးနီးကြားဖူးတဲ့စကားတစ်ခွန်းပါ။ ရှယ်ရီက ပြည်ကြီးတန်ဆာရဲ့ တစ် ဦးတည်းသောသားဖြစ်တယ်။ နောက်ပြီး ငယ်စဉ်ဘဝကတည်းက မိခင်ကသူ့အနားမှာမရှိပေးခဲ့တဲ့အတွက် ဖြစ်ချင်တိုင်းဖြစ်ပြီး မိန်းမ ပေါင်းစုံနဲ့ပတ်ရှုပ်နေခဲ့တဲ့ ကောင်ဇိုးလေး။ဒါတွေအားလုံးက လီယာဆိုတဲ့ သူ့အမေရဲ့သူငယ်ချင်းရဲ့ အိမ်ကိုမလိုက် သွားခင်အထိပေါ့လေ။ ရှယ်ရီက လီယာ့ကို ငယ်ငယ်‌လေးတည်းက သိပေမဲ့ အခုအရွယ်ရောက်လာပြီး သူ့အိမ်ကိုလိုက်သွားပြီးတဲ့နောက်မှာ တော့ သူတို့နှစ်ယောက်ကြားမှာ မီးပွားလေးတွေပေါ်လာပါတော့တယ်။ အဲ့မီးပွားလေးတွေကနေ မီးတောက်ကြီးတွေဖြစ်သွားမလား ငြိမ်းသွား မလားဆိုတာကို ကြည့်ရှုရမဲ့ အချစ်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KSN ဖြစ်ပါတယ်)File Size..........(1.44 GB) / (550 MB) Quality............BLU-RAY 1080p / 720p Duration........1Hr 26Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator......KSN Encoder..........Admin X
movie

Chéri (2009)

2009
Living (2022) 7.5
Living (2022) Living (2022)~ IMDb - 7.5/10, Rotten Tomatoes - 96% ~ဒီနှစ်ထွက်လာမယ့်ကားတွေထဲ အမျှော်ခဲ့ဆုံးကားက Living ဖြစ်သလို တကယ်ထွက်လာတော့လည်း မျှော်မှန်းထားတာထက်တောင် ပိုကောင်းတယ်လို့ ပြောရမှာပါပဲ။ ဒါဆို ဒီကားကို ဘာလို့မျှော်ရလဲဆိုတဲ့အကြောင်းရင်းက စပြောရမှာပဲ။ ပထမဆုံးအချက်ကတော့ Kazuo Ishiguro ပါ။ သူ့ကို ဒီကလူတော်တော်များများ ရင်းနီးပြီးသားပဲဖြစ်ပါလိမ့်မယ်။ သူက ကျွန်တော်တော်တော်ကြိုက်တဲ့စာအုပ်တွေထဲပါတဲ့ An Artist of the Floating World ခေါ်  မြင့်သန်းဘာသာပြန်တဲ့ " လွင့်မျောနေသော ကမ္ဘာကြီး၏ အနုပညာသည်တစ်ဦး " စာအုပ်ကို ရေးခဲ့တဲ့ စာရေးဆရာလည်းဟုတ်တယ်။ ၂၀၁၇မှာ နိုဘယ်ဆုရထားတဲ့ စာရေးဆရာလည်းဖြစ်သလို သူ့သိပ္ပံစိတ်ကူးယဉ်ဝတ္ထုဖြစ်တဲ့ Never Let Me Go ကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းတာမှာလည်း တော်တော်လေးအောင်မြင်ခဲ့တယ်။ ဒီကားကိုလည်း သူကိုယ်တိုင် ဇာတ်ညွှန်းရေးထားတာပါ။ ...
movie

Living (2022)

2022
The Invisible Woman(2013) 6.2
The Invisible Woman(2013) The Invisible Woman (2013)=======================Charles Dickens (ချားလ်စ် ဒစ်ကန်စ်)ဆိုတာနဲ့ အင်္ဂလန်ဗစ်တိုးရီးယားခေတ်ရဲ့ဂန္တ၀င်စာရေးဆရာကြီးကိုမြင်မိကြမှာပါပဲ။သူ့ရဲ့၀တ္ထု ပြဇာတ်တွေ ဇာတ်ကောင်တွေဟာအသက်၀င်လွန်းလှပလွန်းလို့ကိုပဲအင်္ဂလိပ်စာ‌ပေလောကမှာယခုချိန်ထိ ချီးကျုးခံနေရဆဲပါ။ဒါကတော့ ချားလ်စ်ရဲ့ဘ၀ထဲကိုဝင်ရောက်လာခဲ့တဲ့ အယ်လန် တာနန်ဆိုတဲ့တက်သစ်စပြဇာတ်မင်းသမီးလေးတယောက်နဲ့သူ့ရဲ့အကြောင်းပေါ့လှလည်းလှ သူ့ရဲ့ကမ္ဘာကြီးပေါ်အမြင်ကိုလည်းမြင်တာသာမကသူ့အပေါ်ကိုလည်းသူမတူ‌အောင်မြင်နိုင်သလို သူ့ရဲ့စာအုပ်တွေကိုလည်းချစ်တဲ့ဒီကောင်မလေးကိုမှသူကချစ်မိသွားပြီ။ မပျော်ရွှင်ရတဲ့အိမ်ထောင်ရှိပြီးသားချားလ်စ်အတွက်ကတော့ ဒီကောင်မလေးနဲ့ပေါင်းစပ်ရဖို့ဆိုတာသူ့ရဲ့၀တ္ထုတွေထဲကလိုမျိုးပဲ အတားအဆီးတွေ အစဉ်အလာတွေပတ်၀န်းကျင်ကအနှောင့်အယှက်တွေပေါများလွန်းလှပါတယ်။ချားလ်စ်က်ုလည်းတစစနဲ့ချစ်မိသွားတဲ့အယ်လန် တဖြစ်လဲ နယ်လီကလည်းဒီလိုလူမျိုးကိုမှချစ်မိသွားပြီ။ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းတပုဒ်ဟာဘာတွေဆက်ဖြစ်လာမှာလဲ။ ၀တ္ထုတွေထဲကလိုပဲ အပြင်မှာရောအချစ်ဆိုတာကသိမ်မွေ့နူးညံ့နေမှာလား ခက်ခဲကြမ်းတမ်းနေရမှာလား။သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းဟာအဆုံးမှာဘယ်လိုနိဂုံးချုပ်မလဲဆိုတာကိုဒီ classical အချစ်ဒရာမာကား‌လေးမှာခံစားကြည့်ရှုပေးကြပါဦးခင်ဗျာ။ File size…1.11GB / 413MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 51m Genre ..... Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

The Invisible Woman(2013)

The Wonder (2022) 6.7
The Wonder (2022) The Wonder(2022) =============== IMDb Rating - 6.7/10ဒီတစ်ခါမှာတော့ Little Women ထဲကမင်းသမီး Florence Pugh ပါဝင်ထားတဲ့ The Wonder ဆိုတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ အချိန်ကတော့ ၁၈၆၂ခုနှစ်ကာလကို အခြေတည်ထားပါတယ်။ မစ္စစ်ရွိုက် ဆိုတဲ့ အင်္ဂလန်က ကျွမ်းကျင်သူနာပြုတစ်ယောက်ဟာ အိုင်ယာလန်ရွာငယ် လေးတစ်ရွာကို အလုပ်ကိစ္စနဲ့လာခဲ့ပါတယ်။ဟ...သူနာပြုပဲ အလုပ်ကိစ္စပါဆိုနေမှ ဆေးကုဖို့ပေါ့လို့ထင်ရင်တော့ နည်းနည်းလွဲပါတယ်။ တကယ်က ကောင်မလေးတစ်ယောက်ကို စောင့်ကြည့် ပေးဖို့ ရွာကကော်မတီဝင်‌တွေက ခေါ်တာပါ။  အဲ့ကောင်မလေးက အစာမစားဘဲ အသက်ရှင်နေနိုင်ပါတယ်။ ဆိုတော့ ရွာမှာ သူ့ကိုလာကြည့်တဲ့လူတွေကြောင့် ရွာလူကြီးတွေက စိတ်ရှုပ်ရလို့ ကျွမ်းကျင်သူနာပြုဖြစ်တဲ့ မစ္စစ်ရွိုက်ရယ်နဲ့ ဝါရင့် သီလရှင်တစ်ပါးရယ်ကိုခေါပြီး ကောင်မလေးကို စောင့်ကြည့်ခိုင်းတာပါ။ စောင့်ကြည့်ကာလကတော့ နှစ်ပတ်ပါ။မစ္စစ်ရွိုက်တစ်ယောက် နှစ်ပတ်အတွင်း ကောင်မလေးကိုစောင့်ကြည့်ရင်း ဘာတွေကြုံတွေ့ရမလဲ။ ကောင်မလေးကရော တကယ်အစာမစားတာ ဟုတ်ရဲ့ လား။ တကယ်မစားဘူးဆိုရင် သူဘယ်လိုအသက်ရှင်နေနိုင်တာလဲ။ နောက်ဆုံး ရွာကော်မတီဝင်တွေက ဘယ်လိုဆုံးဖြတ်ချက်ချမလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zinမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size..........(1.95 ...
movie

The Wonder (2022)

2022
The Souvenir: Part II (2021) 7.3
The Souvenir: Part II (2021) The Souvenir: Part II (2022) =============================2019 ခုနှစ်က ထွက်ရှိထားတဲ့ Souvenir ဇာတ်ကားရဲ့အဆက် Souvenir Part II (2021) ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။Rotten Tomatoes 92%၊ IMDb 7.4 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမို့ ရုပ်ရှင်ချစ်သူများအနေနဲ့ အချိန်ပေးကြည့်ရှု့ပါက အချိန်ကုန်ရကျိုး နပ်စေမှာပါ။ ဒီတစ်ကားကို ကြည့်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဒါ‌ပေမဲ့ ဇာတ်ကောင်တွေကို ပိုပြီး ရင်းနှီးချင်တယ်ဆိုရင်တော့ Souvenir (2019) ကို အရင်ကြည့်ဖို့အတွက် Recommend ပေးလိုပါတယ်။Part 1 >>> Click Hereဂျူလီဟာ သူ့ချစ်သူ အန်တိုနီ ဆေးလွန်ပြီး သေဆုံးမှုအတွက် ဝမ်းနည်း ပက်လက်ဖြစ်နေတုန်းပါပဲ။ ဂျူလီမှာ သူ့မိဘဖြစ်သူ အိမ်မှာ ဆက်လက် နေနိုင်နေခဲ့ပါတယ်။ သို့သော် ဂျူလီဟာ အန်တိုနီ တစ်ယောက် မသေဆုံးခင် နောက်ဆုံးအချိန်တွေမှာ ဘယ်လိုတွေ ကြုံတွေ့ခဲ့ရလဲ၊ ခံစားခဲ့ရလဲဆိုတာကို အန်တိုနီရဲ့ မိဘဖြစ်သူတွေ၊ မိတ်ဆွေတွေထံ လိုက်လံပြီး စုံစမ်းနေခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဘွဲ့ယူဖို့အတွက် ရုပ်ရှင်ရိုက်ကူးမှုပြုလုပ်နေရပါသေးတယ်။ ဂျူလီဟာ ...
movie

The Souvenir: Part II (2021)

Mank (2020) 7.4
Mank (2020) Mank (2020)============IMDb Rating - 7.4/10#Unicodeမနှစ်ကတင် Tarantinoက ဟိုးအရင် ဟောလိဝုဒ်ကို တမ်းတတဲ့ရုပ်ရှင်တစ်ကား ထွက်ထားပါတယ်။ ဒီနှစ်တော့ David Fincher အလှည့်ပါပဲ။ Mankရဲ့ ဒါရိုက်တာ David Fincherကိုတော့ အတော်များများသိကြမှာပါ။FightClub , Gone Girl, Seven, Zodiacတို့လို နာမည်ကျော်ကားတွေနဲ့ နာမည်ကျော်ပါတယ်။ အခု Mankရဲ့ ဇာတ်ညွှန်းကိုရေးထားတာက သူ့အဖေ Jack Fincherပါ။ ဒီရုပ်ရှင်ကို Jackဟာ သူ့အရင်ရွှေခေတ်ကိုတမ်းတသမှုနဲ့ 1990ကတည်းကစ ဇာတ်ညွှန်းရေးခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။လွန်ခဲ့တဲ့နှစ်သုံးဆယ်က မြစ်ဖျားခံတဲ့ ဟောလိဝုဒ်ရွှေခေတ်တမ်းတမှုဟာ နောက်ထပ်ခေတ်တစ်ဆက်ခြားပြီးတဲ့ ဟောလိဝုဒ်ရဲ့ခေတ်မဟုတ်တော့တဲ့ခေတ်မှာ ထွက်လာခဲ့ပါပြီ။ဇာတ်အိမ်ရော ‌ဇာတ်လမ်းနာမည်ရောက လူတစ်ယောက်တည်းပေါ်ပဲ အခြေပြုထား တယ်။ အဲ့ဒီလူက ဇာတ်ညွှန်းရေးဆရာ မန့်ခ်ပါ။ သူအကြောင်းဆိုတာက သူလုပ်ခဲ့တဲ့ ရုပ်ရှင် ကုမ္ပဏီအကြောင်း၊ သူအော်စကာရခဲ့တဲ့ ဇာတ်ညွှန်းကိုရေးခဲ့တဲ့အကြောင်းတွေ။ တစ်ချိန်လုံးဘာမှမလုပ်ဘဲ ဥက္ကဌတောင်းကာမှ နှုတ်တန်းဇာတ်ညွှန်းတစ်ခုကို တစ်ယောက် တစ်ကြောင်းကောက်ရေးကြတာတဲ့ အကြောင်းတွေ။ဟောလိဝုဒ်လောကက သူဌေးတွေနဲ့ သူတို့လိုဇာတ်ညွှန်းရေးဆရာတွေရဲ့ ဆက်ဆံရေးတွေပါပဲ။။ဇာတ်ကားက အေးပေမယ့်လည်း ဒီအခန်းတွေက တကယ်အားရစရပါပဲ။အေးစက်တဲ့ရုပ်ရှင်ပေမယ့် ရုပ်ရှင်က အချိန်အစဉ်လိုက်မဖြစ်တော့ သူ့ဘ၀ကို ကျွန်တော့်တို့အတွေးထဲမှာ ပုံပြန်ဖမ်းယူရတဲ့ အလုပ်ကို ဒါရိုက်တာက ပေးထားတယ်။ တစ်ခုရှိတာက ဒီအစဉ်လိုက် ဖြစ်‌မနေမှုအတွက် ဇာတ်ညွှန်းကို သူတော်တော်နိုင်ပါတယ်။ မန့်ခ်ရဲ့ ခါးသက်တဲ့ နေ့တွေကို ကနဦးမှာကတည်းက ထည့်သွင်းထားပေမယ့် ခါးသက်တယ်မထင်ရအောင် သေချာထည့်ထားတာပါပဲ။ အမှတ်မထင်ထည့်ထားတဲ့ တစ်ချို့ဟာသတွေကလည်း ခိုးခနဲခွက်ခနဲရယ်ရနေတာမဟုတ်ပေမဲ့ ဖြစ်တတ်တဲ့သဘာ၀လေးကိုပဲ သဘောကျမိစေတာမျိုးတွေပါ။ရုပ်ရှင်ဓာတ်ပုံပညာကလည်း ကျွန်တော်ဆို leaked photoတွေ ထွက်လာကတည်းက သဘောကျမိတာတွေတောင်ရှိတော့ အထွေအထူးပြောစရာမလိုပါဘူး။ ဂန္တ၀င်ရုပ်ရှင်ကားတွေများစွာကို ထုတ်ပေးခဲ့တဲ့ ဟောလိဝုဒ်ရဲ့ ရွှေရောင်အတိတ်နေ့တွေကိုရော ဂန္တ၀င်ကားတစ်ကားကို ဇာတ်ညွှန်း ဖန်တီးခဲ့ပုံကိုရော Mankမှာ သေချာပုံဖော်ပေးသွားပါတယ်။ရုပ်ရှင်ထဲက မန့်ခ်ကတော့ လူတစ်ယောက်ရဲ့ ဘ၀တစ်သက်တာကို ၂နာရီဆိုတဲ့အချိန်အတွင်းမှာ အမိအရရိုက်ပြလို့မရဘဲ အဲ့ဒီလူရဲ့ ခံစားမှုသွင်ပြင်တစ်ခု ထင်ကျန်နေအောင်ပဲလုပ်ပြလို့ရမယ်ဆိုတယ်။ ဒါဆိုရင်‌တော့ Grey Oldmanရော David နဲ့ ...
movie

Mank (2020)

2020
The Souvenir(2019) 6.8
The Souvenir(2019) The Souvenir(2019)IMDb.....6.8Souvenir (2019) ဒီဇာတကွားလေးက ဇာတကွားရဲ့ပဲ့ကိုငရွှငွ Joanna Hogg ရဲ့ရုပရွှငအွကယဒွမီကှောငွးမှာ ကှုံခဲ့ရတဲ့ တကယွ့အဖှဈ တခှို့ကို ထညွ့သှငွးရိုကကွူးထားတဲ့တစိတတွပိုငွး စိတကွူးယဉရွုပရွှငွ ဒရာမာကားလေး ဖှဈပါတယွ အဓိက ဇာတဆွောငတွှကေTom Burke ၊ Honor Swinton နဲ့ Tilda Swinton တို့ ဖှဈကှပါတယွ Honor Swinton နဲ့ Tilda Swinton တို့ဟာတကယွ့သားအမိတှေ ဖှဈကှသလို ဒီကားထဲမှာလညွး သမီးနဲ့အမနရေောက သရုပဆွောငထွားတာပါ ဇာတလွမွးကို၁၉၈၀ ကှောွ ခုနှဈမှားဆီ ဇာတအွိမတွညထွားပှီး ဖလငအွကယဒွမီကိုရောကလွာတဲ့ ဂှူလီဆိုတဲ့ အမှိုးသမီးလေးဟာ ဆနွးဒါးလနွးမှို့ကအမကေိုသိပခွစှတွဲ့ ကောငလွေးတယောကအွကှောငွး ရုပရွှငဖွနတွီးခငှခွဲ့တာပါ...အဲလိုနဲ့ အနတွိုနီဆိုတဲ့ အမှိုးသားတယောကနွဲ့တှေ့ခဲ့ပှီး အနတွိုနီဟာ သိပကွို လှှို့ဝှကလွှနွးသူပါသူ့အပှောအရတော့ သူဟာ နိုငငွံခှားရေးရုံးမှာ အလုပလွုပသွူပါတဲ့ တောကွီတပေါကကွလညွးအတောကွောငွးတဲ့ ဘဲလေးတပှေ ဆိုတော့ အားလုံးကလညွး ယုံပါတယွ ဒါပမယွေ့ ...
movie

The Souvenir(2019)

2019