Channel Myanmar

Tom Savini

Friday the 13th: The Final Chapter (1984) 6
Friday the 13th: The Final Chapter (1984) Friday the 13th: The Final Chapter (1984)အပွဲပွဲနွှဲခဲ့တဲ့ ဂျေဆင်ဟာ ခု လေးကားမြောက်မှာတော့ ထင်မထားတဲ့သူလက်ချက်နဲ့ မရှုမလှ အသက်ထွက်ခဲ့ရပါတယ်။တတိယကားမှာ ခရစ် လက်ချက်နဲ့ သေခဲ့ရသူ ဂျေဆင်ကို ရဲတွေက အခင်းဖြစ်ရာမှာ သေဆုံးခဲ့သူအဖြစ် ရင်ခွဲရုံကို ပို့လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ပြန်လာနေလေ့ရှိတဲ့ ဂျေဆင်က အအေးခန်းသေတ္တာထဲကနေ နိုးထလာပြီး ဝန်ထမ်းကိုသတ်ဖြတ်လို့ သူ့ရဲ့ ဘူမိဇာတိ ခရစ်စတယ်ရေကန်စခန်းကိုပဲ ပြန်သွားပါတယ်။ဒီတော့ မောင်နှ‌မလေး နှစ်ယောက်ရယ် အမေရယ်၊ စခန်းလာချတဲ့လူငယ်တစ်အုပ်ရယ်နဲ့ ရေကန်တဝိုက်က စည်ကားလာပြန်တော့ ဂျေဆင်တစ်ယောက် အလုပ်ရှုပ်ရပြန်တာပေါ့။တစ်ယောက်ပြီးတစ်ယောက် လှလှပပနဲ့ စနစ်တကျ သတ်ဖြတ်တတ်တဲ့ ဂျေဆင်ကို ကလေးအရွယ် တွန်မီရယ်၊ သူ့အစ်မရယ်၊ အခြားလူငယ်လေးတွေက ဘယ်လိုရင်ဆိုင်သွားတယ်ဆိုတာ ဂျေဆင် ဇာတ်ကားတွေရဲ့ အရသာအတိုင်း ကြည့်ရပါဦးမယ်နော်။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Friday the 13th: The Final Chapter (1984)

1984
Friday the 13th (1980) 6.4
Friday the 13th (1980) Friday the 13th (1980)~ IMDb - 6.4/10, Rotten Tomatoes - 64% ~ရေနစ်ပြီး သေသွားတဲ့ကောင်လေးတစ်ယောက်က ရေကန်အောက်မှာပဲ အရိုးဆွေးရမှာပဲမဟုတ်လား။ ဟင့်အင်း။ သူ့မှာ အငြိုးတွေရှိတယ်။ မပြေနိုင်တဲ့ အာဃာတတွေ။ ဒီလိုနဲ့ ရေနစ်သေသွားပြီဆိုတဲ့ ဂျေဆင် ဆိုတဲ့ကောင်လေးဟာ ယုတ္တိဗေဒနိဿယတွေကို ကျော်လွန်ပြီး အကောင်အထည်သတ္တဝါအဖြစ် လူ့လောကထဲကို ပြန်ဝင်လာခဲ့တယ်။ဒီလိုနဲ့ ကျွန်တော်တို့ ဟော်ကီမျက်နှာဖုံးစွပ်အောက်က ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားကြီး ဂျေဆင် ကို အားပါးတရ ကြည့်ခွင့်ရလိုက်တာပါပဲ။ စုစုပေါင်း ၁၂ ကားတောင်ရှိတယ်ဆိုတော့ တစ်ရက်တည်းများ ကြည့်လိုက်ရရင် လူတောင် ကြောင်တောင်တောင်ဖြစ်သွားလောက်ရဲ့။အခုတင်ဆက်ပေးမှာကတော့ ဂျေဆင် ကိုမွေးဖွားပေးခဲ့တဲ့ ပထမဆုံးဇာတ်ကားပါပဲ။ ခရစ်စတယ်ရေကန်စခန်းဟာ သွေးစခန်းလို့ အမည်တွင်တဲ့ စခန်းချလည်ပတ်ရာ တောတွင်းသဘာဝရေကန်လေးတစ်ခုပေါ့။ ဒါပေမဲ့ ကျိန်စာသင့်နေတဲ့ ရေကန်စခန်းမှာ လူသေအလောင်းတွေ တစ်လောင်းပြီးတစ်လောင်း ထွက်လာတော့တာပါပဲ။အဲဒီ ခရစ်စတယ်ရေကန်မှာ ဂျေဆင် ...
movie

Friday the 13th (1980)

1980
Grindhouse (2007) 7.5
Grindhouse (2007) ဒီ၂၀၀၇ ခုနှစ်ထွက်ဇာတ်ကားကတော့ ၃နာရီကျော်ကြာမြင့်ပြီး ရုပ်ရှင်ဖန်တီးသူနှစ်ဦးတို့ရဲ့  ရုပ်ရှင်တစ်ကားစီပေါင်းထားတဲ့ နှစ်ကားပါတစ်ကားရုပ်ရှင်လေးဖြစ်ပါတယ်၊ပထမကားမှာက ဖုတ်ကောင်ရှင်းခန်းဇာတ်လမ်းတစ်ခု ၊ ဒုတိယကားမှာက ကားနဲ့ လိုက်အသတ်ခံရတဲ့ မိန်းမပျိုလေးတို့ အုပ်စုနှစ်စုအကြောင်းပါ၊ ပုံမှန်ဒီလိုကားတွေဆို ကြားထဲမှာဘာမှမခံအမဲကြီးပေါ်လာပြီးနောက်တစ်ကားထပ်ရောက်တာပေါ့နော်။ ဒီကားကျ နာမည် Grindhouse ဆိုတဲ့အတိုင်း အမေရိကမှာဆို ဒီ Grindhouse က တန်ဖိုးနည်းရုပ်ရှင်ရုံ။အထူးသဖြင့် လူကြီးကားတွေ ၊ ပေါပေါပဲပဲဘတ်ဂျက်အနည်းငယ်ပဲသုံးရိုက်ထားတဲ့ သည်းထိတ်ရင်ဖိုကားတွေ ၊ မသတီစရာရုပ်ရှင်တွေ ၊ အထူးသဖြင့်လူကြီးတွေအတွက်ရည်ရွယ်တဲ့ကားတွေ တစ်ကားပြီးတစ်ကား မနားတမ်းပြတယ်။ အဲ့ရုံမှာပြနေသလိုကြည့်ရတာပါ။ဆိုတော့ရုပ်ရှင်စလာတည်းက တခြားပြနေတဲ့ကားကြော်ငြာတွေလာမယ် ။ တစ်ကားနဲ့တစ်ကားကြားမှာ ကြော်ငြာလေးတွေနဲ့ဆိုတော့ ပုံမှန်ကားမှာမရတတ်တဲ့theater vibe ခံစားရမှာပါ ၊ Rating အနေနဲ့ IMDb 7.5 , Rotten tomatoes 84% အသီးသီးရရှိထားပြီး တမူထူးတဲ့တင်ဆင်ပုံတွေနဲ့ ကြည့်ပျော်တဲ့အနေအထားရှိပါတယ် ။ ပါသမျှ ဣတ္ထိယတို့ကလည်း အနှစ်တွေပါ၊ (ရုပ်ရှင်ကတော့ Rated ...
movie

Grindhouse (2007)

Innocent Blood (1992)
Innocent Blood (1992)  IMDB 6.2/10 ရထားတဲ့ Innocent Blood (1992)ဆိုတဲ့ Comedy/Horror သွေးစုတ်ဖုတ်ကောင်ကားလေးပါ.. စွဲမက်ဖွယ် ပြင်သစ် မင်းသမီး Anne Parillaud (La Femme Nikita)က သွေးစုတ်ဖုတ်ကောင်မလေးအဖြစ်၊ Anthony LaPaglia (Without a Trace)က ရဲအရာရှိ ဂျိုးအဖြစ်၊ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားကြီး Robert Loggia (Big) က Sallie The Sharkအဖြစ် ပါဝင် သရုပ်ဆောင်ထားကြပါတယ်..ဇာတ်လမ်းအကျဉ်း မာရီက ဆိုးသွမ်းတဲ့ယောကျ်ားတွေကိုပဲ အရောဝင် သွေးသောက်တတ်တဲ့၊ တစ်ကိုယ်တော် လှုပ်ရှားတတ်တဲ့ သွေးစုတ်ဖုတ်ကောင်မလေးပါ.. တစ်နေ့မှာတော့ သွေးစုတ်ဖို့ သားကောင်ရှာရင်း သူကိုက်လိုက်မိတဲ့ သားကောင်က မြို့ထဲက အဆိုးတကာ့အဆိုးထွဋ်ခေါင်ဆိုတဲ့ Sallie The Shark ဖြစ်နေခဲ့ပြီး.. ပြန်လည်ရှင်သန်နိုင်စွမ်းရှိတဲ့ သွေးစုတ်ဖုတ်ကောင်အစွမ်းတွေကို ရရှိသွားတဲ့ ဆယ်လီက တခြားလူတွေကိုပါ သွေးစုတ်ဖုတ်ကောင်အဖြစ်ပြောင်းပြီး မြို့ကို သိမ်းပိုက်ဖို့ကြိုးစားလာချိန်မှာတော့.. ကိုယ်ဇာတ်ကိုယ်မနိုင်ဘဲ ဆယ်လီ့ကို လက်စသိမ်းနိုင်ဖို့အရေး မာရီက အမျိုးမျိုးကြိုးစားရပါတော့တယ်.. ဒီလိုနဲ့ ဆယ်လီ့ကို ဖမ်းဆီးဖို့ကြိုးစားနေတဲ့ ရဲအရာရှိဂျိုးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ကြရာမှာတော့.. သွေးစုတ်ဖုတ်ကောင်နဲ့ လူသားရဲအရာရှိတို့နှစ်ယောက်ကြား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ.. ရဲအရာရှိဂျိုးတစ်ယောက် ...
movie

Innocent Blood (1992)

Land of the Dead (2005) 6.2
Land of the Dead (2005) Land of the Dead (2005)Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့​နောက် Old but gold zombie ကား​​​ကောင်းတစ်ကားကို CM fan​တွေ မကြည့်ဖူးမရှိရ​​အောင် တင်​​​ဆက်​ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်​ဘေးတစ်ခု​ကြောင့် တစ်ကမ္ဘာလုံးက လူ​အများစု ဖုတ်​ကောင်​တွေ ဖြစ်သွားတဲ့​နောက် ​လူကုံထံ​တွေက လုံခြုံ​ရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီး​​​နေထိုင်ကြပါတယ်၊ ကပ်​ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲ​တွေကို​တော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုး​တွေနဲ့ အနီးဆုံးမှာပဲ ​ပေး​နေပါတယ်၊ ရိက္ခာကို​တော့ ကြေးစားလူစွန့်စား​တွေကို ငှားရမ်းပြီး ဖုတ်​​ကောင်​တွေပြည့်နေတဲ့ မြို့ပျက်ငယ်​တွေမှာ ရှာ​​ဖွေခိုင်းပြီး အသက်ဆက်​နေကြတာပါ။ရိုင်​လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ​​ ကြေးစားအဖွဲ့ဝင်​တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာ​တော့ ဖုတ်​ကောင်​တွေက လမ်း​လျှောက်တတ်တဲ့ လူ​သေ​ကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာ​ဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်​​နေ့မှာ​တော့ ဆင့်ကဲ​ပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသား​တွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ ...
movie

Land of the Dead (2005)

Machete (2010) 6.6
Machete (2010) IMDb (6.6) / Rotten Tomatoes (72%)မန်ချက်တေးဟာ ဖယ်ဒရယ်တပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီးလက်ရှိကတော့တက္ကဆက်နယ်စပ်မှာခိုးဝင်လုပ်သားတစ်ယောက်အနေနဲ့ဇာတ်မြုပ်နေပါတယ်၊တစ်နေ့မှာ သူ့ကိုမြို့ခံစီးပွားရေးသမားတစ်ယောက်ကမြို့တော်ဝန်ကိုလုပ်ကြံဖို့ ဒေါ်လာ ၁၅၀၀၀၀ နဲ့ငှားရမ်းခဲ့ပါတယ်။သူ့လိုနယ်စပ်က တရားမဝင်ခိုးဝင်လုပ်သားတွေကိုကူညီပေးနေတဲ့ မိန်းကလေး လုဇ်နဲ့ သူ့ကွန်ယက်အဖွဲ့ကိုအထောက်အပံ့ပေးနိုင်ဖို့ ဒီကိစ္စကို လက်ခံခဲ့ပေမယ့် သူ့ကိုငှားရမ်းခဲ့တဲ့သူဟာနိုင်ငံရေး တရားမဝင်မူးယစ်ဆေး စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေအတွက်သူ့ကိုထောင်ချောက်ဆင်အသုံးချသွားတယ်ဆိုတာ မကြာခင်မှာပဲသိလိုက်ရပါတော့တယ်။ဒါပေမယ့် အဲ့ဒီလူမသိလိုက်တာကတော့ သူဟာ အတိတ်က ဘယ်လောက်အထိကြမ်းခဲ့ရမ်းခဲ့ပြီးသူ့နာမည်ကြားတာနဲ့ ဖိန့်ဖိန့်တုန်သွားရလောက်တဲ့ အကြောင်းသိတွေ ရှိနေတယ်ဆိုတာကိုပါပဲ။ကြမ်းတာကတော့ရှယ်ကြမ်းပါတယ်၊ သွေးသံရဲရဲငေါက်တောက်တွေ မြက်ရိတ်စက်ကြီးနဲ့ ယမ်းတာတွေဓားမကြီးနဲ့ ဆွဲခုတ်တာတွေ လုံးဝအသစ်အဆန်းတွေချည်းပါပဲ။အဲ့ဒီအချိန်တုန်းက အတော်ကြီး Hype ဖြစ်ခဲ့ကြရတဲ့ကားပါ။လူကြမ်းကြီးအဖြစ်တောက်လျှောက်လူသိခဲ့တဲ့ Danny Trejo ကိုခေါင်းဆောင်မင်းသားတင်ထားပြီးတော့Robert De Niro, Jessica Alba, Don Johnson, Michelle Rodriguez, Steven Seagal, Lindsay Lohan စတဲ့ ဒိတ်ဒိတ်ကြဲတွေ အားလုံးကဗီလိန်တွေ ဇာတ်ပို့တွေအဖြစ်သူ့ကိုပို့ပေးရတယ်ဆိုတာကိုက စိတ်ဝင်စားမှုကိုမြင့်တက်စေခဲ့ပြီးသွေးသံရဲရဲကြမ်းတမ်းတဲ့ပြကွက်တွေထဲမှာ satire ဆန်ဆန်တမင်ထည့်ထားတဲ့ဟာသကွက်တွေကလဲအပြည့်အဝဖျော်ဖြေမှုပေးနိုင်ပါတယ်။နောက်ထပ်ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ဒီကားထဲကမင်းသမီးမှန်သမျှရဲ့ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေပါ။အပစ်အခတ် ...
movie

Machete (2010)

Django Unchained ( 2012 ) 8.4
Django Unchained ( 2012 ) Unicode*******2012 ခုနှစ်က ထွက်ရှိထားပြီး IMDb 8.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းပါပဲလူမည်းတွေ အမေရိက မှာ အကြီးအကျယ် အနိုင်ကျင့် ရက်စက် ကျွန်ပြုတာ ခံနေရချိန် . . . ။လူဖြူ သူဌေးကြီးတစ်ယောက်ရှိတယ်။ သူက bounty hunter . . ။သူခိုး လူသတ်သမား ဓားပြတွေကို လိုက်ဖမ်းတယ်။အစိုးရလက်ထဲ အပ်တယ်။ ဆုငွေ ထုတ်စားတယ်။တစ်နေ့တော့ ခပ်ကျစ်ကျစ် ခပ်ပြတ်ပြတ် လူမည်းတစ်ယောက်ကို တစ်နေရာကနေ သူ ရလိုက်တယ်။အဲ့ဒီ လူမည်းနာမည်က Django တဲ့။ ပြီးတော့ Django ကိုအဲ့လူဖြူဘဲကြီးက လက်ထောက် တာဝန် ကောက်ခါငင်ကာ ပေးလိုက်တယ်။အဲ့ဒီခေတ်မှာ လူမည်းတွေက မြင်းစီးဖို့ မပြောနဲ့။လူဖြူတွေကို မော်တောင် မကြည့်ရဲဘူး။ ဒါပေမယ့် Django က မြင်းကြီးစီးသေနတ်ကြီးလွယ်ပြီး တစ်မြို့ ဝင် တစ်မြို့ထွက် သူ့ဆရာနဲ့ အတူ ...
movie

Django Unchained ( 2012 )

2012
Dawn of the Dead (2004) 7.3
Dawn of the Dead (2004) Dawn of the Dead (2004)IMDb - 7.3/10_____Rotten - 75%    ကြောက်တက်သူများ ကြည့်ဖို့မသင့်တော်ပါဘူး သွေးသံရဲရဲတွေနဲ့ သဘာဝကျစွာ ပုံဖေါ်ထားတာဖြစ်လို့ Horror ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ။ ဇွန်ဘီကားဆိုပေမဲ့ ဖြစ်သလိုဇာတ်အိမ်ဖွဲ့ထားတာမျိုးမဟုတ်ပဲ သဘာဝကျကျ ဖွဲ့ထားပါတယ်။ သေချာခံစားပြီးကြည့်ရင် သင်ကိုယ်တိုင် ဇာတ်လမ်းထဲမှာ စီးမျောနေသယောင်ခံစားရပါလိမ့်မယ်။ ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေတဲ့ သူနာပြုမလေးတစ်ယောက်။ တစ်နေ့ဂျူတီပြီးလို့ အိမ်အပြန် ညနေပိုင်းလောက်မှာ မိန်းကလေးတစ်ယောက် တံခါးဝမှာရပ်နေပါတယ်... ကလေးရဲ့ ပါးစပ်မှာသွေးတွေပေနေပြီး လူကလောက်ကျောက်ရုပ်လိုငြိမ်သက်နေပါတယ် ဂါဝန်အဖြူမှာလည်း သွေးတွေစွန်းထင်းနေပါတယ်။ သူမကိုမြင်တော့ အကူညီလိုနေတယ်ထင်လို့ အကူညီခေါ်ပေးဖို့ အနားသွားလိုက်တဲ့အခါမှာတော့.. ကမောက်ကမတွေဖြစ်ကုန်ပါတယ်... အသက်ရှင်ကျန်ရစ်သူ သူနာပြုမလေးကတော့ ခြေဦးတည့်ရာ ပြေးရင်းလွှားရင်း လူတစ်စုနဲ့ပေါင်းမိပြီး မောလ်ကြီးတစ်ခုထဲကို ရောက်ရှိသွားပါတယ်။ အဲဒီမောလ်ကြီးဟာ အသက်ရှင် ကျန်ရစ်တဲ့သူတွေအတွက် မှီခိုရာနေရာလေးဖြစ်သွားပါတော့တယ်..။ တစ်ကယ်တော့ သူတို့တွေအားလုံးက ဇွန်ဘီကောင်တွေရဲ့ သဘောသဘာဝကို မသိကြပါဘူး ဘယ်လိုကူးစက်လဲဆိုတာကိုလည်းမသိကြပါဘူး..။ တစ်နေ့မှာ မောလ်ထဲကို လူသစ်တွေထပ်ရောက်လာပါတယ် သူတို့ထဲက တစ်ယောက်က အကိုက်ခံထားရပြီး အခြေနေက အတော်ဆိုးရွားနေပါပြီ။ သူ..သေသွားပြီး တစ်ဖန်ပြန်ထလာကာ တွေ့တဲ့လူကို လိုက်ကိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ အကိုက်ခံရရင် ကူးစက်တယ်ဆိုတာ သိရှိကြပါတော့တယ်...။ ဒါပေမဲ့ သူတို့သိတာနောက်ကျခဲ့ပါပြီ...။ တစ်ကယ်လို့များ အဲဒါကို ...
movie

Dawn of the Dead (2004)

2004
Planet Terror (2007) 7.1
Planet Terror (2007) အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ်ထဲက ကျေးလက်မြို့ကလေးတစ်မြို့မှာရှိတဲ့ ပျော်ပွဲစားရုံတစ်ရုံမှာ ဖော်ချွတ်အကမယ်တစ်ယောက်ဖြစ်တဲ့ မိန်းမချောလေး “ချယ်ရီဒါလင်”ဟာ မသထာရေစာလခနှစ်ပဲတစ်ပြားပဲရနေတဲ့ အလုပ်ကနေထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အလုပ်ကနေထွက်လာပြီဖြစ်တဲ့ ချယ်ရီတစ်ယောက် ညဘက်အိမ်အပြန်ခရီးမှာတော့ အဲလ်ရေး ဆိုတဲ့ သူ့ရည်းစားဟောင်းနဲ့ အသားကင်ဆိုင်တစ်ဆိုင်မှာ ပြန်ဆုံမိရင်းနဲ့ ကားကြုံလိုက်စီးမိရင်း …….တောအုပ်တစ်ခုအနားဖြတ်စဉ်မှာပဲ ဆစ်ကိုးစ်ဆိုတဲ့ အမည်မသိရတဲ့ လူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သူတို့နှစ်ယောက်စီးလာတဲ့ကားလည်း တိမ်းမှောက်သွားပြီးတဲ့နောက် ချယ်ရီရဲ့ ခြေထောက်တစ်ဖက်ကို ဆစ်ကိုးစ်တွေက ဖြတ်ယူသွားခဲ့ပါတော့တယ်…… ဒါဆို ဆစ်ကိုးစ်ဆိုတာ ဘယ်သူတွေများပါလိမ့် …..တကယ်တော့ လွန်ခဲ့တဲ့ မြို့စွန်တစ်နေရာမှာရှိတဲ့ စစ်စခန်းတစ်ခုမှာ မှောင်ခိုအရောင်းအ၀ယ်တစ်ခုလုပ်ခဲ့ကြတာကို လူတွေသတိမထားမိလိုက်ကြလို့ပါ။အဲဒီမှာပဲ အာရုံကြောကို ထိခိုက်ပျက်စီးစေတဲ့ အဆိပ်သင့်ဓာတ်ငွေ့တစ်မျိုးရဲ့ နမူနာပစ္စည်းတွေကို အရောင်းအ၀ယ်လုပ်ကြရင်း အချင်းများရာကနေ ခုလိုမျိုး ချယ်ရီရဲ့ ခြေထောက်တစ်ဖက်ပြတ်သွားတဲ့အထိကို ရောက်လာခဲ့တာပါ။အဖြစ်အပျက်တွေက ဒီလောက်နဲ့ ရပ်တန့်သွားမှာတော့ မဟုတ်ပါဘူး။ခုဆို ဆေးရုံမှာ ချယ်ရီလိုပဲ တခြားလူနာတွေအများကြီးရောက်လာနေပါပြီ။ လူနာတွေအားလုံးကတော့ သူတို့ကို ဘယ်သူတွေတိုက်ခိုက်သွားမှန်းသေချာမပြောနိုင်ကြသလို ဆရာဝန်တွေကလည်း ဘာဆက်လုပ်ရမှန်းမသိဖြစ်နေကြပါပြီ….. ချယ်ရီကို ဆေးရုံလိုက်ပို့တဲ့ အဲလ်ရေး ကိုလည်း ရဲက ...
movie

Planet Terror (2007)

2007
From Dusk Till Dawn (1996) 7.3
From Dusk Till Dawn (1996)   ၁၉၉၆ က Action,Crime,Horror ဇာတ်ကားလေးတစ်ကားပါ။IMDB Rating 7.3 ရရှိထားပြီး Rotten Tomatoes 63%ရရှိထားပါတယ်။မင်းသားကြီး Gorge Clooney ပါဝင်သရုပ်ဆောင်ထားပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးပါ။ရိုးရိုး Action ကားပုံစံကနေ Horror ပုံစံကိုချိုးချပြောင်းလဲသွားတာကလည်းတစ်မျိုးလေးစွဲဆောင်မှုရှိစေပါတယ်။လူသတ်မှုပေါင်းများစွာကိုကျူးလွန်ထားတဲ့ဘဏ်ဓားပြညီအစ်ကိုနှစ်ယောက်၊ စိတ်ပုံမှန်မဟုတ်တဲ့ညီကြောင့်ကျင့်ဝတ်စောင့်ထိန်းတတ်တဲ့ သူခိုးတစ်ယောက် ပြဿနာတွေတက်နေတဲ့ကြားကယုံကြည်ချက်ပျောက်ဆုံးနေတဲ့ တရားဟောဆရာတစ်ယောက်နဲ့သူ့ရဲ့ မိသားစုအကူအညီကိုယူပြီး နိုင်ငံထဲကထွက်ပြေးလွတ်မြောက်သွားပေမယ့်သူတို့နောက်ထပ်ရင်ဆိုင်ရမယ့်သဘာဝလွန်ဖြစ်ရပ်တွေကတော့...အရင်ကဇာတ်ကားဆိုတော့ Effect တွေကသိပ်မကောင်းပေမယ့်ဇာတ်လမ်းလေးကလှပြီး Country သီချင်းလှလှလေးတွေအများကြီးပါပြီးတော့ကျွန်တော်အကြိုက်ဆုံးဇာတ်ဝင်ခန်းလေးကတော့အမျိုးသမီးတစ်ယောက်မြွေနဲ့ ကတဲ့အခန်းပါ။တကယ်ကိုရင်သပ်ရှုမောစရာပါပဲဗျာ။ File size…(900MB) and (380MB) Quality…BR-Rip 1080p Format…mp4 Duration….01:47:50 Subtitle….Myanmar Subtitle (Hardsub) Translated by d3monEncoded by Naing Aung Latt
movie

From Dusk Till Dawn (1996)

1996
The Perks of Being a Wallflower (2012) 8.0
The Perks of Being a Wallflower (2012) The Perks of Being a Wallflower (2012)IMDb - 8.0/10_____Rotten Tomatoes - 86%    Harry Potter မင်းသမီး Emma Watson ၊ Percy Jackson မင်းသား Logan Lerman ၊ Flash မင်းသား Ezra Miller တို့လို နာမည်ရ လူငယ်သရုပ်ဆောင်တွေနဲ့ ပုံဖော်ထားတဲ့ coming-of-age teen drama ဇာတ်ကားမျိုးပါ။ Stephen Chbosky က သူ့ရဲ့ နာမည်ကြီးစာအုပ် The perks of being a wallflower ကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးခဲ့တာပါ။ ဆယ်ကျော်သက်လူငယ်လူရွယ်တွေရဲ့ ခံစားချက်တွေ ထင်ဟပ်နေတဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဒီလို Teen ဇာတ်လမ်းမျိုးဟာ Rating တွေမြင့်ဖို့ခက်ခဲပေမယ့် ဒီဇာတ်ကားကတော့ Rating အကြမ်းကြီးတွေ ရရှိထားတဲ့အပြင် ကြည့်ဖူးသူတိုင်းစွဲမက်ရတဲ့ဇာတ်ကားမျိုးပါ။ စတားတွေကလဲ ရင်းနှီးပြီးသားတွေမို့ လက်လွတ်မခံသင့်ပါကြောင်း။     Harry ...
movie

The Perks of Being a Wallflower (2012)

2012