Channel Myanmar

Tom Stourton

(18+) Poor Things (2023) 8.4
(18+) Poor Things (2023)  အော်စကာ အကောင်းဆုံးရုပ်ရှင်ဆု၊ မင်းသမီးဆု၊ ဇာတ်ပို့ဆု၊ ဒါရိုက်တာဆု၊ နောက်ခံဂီတဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ ဇာတ်ညွှန်းဆု၊ ဝတ်စုံဆု၊ ရိုက်ကွင်းဆု၊ မိတ်ကပ်ဆံပင်ဆု၊ တည်းဖြတ်ဆုတွေ ဆန်ကာတင် ဝင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးပွဲမှာလည်း အကောင်းဆုံး မင်းသမီး၊ မင်းသား၊ ဇာတ်ပို့၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ ဂီတဆုတွေ ရရှိထားပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ သိပ္ပံစိတ်ကူးယဉ် Dark Comedy အမျိုးအစားပါပဲ။ ဖရန်ကင်စတိုင်းကို အခြေခံထားပါတယ်။ Alasdair Gray ရဲ့ ၁၉၉၂ ထုတ် Poor Things စာအုပ်ကို အခြေခံထားတာပါ။ လန်ဒန်ဝိတိုရိယခေတ် အမျိုးသမီးတစ်ယောက် သေပြီးသွားတော့မှ ဦးနှောက်အစားထိုး အသက်သွင်းခံရပြီး လောကကြီးကို အစကနေ ပြန်လေ့လာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။သရုပ်ဆောင်တွေက‌တော့ Emma Stone, Mark Ruffalo, Willem Dafoe, Ramy Youssef, Christopher Abbott, နဲ့ ...
movie

(18+) Poor Things (2023)

4K HEVC
Arthur’s Whisky (2024)
Arthur’s Whisky (2024) Arthurs Whisky [2024]အာသာဆိုတဲ့ အဖိုးကြီးတစ်ယောက် ငယ်ရွယ်နုပျိုဆေးဖော်ပြီးကာမှ မိုးကြိုးပစ်လို့ ဆုံးပါသွားရှာပါတယ်... ဒီတီထွင်နိုင်ခဲ့မှုကို ဇနီးသည်ဖြစ်သူ ဂျုန်း မသိရှိခဲ့ပါဘူး... ဒီလိုနဲ့ ဂျုန်းရဲ့ ပူဆွေးမှုတွေကို ဖြေသိမ့်ဖို့ လင်ဒါရယ် ဆူဇီရယ် လက်ဖက်ရည်လာသောက်တဲ့ တစ်ရက်သားမှာ အာသာ့အလုပ်ဂိုဒေါင်ကို ရှင်းလင်းဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်... ဂိုဒေါင်ထဲကနေ ဝီစကီပုလင်းတွေ ရှာတွေ့တာမို့ ဂျုန်းဟာ အင်မတန်အံ့အားသင့်ခဲ့ရပါတယ်... အကြောင်းကတော့ အာသာဟာ ဝီစကီဆို အနံ့တောင်မခံနိုင်သူမို့ပါပဲ... ဒိလိုနဲ့ သူတို့ သူငယ်ချင်း ၃ယောက် အာသာ့ရဲ့ အဖိုးတန်ပုလင်းတွေကို ဖွင့်ဖောက်သောက်သုံးရင်း စကားတပြောပြောနဲ့ အိပ်ပျော်သွားကြပါတယ်... သူတို့ ပြန်လည်နိုးထလာတဲ့အခါမှတော့ သူတို့အားလုံး ငယ်ရွယ်နုပျိုလို့ နေပါတယ်... ဒီလို ဖြစ်ရခြင်းဟာ အာသာ့ဝီစကီကြောင့်လို့ သိရှိရပြီးတဲ့နောက် လူငယ်ဘဝတုန်းက သူတို့ လုပ်ချင်တဲ့ သူတို့ မလုပ်ခဲ့ရတဲ့ အရာတွေကို တစ်ခုချင်းစီ သွားရောက်လုပ်ကိုင်တဲ့အကြောင်း ရိုက်ကူးတင်ဆက်ပြသထားတာပဲ ဖြစ်ပါတယ်ခဗျာအညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Drama, Fantasy Quality…. 1080p | ...
movie

Arthur’s Whisky (2024)

2024
Barbie(2023) 7.3
Barbie(2023) Barbie(2023)*********** Lady Bird ရဲ့ ဒါရိုက်တာနဲ့ဇာတ်ညွှန်းဆရာဖြစ်တဲ့ Greta Gerwig ရဲ့ လက်ရာပဲဖြစ်ပါတယ်။မာဂေါ့ရော့ဘီနဲ့ ရိုင်ယန်ဂို့စလင်းတို့ ပါဝင်ထားပါတယ်။ ဒေါ်လာ ၁.၃ ဘီလီယံအထိ ရရှိနေပြီးIMDb 7.3 နဲ့ လူကြိုက်များနေပါတယ်။ ဒီရုပ်ရှင်ဟာ အဓိကအားဖြင့် လူ့အသိုင်းအဝိုင်းနဲ့ ကျားဝါဒီမဝါဒီတွေကို အခြေပြုတဲ့ ဟာသကားအနေနဲ့ ရိုက်ထားတာပါ။ ဖိုကြီးစိုးရေးဝါဒကိုအံတုနေရတဲ့မိန်းမသားတွေ၊ မဝါဒီအားကောင်းလာချိန်မှာ ရုန်းကန်လာရတဲ့ ယောကျ်ားတွေ စသဖြင့်ပေါ့။ဇာတ်လမ်းအကျဉ်းဘာဘီတွေနဲ့ ကန်တွေဟာ သီးသန့်ကမ္ဘာတစ်ခုမှာနေထိုင်ကြပါတယ်။အဲဒီကမ္ဘာမှာ ဘာဘီတွေ ကြီးစိုးနေပြီ သမ္မတ၊ သိပ္ပံပညာရှင်၊ တရားသူကြီး၊နိုဘယ်ဆုရှင်အားလုံးက ဘာဘီချည်းပါပဲ။ ကန်ဆိုတဲ့ ယောကျာ်းတွေကတော့ဘာဘီတွေကို မှီခိုနေရတဲ့ ဖျော်ဖြေနေရတဲ့သူတွေပေါ့။ ဘာဘီတွေဟာ လူသားကမ္ဘာကြီးကိုလည်းသူတို့တွေရဲ့ ဘာဘီအရုပ်တွေက ပိုကောင်းအောင်ပြောင်းလဲပြီး မိန်းမတွေကြီးစိုးနေပြီလို့ပဲ ထင်ထားခဲ့တာပါ။ဘာဘီအမျိုးမျိုးရှိတဲ့အထဲမှာမှ မာဂေါ့ရဲ့ ဘာဘီကတော့ သမားရိုးကျဘာဘီ တစ်ယောက်ပဲဖြစ်ပါတယ်။ဘယ်နေရာမှာ ထူးချွန်နေတာမဟုတ်တဲ့ ဘာဘီသက်သက်ပါပဲ။ တစ်နေ့မှာတော့ဘာဘီဟာ သေခြင်းတရားအကြောင်းကိုတွေးမိရာကနေ ဘာဘီလောကနဲ့ အံမဝင်တော့ဘူးဘာဘီအစွမ်းတွေပျောက်လာပြီး ဖြစ်တည်မှုသံသယတွေပွားလာပါတော့တယ်။အဲဒါကို ကုသဖို့ နည်းကတော့ ...
movie

Barbie(2023)

2023
4K HEVC
About Time (2013) 7.8
About Time (2013) About Time (2013)IMDb - 7.8/10_____Rotten - 68%   ဒီကားလေးထဲမှာတော့ တင်မ် ဆိုတဲ့ကောင်လေးတစ်ယောက် သူအချိန်ခရီးသွားနိုင်တယ်ဆိုတာကို သူ့အဖေဆီကထူးဆန်းစွာသိခဲ့ရပါတယ်။မကြာခင်မှာပဲ သူတို့အိမ်ကို ခဏလာလည်တဲ့ သူ့ညီမရဲ့သူငယ်ချင်း ရှားလော့ကို ချစ်ကြိုက်မိရာက အချိန်တွေနောက်ပြန်လှည့်ပြီးအမျိုးမျိုးကြိုးစားရုံနဲ့ အချစ်စစ်ကိုမရနိုင်ဘူးဆိုတာ တင်မ်သိသွားခဲ့ပါတယ်။ဒီလိုနဲ့ တင်မ်တစ်ယောက် ချစ်သူရှာဖို့ လန်ဒန်ကို ရောက်လာခဲ့ပြီး တစ်နေ့မှာ မေရီဆိုတဲ့ ကောင်မလေးနဲ့ တွေ့ပြီးချစ်မိခဲ့ပါတယ်။သူ့ရဲ့နေ့စဉ်ဘဝအလွဲတွေကို အချိန်တွေနောက်ပြန်လှည့်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း မေရီနဲ့ ရည်းစားတွေဖြစ်ခဲ့ပါတယ်။တစ်နေ့မှာ သူတဖက်သတ်ချစ်ခဲ့ရတဲ့ ရှားလော့နဲ့ လန်ဒန်မှာပြန်တွေ့တော့ ရှားလော့ကသူ့ကို လက်ခံဖို့ အရိပ်အယောင်တွေပြနေတဲ့အချိန်မှာ သူ မေရီ့ကို တကယ်ချစ်နေပြီဆိုတာသိခဲ့ပြီး မေရီ့ကို ရိုမက်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့တဲ့ အပိုင်းလေးကိုတော့ အပျိုဖျန်းလေးတွေ တကယ်အားကျသဘောကျကြမှာပါ။ဒီလိုနဲ့ သူတို့နှစ်ယောက် ဘဝခရီးလမ်းလေးဖြောင့်ဖြူးဖို့ အချိန်တွေနောက်ပြန်လှည့် အမျိုးမျိုးကြိုးစားရင်း တင်မ်တစ်ယောက် ဘဝရဲ့ အဓိပ္ပာယ်ကို နားလည်သွားခဲ့ပြီး အချစ်အရှုံးသမားလေးတင်မ်က နောက်ဆုံးမှာ ပျော်ရွှင်စရာမိသားစုလေးတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ဇာတ်လမ်းတစ်လျှောက်လုံးမှာ တင်မ်နဲ့ သူ့သူငယ်ချင်းတွေရဲ့အလွဲတွေကို ...
movie

About Time (2013)

2013