Channel Myanmar

Tom Troupe

Kelly’s Heroes (1970) 7.6
Kelly’s Heroes (1970) Kelly's Heroes (1970)~ IMDb - 7.6/10, Rotten Tomatoes - 78%~စစ်ကားဗျ စစ်ကား... စိန်ပြောင်းနဲ့ပစ်တာပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာပါတယ်။ တင့်ကားချင်း ယှဉ်ချတာပါတယ်။ စက်သေနတ်ရော လက်ပစ်ဗုံးတွေရော။ ထူးထူးဆန်းဆန်း သေဆုံးသူ သင်္ဂြိုလ်ရေးတပ်ခွဲတောင် ရှိတယ်ဆိုပဲ။ ဒါပေမဲ့ စစ်ကားဆန်တဲ့ စစ်ကားတော့ မဟုတ်ဘူး။မင်းသားက ကလင့်တ် အိစ်ဝုဒ်။ ဒုတိယကမ္ဘာစစ်။ မဟာမိတ်တပ်သားတွေ အိုမာဟာကမ်းခြေကနေ ကမ်းတက်လာပြီးတော့ ပြင်သစ်နယ်စပ်မှာ အထိုင်ချတဲ့အချိန်။ ဖက်ဆစ်နာဇီ ဂျာမန်တွေနဲ့ ရင်ဆိုင်စစ်ပြင်ထားကြတာပေါ့။ ဒါပေမဲ့ ဒီဇာတ်ကားက သမိုင်းကြောင်းကို မလှန်၊ နိုင်ငံသူရဲကောင်းကိုမဖော်ကျူး၊ လူထဲက လူတွေရဲ့လောဘနဲ့ ဖျံကျတတ်ကြတဲ့ လူသားပီသသူ လူသားများအကြောင်း ရိုက်ကူးထားလို့ သူ့အရသာက တမျိုးပါပဲနော်။ကယ်လီ တို့ စစ်သားတစ်စုက နိုင်ငံအတွက် စစ်မတိုက်ခဲ့ကြပါဘူး။ စစ်ရည်ဝနေတဲ့၊ စစ်ကိုမုန်းတဲ့၊ စစ်ရဲ့အနှစ်သာရမရှိမှုကို သိကြတဲ့ အခြားအဆင့် (အရာရှိမဟုတ်) စစ်သားကြီးတွေပါ။ ...
movie

Kelly’s Heroes (1970)

1970
My Own Private Idaho (1991) 7.1
My Own Private Idaho (1991) My Own Private Idaho IMDB - 7.1 Rotten Tomatoes - 79%Narcolepsy လို့ခေါ်တဲ့ ဦးနှောက်တုံ့ပြန်မှုပုံမမှန်ဝေဒနာသည် ခြေသလုံးအိမ်တိုင် မိုက်ဝေါတားစ်(River Phoenix)က gay prostitute အဖြစ် လုပ်စားနေသူပါ။ စကော့တ်ဖေဗာ(Keanu Reeves)က မြို့တော်ဝန်ရဲ့သား ဖြစ်ပေမယ့် မိဘတွေနဲ့ သဘောထားချင်းမတိုက်ဆိုင်လို့ အိမ်ပေါ်က ဆင်းပြီး မိုက်တို့လို လိုက်လုပ်ပြီး နေတယ်။ သူတို့လို လမ်းဘေးလူငယ်လေးတွေက ဘော့ပ်လို့ ခေါ်တဲ့ လူဝကြီးတဦးကို ခေါင်းဆောင်တင်ထားတယ်။ ငယ်ငယ်ကတည်းက မေတ္တာငတ်ခဲ့တဲ့ မိုက်ဟာ ပျောက်ဆုံးနေတဲ့ မိခင်ကို ရှာဖွေရင်း စကော့တ်ကို သံယောဇဉ်တွယ်လာခဲ့တယ်။ အခြေအနေတခုကြောင့်သာ လမ်းဘေးဘဝကို ရွေးချယ်ခဲ့တဲ့ စကော့တ်က အချိန်တန်ရင် မိဘဆီ ပြန်မှာလို့ ပြောထားပြီးသား။ ဘော့ပ်တို့ကလည်း စကော့တ်ကို မျှော်မှန်းပြီး ဆင်ဖြူတော်မှီကြံစုပ်ဖို့ ရည်ရွယ်ထားတယ်။ အဆင့်အတန်းနဲ့ ဘဝ မိုးနဲ့မြေလို ကွာခြားတဲ့ ...
movie

My Own Private Idaho (1991)