Channel Myanmar

Tomoko Fujita

A Cappella (2016) 6.2
A Cappella (2016) A cappella 2016၁၉၆၉ခုနှစ် ဂျပန်နိုင်ငံအခြေအနေတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအဝှမ်း တော်လှန်ရေးဆင်နွှဲနေပြီး စစ်ဆန့်ကျင်ရေးဆန္ဒပြမှုဆက်တိုက်ဖြစ်ပွားနေတဲ့အချိန်ဖြစ်ပါတယ်။ကျိုကို ဆိုတဲ့အထက်တန်းကျောင်းသူလေးက ကျောင်းယူနီဖောင်းပုံစံပြောင်းလဲရေးအတွက် ဆန့်ကျင်ရေးကော်မတီဖွဲ့ပြီး လှုပ်ရှားနေတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေမှာပါဝင်ရင်း A cappellaဆိုတဲ့ ကဖီးဆိုင်လေးမှာ ဝါတရုဆိုတဲ့ ကောလိပ်ကျောင်းသားနဲ့တွေ့ဆုံခဲ့ပါတယ်။ ဝါတရုရဲ့သူငယ်ချင်း ယုနိုဆုကဲနဲ့ သူ့ရည်းစား အန်မာတို့လည်းရှိနေပြီး ဝါသနာတူရာတွေပြောကြရင်း ခင်မင်သွားခဲ့ကြပါတယ်။အဲဒီနောက်တော့ ကျိုကိုနဲ့ ဝါတရုလည်း ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ ဖြစ်ရပ်စုံတဲ့ကာလအတွင်းမှာ ချစ်ခဲ့ကြတဲ့သူတို့က အစပိုင်းမှာ သာမန်အတွဲတွေလိုပဲ နေထိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့နှစ်ယောက်ကြားကဆက်ဆံရေးက တီးလုံးသံစဉ်မပါတဲ့ သီဆိုမှုတွေလိုဖြစ်နေခဲ့တဲ့အခါမှာတော့ သူချစ်တဲ့သူရဲ့အရှိတရားကိုလက်ခံမပေးနိုင်ဘဲ ဆွဲခေါ်ထားဖို့ကြိုးစားခဲ့တဲ့ကောင်မလေးတစ်ယောက်အကြောင်းကို ကြည့်ရှုရမဲ့ရုပ်ရှင်ပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(2GB) / (800MB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__02:00:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Lattv
movie

A Cappella (2016)

Red Post on Escher Street 2020 7.6
Red Post on Escher Street 2020 Red Post On Escher Street ====================== ကိုယ်တို့ဟာ ရုပ်ရှင်တွေကြည့်ကြတယ် ရုပ်ရှင်ကားဖန်တီးမှုကိုတော့ မကြည့်ဖြစ်ကြတာများပါတယ် ရုပ်ရှင်ကားတွေထဲမှာ လက်တွေ့ဘဝကိုရိုက်ပြကြပေမယ့် ဒီကားကတော့ ရုပ်ရှင်ထဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ဘဝတွေကိုပုံဖေါ်ပြထားတာဖြစ်ပါတယ် ဒါရိုက်တာတကယ်ပြချင်တာကတော့ ကိုယ်တို့တွေရဲ့စိတ်တွေကိုဖေါ်ပြချင်တာဖြစ်နိုင်ပါတယ် ပေါ့ပေါ့လေးကြည့်ရင် ခပ်ပေါ့ပေါ့ကားလေးပါပဲ တွေးယူရင်တော့ တွေးယူသလောက် နက်နဲတဲ့ကားလေးပါ ဂျပန်တွေရဲ့ထုံးစံအတိုင်း တခြားသူတွေနဲ့မတူညီတဲ့ပြသပုံနဲ့ ရိုက်ပြထားတဲ့ဇာတ်ကားလေးပါ ကိုယ်ကတော့ ကြည့်ရင်းက ကိုယ့်ဘဝကိုပါ ကိုယ်ပြန်တွေးဖြစ်ပါတယ် ကိုယ့်ဘဝနဲ့ကိုယ်နေလာခဲ့တာ အရံအဖြစ်နဲ့လား ဇာတ်ဆောင်အဖြစ်နဲ့လားပေါ့ သူများဘဝမှာ ကိုယ်ဟာ အရံဖြစ်ပေမယ့် ကိုယ့်ဘဝမှာတော့ ကိုယ်ဟာ ဇာတ်ဆောင်အဖြစ်နဲ့ တောက်ပနိုင်ပါတယ် ခံယူချက်လေးပဲလိုတာပါ ဟုတ်တယ်မဟုတ်လား ပရိတ်သတ်ကြီးလည်း ဒီကားလေးကြည့်ရင်းက အတွေးတွေနယ်ချဲ့လိုက်ပါဦး Translator : Thinzar Htet Encoder : Thit San Khant Quality : 1080p and 720p File Size : 1.55GB and 759MB
movie

Red Post on Escher Street 2020

2020
[18+] Suki demo nai kuseni – Even Though I Don’t Like It (2016) 5.5
[18+] Suki demo nai kuseni – Even Though I Don’t Like It (2016) ဂျပန် မင်းသမီးချော Riko ပါဝင်သရုပ်ဆောင်ထားပြီး ထူးထူးခြားခြား IMdb 5.5 ရထားပါတယ်။အေးဆေးနေတက်တဲ့ တိုကိုတို တစ်ယောက်စတိုးဆိုင်မှာအလုပ်လုပ်နေရင်းက စိတ်မပါတော့လို့ အလုပ်ထွက်လိုက်ပြီးဝါသနာပါရာ အနုပညာလုပ်ငန်းကိုလုပ်ကိုင်ဖို့ နေ့စားအလုပ် တစ်ခုလုပ်နေရင်းက အလုပ်ထဲကယောကျာၤးလေးတစ်ယောက်နဲ့ခင်မင် ရင်းနှီးပြီး တိုကိုတို လျှောက်လှမ်းချင်တဲ့အနုပညာလမ်းပေါ် ခြေတစ်ဖက်လှမ်းမိပါတယ်။ တစ်နေ့ တိုကိုတိုတစ်ယောက် သူ့မိတ်ဆွေယောကျာၤးလေးနဲ့ အတူသောက်ရာမှ အမူးလွန်ပြီး နယ်ကျွံမိပါတော့တယ်။ထိုယောကျာၤးလေးကလဲ တိုကိုတိုရဲ့ အသွေးအသားနဲ့ လှသွေးကြွယ်မှု့တွေကို အရူးမူးစွဲလမ်းသွားပါတော့တယ်။တိုကိုတိုအနုပညာလမ်းကြောင်းပေါ်ရောက်ရှိသွားပြီးနောက် Little Miss ဆိုတဲ့ ဆော်ကြည် မော်ဒယ်တစ်ယောက်က သူတို့နှစ်ဦးကြားကို ဂြိုလ်ဝင်လာပါတော့တယ်။ ကဲပုရိတ်သတ်ကြီး ဘယ်သူက ဘယ်သူ့ကို ချစ်လဲဘယ်သူကဘာကိုလိုချင်တာလဲ အနုပညာလမ်းကြောင်းကလဲ ဘယ်လောက်ကောက်ကွေ့သလဲဆိုတာ ဆက်လက်အားပေးပါဦး။သံဝေဂရစရာလေးကတော့ အချစ်နဲ့တဏှာ ဆိုတာလားလားမှမသက်ဆိုင်ပါဘူးတဲ့။   File size…(800 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder…. Darkside Translated by Ki Mu Chi
movie

[18+] Suki demo nai kuseni – Even Though I Don’t Like It (2016)

2016