Channel Myanmar

Tonhon Tantivejakul

Postman (2023) 5.5
Postman (2023) ခေတ် ၄ ခေတ် ရဲ့ စာချွန်ရှင် (၂၀၂၃)စာတိုက်ကနေပို့တဲ့စာတစ်စောင် လူတွေအချင်းချင်း ဆက်သွယ်နေတဲ့စာရွက်တစ်ရွက်ဟာ သာမန်စာရွက်ဖြူတစ်ရွက်ပဲမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာနဲ့ စိတ်ခံစားချက်တွေ ပါဝင်နေတဲ့စာတစ်စောင်ပါပဲ။ဒိုဟာ ၉၀ ခုနှစ်နှောင်းပိုင်းက စာပို့သမားလေးတစ်ယောက်၊ ငယ်ငယ်ထဲက စာပို့ရတာနဲ့ ပေးစာရေးတဲ့စာရွက်ကို သဘောကျလွန်းတာကြောင့် ဆန္ဒအလျောက် စာပို့သမားဖြစ်လာတဲ့သူတစ်‌ယောက်ပေါ့။ ဒီလိုနဲ့ဒိုတစ်ယောက် မတူညီတဲ့အချိန်ကာလ ၄ ခုဖြစ်တဲ့ ကျောက်ခေတ်၊ မြန်မာယိုးဒယားစစ်ပွဲကာလက ဘန်ချလဘ်ရွာ၊ သူကိုယ်တိုင်ရောက်ရှိနေတဲ့ ၉၀ ခုနှစ်နှောင်းပိုင်းက တုံယမ်ကွန်းစီးပွားရေးပျက်ကပ်ကာလ၊ နောက်ဆယ်စုနှစ်ပေါင်းများစွာအကြာက အနာဂတ်ကာလကို စာပို့ရဖို့ဖြစ်လာပါတော့တယ်။ဘာသာစကားဆိုတဲ့အရာတောင် မဖြစ်လာသေးတဲ့ကျောက်ခေတ်ကဒူအက်၊ ကံဆိုးပြီးတော့ အင်းဝမြန်မာစစ်ပွဲထဲမှာ ပါဝင်ဖို့ဖြစ်လာတဲ့ မွေးလာကတည်းက ကံခေလွန်းတဲ့ မောင်ကံဆိုး ဒူအီ၊ အနာဂတ်ကာလမှာ ရာသီဥတုကဖောက်ပြန်နေပြီး အာဏာရှင်ဦးနှောက်ဆေးတာခံနေရတဲ့နေရာက ထွက်ပြေးဖို့ လှေလက်မှတ်ဝယ်ဖို့ငွေစုနေတဲ့ဒေး၊ နောက်ဆုံးအနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး စာပို့သမား ဒိုဒီလူ ၄ ယောက် မတူညီတဲ့ခေတ်ကာလ မတူညီတဲ့ဘဝဇာတ်ခုံမှာ ဘယ်လိုကပြဖျော်ဖြေသွားမလဲဆိုတာ အချစ်‌မေတ္တာ၊ အမုန်း၊ သံယောဇဉ်၊ သစ္စာတရား အစရှိသဖြင့် ရသစုံလင်အောင် ခံစားရမှာမလို့ ရှုစားကြပါဦး။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ ...
movie

Postman (2023)

2023
The Fabric (2022) 7.0
The Fabric (2022) The Fabric (2022) အညွှန်း***********************လူငယ်(၄)ယောက်ရှိတယ်..ခေတ်လူတစ်ချို့လိုပဲ သူတို့ဟာသရဲခြောက်တဲ့အကြောင်းတွေစိတ်ဝင်စားအောင်ရိုက်ကူးပြီး လိုင်းပေါ်တင်လေ့ရှိတယ်.. သို့ပေမဲ့  ထုတ်လုပ်ရေးလုပ်တဲ့သူကလည်း သဘောမကျသလိုလူကြိုက်လည်းနည်းကြတယ်..ဒါ့ကြောင့် အမှန်စစ်စစ်ဖြစ်အောင်ဆိုပြီးအနီးစပ်ဆုံးရိုက်ကူးဖို့ သူတို့ ခရီးထွက်လာကြတယ်...အဲ့ဒီနောက်မှာတော့ ကျိန်စာသင့်နေတဲ့ မကျွတ်လွတ်တဲ့လွန်ခဲ့တဲ့ နှစ်(၁၀၀၀)ခန့်ကတည်းက အစိမ်းသေသေခဲ့တဲ့သရဲမတစ်ယောက်နဲ့ သူတို့(၄) တကယ်ဆုံလိုက်ရတဲ့အခါမှာတော့..ထိုင်းသရဲကားဖြစ်တဲ့အလျှောက် ဟာသတွေပါသလိုစိတ်ဝင်စားစရာလည်းကောင်းပါတယ်..ဒီငရှုတ် (၄)ကောင်နဲ့ သရဲမ ဘယ်လိုစခန်းသွားကြမလဲဆိုတာကိုတော့..    File Size :(1.5GB) (689MB) and (152 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:36:00 Genre :Mystery, Horror, Comedy, Supernatural Subtitle : Myanmar Subtitle (Hard Sub) Translated by Hay Thar Oo & Thynn Nu Swe Encoded by Phyo Pyae
movie

The Fabric (2022)

Mother Gamer (2020) 6.1
Mother Gamer (2020) သင်ဟာဂိမ်းချစ်သူတစ်ယောက်ဆို ဒီကားကိုလက်လွှတ်မခံဖို့ တိုက်တွန်းပါရစေ။ဆရာမဘန်ဟာသင်္ချာဆရာမဖြစ်သည့်အလျောက်သားဖြစ်သူအပေါ်မျှော်လင့်ချက်ကြီးမားစွာနဲ့တစ်ယောက်တည်းဆုံးမ ပဲ့ပြင်ထိန်းကျောင်းခဲ့ပါတယ်။ဖုန်းကိုကလေးတွေအတွက်အန္တရာယ်တစ်ခုလို့မြင်ပြီးသင်ကြားမှုအပိုင်းမှာအာရုံစူးစိုက်စေဖို့အတွက်ဖုန်းကင်းမဲ့စာသင်ဆောင်ပရောဂျက်ကြီးရေးဆွဲနေတဲ့ဆရာမဘန်တစ်ယောက်သူ့သားဟာဂိမ်းစထွင်မာတစ်ယောက်ဖြစ်နေခဲ့တာကို မမျှော်လင့်ပဲသိရှိခဲ့ပါတယ်။သားကိုဂိမ်းဖြတ်ဖို့အရေး ကြံရာမရဖြစ်နေသည့်နောက်မှာတော့သူမကိုယ်တိုင် ဂိမ်းဝင်ဆော့ဖို့အကြောင်းဖန်လာပါတော့တယ်။သူ့သားကပဲဂိမ်းဖြတ်မလား သူကပဲဂိမ်းစွဲသွားမှာလားကတော့စိတ်ဝင်စားစရာပါပဲ။E sport အကြောင်းရိုက်ပြထားတဲ့ ဒီဇာတ်ကားဟာ ဂိမ်းဘယ်လိုဆော့သင့်တယ် ဂိမ်းitemတွေအကြောင်းပါမကHeroတွေအကြောင်းကိုပါသေချာရိုက်ပြထားတဲ့ဇာတ်ကားမို့ ဂိမ်းချစ်သူတွေလက်မလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ဂိမ်းမဆော့တဲ့သူတွေအနေနဲ့လည်းကြည့်နိုင်ပြီး ကြည့်ပြီးဂိမ်းဆော့ချင်သွားရင်တော့ တာဝန်မယူဘူးနော်... Translated by HazelEncoded by : YKFile Size : 1.6GBQuality  : 1080p NF WEB DLSutitles : Myanmar ( HardSub)
movie

Mother Gamer (2020)

2020