Channel Myanmar

Toni Trucks

Starstruck (2010) 6.1
Starstruck (2010)  ဒီတစ်ခါမှာတော့ Disney ကရိုက်ကူးထားတဲ့ Teen/romanceရုပ်ရှင်လေးတစ်ခုကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ Christopher Wilde ဟာနှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်၊ ရုပ်ချောချောအသက်ငယ်ငယ်နဲ့ဂျက်စတင်ဘီဘာငယ်ငယ်ကလို Pop Starတစ်ယောက်ပေါ့။ သူဟာသာမာန်လူတွေနဲ့မတူပဲ Popstar lifeကိုဖြတ်သန်းနေရတာကြောင့် ပါပါရာဇီတွေဆိုတာလည်းသူ့နောက်ကတစ်ကောက်ကောက်ပါနေတတ်ပါတယ်။ တစ်ဖက်မှာတော့Jessica ဆိုတဲ့သာမာန်ကျောင်းသူကောင်မလေးတစ်ယောက်ရှိပြီးသူ့အစ်မက Chrisကိုအရမ်းကြိုက်ပေမယ့် သူကတော့မကြိုက်ပါဘူး။တစ်နေ့ Jessica တို့မိသားစုက Christopher နေထိုင်‌တဲ့ Los Angeles ကိုအလည်ခရီးလာကြပြီး Jessica နဲ့ Christopher Wilde တို့မထင်မှတ်ပဲဆုံတွေ့ကြတဲ့အကြောင်းလေးကို လူငယ်ဆန်ဆန်ရိုက်ကူးတင်ဆက်ပေးထားတာပါ။2010 ကထွက်ထားတဲ့ကားဖြစ်တဲ့အလျောက် အရင်က Disney show တွေရဲ့vibe လေးအတိုင်းခံစားရပြီး ပါဝင်တဲ့ သီချင်းတွေကအတော်လေးကောင်းတာကိုတွေ့ရပါတယ်။ Popstar လေး Christopher နဲ့ Jessica တို့နှစ်ယောက်ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲကြည့်ရှုခံစားလိုက်ကြပါဦး။  File size…2.86GB /0.9GB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Comedy , Family , Muscic Subtitle….Myanmar Subtitle ...
movie

Starstruck (2010)

Scare Package (2019) 5.5
Scare Package (2019) Scare Package (2019)~ Rotten Tomatoes - 88%, Shudder - 3.7/5 ~တလောကတုန်းကထွက်ခဲ့တဲ့ Horror စခွီကား Scare Package II: Rad Chad's Revenge ထက် အရင်ထွက်တဲ့ Scare Package (2019) ဟာ 2 ထက်တောင် အူတက်အောင်ရယ်ရတဲ့ ဟာသသရဲကား အကြီးစားပါ။Horror ဇာတ်လမ်းတွေအကြောင်း မသိတာမရှိတဲ့ အခွေဆိုင်ပိုင်ရှင်ကြီး Chad Buckley ဟာ တစ်ယောက်တည်း အထီးကျန်နေသူပါ။ သူဟာ သူ့ရဲ့ ပုံမှန်အားပေးနေကျ Client ဖြစ်တဲ့ Sam နဲ့ငြင်းလိုက်ခုန်လိုက် စကားတွေပေါက်ပန်းလေးဆယ်ပြောလိုက်နဲ့ ဘဝကို ဖြတ်သန်းနေတာပါ။ အဲဒီလိုနဲ့ သံသယလုံးဝဖြစ်စရာမကောင်းတဲ့ ကောင်လေးတ‌စ်ယောက် စာရေးအလုပ်လာလျှောက်ပါတယ်။ အဲဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ တခြားသော ရုပ်ရှင်အပိုင်းတိုလေးတွေနဲ့ ဟိုရောက်ဒီရောက်ကြည့်ရင်း ခံစားရမှာပါ။ အဲဒီအပိုင်းတိုလေးတွေကို ဒါရိုက်တာတစ်ယောက်စီရိုက်ထားတာဖြစ်တဲ့အတွက် ...
movie

Scare Package (2019)

2019
Music and Lyrics (2007) 6.5
Music and Lyrics (2007) Music and Lyrics (2007) ================== IMDb Rating - 6.5/10ဒီဇာတ်ကားကိုမကြည့်ခင် YouTube Spotify Apple music စတဲ့ပလက်ဖောင်းတွေမှာ Way back into love ဆိုတဲ့ သီချင်း ကို နားဆင်ခံစားကြည့်လိုက်ပါ၊ တကယ်လို့ အဲ့သီချင်းကိုမကြိုက် ခဲ့ရင်လည်း ဇာတ်ကားကိုတော့ ဆက်ကြည့်လိုက်ပါ။ နားထောင် ရတာကြိုက်ခဲ့ရင်တော့ စီးကရက်တစ်လိပ်နဲ့ ကော်ဖီတစ်ခွက်ယူပြီး ဆက်ခံစားကြည့်ကြဖို့ အကြံပေးပါရစေ။ဇာတ်လမ်းကမဆန်းပါဘူး musical romance လေးပါပဲ။ ဒါပေမဲ့ အချစ်ဆိုတဲ့အရာကိုက ဆန်းကြယ်နေခဲ့တာပါ။ အချစ်ကြောင့် အရာ ရာအဓိပ္ပာယ်ရှိသွားတယ်၊ အချစ်ကြောင့် အရာရာလှပနေခဲ့တယ်၊ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်မှာ နားဆင်ခံစားဖို့သီချင်းကောင်းလေး တွေအပြင် သီချင်းစာသားတွေရဲ့နှလုံးသားကို ခံစားလို့ရမယ်။လူတိုင်းချစ်တတ်ကြမှာပါ၊ အချစ်မှာနောင်တတွေအမှားတွေရှိတယ်၊ အချစ်မှာကြီးကျယ်ခမ်းနားခြင်းတွေ အားအင်တွေရှိတယ်၊ အဲတော့ ဒီအချစ်ဇာတ်ကားလေးနဲ့အတူ အချစ်ကိုခံစားရင်း ကောင်မလေးရှိတဲ့ သူတွေက ကောင်မလေးကိုရိုပြပါ၊ FA တွေကလည်း စိတ်ကူးယဉ်ရင်း မျက်ရည်ကျပါ၊ တစ်ခေတ်တစ်ခါရဲ့ Charles'Angle ဒရူးဘယ်ရီမိုးက တော့ သင်တို့အားလုံးအား အချစ်အဓိပ္ပာယ်ကိုဖွင့်ဆိုပြမှာမို့ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Thurein Lynn ဖြစ်ပါတယ်)File Size..........(2.13 GB) / (889 ...
movie

Music and Lyrics (2007)

2007
Alexander and the Terrible, Horrible, No Good, Very Bad Day(2014) 6.2
Alexander and the Terrible, Horrible, No Good, Very Bad Day(2014) Alexander and the Terrible, Horrible, No Good, Very Bad Day(2014)IMDb....6.2,Rotten ...60ရုပ်ရှင်အမျိုးအစား family,comedy ဆိုတာမျိုးတွေက rating ပေးတာနည်းပါတယ်...5ဆိုရင်တောင် အတော်ကောင်းကြတာများပါတယ် ကျွန်တော့အထင်ပေါ့လေ.6.2 ဆိုတော့ကြည့်ရတာမဆိုးဘူး..ရယ်လည်းရယ်ရတယ် မိသားစုတွေမှာဖြစ်တတ်တဲ့ချို့ယွင်းချက်လေးတွေ ဖြည့်ဆည်းပေးရမယ့် အရာလေးတွေကို ဟာသလေးတွေနဲ့ပညာသားပါပါပြသွားတယ်...Ben Cooper တို့ဇနီးမောင်နှံမှာ ကလေး (၄)ယောက်ရှိတယ်...အရွယ်အသီးသီးနဲ့ဆိုတော့ မိဘတွေအနေနဲ့လည်း ထိန်းသိမ်းရမလွယ်ပါဘူး....အမေက အလုပ်သွား အဖေကလည်း အလုပ်ပြုတ်လို့အိမ်မှာကလေးထိန်း....ကျန်တဲ့ ကလေးတွေက ကျောင်းသွားကြပေါ့ .... အလက်ဇန်းဒါးဆိုတဲ့ ကောင်လေးရဲ့စိတ်ထဲမှာ ခံစားနေရတာတစ်ခုရှိတယ် အဲ့ဒါက သူတစ်ယောက်ထဲကသာ ကံတွေဆိုး ဘယ်သူမှဂရုစိုက်မခံရ အားလုံးရဲ့လျစ်လျူရှှုခံရလို့တွေးနေမိတယ်...သူ့ကိုုလည်းအပြစ်လို့ပြောမရပြန်ဘူး..ဒီတော့ ကလေးပီပီ ကျိန်စာတိုက်လိုက်တယ်...သူကလွဲလို့ ဘယ်သူမှအဆင်မပြေပါစေနဲ့ဆိုပြီးတော့ပေါ့...ဒီလို့နဲ့နောက်နေ့ မိုးလင်းတော့ သူ့ကျိန်စာက တကယ်ဖြစ်နေတယ်.......ကိုင်းပြိတ်သတ်ကြီးရေ သရုပ်ဆောင်တွေကတော့သိပြီးသားနေမှာပါ....Steve Carell  ,Jennifer Garner နဲ့ 13 Reasons Why   ဇာတ်လမ်းနဲ့ လူသိများခဲ့တဲ့  Dylan Minnettle တို့ဖြစ်ပါတယ်....File Size…(950MB) and (355MB) Quality…BluRay 720p Format…mp4 Duration…01:21:00 Subtitle…Myanmar ...
movie

Alexander and the Terrible, Horrible, No Good, Very Bad Day(2014)

2014
Ruby Sparks (2012) 7.2
Ruby Sparks (2012) Ruby Sparks (2012) IMDb - 7.2/10_____Rotten Tomatoes - 79%     [ Spoilers Alert ] အကယ်၍ ကျနော်တို့ တပါးသူတစ်စုံတစ်ယောက်ကို ကိုယ့်စိတ်တိုင်းကျ ဖန်ဆင်းပုံဖော်လို့ရတဲ့ အခြေအနေတစ်ခုကို ရောက်သွားကြပြီ ဆိုပါစို့ဗျ။ အဲဒီ ဖန်ဆင်းခံရမယ့်သူက ကိုယ့်ရဲ့ အရမ်းချစ်ရတဲ့ ချစ်သူတစ်ယောက်ဆိုရင်ရော....သူ့ကို ဘာတွေ ဘယ်လို စိတ်ကူးယဉ်ပြီး ပုံဖော်မလဲ ။ တော်တော်လေးကိုစိတ်ဝင်စားဖို့ ကောင်းမှာပါ ။ သူ့ကို ကိုယ်လိုသလို ဖန်ဆင်းနိုင်မယ် တော်တော်ပျော်စရာကောင်းမယ်လို့ ထင်မိပါတယ်။ ဥပမာ အနေနဲ့ ကိုယ်ဖန်ဆင်းလိုက်တဲ့ ချစ်သူတစ်ယောက်ကို ...အကြာကြီးစိတ်မကောက်ရ တို့၊ မကြာခဏ သတိရပေးပါ တို့ ၊ အကြင်နာတွေအများကြီး ခြွေပေးပါတို့ .... စသဖြင့် ထည့်ပေးလိုက်မယ်ဆိုရင် Very Romantic ပေါ့ ^_^ ။ ဟုတ်ကဲ့ ။ အဲဒီလို အခြေအနေကို စိတ်ကူးယဉ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားရှိပါတယ် ။ ဇာတ်ကားရဲ့ ...
movie

Ruby Sparks (2012)

2012