Channel Myanmar

Tony Blair

Iris (2001) 7.0
Iris (2001)   ဒီဇာတ်ကားလေးဟာ လူငယ်ဘဝကစလို့ ဆံဖြူသွားကျိုးတဲ့အချိန်အထိ နောက်ဆုံးထွက်သက်အထိ ချစ်သွားကြတဲ့ အိုင်းရစ်နဲ့ ဂျွန်ရဲ့အချစ်အကြောင်းကို ဖွဲ့နွဲ့ရိုက်ကူးထားတာဖြစ်ပါတယ်ဒီဇာတ်ကားလေးဟာ အပြင်မှာတကယ်ရှိတဲ့ နိုဗယ်ဆုရ စာရေးဆရာမအိုင်းရစ်မာဒေါ့နဲ့ သူ့ခင်ပွန်း ဂျွန်ဘေလီရဲ့အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ဒီဇာတ်ကားဟာ ရုပ်ရှင်ဆုပေးပွဲများတွင် စုပေါင်းဆုပေါင်းများစွာရရှိထားပါတယ် သရုပ်ဆောင်တွေအနေနဲ့လည်း Kate Winslet က အိုင်းရစ်ငယ်ဘဝအဖြစ်သရုပ်ဆောင်ပြီး ဝါရင့်မင်းသမီးကြီး Judi Dench က အသက်ကြီးသွားတဲ့အိုင်းရစ်နေရာကသရုပ်ဆောင်ထားပါတယ်ဂျွန်ရဲ့နေရာမှာလည်း Jim Broadbent နဲ့ Hugh Bonneville တို့ကပါဝင်သရုပ်ဆောင်ထားပါတယ် ဒီဇာတ်ကားလေးမှာ အချိန်အကြာကြီးလက်တွဲချစ်ခဲ့ကြတဲ့ အိုင်းရစ်နဲ့ဂျွန်တို့ရဲ့ဘဝဟာ အယ်ဇိုင်းမားဆိုတဲ့ သတိမေ့ရောဂါကြောင့် မုန်တိုင်းဝင်ရောက်ခဲ့ပါတယ် အိုင်းရစ်ဟာ အဲဒီရောဂါခံစားနေရပြီး တစတစ မှတ်ဥာဏ်တွေပျောက်ဆုံးလာတဲ့အခါ ဂျွန်တစ်ယောက် ဇနီးဖြစ်သူကိုဘိုးဘွားရိပ်သာဆေးကုဌာနကိုလည်းမပို့နိုင်ဘဲ အသက်အရွယ်အိုမင်းနေတဲ့အချိန်မှ ဇနီးဖြစ်သူကို ကိုယ်တိုင်ပဲလိုက်လံပြုစုစောင့်ပေးပါတယ်သူတို့နှစ်ယောက်ရဲ့ဘဝအကြောင်းကို ငယ်ရွယ်စဥ်ဘဝကိုပြလိုက် အသက်အရွယ်ကြီးသွားတဲ့အချိန်ကိုပြလိုက်နဲ့ တစ်လှည့်စီကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားမှာ အိုင်းရစ်အပေါ်ထားတဲ့ ဂျွန်ရဲ့ချစ်ခြင်းမေတ္တာတွေကိုကြည့်ရှုခံစားနိုင်ပါတယ် File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Drama, Biography, ...
movie

Iris (2001)

A Tribute to Her Majesty – the Queen (2022) 5.3
A Tribute to Her Majesty – the Queen (2022) A Tribute to Her Majesty - The Queen (2022)ဒီ Documentary လေးကိုထွေထွေထူးထူးညွှန်းနေစရာတော့လိုမယ်မထင်ပါဘူး။ မကြာသေးခင်ကမှ နတ်ရွာစံသွားတဲ့ အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီး အဲလိဇဘက် ၂ အကြောင်း BBC ကနေ ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပါ။ဘုရင်မကြီးရဲ့ ကလေးဘဝ၊ ဒုတိယကမ္ဘာစစ်ကို ၁၃နှစ်အရွယ် မိန်းကလေးတစ်ဦးအနေနဲ့ ဖြတ်သန်းခဲ့ပုံတွေ၊ ထီးနန်းဆက်ခံရမယ့် မျိုးဆက်မဟုတ်ပေမယ့် ကံကြမ္မာကြောင့် ထီးနန်းဆက်ခံဖို့ဖြစ်လာတာတွေ၊ မိသားစုကိုချစ်ခင်ပုံတွေ၊ ထီးနန်းဆက်ခံပြီးနောက်မှာ တာဝန်နဲ့မိသားစုကို ဦးထိပ်ပဓာနထားခဲ့တာတွေကို ဒီ မှတ်တမ်းရုပ်ရှင်လေးမှာတွေ့နိုင်ပါတယ်။ရှေးခေတ်ဗီဒီယိုမှတ်တမ်းတွေ အများအပြားထည့်သွင်းရိုက်ကူးထားတဲ့အပြင် ဘုရင်မကြီးရဲ့ မိသားစုဝင်တွေ၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတွေ၊ မင်းမှုထမ်းတွေလည်း ပါဝင်အားဖြည့်ပေးထားလို့ ကြည့်ရအဆင်ပြေတဲ့ Documentary လေးပါပဲ။တော်ဝင်မိသားစုဖက်အမြင်ကနေပဲရိုက်ကူးထားပြီး သွားလေသူကိုအမှတ်တရဖြစ်အောင် တင်ပြထားတဲ့အတွက် တစ်ချို့တစ်ချို့သော ကိစ္စလေးတွေမှာ အငြင်းပွါးစရာလေးတွေတော့ရှိနိုင်ပါတယ်။ ဒါလေးကို သည်းခံနိုင်ရင်တော့ ကြည့်ရတာတန်တဲ့ Documentary လေးပါပဲလို့ တတ်နိုင်သလောက်လေး ညွှန်းခဲ့ပါရစေခင်ဗျား...(ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw ...
movie

A Tribute to Her Majesty – the Queen (2022)

2022
The Class of 92 (2013) 8.0
The Class of 92 (2013) IMDb Rating(8.0) / Rotten Tomatoes (100%)မန်ချက်စတာယူနိုက်တက်ပရိတ်သတ်ဆိုရင် 92 ခုနှစ်အတန်း.. Class of 92 ကစားသမားတွေကို မသိသူရှိမယ်မထင်ပါဘူး ယူနိုက်တက်တို့ရဲ့ရာဇဝင်မှာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တဲ့ အခိုက်အတန့်ဖြစ်တဲ့ 99 ခုနှစ်ရာသီ ဖလားသုံးလုံးချန်ပီယံဖြစ်ခဲ့မှုမှာလဲ Class of 92က အသင်းသားတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့ကြပါတယ် ဒီဇာတ်လမ်းကတော့ Class of 92ကစားသမားတွေဖြစ်တဲ့အပြင် မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားတွေဖြစ်တဲ့ ဒေးဗစ်ဘက်ခ်ဟမ်း၊ နစ်ကီဘတ်၊ ပေါလ်စခိုး၊ ရိုင်ယန်ဂစ်၊ ဖီးလ်နဗီးနဲ့ ဂယ်ရီနဗီးတို့ ဖြတ်သန်းခဲ့ရတဲ့နေ့ရက်တွေအကြောင်းကို အသားပေး ဖော်ပြထားတာဖြစ်ပါတယ် 1992 ကနေ 99ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်အထိအကြောင်းတွေပါဝင်ပါတယ်။ ဗြိတိန်ရဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေကြား အင်္ဂလိပ်ဘောလုံးလောကရဲ့ အနိမ့်အမြင့်အတက်အကျတွေနဲ့အတူ အင်္ဂလိပ်ဘောလုံးပရိတ်သတ်တွေရဲ့ ဘောလုံးအားကစားအပေါ်ရူးသွပ်မှုတွေကိုလဲ သိမြင်နိုင်မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားက Documentary အမျိုးအစားဖြစ်ပြီး သရဲနီတစ်ယောက်အတွက်လုံးဝမေ့ထားလို့မရတဲ့ ယူနိုက်တက်ရဲ့ရွှေရောင်နေ့ရက်တွေကို ပြန်လည်ခံစားရင်း Class of 92 ကစားသမားအကြောင်းတွေ ယူနိုက်တက်အကြောင်းတွေကိုပါ အတွင်းကျကျ တစ်ဝကြီးခံစားနိုင်မှာပဲဖြစ်ပါကြောင်း.....။(အညွန်းနဲ့ဘာသာပြန်သူက MarTizasဖြစ်ပါတယ်)  File size…(2.5 GB) / (1.6 GB) / ...
movie

The Class of 92 (2013)

Official Secrets (2019) 7.3
Official Secrets (2019) လူတွေဟာ ရာထူးနေရာတစ်ခု ရသွားတဲ့အခါ အဲဒီနေရာကိုစွန့်စားပြီးအခြားသူတွေအကျိုးအတွက် အမှန်ကိုထုတ်ပြောရဲဖို့သတ္တိတွေ ပျောက်ဆုံးသွားတတ်ကြပါတယ်။ဒီရုပ်ရှင်ကတော့ ဒီလိုသတ္တိရှိခဲ့သူ တစ်ယောက်ရဲ့ အကြောင်းဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။လူတိုင်းတစ်ခေါက်လောက်တော့ ကြည့်ဖူးသင့်တဲ့ အမျိုးအစားပါပဲ။အကြောင်းအရာကတော့အီရတ်ကို ဗြိတိန်နဲ့အမေရိကန်တို့ ဝင်တိုက်တော့မယ် ကာလမှာ ဖြစ်ခဲ့တာပါ။အီရတ်မှာ လူအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့လက်နက်တွေ ရှိတယ်လို့သက်သေမပြနိုင်သေးချိန်။ကုလသမ္မဂသဘောတူညီချက် မရသေးခင်အချိန်ပဲ ဖြစ်ပါတယ်။ဒီအချိန်မှာ အီရတ်ကို တရားဝင်ကျူးကျော်ပြီးဆဒမ်ဟူစိန်ကို ဖြုတ်ချဖို့အတွက်ဆို ကုလရဲ့ သဘောတူညီချက်လိုပါတယ်။မဟုတ်ရင် အမေရိကန်နဲ့ဗြိတိန်ကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံရနိုင်ပါတယ်။ဒီကာလမှာ ဗြိတိန်ထောက်လှမ်းရေး GCHQ ရဲ့ ဝန်ထမ်းကတ်သရင်း ထရီဆာ ဂန်းဆီကိုအမေရိကန် NSA က စာတိုတစ်စောင်ဝင်လာပါတယ်။ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံငယ်တွေကကိုယ်စားလှယ်တွေကို အကြပ်ကိုင်ဖို့ပါပဲ။ဒါကိုလက်မခံနိုင်တဲ့ ကတ်သရင်းက ...
movie

Official Secrets (2019)

2019