Channel Myanmar

Tony Labrusca

Here Comes the Groom (2023) 5.1
Here Comes the Groom (2023) Here.Comes.The.Groom(2023)ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင်ဟာသရုပ်ရှင်အမျိုးအစားဖြစ်ပြီး ဒါရိုက်တာမာနီနက်ဇ်ကရိုက်ကူးတည်းဖြတ်ထားတာပါ။ Metro Manila Summer Film Festival မှာ ရုပ်ရှင်ဆု၃ဆုနဲ့ဇာတ်ဆောင်ဆု၉ဆုရရှိထားတဲ့ဇာတ်လမ်းလေးပါ။ ၂၀၁၀မှာဒါရိုက်တာမာတီနက်ဇ်ဟာ သူကိုယ်တိုင်ရေးသားရိုက်ကူးထုတ်လုပ်တဲ့ Here Come The Bride အောင်မြင်မှုကြောင့် ၂၀၂၂နှစ်လယ်လောက်မှာအလားတူဇာတ်လမ်းရိုက်ကူးဖို့ထပ်ဆုံးဖြတ်ခဲ့တာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ဘာသာတရားကိုင်းရှိုင်းတဲ့မိသားစုတစ်စုဟာ မင်္ဂလာပွဲကျင်းပဖို့အပန်းဖြေစခန်းသို့အသွား လမ်းမှာမာမီရှိန်းတို့တစ်သိုက်ကားဘရိတ်ပေါက်ပြီးလာတဲ့ကားနဲ့‌ခေါင်းချင်းဆိုင်တိုက်မိပါလေရော။ ဖြစ်ချင်တော့ အချိန်ကနေကြတ်နေတဲ့အချိန် ရောက်နေတဲ့နေရာကသံလိုက်တောင်ကုန်း စတဲ့အကြောင်းတရားတွေကြောင့် လူတွေဝိညာဉ်ချိန်းကုန်တဲ့အခါ သူတို့ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စောင့်မျှော်ကြည့်ရှုလို့ကောင်းတဲ့ဇာတ်လမ်းလေးပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 2.6GB | 1.27GB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae Phyo Min Encoder ..... Aaron
movie

Here Comes the Groom (2023)

2023
[18+] Breathe Again (2022)
[18+] Breathe Again (2022) [18+] Breathe Again (2022)အချစ်ဇာတ်လမ်း ကောင်းကောင်းလေး ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးနဲ့ chill ဖို့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့လည်း romantic, erotic ဆန်လွန်းတဲ့ အခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့ အတူကြည့်ဖို့တော့ မသင့်တော်ပါဘူး။ဇာတ်လမ်းအကျဉ်းလေးကတော့ ... ‌ဂျိုအန်းနား ဆိုတဲ့ ကောင်မလေးမှာ သူ့သူငယ်ချင်းတွေအားလုံးက အိမ်ထောင်ကျကုန်ကြပြီ။ သူ့မှာလည်း ၇ နှစ်ကြာ တွဲလာတဲ့ ပါဝလို ဆိုတဲ့ ချစ်သူ ကောင်လေး ရှိတယ်။ ပါဝလိုက အပေါင်းအသင်း အသောက်အစား မက်တယ်။ တစ်နေ့ကျ ဂျိုအန်းနားကို လက်ထပ်ခွင့်တောင်းပြီး အချစ် တံခါးဖွင့်ဖို့ အပန်းဖြေစခန်းတစ်ခုကို နှစ်ယောက်သား ခရီးထွက်လာကြတယ်။ပြဿနာက ခရီးထွက်လာပြီး ပါဝလိုက တစ်နေကုန် သူ့သူငယ်ချင်းတွေနဲ့ပဲ ဆိုင်ကယ် ပတ်စီးတယ်။ နောက်ပြီး မိန်းမတွေနဲ့ မရှင်းမရှင်းတွေ လုပ်တယ်ပေါ့။ ဂျိုအန်းနားကိုတော့ နားညီးလို့ ရှုပ်လို့ဆိုပြီး ဟိုတယ်မှာပဲ ထားခဲ့တယ်။ ဟိုတယ်မှာ ကျန်ခဲ့တဲ့ ...
movie

[18+] Breathe Again (2022)

2022
U-Turn (2020) 5.9
U-Turn (2020) 2018 တုန်းကအိန္ဒိယကားတစ်ကားကို ဖိလစ်ပိုင်နိုင်ငံကပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့သည်းထိတ်ရင်ဖို horror အမျိုးအစားဖြစ်ပါတယ်။ဒွန်နာဆွာရက်ဇ် ဟာ သတင်းထောက်မတစ်ယောက်ဖြစ်ပြီးသူ့ရဲ့အလုပ်သက်တမ်း ၇နှစ်ရှိပြီဖြစ်ပေမယ့်လည်း ​ပြောင်းလဲတိုးတက်မှုရှိမလာတာကြောင့်အရေးပါတဲ့သတင်းစုံစမ်းရမယ့်အခွင့်အရေးကိုစောင့်​မျှော်နေသူဖြစ်ပါတယ်။ တစ်နေ့မှာဒွန်နာရဲ့ဘော့စ်ဟာဂငယ်ကွေ့ လမ်းမနေရာတစ်ခုကယာဥ်မတော်တဆမှုကိုစုံစမ်းဖို့ အသိပေးတဲ့မက်ဆေ့ကိုဒွန်နာ့ဆီလူမှားပို့ခဲ့တဲ့အခါဒွန်နာဟာအခွင့်အရေးကိုလက်လွှတ်မခံပဲ သတင်းအမိအရစုံစမ်းပါတော့တယ်။အခင်းဖြစ်ရာကိုရောက်တဲ့အခါမှာ သူ့ရဲ့ဘော့စ်တွန်းအားပေးခဲ့သလို လူတွေစိတ်ဝင်စားအောင်ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေနဲ့ ဆန်းသစ်ကြေညာခဲ့ပြီး ဒွန်နာရဲ့သတင်းဗီဒီယိုဟာ အင်တာနက်မှာလူကြည့်များသွားခဲ့ပါတယ်။ ဒါပေမယ့်တစ်နေ့မှာ ဒွန်နာချစ်ရတဲ့မိသားစုဝင်တစ်ဦးဟာလည်းအဲ့ ဂငယ်ကွေ့နေရာကဖြတ်ပြီးအိမ်ကိုပြန်လာခဲ့တဲ့ညမှာ သေဆုံးသွားတဲ့အခါစိတ်ပျက်ဝမ်းနည်းစွာနဲ့ သူသေဆုံးရတဲ့အကြောင်းအရင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒွန်နာဟာ ဂငယ်ကွေ့လမ်းကိုဝင်ဖို့လုပ်တဲ့ဆိုင်ကယ်တစ်စီးကိုတားစီးသတိပေးနေတဲ့အိမ်ခြေမဲ့လူကြီးတစ်ယောက်ကိုတွေ့ခဲ့ပြီးထိုလူကြီးက ဒီဂငယ်ကွေ့လမ်းကဖြတ်တဲ့သူမှန်သမျှသေဆုံးကြကြောင်းပြောပြပြီးဒွန်နာ့ကို လမ်းဖြတ်ကွေ့ခဲ့တဲ့ယာဥ်နံပါတ်တွေမှတ်ထားတဲ့စာရွက်လေးတစ်ခုပေးလိုက်ပါတယ်။ဒွန်နာဟာအဲ့နံပါတ်တွေရဲ့ပိုင်ရှင်တွေကိုစုံစမ်းကြည့်လိုက်တဲ့အခါ မကြာသေးခင်ကသေဆုံးခဲ့သူတွေဖြစ်နေတာကို သိလိုက်ရပါတော့တယ်။စာရင်းထဲကနောက်ဆုံးလူဟာအသက်ရှင်နေသေးတာကိုသိလိုက်ရတဲ့အခါ ထိုလူဆီအရောက်သွားပြီး ဂငယ်ကွေ့ကွေ့ခဲ့သူတွေဘာကြောင့်သေကုန်လဲသိရအောင် ကြိုးစားပါတော့တယ်။သင်ဟာ အာရှ horror ဇာတ်လမ်းတွေကြိုက်နှစ်သက်သူ၊ slow-burn ဇာတ်လမ်းမျိုးမဟုတ်ပဲသွက်သွက်လက်လက်သွားတဲ့ horror ဇာတ်လမ်းမျိုးကြိုက်နှစ်သက်သူဆိုရင်တော့ဒီဇာတ်လမ်းကိုလက်မလွှတ်ဖို့ပြောလိုက်ချင်ပါတယ်။ Translated by : Pyi T Nyein Encoded by : YKFile Size : 1.4GB and 805MBQuality : 1080p NF WEB DL and ...
movie

U-Turn (2020)

2020
Love Lockdown (2020) 6.9
Love Lockdown (2020) Love Lockdown (2020) ၁၆နှစ်အောက်မကြည့်သင့်တဲ့ကားဖြစ်ပါတယ်လော့ဒေါင်းထဲက အချစ် ...... လော့ဒေါင်းကာလမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတွေကို ရိုက်ထားတဲ့ကားပါ ဇာတ်လမ်း ၃ ခုကို ချိတ်ဆက်ပြီး ရိုက်ထားတာမို့ ဇာတ်အခင်းအကျင်းကလည်း တော်တော်လေး လှပါတယ်။ဇာတ်လမ်းအစမှာ မယားငယ်နဲ့ လော့ဒေါင်းမိတာကို မယားကြီးမသိအောင် နေနေတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဇာတ်လမ်းနဲ့ စတင်ထားပါတယ်။ နောက်ဇာတ်လမ်းနှစ်ခုကတော့ ဒါနဲ့ ဆက်စပ်ရင်းနဲ့ ဘာတွေဖြစ်ကြမလဲဆိုတာကို ကြည့်ရမှာပါ။မယားကြီး မယားငယ်နဲ့ နှစ်စင်ထောင်တတ်တဲ့ ဘီးကြဲတွေအတွက်လည်း ရှောင်ရန်ဆောင်ရန် လေ့လာမှတ်သားနည်းနာအဖြာဖြာပါပါတယ်ဇာတ်လမ်းကတော့ လော့ဒေါင်းကာလမှာ လူတွေက ပထမတော့ အနားရလို့ပျော်ကြပြီး ကြာလာတဲ့အခါမှာ မွန်းကြပ်တဲ့ဒါဏ်မခံစားနိုင်တော့ လုပ်မိလုပ်ရာလုပ်ကြတဲ့အခါ ..... သန်ရာသန်ရာလုပ်ကြတဲ့အခါ ...... ဘာတွေဖြစ်လာလဲဆိုတာကိုရိုက်ပြထားတာပါရုပ်ရှင်ဆိုပေမယ့် အပြင်မှာဖြစ်လေ့ဖြစ်ထရှိတာတွေကိုပဲရိုက်ထားတာမို့ ဇာတ်လမ်းကို ကြည့်ရင်းနဲ့ အတူတူစီးမျောခံစားပြီး ဇာတ်နောက်ကို ပါမှန်းမသိ ပါသွားမယ့် ဇာတ်ကားမျိုးပါ။ တော်တော်လေးမိုက်ပါတယ်။ယောင်္ကျားနဲ့မိန်းမကြားမှာရှိတဲ့ စိတ်နေစိတ်ထား ..... မေတ္တာတရား ..... လိင်စိတ်သာယာမှု ..... စိတ်အမှောင်တွေ ..... အစရှိသဖြင့်ပါတာမို့ ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်တိုက်တွန်းရတာကတော့ ဘော်ဒါတို့အတွက် မင်းသမီးလေးတွေက အကိတ်အချောြဖစ်နေတာလည်း တစ်ကြောင်းပါထမင်းစားရင် အစပ်ပါမှ သဘောကျကြတာ မဟုတ်လား? အချစ်ဇာတ်လမ်းကြည့်ရင်လည်း အစပ်ကလေး ...
movie

Love Lockdown (2020)

2020
Once Before(2020) 6.7
Once Before(2020) Once Before(2020)ငယ်သူချင်းတွေဆိုတာ အကြောင်းသိချင်းတွေဆိုတော့ တော်ရုံချစ်သူဖြစ်ကြတာမဟုတ်ဘူး...သူတို့အမြင်မှာ သူငယ်ချင်းအဆင့်ထက်မပိုသလို အတွင်းရေးတွေလည်း ပွင့်ပွင့်လင်းလင်းတိုင်ပင်လေ့ရှိကြတယ်...ဒီလိုအချိန်မှာ ငယ်သံယော်ဇဉ်ကနေ အချစ်ကိုကူးပြောင်းမှန်းသိလိုက်ပေမဲ့ သူငယ်ချင်းလို့ပဲ ကိုယ့်ကိုမြင်နေတာကိုသိတော့ ဆန္ဒတွေကိုမြိုသိပ်ရင်းအနားမှာရှိနေပေးတတ်ကြတဲ့သူတွေကိုမြင်ဖူးကြမှာပါ...ပိုဆိုးတာက ကိုယ်ကချစ်နေပေမဲ့ သူငယ်ချင်းက တခြားသူနဲ့ရည်းစားဖြစ်သွားရင်ဘယ်လောက်ခံစားရမလဲဆိုတာ ပြောပြဖို့တောင်လိုမယ်မထင်ပါဘူး...ဒီကားထဲမှာလည်း သူငယ်ချင်း(၂)ယောက်ရှိတယ်..ကောင်လေးက သူငယ်ချင်းစည်းကိုကျော်ချင်ပေမဲ့ကောင်မလေးကတော့ တခြားသူနဲ့ မေတ္တာမျှသွားလေရဲ့.....ဒီကားက အပေါ်ကရေးထားတာ သိပ်မဆန်းပေမဲ့သူတို့(၃)ယောက် နောက်ပိုင်းဖြစ်တဲ့အဖြစ်အပျက်တွေကတော့ဆန်းကျယ်တယ်....ဘာတွေလဲဆိုတာကတော့ ခံစားကြည့်ကြပါနော်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်...File Size : (850 MB) and (461MB) Quality : WEB-DL 720p Format…mp4 Duration…01:38:00 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie

Once Before(2020)