Channel Myanmar

Tony Morelli

Timecop(1994) 5.9
Timecop(1994) ဒီဇာတ်ကားလေးကတော့ လူတိုင်းသိကြတဲ့ ရုပ်ရှင်မင်းသားကြီး ဗန်ဒိမ်း ငယ်ရွယ်စဉ်က ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို အက်ရှင် ဇာတ်ကြမ်းကားလေးပဲဖြစ်ပါတယ် အက်ရှင်ကားတွေကို ကြိုက်နှစ်သက်သူတွေ သိပ္ပံကားတွေ ကြိုက်နှစ်သက်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ လူသားမျိုးနွယ်တွေ အချိန်ခရီးသွားခြင်းကို တီထွင်နိုင်တော့ အစိုးရက မသမာမှုတွေကို ကာကွယ်ဖို့ အေဂျင်စီ တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ် အေဂျင်စီဖွဲ့တော့ ဗန်ဒိမ်း ပါဝင်ခဲ့ရပြီး မသမာမှုတွေကို တိုက်ခိုက်ရင်း ရှာဖွေတွေ့ရှိလာတဲ့ အမှန်တရားတွေကနေ သူချစ်ရတဲ့သူတွေကို ကာကွယ်ဖို့ ကြိုးစားတဲ့အကြောင်းကို သည်းထိတ်ရင်ဖို ရင် တလှပ်လှပ်နဲ့ ကြည့်ရမှာပဲဖြစ်ပါတယ် File size…1.68GB / 609.9MB Quality…Blu-Ray 1080p5.1CH / 720p Format…mp4 Duration….1h 39m Genre ..... Action , Crime , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phone Myint Maw
movie

Timecop(1994)

Alive (1993) 7.1
Alive (1993) Alive (1993)~ IMDb - 7.1/10, Rotten Tomatoes - 59% ~ဟင်္သာကိုးသောင်းပျက်စီးရခြင်းက ဇာတ်တူသားစားလို့ဟုဆိုပါလျှင် သူတို့က တိရစ္ဆာန်သာဖြစ်လို့ပါဟု ပြောရမည်လား မသိနိုင်ပါ။ ပေါရိသ နန်းကျမင်းရဲ့ လူသားအပေါ်တပ်မက်မှုက လျှာဖျားတထောက် အရသာအပေါ် အခြေခံတယ်လို့ မှတ်သားဖူးတာပါပဲ။ လူသားဆိုတာ စားကောင်းတဲ့အသားလား၊ မစားကောင်းတဲ့အသားလား ဆိုတာကတော့ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ဒါပေမဲ့ အဲဒီမေးခွန်းကိုပဲ ငတ်မွတ်ဆာလောင်ပြီး စားစရာမရှိတဲ့သူတွေကို မေးကြည့်ရင်ဖြင့် တမျိုးတဖုံ ပြောင်းသွားနိုင်စရာအကြောင်းရှိတာပေါ့။ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ငတ်မွတ်ခေါင်းပါးရုံနဲ့ လူသားကို စားစရာအဖြစ် မရွေးချယ်စကောင်းပေမဲ့ မိုင် (၁၀၀) ဝန်းကျင်ကျယ်ပြန့်တဲ့ ရေခဲတောင်တန်းပေါ်မှာတော့ လူသေအလောင်းဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတော့တာပါပဲ။ဒီအဖြစ်ဟာ 1972 ခုနှစ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ တောင်အမေရိက ရက်ဘီဘောလုံးအသင်းဟာ အိမ်နီးချင်းနိုင်ငံ ချီလီမှာ ကစားပွဲတစ်ခု သွားရောက်ကစားဖို့အတွက် ဆွေမျိုး မိတ်ဆွေတွေ တင်ဆောင်လို့ အန်ဒီ‌စ်ရေခဲတောင်တန်းတွေပေါ်ကို ...
movie

Alive (1993)

1993
Final Destination 3 (2006) 5.8
Final Destination 3 (2006) Final Destination 3 (2006) IMDb......5.8/10 (Blu-Ray 1080p 5.1 CH,Blu-Ray 720p တို့ဖြင့် အရောင်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်….))Horror ကားကြိုက်နှစ်သက်သူတို့အဖို့  ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ ဇာတ်ကားများကို ပြောပါဆိုရင်Final Destination တွေကိုပြောကြမှာသေချာသလောက်ပါပဲ....ယ္ခုနောက်ပိုင်းထွက်တဲ့ horror ကားတော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့အဖို့ ကြာလာတော့ အနည်းငယ်ရိုးအီလာသလိုပါပဲ.......Final Destination လို horror မျိုးကျတော့လည်း တကယ့်ကို သွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင်ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး....မင်း horror ဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5)ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ... ယ္ခုလည်း New Line Cinema ကFinal Destination Reboot ကိုစတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ဒီတော့ စဆုံးလေးကို ပြန်လည် ခံစားချင်သူများအတွက်  အရည်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်..... -------------------------------------------------------- File Size : (1.5GB) and (864MB) Quality : ...
movie

Final Destination 3 (2006)

2006