Channel Myanmar

Tony Nikolakopoulos

Kangaroo Jack (2003)
Kangaroo Jack (2003) Kangaroo Jack (2003) Genre – Action, Adventure, Comedyငယ်ငယ်တုန်းက အကျီအနီရောင်လေးနဲ့ သားပိုက်ကောင်ပါတဲ့ဟာသကားလေး မှတ်မိကြမယ်ထင်ပါတယ်။တော်တော်လေးလည်း ဘဝအမောပြေရတဲ့ ဟာသကားလေးပါ။သားပိုက်ကောင်ဆိုပေမဲ့လည်း သူက အဓိက မဟုတ်ပဲသူနဲ့ ပတ်သက်ပြီး တလွဲတွေဖြစ်ကြတဲ့ ဟာသကားမျိုးပေါ့။ဇာတ်လမ်းလေးကတော့ နယူးယောက်မှာ ချာလီနဲ့လူဝစ်စ်ဆိုပြီး သူငယ်ချင်းနှစ်ယောက်ရှိကြပါတယ်။ကလေးဘဝ ချာလီရေနစ်တုန်းက လူဝစ်စ်က ကယ်ပေးပြီးဘော်ဒါတွေ ဖြစ်ခဲ့ကြတာပေါ့။ဒါပေမဲ့လည်း အဲဒါကိုအကြောင်းပြုပြီး ကြီးတဲ့ထိချာလီ့ကို နှိပ်စက်လို့ကောင်းနေဆဲပဲ။ချာလီကကျ သူ့အမေက အဖေဆုံးပြီးနောက် လူမိုက်ဂိုဏ်းခေါင်းဆောင်ကိုလက်ထပ်ထားလို့ ပထွေးတော်ထားရတယ်။ဒီမှာတင် တစ်ရက်ကျ ထုံးစံအတိုင်း လူဝစ်စ်ကချာလီကို ဒုက္ခလာပေးတဲ့အချိန် ပထွေးဖြစ်သူရဲ့ လုပ်ငန်းကိုအကြောင်းရင်းမသိပဲ တုတ်နဲ့ထိုးသလိုဖြစ်ပြီး ပြဿနာတက်ပါတော့တယ်။ဒီတော့ ပထွေးဖြစ်သူက မင်းတို့တွေ အပြစ်ကျေချင်တယ်ဆိုရင်ဒီအထုပ်လေးကို သြစတြေးလျနိုင်ငံကတစ်နေရာသွားပို့ဆိုပြီး ခိုင်းလိုက်ရော။တကယ်တော့ အဲဒါ ဒေါ်လာ ၅ သောင်းဖြစ်ပါတယ်။ဒီလိုနဲ့ နှစ်ယောက်သား ပရမ်းပတာ သွားပို့နေတုန်းလမ်းမှာ သားပိုက်ကောင်တစ်ကောင်ကို ဝင်တိုက်မိပါတယ်။အဲဒါကို ချက်ချင်းလမ်းဘေးမဖယ်ပဲ ပိုက်ဆံအိတ်ပါတဲ့ဂျတ်ကတ်ကို သားပိုက်ကောင်ဝတ်ပေးပြီး ဓာတ်ပုံရိုက်ဖင်ယားနေတဲ့အချိန် ဟိုက မသေပဲ ...
movie

Kangaroo Jack (2003)

Wog Boys Forever (2022) 5.6
Wog Boys Forever (2022) ဒီတစ်ခါတော့ အော်ဇီ ဟာသကားလေးတစ်ကားလောက် ကြည့်လိုက်ရအောင်ပါ။ အဓိကဇာတ်ကောင်ကတော့ တက်စီဒရိုင်ဘာအဖြစ် အသက်မွေးနေတဲ့ စတိဗ် ဆိုတဲ့သူပါ။ ရိုးရှင်းတဲ့ဘဝနဲ့ တလွဲတချော်ဟာသတွေနဲ့ နေထိုင်သူဖြစ်ပေမဲ့ သူ့ကို လက်စားချေဖို့ အကြီးအကျယ် ကြံစည်နေတဲ့သူကတော့ လဝက ဝန်ကြီး ဖြစ်နေပါတယ်။ လက်စားချေရတဲ့အကြောင်းရင်းကလည်း စတိဗ်ရဲ့ တလွဲတချော်အလုပ်တွေကနေ ဝန်ကြီးရဲ့အမေ နိုင်ငံရေးလောကမှာ လုံးဝရပ်တည်မရလောက်အောင်ဖြစ်သွားတဲ့ ဟာသတစ်ခုကြောင့်ပါပဲ။ ဒီလို ဘဝဆန်ဆန်ဟာသကိုမှ သီချင်းလေး အကလေးတွေနဲ့ အချစ်ရေးလေးပါထည့်ထားတဲ့အခါ ဘယ်လိုဖြစ်လာမလဲ ဆက်ကြည့်လိုက်ရအောင်...File size…(2.63GB)  / (`1.36GB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:49:00 Genre...   Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Phonn Pyae
movie

Wog Boys Forever (2022)

Predestination (2014) 7.5
Predestination (2014) Predestination (2014) IMDb - 7.5/10_____Rotten - 83% ## Bluray 1080p & 720p updated ##    ရုပ်ရှင်သမိုင်းတွင် အထူးခြားဆုံး ဇာတ်ကားတစ်ကားပါ။ ဘာကြောင့်ထူးခြားတယ်ဆိုတာ ကြည့်ဖူးသူတိုင်းသိကြပါလိမ့်မယ်။ ကျွန်တော်ဘာကြောင့်ဆိုတာ မပြောလိုပါ။ ဒီဇာတ်ကားအကြောင်း မသိလေ ပိုကောင်းလေပါပဲ။ ထိုမှသာ ဒီကားဘာကြောင့် ဘယ်လို ကောင်းတယ်ဆိုတာကို မျက်မြင်ကိုယ်တွေ့သက်သေထူနိုင်မှာ ဖြစ်သောကြောင့်ပင်ဖြစ်ပါတယ်။ ကျွန်တော် ဦးနှောက်ကို စဉ်းစားစရာ အတွေးတွေနဲ့ အလုပ်လုပ်စေခဲ့ပြီး တစ်ချိန်တည်းမှာပဲ ကျွန်တော်ရဲ့နှလုံးသားကို အရည်ပျော်သွား စေခဲ့တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကို အတိုချုံးပီး ပြောရမယ်ဆိုရင်တော့ Fizzle Bomber ဆိုတဲ့ အကြမ်းဖက် Bomber တစ်ယောက်ကို Time Travelling လုပ်ပြီး လိုက်ဖမ်းဆီးဖို့ကြိုးစားတဲ့ စုံထောက်တစ်ယောက်အကြောင်းပါပဲ။ ဒီလောက်သိရင် လုံလောက်ပါပြီ။ကျွန်တော်ကြည့်ဖူးသမျှ ရုပ်ရှင်ဇာတ်ကောင်တွေထဲမှာ ဒီ Predestination ရုပ်ရှင်ရဲ့ဇာတ်ကောင်ဟာ သနားဖို့အကောင်းဆုံးဇာတ်ကောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ဘဝရဲ့အဖြစ်မှန်ဟာ ...
movie

Predestination (2014)

2014
West of Sunshine(2017) 7.3
West of Sunshine(2017) West of Sunshine(2017) IMDb...6.7,,,Rotten..84% ဒီဇာတ်ကားလေးကတော့ IMDb 6.7 နဲ့ Rotten 84 ရထားတဲ့ West of Sunshine ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီကားလေးမှာ အလုပ်တစ်ဖက်နဲ့ တစ်ရက်အတွင်းဆပ်ရဖို့ အကြွေးပူနေတဲ့ကြားထဲ ကျောင်းပိတ်ရက်ရောက်နေတဲ့ သားကိုထိန်းဖို့အလှည့်ကျတော့ သားကိုခေါ်ပြီး အကြွေးဆပ်ဖို့အဆင်ပြေအောင် သရုပ်ဖော်ထားတဲ့ အဖေနေရာမှာ Damian Hill ကသရုပ်ဆောင်ပြီးတော့ သားဖြစ်သူနေရာမှာတော့ Ty Perham က သရုပ်ဆောင်ထားပါတယ် ဖခင်ဖြစ်သူDamian Hill တစ်ယောက် အလုပ်က တစ်ဖက် ကြွေးတွေကလည်းရှိနေပြန်.....သားအပေါ်လည်း တာဝန်ကျေချင်ပေမယ့် သူ့အတွက် ထင်သလောက်ခရီးမပေါက်.... ဒါကြောင့် သားဖြစ်သူနဲ့ဆက်ဆံရေးဟာ  ကောင်းမွန်တဲအခြေအနေတော့မဟုတ်ဘူး... အလုပ်တစ်ဖက် သားတစ်ဖက်နဲ့ လှုပ်ရှားရင်း အကြွေးဆပ်ဖို့ ပိုက်ဆံအဆင်ပြေအောင် နည်းမျိုးစုံနဲ့လိုက်ရှာရင်း သားနဲ့အဆင်ပြေအောင် ဘယ်လိုတွေပြောဆိုဆက်ဆံရသလဲဆိုတာ ပုံဖော်ထားတာဖြစ်ပါတယ်..... အိုဗာအိုက်တင်တွေနဲ့မဟုတ်ပဲ တစ်ကားလုံးသဘာဝကျကျပုံဖော်ထားတဲ့ သားအဖနှစ်ယောက်ရဲ့တစ်နေ့တာလေးက ဘယ်လိုရသတွေပေးမလဲဆို ဆက်လက်ကြည့်ရှုလိုက်ရအောင်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah Wah Theint ပဲ ဖြစ်ပါတယ်.... File Size : (850 MB) and ...
movie

West of Sunshine(2017)

2017